Blue Wave Swimming Pool service

Blue Wave Swimming Pool service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Blue Wave Swimming Pool service, Yangon.

12/03/2026
12/03/2026
pegu pool.
18/06/2024

pegu pool.

ပုလဲရတနာဥယျာဥ်(ကျိုက်ထို)ရေကူးကန်သို့နောက်တစ်ခေါက်
14/07/2022

ပုလဲရတနာဥယျာဥ်(ကျိုက်ထို)
ရေကူးကန်သို့
နောက်တစ်ခေါက်

01/07/2022

ရေကူးကန်နဲ့ပတ်သက်ပြီး
လိုအပ်သော အကူအညီများ
ရယူလိုပါက
အောက်ပါဖုန်းနံပတ်ဆက်သွယ်နိုင်ပါတယ်။

09784690630

ko thar
blue wave swimming pool services.
အိမ်မက်ချစ်သူအကောင့်ပိုင်ရှင်
ဆက်သွယ်၍ မရလို့ပါ။

Local business

ရေကူးကန်တည်ဆောက်ခြင်းအနုပညာရေကူးကန်တည်ဆောက်ခြင်းလုပ်ငန်းမှာရေလှောင်ကန်တည်ဆောက်ခြင်းနှင့်မတူညီပါ။ရေကူးကန်၏အကျယ်အဝန်းအလိုက...
26/05/2022

ရေကူးကန်တည်ဆောက်ခြင်းအနုပညာ

ရေကူးကန်တည်ဆောက်ခြင်းလုပ်ငန်းမှာ
ရေလှောင်ကန်တည်ဆောက်ခြင်းနှင့်မတူညီပါ။
ရေကူးကန်၏အကျယ်အဝန်းအလိုက်
သိုလ်လှောင်နိုင်မည့်ရေပမာဏ
ရေ၏ ထုထည်အလေးချိန် ဖိအား
တွန်းကန်နိုင်သည့်အားစသည်အများကို
သီအိုရီအတိုင်းတွက်ချက်၍
ခံနိုင်မည့်ဝန်းအားအတိုင်းတည်ဆောက်ရသလို
နောင် ဆယ် နှစ် အနှစ်နှစ်ဆယ်ဆိုသလို
ရေရှည်မှာဖြစ်ပေါ်လာနိုင်သည့်
ပျက်စီးမှု ယိုစိမ့်နိုင်မှုများကိုပါ
တွက်ချက်စဥ်းစား လုပ်ဆောင်ရပါတယ်။

ဆီလို ရေလို အပေါက်ရှာတတ်တယ်
ဆိုတဲ့စကားပုံအတိုင်း stucture ကို တစ်လက်မ တစ်စိပ်မျှ အားနည်းမှု မရှိအောင်ပြင်ဆင်ဆောက်ရွက်ရပါတယ်။

piping system များတပ်ဆင်ရာမှာလည်း
ရွေးချယ်တပ်ဆင်မည့်စက်အမျိုးအစား
filters. pumps များနှင့်လိုက်လျောညီထွေဖြစ်နိုင်မည့်
flow rate. ရေဖြန့်ဝေမှု
ထည့်လိုက်သော ဓာတုပစ္စည်း(chemicals)
များအချိန်တိုအတွင်းပျော်ဝင်နိုင်မှုအတွက်
pipe အမျိုးအစား အရွယ်အစား
ပိုက်တပ်ဆင်မည့် levelစသည်များကို
တွက်ချက်ဆောင်ရွက်ရပါ့မယ်။

အထက်အပါအချက်အလက်များအပြင်
ရေသန့်စင်ခြင်းလုပ်ငန်းများရေရှည်ဆောင်ရွက်
ရာတွင် လျှင်မြန်အောင်
လွယ်ကူအောင် သက်သာအောင်
အချိန်ကြာထိန်းသိမ်းနိုင်အောင် ကြိုတင်ခန့်မှန်း
တွက်ချက်ဆောင်ရွက်ရသလို
အသုံးပြုမည့်ရေ အမျိုးအစားအလိုက်
ရေမှာပါဝင်သော ဓာတုအမျိုးအစားအလိုက်
ကြိုတင်ပြင်ဆင်ထားရမည့်လိုအပ်ချက်များ
ကိုပါ အနည်းဆုံး ဆယ်နှစ် ဆယ့်ငါးနှစ်စာလောက်
စဥ်းစားတွေးခေါ်ပြင်ဆင်ဆောင်ရွက်ရပါတယ်။

location အရ နေဝင်မည့်ဖက်လှည့်မလား
နေထွက်ရာဖက် မျက်နှာမူမလား
view ကိုဘယ်ဖက်မှာပိုကောင်းမလဲ
လှပအောင်ရေကူးသူများစိတ်ဝင်စားအောင်
စိတ်ချမ်းသာအောင် အဖက်ဖက်ကစဥ်းစားဆုံးဖြတ်ရပါတယ်။

တည်ဆောက်မှုလုပ်ငန်းအတတ်ပညာတစ်ခုထည်း
သာမက သဘာဝပတ်ဝန်းကျင်သဘောတရား
ပန်းချီသဘောတရား
လှပခန့်ညားအောင်ဆောင်ရွက်ရမဲ့ အနုပညာ
သဘောထားတွေကိုပါ ကျွမ်းကျင်ပိုင်နိုင်မှသာ
ပိုမိုအဆင်ပြေနိုင်ပါတယ်။

အဓိက ကတော့ လုပ်ငန်းအတွေ့အကြုံတွေ
အများကြီးလိုအပ်သလို
အလုပ်အပေါ်ထားတဲ့စေတနာတရားတွေများစွာလိုအပ်ပါတယ်။
ကိုယ်ပိုင်ပစ္စည်းလိုသဘောထားပြီး
ရေရှည်မှာဖြစ်ပေါ်လာနိုင်တဲ့ အပစ်အနာအဆာ
များကိုပါထည့်သွင်းစဥ်းစားလုပ်ဆောင်မှသာ
လှပကောင်းမွန်သော ရေကူးကန်တစ်ခု​ကို
အောင်မြင်စွာတည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ရေကူးကန်ဆိုတာ ကန်ဆောက်ပြီး
ရေထည့်လိုက်ရင် ရေကူးလို့ရမှာပဲ ဆိုတဲ့
သီအိုရီမပါတဲ့တည်ဆောက်မှုတွေကြောင့်
လက်တွေ့မှာ စိတ်ညစ်ရတဲ့ ရေကူးကန်ပိုင်ရှင်တွေ
ဖျက်လို့လည်းမဖြစ်
ရှေ့ဆက်လို့လည်းမရနိုင်မှုကြောင့်
စိတ်ညစ်ရတဲ့ပိုင်ရှင်တွေကို
လုပ်ငန်းခွင်အတွင်းမှာ များစွာတွေ့ကြုံခံစား
ရပါတယ်။
ဒုတိယအကြိမ်ပြင်ဆင်ခြင်း (up gratting)
လုပ်ပေးခဲ့ရတဲ့ ရေကူးကန်တွေလည်းမနည်းတော့ပါဘူး။
ကျွန်တော့်အတွေ့အကြုံအရလည်း
အသစ်တည်ဆောက်ရတဲ့ကန်အရေအတွက်ထက်
အဟောင်းပြင်ရတဲ့ကန်တွေကပိုများနေပါတယ်။

ပြင်ဆင်ပေးရတာပိုလုပ်ခွင့်ရတာကိုလည်း
ကျေနပ်ပါတယ်။
အမှားတွေကို ပြင်ပေးရတာကဝင်ငွေနည်းပေမဲ့
အတွေ့အကြုံပိုရပါတယ်။
သူများတွေ ဘာကြောင့်မှားကြတယ်ဆိုတာ
မကြာမကြာတွေ့ရတော့ ကိုယ်တိုင်လုပ်တဲ့အခါ
ရှောင်ရန်ဆောင်ရန်တွေကို ပိုကျွမ်းကျင်လာတာပေါ့။

ရေကူးကန်လုပ်ဆောင်လိုသည့်
လုပ်ငန်းရှင်များကိုအကြံပြုချင်တာလေး
တစ်ခုကတော့ ဆောက်မယ်ဆိုရင်
နားလည်တတ်ကျွမ်းသည့်ပညာရှင်များနဲ့
ဦးစွာတိုင်ပင်ဆွေးနွေးပြီး အကြုံပြုချက်များအတိုင်းလုပ်ဆောင်စေချင်ပါတယ်။
ကျွန်တော်တို့ထက် ပိုမိုကျွမ်းကျင်သည့်
ပညာရှင်တွေ အများကြီးရှိပါတယ်။
သူတို့နဲ့တိုင်ပင်ပြီး လိုက်နာဆောင်ရွက်ကြပါလို့
လေးစားစွာတင်ပြအပ်ပါတယ်။

ရိုးသားစွာဖြင့်

ko thar
blue wave swimming pool services.

Daw. moe"s water park
21/05/2022

Daw. moe"s water park

Daw Moe`s Farm Houseမှရေကူးကန်လေးပါ။အချင်းပေ 100အနက်  3.3ft ရှိပါတယ်။မူလ structureကိုတော့ပိုင်ရှင်ကိုယ်တိုင်တည်ဆောက်ပြီး...
11/05/2022

Daw Moe`s Farm Houseမှ
ရေကူးကန်လေးပါ။
အချင်းပေ 100
အနက် 3.3ft ရှိပါတယ်။
မူလ structureကိုတော့
ပိုင်ရှင်ကိုယ်တိုင်တည်ဆောက်ပြီး
plumbling
installation
water treatment အပိုင်းတွေကိုတော့
ကျွန်တော်တို့က
တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။

ထူးခြားတာကတော့
waste water တွေကို
swimming pool water အဖြစ်သို့
ပြောင်းလဲရတဲ့ treatment လုပ်ငန်းပါ။

ရေကူးကန်ရေဆိုတာ
ရေကူးသူ swimmer များအတွက်
ကျန်းမာရေးအရ
အထောက့်အပံ့ ဖြစ်နိုင်သောအရည်အသွေး
ရအောင်ထိန်းသိမ်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။

piping systemများကိုလည်း
သီအိုရီနဲ့ကိုက်ညီအောင်
အနီးစပ်ဆုံးရရှိအောင် ဆောင်ရွက်ခဲ့ပါတယ်။

လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ကာလအတွင်းမှာ
လိုအပ်သောပစ္စည်းများ
အနေအထိုင်အစားအသောက်ကိစ္စမှစ၍
စီစဥ်ဆောင်ရွက်ပေးခဲ့ကြသော
ကိုဇော်နဲ့တကွ
ပိုင်အိုးနီးယား မိသားစုများ
ဝန်ထမ်းများအားလုံးကျေးဇူးတင်ပါတယ်။

ရေကိုချစ်သော
ရေနဲ့စီးပွားရှာတတ်သော
ကျွန်တော်တို့ဥက္ကဌကြီးဆထက်တန်ပိုး
စီးပွားတိုးပါစေကြောင်း
ဆုတောင်းလိုက်ပါတယ်။

ko thar
blue wave swimming pool service.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Blue Wave Swimming Pool service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share