Dagon Star United Fc

Dagon Star United Fc Be Proud with . . . Dagon Star United 🦁

Dagon Star United FC နှင့် Two Elephant Group Of Companies တို့ Official Partner အဖြစ် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ကြေင...
01/09/2026

Dagon Star United FC နှင့် Two Elephant Group Of Companies တို့ Official Partner အဖြစ် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ကြေငြာခြင်း
=========================================
ကျွန်တော်တို့ Dagon Star United FC အသင်းရဲ့ Offical Mini Sponsor အဖြစ် Two Elephant Group Of Companies မှ ယုံယုံကြည်ကြည် ပါဝင်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပရိသတ်များကို ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။
Two Elephant Group Of Companies ဟာဆိုရင် ခေတ်မီအကြီးစားစက်ယန္တရား၊ ကရိန်းကြီးများအားအသုံးပြုပြီး နေပြည်တော်ကောင်စီနယ်မြေ ၊ ဒက္ခိဏသီရိမြို့နယ်တွင် မာရဝိဇယဘုရားတည်ထား ကိုးကွယ်တည်ဆောက်ရေးလုပ်ငန်းများတွင် စကျင်ကျောက်တုံးတော်ကြီးများထုတ်လုပ်ခြင်း၊ စကျင်တောင်မှ နေပြည်တော်သို့ Modular Trailer များဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ မာရဝိဇယဘုရား ကြီးထောင်မတ်ခြင်းလုပ်ငန်းများ၊ နိုင်ငံတော်၏အခြေခံအဆောက်အအုံနှင့် တည်ဆောက်ရေးလုပ်ငန်းများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနလက်အောက်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးလုပ်ငန်း၊ ဆိုလာပါဝါစက်ရုံတည်ဆောက်ရေးလုပ်ငန်းများ၊ အကြီးစားထရန်စဖော်မာများ သယ်ယူပိုဆောင်ရေးလုပ်ငန်းများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ခေတ်မီလမ်းနှင့် တံတားတည်ဆောက်ရေးလုပ်ငန်းများ၊ စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ၊ စက်ယန္တရားများဖြန့်ဖြူးရေးနှင့် ပြုပြင်ရေး လုပ်ငန်း (Service ဝန်ဆောင်မှုလုပ်ငန်းများ)တိုအား ဆောင်ရွက်နေတဲ့ Company ကြီးတစ်ခုဖြစ်ပါသည်။
မြန်မာ့ဘောလုံးလောကဖွင့်ဖြိုးတိုးတက်ရေးနှင့် ကျွန်တော်တို့ကလပ်အသင်း၏ အောင်မြင်မှုခရီးစဉ်များ တွင် ယခုကဲ့သို့ လက်တွဲပူးပေါင်းပေးသည့်အတွက် Two Elephant Grop Of Companies ကို အသင်းသူ/ အသင်းသားများ၊ အုပ်ချုပ်သူအဖွဲ့ဝင်များနှင့် ပရိသတ်များကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါသည်။
ယခု ပူးပေါင်းမှုနှင့်အတူ ရှေ့လာမည့် ပွဲစဉ်များတွင် အကောင်းဆုံးစွမ်းဆောင်ရည်များပြသပြီး အောင်ပွဲများဆီသို့ အတူတကွ ချီတက်သွားပါမည်ဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် တင်ပြအပ်ပါသည်။

Dagon Star United FC ချစ်ပရိသတ်ကြီးအတွက် အထူးဝမ်းသာစရာ သတင်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။​မြန်မာနိုင်ငံရဲ့အကြီးဆုံးန...
30/08/2026

Dagon Star United FC ချစ်ပရိသတ်ကြီးအတွက် အထူးဝမ်းသာစရာ သတင်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

​မြန်မာနိုင်ငံရဲ့အကြီးဆုံးနဲ့ နံပါတ်တစ် အိမ်ဆောက်ပစ္စည်းနဲ့ အိမ်တွင်းအလှဆင်ပစ္စည်း အရောင်းစင်တာကြီးဖြစ်တဲ့ PRO 1 Global Home Center ဟာ ကျွန်တော်တို့အသင်းရဲ့ Official Co-Sponsor အဖြစ် တရားဝင် ပါဝင်ပူးပေါင်းလိုက်ပြီဖြစ်ပါကြောင်း ဂုဏ်ယူစွာနဲ့ ကြေညာအပ်ပါတယ်။
ယခုလို မင်္ဂလာရှိတဲ့ ပူးပေါင်းမှုမှ တစ်ဆင့်
PRO 1 Global နဲ့အတူ ကျွန်တော်တို့အသင်းရဲ့ အောင်မြင်မှု ခရီးလမ်းကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားပါမယ်။ ယခုလို ပူးပေါင်းမှုကတစ်ဆင့် မြန်မာ့ဘောလုံးအားကစားကဏ္ဍကို တစ်ထောင့်တစ်နေရာကနေ အားဖြည့်ကူညီသွားမှာ ဖြစ်ပါတယ်။
PRO 1 Global လို ထိပ်တန်းကုမ္ပဏီကြီးတစ်ခုက မြန်မာ့ဘောလုံးလောကနဲ့ ကျွန်တော်တို့အသင်းကို ယုံကြည်စွာနဲ့ ပံ့ပိုးကူညီပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ရှေ့ဆက်လျှောက်လှမ်းမယ့် ပွဲစဉ်တွေမှာ PRO 1 Global နဲ့အတူ ပရိသတ်တွေအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသသွားမှာဖြစ်လို့ အားလုံးပဲ ဆက်လက် အားပေးဝန်းရံပေးကြပါဦးခင်ဗျာ။
ချစ်ပရိသတ်တွေအနေနဲ့လည်း ကျွန်တော်တို့ရဲ့ မိသားစုဝင်သစ် PRO 1 Global ကို Comment မှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပေးကြပါဦး! 👇

​

30/08/2026

DAGON STAR UNITED FC 🆚 HANTHARWADY UNITED FC

Match Highlights 🔥🦁

Be proud With . . . Dagon Star United 🦁

゚

ဒဂုံစတားယူနိုက်တက်အသင်းသည် ဟံသာဝတီယူနိုက်တက် အသင်းအား ၂ဂိုး ဂိုးမရှိဆိုသည့်ရလဒ်ဖြင့်အနိုင်ရရှိ။M League 2026-2027 " Week...
29/08/2026

ဒဂုံစတားယူနိုက်တက်အသင်းသည် ဟံသာဝတီယူနိုက်တက် အသင်းအား ၂ဂိုး ဂိုးမရှိဆိုသည့်ရလဒ်ဖြင့်အနိုင်ရရှိ။

M League 2026-2027 " Week-1" အဖြစ် ပထမအကျော့ဖြစ်သည့် ဒဂုံစတားအသင်း၏ ပထမဆုံးအဖွင့်ပဲစဉ်တွင် ဟံသာဝတီအသင်းအား အနိုင်ရရှိခဲ့ပြီး အနိုင် (၃)မှတ် ရရှိခဲ့ပါသည်။

ပွဲစဉ်၏ ပထမပိုင်းအစတွင် ဒဂုံစတားယူနိုက်တက်အသင်းသည် ဘောလုံးအသာစီးရရှိကာ တစ်ဖက်ဟံသာဝတီအသင်းအား ပွဲစဉ်အစတွင် ထိန်းချုပ်ထားခဲ့သည်။ ပွဲကစားချိန် (၁၅) မိနစ်ခန့်တွင် ဘယ်တောင်ပံမှာရှိနေသည့် ကျောနံပါတ် (၁၇)အောင်သီဟ မှ ဖြတ်တင်ပေးပို့သည့် ဘောလုံးအား ဂိုးဧရိယာအတွင်းတွင်အသင့်ရှိနေသော အသင်းခေါင်းဆောင် ကျောနံပါတ် (၇) သီဟဇော်မှ အပိုင် ကန်သွင်းယူခဲ့ကာ ဦးဆောင်ဂိုးကိုစတင်ရရှိခဲ့သည်။ ဦးဆောင်ဂိုးရရှိလာသည်နှင့်တစ်ပြိုက်နက် တစ်ဖက်အသင်းသည်လည်း တန်ပြန်တိုက်စစ်များစွာပြန်လည်ပြုလုပ်ခဲ့သော်လည်း ဒဂုံစတားအသင်း၏ နောက်တန်းကစားသမားများနှင့် ဂိုးသမား ဟိန်းထက်စိုးတို့မှ ကာကွယ်ရှင်းထုတ်ခဲ့သည်။ ပထမပိုင်းပွဲကစားချိန်ပြီးဆုံးခါနီးအချိန်တွင်လည်း တစ်ဖက်တစ်သင်းနှင့်တစ်သင်း အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ပထမပိုင်းပွဲကစားချိန်ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် ဒဂုံစတားအသင်းသည် လူစားလဲလည် မှုများပြုလုပ်ခဲ့ပြီး ကစားကွက်အချိတ်အဆက်မိမိနှင့် ထပ်မံကာ ယှဉ်ပြိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် လူစားလဲဝင်ရောက်လာသည့် ကျောနံပါတ် (၉) ရန်ကျော်ထွေးသည် တစ်ဖက်အသင်း၏ ခံစစ်များကို ကျော်ဖြတ်ကာ ဒုတိယမြောက်သွင်းဂိုးကို သွင်းယူခဲ့သည်။ ဂိုးနှင့်ကစားကွက်အသာအစီးရရှိခဲ့ကာ ဟံသာဝတီအသင်းအား ဒုတိယပိုင်းတွင် အကောင်းဆုံးထပ်မံကစားခဲ့ပြီး ၂ဂိုး ဂိုးမရှိဆိုသည့်ရလဒ်နှင့် ဟံသာဝတီအသင်းအားအနိုင်ရရှိခဲ့ပါသည်။

အစဉ်မပြတ်လာရောက်အားပေးကြသည့် ဒဂုံစတားအမာခံပရိသတ်များ အားလုံးကိုလဲ ဒဂုံစတားအသင်းမှ ကျေးဇူးအထူးတင်ရှိပါသည်။

Be Proud With . . . Dagon Star United 🦁

Official Partner Announcement======================================Dagon Star United FC နှင့် အဂ္ဂဟင်္သာကုမ္ပဏီ တို့သည် ...
29/08/2026

Official Partner Announcement
======================================
Dagon Star United FC နှင့် အဂ္ဂဟင်္သာကုမ္ပဏီ တို့သည် အနာဂတ် အောင်ပွဲများဆီသို့ အတူတကွလက်တွဲ ဦးတည်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
ကျွန်တော်တို့ Dagon Star United FC အနေနဲ့ အောင်မြင်မှုများ ပိုမိုခိုင်မာစေဖို့အတွက် ယခုနှစ်ဘောလုံးရာသီမှစတင်၍ စားသောက်ကုန်တင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းကဏ္ဍမှာ ခိုင်မာတဲ့ အခြေခံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အဂ္ဂဟင်္သာကုမ္ပဏီ ဖြင့် Official Partnership အဖြစ် အတူလက်တွဲကာ အောင်မြင်မှုများဆီသို့ အတူတကွ တက်လှမ်းတော့မှာပဲဖြစ်ပါတယ်။
အဂ္ဂဟင်္သာကုမ္ပဏီဟာဆိုရင် မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချရမှုအပြည့်ဖြင့် ကျန်းမာရေးဖြင့်ညီညွတ်သော စားသောက်ကုန်များတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် အရည်အသွေးမြင့် စားသောက်ဆိုင်လုပ်ငန်းများကို ခိုင်ခိုင်မာမာ ဆောင်ရွက်လျက်ရှိပါတယ်။
ယခုလိုပူးပေါင်းဆောင်ရွက်ခြင်းမှ
​🎯 အသင်းရဲ့ ကစားသမား စွမ်းဆောင်ရည်ပိုင်းကို ပိုမို မြင့်မားလာစေဖို့
​🎯 အမှတ်ပေးဇယား ထိပ်ပိုင်းဆီ တက်လှမ်းမယ့် ခရီးလမ်းကို ခိုင်မာစေဖို့
​🎯 ကစားသမားများရဲ့ အာဟာရပိုင်းဆိုင်ရာများ ပိုမိုပြည့်ဝလာစေဖို့
​🎯 မြန်မာ့ဘောလုံးလောက တိုးတက်မှုကို အတူတကွ ပုံဖော်သွားဖို့ ရည်ရွယ်ပါတယ်။
ကွင်းအတွင်းတိုက်ပွဲတွေမှာ အဂ္ဂဟင်္သာကုမ္ပဏီ ရဲ့ ပံ့ပိုးမှု ခွန်အားတွေနဲ့အတူ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာဖြစ်ပါကြောင်းနှင့် ပံ့ပိုးကူညီမှုများအတွက် အဂ္ဂဟင်္သာကုမ္ပဏီ အား Dagon Star United FC မိသားစုမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

​

ယနေ့ညနေ၃နာရီခွဲအချိန် သန်လျင်မြို့ သီဟဒီပကွင်းတွင် Week-1 အဖြစ် ဒဂုံစတားယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့၏...
29/08/2026

ယနေ့ညနေ၃နာရီခွဲအချိန် သန်လျင်မြို့ သီဟဒီပကွင်းတွင် Week-1 အဖြစ် ဒဂုံစတားယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့၏ပွဲစဉ်တွင် ဒဂုံစတားယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြကစားခဲ့သည့် ဒဂုံစတားအသင်း၏ အသင်းခေါင်းဆောင် ကျောနံပါတ် (၇) သီဟဇော်သည် AYA PAY MEN OF THE MATCH အကောင်းဆုံးဆုကိုရရှိခဲ့ပါသည်။

Be Proud With . . . Dagon Star United 🦁


FULL TIME RESULTS ♥️🦁DAGON STAR UNITED FC ( 2 - 0 ) HANTHARWADY UNITED FC Be Proud With . . .Dagon Star United 🦁
29/08/2026

FULL TIME RESULTS ♥️🦁

DAGON STAR UNITED FC ( 2 - 0 ) HANTHARWADY UNITED FC

Be Proud With . . .Dagon Star United 🦁

" GOAL" ♥️🦁ဒဂုံစတားယူနိုက်တက် နှင့် ဟံသာဝတီယူနိုက်တက် အသင်းတို့၏ ပွဲစဉ်တွင် ဒဂုံစတားယူနိုက်တက် အသင်းမှ ကျောနံပတ် 9 ရန်ကျ...
29/08/2026

" GOAL" ♥️🦁

ဒဂုံစတားယူနိုက်တက် နှင့် ဟံသာဝတီယူနိုက်တက် အသင်းတို့၏ ပွဲစဉ်တွင် ဒဂုံစတားယူနိုက်တက် အသင်းမှ ကျောနံပတ် 9 ရန်ကျော်ထွေး မှ ပွဲကစားချိန် မိနစ် 90 အတွင်း ဒုတိယမြောက် ဂိုးအား လှပစွာသွင်းယူခဲ့ပါသည် ။

Be Proud With . . . Dagon Star United FC 🦁

HALF TIME RESULTS ♥️🦁DAGON STAR UNITED FC ( 1 - 0 ) HANTHARWADY UNITED FC Be Proud With . . .Dagon Star United 🦁
29/08/2026

HALF TIME RESULTS ♥️🦁

DAGON STAR UNITED FC ( 1 - 0 ) HANTHARWADY UNITED FC

Be Proud With . . .Dagon Star United 🦁

" GOAL" ♥️🦁ဒဂုံစတားယူနိုက်တက် နှင့် ဟံသာဝတီယူနိုက်တက် အသင်းတို့၏ ပွဲစဉ်တွင် ဒဂုံစတားယူနိုက်တက် အသင်းမှ ကျောနံပတ် 7 သီဟဇေ...
29/08/2026

" GOAL" ♥️🦁

ဒဂုံစတားယူနိုက်တက် နှင့် ဟံသာဝတီယူနိုက်တက် အသင်းတို့၏ ပွဲစဉ်တွင် ဒဂုံစတားယူနိုက်တက် အသင်းမှ ကျောနံပတ် 7 သီဟဇော်မှ ပွဲကစားချိန် 15 မိနစ်အတွင်း ဦးဆောင်ဂိုးသွင်းယူခဲ့ပါသည် ♥️🦁

Be Proud With . . . Dagon Star United FC 🦁

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dagon Star United Fc posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category