ရေးချင်ရာရေး - inhale & exhale

ရေးချင်ရာရေး - inhale & exhale Don’t bring your onions here!

Delusional people all at once. #ရေးချင်ရာရေး
08/01/2026

Delusional people all at once.

#ရေးချင်ရာရေး

အထပ်ထပ် ပိတ်မိလေခြင်း    အဖန်တစ်ရာတေနေတဲ့ ဒီစက်ဝန်း ဒီအဖြစ်အပျက်တွေကြားထဲမှာပဲ ပိတ်မိနေခဲ့တာ။ လွတ်မြောက်နိုင်မယ်လည်း မထင...
21/12/2025

အထပ်ထပ် ပိတ်မိလေခြင်း

အဖန်တစ်ရာတေနေတဲ့ ဒီစက်ဝန်း ဒီအဖြစ်အပျက်တွေကြားထဲမှာပဲ ပိတ်မိနေခဲ့တာ။ လွတ်မြောက်နိုင်မယ်လည်း မထင်တော့သလို ဘယ်အချိန်အဆုံးသတ်မလဲ ကိုယ်တိုင်မသိနိုင်ဘူး။ လူသစ်စိတ်သစ်နဲ့ ကိုယ်ခံစားချက်တွေကို ကိုယ်တိုင်ကာကွယ်နိုင်မယ့် လူတစ်ယောက်အဖြစ်နဲ့ ပြန်လည်မွေးဖွားချင်ပါရဲ့။

#ရေးချင်ရာရေး

~နေဝင်သောအခါ အချစ်တို့သည်ကား~    ပျင်းတဲ့အခါ လမ်းလျှောက်မယ်၊ Sauna သွားချင်လည်းသွားမယ် ဒါမှမဟုတ် စီးကရက်တစ်လိပ်လောက်ခဲရင...
22/10/2025

~နေဝင်သောအခါ အချစ်တို့သည်ကား~

ပျင်းတဲ့အခါ လမ်းလျှောက်မယ်၊ Sauna သွားချင်လည်းသွားမယ် ဒါမှမဟုတ် စီးကရက်တစ်လိပ်လောက်ခဲရင်လည်း ခဲနေမယ်။
လွမ်းရတဲ့အခါ ချစ်သူပါးပြင်နုနုလေးကိုလွမ်းနေမယ်၊ အတူသွားခဲ့တဲ့နေရာလေးတွေ ပြန်သွားမယ် ဒါမှမဟုတ် စာလေးတစ်စောင်လောက် ပို့ဖြစ်ရင်ပို့ဖြစ်မယ်။
မေတ္တာတွေမှာ သူအေးချမ်းနေဖို့ပိုမျှော်လင့်မိရင်လည်း မျှော်လင့်မိမယ်။

~    မနက်ဖြန်ရောက်ဖို့ သိပ်ကြောက်မိတဲ့ အချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို အရမ်းအားရမိပါတယ်။ ဘယ်လိုအခြေအနေက...
07/10/2025

~ မနက်ဖြန်ရောက်ဖို့ သိပ်ကြောက်မိတဲ့ အချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို အရမ်းအားရမိပါတယ်။ ဘယ်လိုအခြေအနေကိုပဲဖြစ်ဖြစ် တောင့်ခံနိုင်ခဲ့တာပေါ့။ သတိရခြင်းတွေမှာတော့ ကြံ့ကြံ့မခံနိုင်ခဲ့ပဲ မျက်ရည်နွေးနွေးတွေပဲ စီးဆင်းခဲ့ရတယ်။

#ရေးချင်ရာရေး

အထီးကျန်ခြင်းမှတ်စုတို~    ဘယ်တုန်းကမှ အသိအမှတ်ပြုခြင်း မခံခဲ့ရတဲ့ လူတစ်ယောက်ပါပဲ။ ဘယ်လောက်ပဲ ကြိုးစားနေပါစေ အသိအမှတ်ပြု...
27/09/2025

အထီးကျန်ခြင်းမှတ်စုတို~

ဘယ်တုန်းကမှ အသိအမှတ်ပြုခြင်း မခံခဲ့ရတဲ့ လူတစ်ယောက်ပါပဲ။ ဘယ်လောက်ပဲ ကြိုးစားနေပါစေ အသိအမှတ်ပြုခံရခြင်းတွေက ကိုယ့်ဆီမရောက်လာခဲ့ဘူး။ လူတိုင်းဆီကမဟုတ်ပဲ ကိုယ်ချစ်ခင်ရတဲ့ အသိုက်အဝန်းလေးဆီက နွေးထွေးမှုတွေ ပြန်လည်မျှော်လင့်နေမိတာပါ။

The Flicker    ပျောက်ရှသွားပြီးတဲ့အခါ ဒီလူကို ပြန်လာမရှာပါနဲ့။ ဒီနေရာမှာပဲ ရှိနေမှာမဟုတ်ပဲ လေလွင့်နေမှာမို့ တစ်နေရာရာကို...
15/08/2025

The Flicker

ပျောက်ရှသွားပြီးတဲ့အခါ ဒီလူကို ပြန်လာမရှာပါနဲ့။ ဒီနေရာမှာပဲ ရှိနေမှာမဟုတ်ပဲ လေလွင့်နေမှာမို့ တစ်နေရာရာကိုပေါ့။

ဟိုးးးးးတောင်ဘက်ကိုလား ဒါမှမဟုတ် မြောက်ဘက်ကိုလား။

#ရေးချင်ရာရေး

အရောင်ခြယ်နှလုံးသားများ       တစ်စုံတစ်ခုကိုပဲ လွမ်းဆွတ်တမ်းတနေတာလား။ ရှိုက်သွင်းလိုက်တဲ့ မီးခိုးငွေ့တွေက အဆုတ်က အထဲထိအရ...
31/07/2025

အရောင်ခြယ်နှလုံးသားများ

တစ်စုံတစ်ခုကိုပဲ လွမ်းဆွတ်တမ်းတနေတာလား။ ရှိုက်သွင်းလိုက်တဲ့ မီးခိုးငွေ့တွေက အဆုတ်က အထဲထိအရောက်မခံချင်သလိုပဲ။ အခိုးအငွေ့တွေလို ပျောက်ကွယ်သွားတဲ့ အရာတွေက အတိတ်မှာပိတ်မိနေစေအောင်ပဲ လုပ်ခဲ့လေတာလား။
မလတ်ဆတ်ခဲ့တဲ့ အချစ်တွေနဲ့ မရင့်ကျက်ခဲ့တဲ့အချစ်တွေရယ် နီးသယောင်နဲ့ ဝေးသလိုဖြစ်နေတဲ့ တောင်တန်းတွေရယ် မစစ်ခဲ့တဲ့ ခံစားချက်တွေ ယိမ်းယိုင်ခဲ့တဲ့ နှလုံးသားတွေကပဲ ဒီဘူတာကိုလွဲချော်စေခဲ့တာ။
ဒီလေသိမ်းတစ်ချက်တော့ ဆွေးအက်နေတဲ့ လက်တွေ မြဲမယ်မထင်တော့ပါဘူး။ ဖယောင်းတိုင်လေးဟာ မီးစာကုန်ရင် ငြိမ်းရပါပြီ။ သိဟ်ရာသီဟာ ဘယ်တုန်းကမှ ပျော်ဖို့မကောင်းခဲ့ပါဘူး။

#ရေးချင်ရာရေး

Justice poem    အဝေးကိုပဲ လူတွေကထွက်သွားဖို့ ကြိုးစားနေကြပြီး အနီးကိုတိုးလာဖို့အတွက် အကြောင်းပြချက်များစွာနဲ့ပဲ တုံ့ဆိုင...
03/07/2025

Justice poem

အဝေးကိုပဲ လူတွေကထွက်သွားဖို့ ကြိုးစားနေကြပြီး အနီးကိုတိုးလာဖို့အတွက် အကြောင်းပြချက်များစွာနဲ့ပဲ တုံ့ဆိုင်းရပ်တန့်နေတတ်ကြတယ်။ ချစ်ခြင်းမေတ္တာက အကြောင်းပြချက်တွေမလိုပေမယ့် ခွဲခွါခြင်းတွေမှာတော့ ပြစ်ချက်ပေါင်းများစွာပါပဲ။

ခါးသီးတဲ့အမှန်တရားတွေကို နှလုံးသားက လက်ခံနိုင်စွမ်းမရှိတဲ့အခါ လူတွေရဲ့ စိတ်တွေဟာ မာကျောလာတတ်တယ်တဲ့။ ချစ်တတ်တဲ့သူတွေဆိုတာလည်း မေတ္တာဓာတ်လေးတော့ လိုအပ်တတ်ကြတဲ့ လူသားတွေပဲမို့ ပိုမိုနာကျင်အောင် လုပ်ရက်ကြလေသလား။ ချစ်ခြင်းမေတ္တာကရိုးရှင်းပါတယ်။ လူတွေက ရှုပ်နေတာ။

#ရေးချင်ရာရေး

Photo- The Office(2005)

ဒီခေတ်ကြီးထဲမှာ ဘယ်သူက မင်းတို့နဲ့အတူ ဒိုးတူဘောင်ဖက် ရုန်းကန်လိမ့်မယ်လို့ မင်းတို့ထင်ထားကြတာလဲ။ မရှိရင်ထားခဲ့ခံရမှာပဲ ငါ...
01/06/2025

ဒီခေတ်ကြီးထဲမှာ ဘယ်သူက မင်းတို့နဲ့အတူ ဒိုးတူဘောင်ဖက် ရုန်းကန်လိမ့်မယ်လို့ မင်းတို့ထင်ထားကြတာလဲ။ မရှိရင်ထားခဲ့ခံရမှာပဲ ငါ့ကောင်တို့။ လူတိုင်းက အတူတူချည်းပဲတော့ မဟုတ်ပေမယ့် ဘဝနဲ့ယှဉ်လာရင်တော့ သူတို့အတွက်ပိုအဆင်ပြေတဲ့လမ်းကို ရွေးဖို့ လက်တွန့်နေမယ့်သူတွေ မဟုတ်ဘူးရယ်။

မင်းက ကြိုးစားနေတဲ့ လူတစ်ယောက်ဆိုရင်တောင်မှ မင်းဟာသူ့အတွက် သူ့ဘဝ သူ့အနာဂတ်အတွက် အဆင်ပြေနိုင်မယ့်လူမျိုးမဟုတ်ဘူးဆိုရင် ဒါဟာအဆင်မပြေနိုင်တော့ဘူး။ လူတိုင်းဟာ ငွေမက်နေတာတော့မဟုတ်ဘူး။ ဒါပေမယ့် ငွေမက်တဲ့လူတွေတိုင်းမှာလည်း သူ့အကြောင်းအရင်းနဲ့သူ ဆီလျော်စွာရှိတာပဲမို့ ငွေမက်တာ အပြစ်တစ်ခု မဟုတ်ခဲ့ဘူး။

ချစ်တဲ့စိတ်တစ်ခုထဲနဲ့ ဘဝထဲကို စုံဝင်လာတာပါ ဆိုတာမျိုးက ငါတို့အဖိုးအဖွား အဖေအမေတို့ခေတ်မှာ ကျန်ခဲ့ပြီကွ။

အသပြာအနံ့လေးမှ မရရင်မည်သူမှ အနားကြာကြာမနေချင်။ #ရေးချင်ရာရေး
29/05/2025

အသပြာအနံ့လေးမှ မရရင်

မည်သူမှ အနားကြာကြာမနေချင်။

#ရေးချင်ရာရေး

နေသားကျနေသော ခွဲခွါခြင်းများ    ငါတို့ရဲ့ဆယ်ကျော်သက်ဘဝတွေ နှစ်ဆယ်ကျော်အရွယ်တွေ ငယ်ဘဝတွေမှာ ကြုံတွေ့ခဲ့ရတဲ့ သူငယ်ချင်း၊ မ...
27/05/2025

နေသားကျနေသော ခွဲခွါခြင်းများ

ငါတို့ရဲ့ဆယ်ကျော်သက်ဘဝတွေ နှစ်ဆယ်ကျော်အရွယ်တွေ ငယ်ဘဝတွေမှာ ကြုံတွေ့ခဲ့ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းနဲ့ ငါတို့ချစ်ခဲ့ရနဲ့သူတွေက တစ်ချိန်ချိန်မှာ အနားကနေ ပျောက်ကွယ်သွားကြမှာပဲ။ သူ့ဘဝကိုယ့်ဘဝ လျှောက်လှမ်းကြရင်း တစ်မြို့နယ်ထဲနေပြီး မတွေ့ဖြစ်တော့တဲ့ ဘော်ဒါတွေ၊ အလွတ်မရတော့တဲ့ ဖုန်းနံပါတ်တွေ ဒီလိုတွေနဲ့ပဲ ငါတို့က ဘဝကိုဖြတ်သန်းကြရမှာ။

တစ်ယောက်ယောက်မရှိလို့ မရဘူးဆိုတာမျိုးက ငါတို့ဘဝတွေမှာ တကယ်မရှိနေဘူး။ ငါတို့ကပဲ သူတို့နားက ထွက်ခွါလာကြတာလား။ သူတို့ကပဲ ငါတို့နဲ့ ဝေးသွားတာလား ဆိုတဲ့ အခြေအနေနှစ်မျိုးပဲရှိတာ။ ကိုယ့်ခန္ဓာကြီးကို ကိုယ်တောင်မပိုင်တဲ့ ဘဝမှာ မည်သို့သောခွဲခွါခြင်းတွေနဲ့မဆို နေသားကျအောင်လုပ်ပြီး ဘဝကိုရှေ့ဆက်လျှောက်ရမှာက ငါတို့ရဲ့ တာဝန်ပဲ။

နောက်ပြီး ငါတို့ရဲ့ ဘဝတစ်ခုလုံးကို ဘယ်လိုလူမျိုးနဲ့ ကုန်ဆုံးချင်လဲဆိုတာ ငါတို့ကိုယ်တိုင်ရွေးချယ်ကြရမှာ။ အတိတ်တွေကို အတိတ်မှာထားပြီး ငါတို့ကိုယ်တိုင်ရွေးချယ်လိုက်တဲ့ လမ်းကြောင်းပေါ်မှာ တည့်တည့်မတ်မတ်လျှောက်ပြီး ကောင်းမွန်တဲ့လူတွေကိုပဲ ကိုယ့်ပတ်ဝန်းကျင်မှာထားပြီး ရှင်သန်နိုင်တဲ့အခါ ဘဝမှာအနိုင်ရခြင်းတစ်မျိုးပါပဲ။

#ရေးချင်ရာရေး

Life means whatever you’re, it is literally a life matter.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ရေးချင်ရာရေး - inhale & exhale posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category