Dway Mel Naw sepaktakraw sport live

Dway Mel Naw sepaktakraw sport live sepaktakraw club

04/10/2025

#ကန်လိုက်တိုင်း ပိုက်မတိုးစေဖို့ လေ့ကျင့်ရေးနည်းလမ်း

 #ပိုက်ကျော်ခြင်းအရည်သွေးတိုးတတ်စေဖို့   #ခြင်းထွတ်မြင့်မားစေဖို့  အချက်(၃)ချက်နှင့်တကွ    စာတွေ့နှင့် လက်တွေ့ပေါင်းစပ်သ...
04/10/2025

#ပိုက်ကျော်ခြင်းအရည်သွေးတိုးတတ်စေဖို့

#ခြင်းထွတ်မြင့်မားစေဖို့ အချက်(၃)ချက်နှင့်တကွ

စာတွေ့နှင့် လက်တွေ့ပေါင်းစပ်သိမြင်နိုင်စေရန် ရည်ရွယ်၍ ရေးသားဖော်ပြထားပါသည်

အချက်(၃)ချက်ဖြစ်တဲ့
✅(၁)ချိတ်ခြင်း ချိတ်ဆွဲကန်ပေးခြင်း

✅(၂)စက်ဝိုင်းနှင့်နောက်စည်းကြား
လေ့ကျင့်ကန်ပေးခြင်း

✅(၃) ခြင်းအကျ မစောင့်ဘဲ အပေါ်တတ်၍
ကန်ပေးခြင်း
#ဒီအချက်(၃)ချက်လုံးက တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတာဖြစ်တဲ့အတွတ် အချက်(၁)ချက်ချင်းစီတိုင်းကို
သေချာ အသားကျအောင် လေ့ကျင့်ပေးမှ တိုးတတ်မှုနှုန်း မြန်ဆန်မှာ ဖြစ်ပါတယ်

🏆နံပါတ်(၁) ချိတ်ခြင်း ကန်ပေးခြင်းဆိုသည်မှာ
မိမိရဲ့ jump ပါဝါ အားရှိသလောက် (ခုန်)နိုင်စွမ်းအားကိုချိန်ဆပြီး အမြင့်ပေချိတ်ဆွဲ ကာ လိုအပ်တဲ့အတိုင်းတာပမာဏ အမြင့်ပေ ကို ခြင်းလုံးအား ချိတ်ဆွဲကန်ပေးခြင်း ဖြစ်ပါတယ် ၊ ချိတ်ခြင်းကန်ပေးခြင်းရဲ့ အားသာချက်ကတော့ အမြင့်ခြင်းကန်တဲ့အခါ ထိချက်နှင့် တိုင်ပင် အသားကျမှုကို အထောက်ကူ ဖြစ်စေပါတယ်
#မှတ်ချက်အနေနဲ့ အနည်းဆုံး(၇)ပေခွဲ ခန့် လောက် ချ်တ်ဆွဲ ကန်ပေးရန် သင့်တော်ပါတယ်

🏆နံပါတ်(၂) စက်ဝိုင်းနှင့်နောက်စည်းကြား ကန်ပေးခြင်းဆိုသည်မှာ မိမိရဲ့ ကန်ခြင်း ထိချက် နိမ့်ကျ မသွားအောင် ၊ အမှန်းအဆ ပြု၍ ပြိုင်ပွဲကွင်းထဲကဆားဗစ်စက်ဝိုင်းနှင့်နောက်စည်း ကြားကို ခြင်းထွတ်မြင့်မားစေရန်ကန်ပေးခြင်းဖြစ်ပါတယိ၊
အားသာချက်အနေနဲ့
မိမိကန်ခြင်း ချိုးမကန်မိစေရန် ပိုက်တိုးမကန်မိစေရန်
အထောက်ကူဖြစ်စေပါတယ်

🏆နံပါတ်(၃) ခြင်းအကျမစောင့်ဘဲ အပေါ်တတ်ကန်ပေးခြင်းဆိုသည်မှာ လေပေါ်မြှောက်နေတဲ့ ခြင်းအား မိမိလက်တလှန် အကွာအဝေးရောက်မှ မကန်ပဲ လက်တလှန်ထပ် ကျော်တဲ့ အမြင့်အတိုင်းတာ အမြင့်အကွာဝေး
တစ်ခု အပေါ် တတ်၍ ကန်ပေးခြင်းဖြစ်ပါတယ်
ခြင်းအကျစောင့်၍ ကန်တဲ့အခါ တိုင်ပင်လွဲ၍ခြင်းထွတ်နိမ့်ပါးကာ အပျက်စီး များမှာဖြစ်ပါတယ်
#မှတ်ချက်အနေနဲ့ မိမိ အပေါ်တတ်၍ ကန်တဲ့အခါ
ခြေလွှဲအား ပြင်းပြင်းနဲ့ အားပါပါလေး ကန်ပေးရန်အထူးလိုပါသည်
မိမိတို့ရဲ့ပိုက်ကျော်ကျော်ခြင်းအရည်အသွေး ပိုမိုကောင်းမွန်စေဖို့အတွတ် ရည်ရွယ်၍ ရေးသားဖော်ပြထားပါသည်
အားလုံးပဲ ရလဒ်ကောင်းတွေပိုင်ဆိုင်ကြပါစေ
အောင်လေး(ပိုက်ကျော်ခြင်း)

28/09/2025

#ဘလော့ကင်အပေါ်ကနေဘယ်လိုကန်ရမလဲ?

#ခြင်းထွတ်မြင့်မားစေဖို့ဘယ်လိုလေ့ကျင့်မှုတွေပြုလုပ်

သင့်သလဲ?
✅ ပိုက်ကျော်ခြင်းအားကစားနည်းသည် (အစုအဖွဲ့)
ကစားနည်းဖြစ်၍ Teamwork စုစည်းမှု အားကောင်း
ရန် အလွန် အရေးကြီးပါသည်

✅နေရာအလိုက်ဆော့ကစားကြတဲ့အထဲမှ တာဝန်
ယူရသည့် သတ်မှတ်နေရာတွင် ဒေါင့်စေ့အောင်
စွမ်းဆောင်ရည် ပြည့်ပြည့်ဝဝ လုပ်ဆောင်နိုင်ရပါမည်

✅နေရာလိုက်ဆော့ကစားကြတဲ့ ပိုက်ကျော်ခြင်းကစား
နည်းမှ ဖိုက်တာ (ရိုက်ခုတ်သူ) ​၏ သတ်ခြင်း/
ဖြတ်ခြင်း တွေ ထဲကအနက် တစ်ခု ဖြစ်တဲ့
တဖက် (ဘလော့ကင်) Blocking အပေါ်က နေ
ကန်ခြင်းနှင့် ပတ်သတ်ပြီး လေ့ကျင့်မှုများကို
ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်

#ခြင်းထွတ်မြင့်မားစေဖို့ လိုအပ်တဲ့ လေ့ကျင့်မှုများကိုလည်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်

#ကျန်းမာပျော်ရွှင်၍ နေ့ရက်တ်ိုင်း လန်းဆန်း

တတ်ကြွတဲ့ ကြက်ဖ ကြီးများ ဖြစ်ကြပါစေလို့
ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်

23/09/2025
23/09/2025

ဒွေးမယ်နော် ပိုက်ကျော်ခြင်းကလပ်ရဲ့ရှေ့ဆတ်မည့် ခရီး
ဧည့်သည်တော်

 #2025ခုနှစ် Manulife cup  #ပိုက်ကျော်ခြင်းပြိုင်ပွဲ ကို အမျိုးသားအားကစားရုံ(၁) သုဝဏ္ဏတွင် ပြိုင်ပွဲအမျိုးအစား 4 မျိုးဖြ...
21/09/2025

#2025ခုနှစ် Manulife cup #ပိုက်ကျော်ခြင်းပြိုင်ပွဲ ကို အမျိုးသားအားကစားရုံ(၁) သုဝဏ္ဏတွင် ပြိုင်ပွဲအမျိုးအစား 4 မျိုးဖြင့် ပြုလုပ်ကျင်းပ ရာတွင် ဒွေးမယ်နော် ပိုက်ကျော်ခြင်းကလပ်အနေဖြင့် လူငယ်ကစားသမား အများစု နှင့် ပြိုင်ပွဲအမျိုးအစား ၄ မျိုး စလုံး ဝင်ရောက်ယှဉ်ပြိုင်ရာ Regu ၃ ယောက်တွဲ ပြိုင်ပွဲတွင် ဒုတိယဆု နှင့် Mix ၄ ယောက်တွဲ ပြိုင်ပွဲတွင် တတိယဆု ရယူနိုင်ခဲ့သည့်အတွက် အသင်းသားများအားလုံး နှင့် လာရောက်ဝန်းရံအားပေးကြသည့် ညီကိုများအားလုံး အထူးကျေးဇူးတင်ရှိပါသည်၊၊

#ဒွေးမယ်နော်ပိုက်ကျော်ခြင်းကလပ် #
☎️09750711114

19/09/2025
 #ဒွေးမယ်နော်ပိုက်ကျော်ခြင်းအသင်းဖိုင်နယ်သို့ရောက်ရှိပါကြောင်းအမျိူးတို့ရေ  #အားပေးကြတဲ့ညီကိုတွေကျေးဇူးအထူးတင်ရှိပါကြောင...
19/09/2025

#ဒွေးမယ်နော်ပိုက်ကျော်ခြင်းအသင်းဖိုင်နယ်သို့ရောက်ရှိပါကြောင်းအမျိူးတို့ရေ #အားပေးကြတဲ့ညီကိုတွေကျေးဇူးအထူးတင်ရှိပါကြောင်း

19/09/2025

ဖိုင်နယ်ရောက်ရှိ
ဒွေးမယ်နော်ပိုက်ကျော်ခြင်းကလပ်

19/09/2025

ဆီးမီးဖိုင်နယ် ပွဲနေ့

မနက်ဖြန် 19/9/2025 ဆီမီးဖိုင်နယ် ပွဲစဉ်များ လာရောက်အားပေးရင်း ဖျော်ဖြေရေးအစီအစဉ်လေးတွေပါ တစ်ခါတည်း အားပေးလို့ရပါတယ်၊၊ဝင်...
18/09/2025

မနက်ဖြန် 19/9/2025 ဆီမီးဖိုင်နယ် ပွဲစဉ်များ လာရောက်အားပေးရင်း ဖျော်ဖြေရေးအစီအစဉ်လေးတွေပါ တစ်ခါတည်း အားပေးလို့ရပါတယ်၊၊

ဝင်ခွင့် အခမဲ့

ဒွေးမယ်နော်ပိုက်ကျော်ခြင်းကလပ်
☎️09750711114

Address

Thingangyun Yangon
Yangon
01

Website

Alerts

Be the first to know and let us send you an email when Dway Mel Naw sepaktakraw sport live posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category