𝐒𝐚𝐠𝐚𝐢𝐧𝐠 𝐔𝐧𝐢𝐭𝐞𝐝 𝐅𝐂

𝐒𝐚𝐠𝐚𝐢𝐧𝐠 𝐔𝐧𝐢𝐭𝐞𝐝 𝐅𝐂 The Official page of Sagaing United FC. A professional football club competing in the Myanmar National League.

MATCH DAY! ⚡️The boys are ready and confidence is high for Week 4 of the MNL U-20 League 2026. Let's show what we've got...
12/06/2026

MATCH DAY! ⚡️

The boys are ready and confidence is high for Week 4 of the MNL U-20 League 2026. Let's show what we've got! 👊

⚽️ SHAN UNITED VS SAGAING UNITED
📅 12 June 2026 (Friday)
⏰ 3:30 PM
🏟️ Thiha Dipa Stadium
📺 LIVE - MNL YouTube Channel

မနက်ဖြန်ပြိုင်ပွဲအတွက် စစ်ကိုင်းယူနိုက်တက် ယူ-၂၀ အသင်း အကောင်းဆုံး ကြိုးစားပြင်ဆင်လို့ပြီးပါပြီ။ 💯ကွင်းထဲမှာ ရလဒ်ကောင်းတ...
11/06/2026

မနက်ဖြန်ပြိုင်ပွဲအတွက် စစ်ကိုင်းယူနိုက်တက် ယူ-၂၀ အသင်း အကောင်းဆုံး ကြိုးစားပြင်ဆင်လို့ပြီးပါပြီ။ 💯

ကွင်းထဲမှာ ရလဒ်ကောင်းတစ်ခု သယ်ဆောင်လာနိုင်ဖို့အတွက် ကစားသမားတွေရော နည်းပြအဖွဲ့ဝင်တွေပါ ရာနှုန်းပြည့် ပြင်ဆင်ပြီးစီးခဲ့ပါပြီ။

ရှေ့လာမယ့် ပွဲစဉ်တွေအတွက် အာရုံစိုက်မှု အပြည့်နဲ့ အကောင်းဆုံး ပြင်ဆင်နေတဲ့ ကျွန်တော်တို့ စစ်ကိုင်းယူနိုက်တက် ယူ-၂၀ အသင်း...
10/06/2026

ရှေ့လာမယ့် ပွဲစဉ်တွေအတွက် အာရုံစိုက်မှု အပြည့်နဲ့ အကောင်းဆုံး ပြင်ဆင်နေတဲ့ ကျွန်တော်တို့ စစ်ကိုင်းယူနိုက်တက် ယူ-၂၀ အသင်း ကစားသမားတွေရဲ့ ကွင်းတွင်း လေ့ကျင့်ရေး ပုံရိပ်အချို့။

ယူ-၂၀ မျိုးဆက်သစ်‌တွေအတွက် အားပေးစကားလေးတွေ Comment ရေးပေးခဲ့ကြပါဦး ပရိသတ်ကြီးတို့ရေ... 🎯💪

WEEK-3: MATCH GALLERY 🖼️ယနေ့ကျင်းပပြုလုပ်ခဲ့သည့် MNL U-20 League 2026 Week-3 ပွဲစဉ်မှ ချင်းလန်း FC နှင့် စစ်ကိုင်းယူနိုက...
07/06/2026

WEEK-3: MATCH GALLERY 🖼️

ယနေ့ကျင်းပပြုလုပ်ခဲ့သည့် MNL U-20 League 2026 Week-3 ပွဲစဉ်မှ ချင်းလန်း FC နှင့် စစ်ကိုင်းယူနိုက်တက် အသင်းတို့၏ အမှတ်တမ်းဓာတ်ပုံများကို စုစည်းဖော်ပြပေးလိုက်ပါသည်။

AYA Pay Man Of The Match ဆုကို Sagaing United  အသင်းမှ ပိုင်သက်ဦး  ကရရှိ.........ယနေ့ကျင်းပပြုလုပ်ခဲ့သည့် MNL U-20 Leagu...
07/06/2026

AYA Pay Man Of The Match ဆုကို Sagaing United အသင်းမှ ပိုင်သက်ဦး ကရရှိ.........

ယနေ့ကျင်းပပြုလုပ်ခဲ့သည့် MNL U-20 League 2026 Week-3 ပွဲစဉ် (ချင်းလန်း အက်ဖ်စီ ၄ - ၇ စစ်ကိုင်းယူနိုက်တက်) တွင် အသင်းအတွက် သွင်းဂိုး (၃) ဂိုး တိတိ သွင်းယူပေးပြီး ခြေစွမ်းအကောင်းဆုံး ပြသနိုင်ခဲ့သည့် စစ်ကိုင်းယူနိုက်တက် ယူ-၂၀ အသင်း၏ ကျောနံပါတ် (၉) ကစားသမား ပိုင်သက်ဦး မှ "AYA PAY Man Of The Match" ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့ပါသည်။

အဆိုပါ AYA PAY Man Of The Match ဆုနှင့် အတူ ငွေသားဆုဂုဏ်ပြုချီးမြှင့်ငွေ ၂၀၀,၀၀၀ ကျပ် (နှစ်သိန်းကျပ်) အား ပြိုင်ပွဲကြီးကြပ် ဦးညီညီလတ် မှ ဆုချီးမြှင့်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

အသင်းအတွက် အောင်ပွဲရလဒ်နှင့်အတူ အကောင်းဆုံးစွမ်းဆောင်ရည် ပြသနိုင်ခဲ့သည့် ကစားသမား ပိုင်သက်ဦး အား စစ်ကိုင်းယူနိုက်တက်အသင်း မိသားစုမှ အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

FULL TIME ⏱️ချင်းလန်း အက်ဖ်စီ ၄ - ၇ စစ်ကိုင်းယူနိုက်တက်MNL U-20 League 2026 Week-3 ပွဲစဉ် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ...
07/06/2026

FULL TIME ⏱️

ချင်းလန်း အက်ဖ်စီ ၄ - ၇ စစ်ကိုင်းယူနိုက်တက်
MNL U-20 League 2026 Week-3 ပွဲစဉ် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ယနေ့ပွဲစဉ်တွင် စစ်ကိုင်းယူနိုက်တက် ယူ-၂၀ အသင်းမှ ချင်းလန်း အက်ဖ်စီ အသင်းကို ၄ ဂိုး - ၇ ဂိုး ဆိုသည့် ရလဒ်ဖြင့် အနိုင်ရရှိပြီး အဖိုးတန် သုံးမှတ်အပြည့်ကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ပြီ ဖြစ်ပါသည်။

စစ်ကိုင်းယူနိုက်တက်အသင်းအတွက် ဂိုးသွင်းယူသူများ -
⚽ သက်ပိုင်ဦး - ၁၉'(P) ၊ ၃၁' ၊ ၉၀+၃' (Hattrick ⚽⚽⚽)
⚽ ဇင်ယော်နီ - ၃၂'
⚽ နာရီလင်းထွဋ် - ၃၈'
⚽ စိုးမင်းခန့် - ၄၅+၁'
⚽ မျိုးသူလွင် - ၇၃'

အသင်းကို အစဉ်အမြဲ အားပေးဝန်းရံပေးကြသော မိဘပြည်သူများနှင့် ပရိသတ်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။ 🙏

HALF TIME ⏱️ချင်းလန်း အက်ဖ်စီ ၁ - ၅ စစ်ကိုင်းယူနိုက်တက်MNL U-20 League 2026 Week-3 ပွဲစဉ်၏ ပထမပိုင်းပွဲချိန်ပြီးဆုံးချိန...
07/06/2026

HALF TIME ⏱️

ချင်းလန်း အက်ဖ်စီ ၁ - ၅ စစ်ကိုင်းယူနိုက်တက်
MNL U-20 League 2026 Week-3 ပွဲစဉ်၏ ပထမပိုင်းပွဲချိန်ပြီးဆုံးချိန်တွင် စစ်ကိုင်းယူနိုက်တက် ယူ-၂၀ အသင်းမှ ချင်းလန်း အက်ဖ်စီ အသင်းကို ၁ ဂိုး - ၅ ဂိုး ဖြင့် ဦးဆောင်ထားပါသည်။

စစ်ကိုင်းယူနိုက်တက်အသင်းအတွက် ဂိုးသွင်းယူသူများ -
⚽ သက်ပိုင်ဦး - ၁၉' ၊ ၃၁'
⚽ ဇင်ယော်နီ - ၃၂'
⚽ နိုင်လင်းထွဋ် - ၃၈'
⚽ စိုးမင်းခန့် - ၄၅+၁'
ဒုတိယပိုင်းပွဲချိန်များတွင်လည်း အောင်ပွဲရလဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ဆက်လက်အားပေးပေးပါဦးခင်ဗျာ။

MATCH DAY | LINE-UP MNL U-20 League 2026 Week-3 ပွဲစဉ်အဖြစ် ဒီနေ့ညနေ ၃:၃၀ နာရီ၊ South Dagon Stadium မှာ Chinland FC အသင်...
07/06/2026

MATCH DAY | LINE-UP

MNL U-20 League 2026 Week-3 ပွဲစဉ်အဖြစ် ဒီနေ့ညနေ ၃:၃၀ နာရီ၊ South Dagon Stadium မှာ Chinland FC အသင်းနဲ့ ရင်ဆိုင်ကစားသွားမယ့် Sagaing United U-20 အသင်း၏ ပွဲထွက်လူစာရင်း။

🔔 Match Day ဖြစ်တဲ့ ဒီနေ့မှာ Sagaing United U-20 ကို အတူတူ အားပေးလိုက်ကြရအောင်!____________________________________MNL U...
06/06/2026

🔔 Match Day ဖြစ်တဲ့ ဒီနေ့မှာ Sagaing United U-20 ကို အတူတူ အားပေးလိုက်ကြရအောင်!
____________________________________

MNL U-20 League 2026 ရဲ့ ပွဲစဉ် (၃) အဖြစ် Chineland FC နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုက လူငယ်ကစားသမားတွေအတွက် အဓိက ခွန်အားဖြစ်စေမှာ သေချာပါတယ်။

ပွဲစဉ်ကို ဒီနေ့ညနေ ၃:၃၀ နာရီမှာ ကစားသွားမှာဖြစ်ပြီး MNL YouTube Channel ကနေလည်း တိုက်ရိုက် ကြည့်ရှုအားပေးနိုင်ပါတယ်။

⚽ Chinland FC Vs Sagaing United
📅 7 June 2026 | 🕒 3:30 PM
🏟️ South Dagon Stadium
🎥 Live on MNL YouTube Channel

Tactics are the key to victory! 🧠⚽️ဒီနေ့ရဲ့ အဓိက Topic ကတော့ "Improving Defending High Press" ပါ။ ပြိုင်ဘက်က အပေါ်ကနေ ဖိ...
06/06/2026

Tactics are the key to victory! 🧠⚽️

ဒီနေ့ရဲ့ အဓိက Topic ကတော့ "Improving Defending High Press" ပါ။ ပြိုင်ဘက်က အပေါ်ကနေ ဖိအားပေးလာရင် အသင်းရဲ့ ကာကွယ်မှုပုံစံ ဘယ်လို ဟန်ချက်ညီရမလဲ (Cover & Balance)၊ ဘယ်လို ပိတ်ဆို့ရမလဲ (Force one side) ဆိုတာတွေကို ကွင်းထဲမှာ လက်တွေ့ရော နည်းဗျူဟာဘုတ်ပေါ်မှာပါ အသေးစိတ် ဆွေးနွေးပြင်ဆင်နေပါတယ်။

အသေးစိတ် ဗီဒီယိုကိုတော့ "Zaw Linn Tun Official" YouTube Channel မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဗျာ။ 🎬👇

https://youtube.com/-q6m4m?si=29S0exVIOSPp8scP

Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.

Address

Thuzitar 4 Street
Yangon
11041

Alerts

Be the first to know and let us send you an email when 𝐒𝐚𝐠𝐚𝐢𝐧𝐠 𝐔𝐧𝐢𝐭𝐞𝐝 𝐅𝐂 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category