31/07/2026
"အရင်ကဆို ဗလကြီးပြီး ဓာတ်တိုင် ၂ တိုင်လောက် ပြေးလိုက်ရင်ပဲ မောနေတာ..." 😅🏃♂️
Gym မှာ အလေးတွေ အများကြီး နိုင်ခဲ့ပေမဲ့ ဓာတ်တိုင် ၂ တိုင်လောက် ပြေးလိုက်ရုံနဲ့ အသက်ပါ ထွက်မတတ် မောဟိုက်သွားတာ၊ အပြေးမမြန်တာ၊ သက်လုံ (Endurance) လုံးဝ မရှိတာတွေကို ကြုံဖူးကြလား?
ကျွန်တော်ကိုယ်တိုင်လည်း အရင်က ဒီအတိုင်းပါပဲ။
ကာယဗလ (Bodybuilding) အတွက် အလေးအများကြီး ကစားခဲ့တော့ ခန္ဓာကိုယ်မှာ ကြွက်သားထုတော့ ကြီးလာပါရဲ့...
ဒါပေမဲ့ အားကစားတစ်ခုခု သွားကစားရင် ဖြစ်ဖြစ် (ဥပမာ- ဘောလုံးကန်တာ) ရုတ်တရက် အပြေးအလွှား လှုပ်ရှားရရင်ဖြစ်ဖြစ် သက်လုံက လုံးဝလိုက်မမှီဘဲ မောပန်းလွယ်ခဲ့ပါတယ်။
ဒါနဲ့ပဲ Hybrid Training (Athletic Conditioning) ဘက်ကို စနစ်တကျ ပြောင်းလဲကစားခဲ့တယ်။
Hybrid Training ရဲ့ အဓိက လျှို့ဝှက်ချက်ကတော့ -
Heavy Strength Lifts ကို ထိန်းဆော့တာမို့ ကြွက်သားထု (Muscle Mass) နဲ့ အင်အားက လုံးဝ ကျမသွားဘူး။
Tactical Functional Lifts + Cardio (HIIT & Zone 2) တွေကို ပေါင်းစပ်လိုက်တာမို့ အဆုတ်နဲ့ နှလုံး သက်လုံ (Stamina & Endurance) က Peak Level ကို ရောက်လာတယ်။
အခု ရရှိလာတဲ့ ရလဒ်? 👇
ခန္ဓာကိုယ်က အရင်လို ကြွက်သားကြီးတွေ ကြောက်စရာကြီး ပြူးပြဲမနေတော့ဘဲ ပိုမို ကျစ်လျစ်၊ တောင့်တင်း၊ သွယ်လျတဲ့ Athletic Muscle Shape ဖြစ်လာတယ်။ ဒါ့အပြင် သက်လုံ၊ Speed နဲ့ Agility တွေပါ တစ်ပြိုင်နက်တည်း အပြည့်အဝ ရရှိလာခဲ့ပါတယ်။
muscle လည်း တက်ချင်တယ်၊ အပြင်မှာလည်း တကယ် သက်လုံကောင်းပြီး သွက်လက်တဲ့ ခန္ဓာကိုယ်မျိုး ရချင်ရင်တော့ Hybrid Training ကို ကစားကြည့်စေချင်ပါတယ်။! 💪🔥
ဒါကတော့ ကျွန်တော် ဒီနေ့ကစားတဲ့ Lower Body Strength ဖြစ်ပါတယ်။