Elegant Fitness Center

Elegant Fitness Center For lady & Gen
09755349560

08/05/2026

🚨အစားအသောက်ကို အကုန်စားပေမဲ့ ဝိတ်မတက်လာတဲ့ (Hardgainer) အမျိုးသမီးတွေအတွက် Trainer တစ်ယောက်အနေနဲ့ အကြံပေးရရင် အဓိကပြဿနာက "စားတာနည်းနေတာထက်၊ စားတဲ့ပုံစံမှားနေတာ" ဖြစ်တတ်ပါတယ်။

Gym စဆော့မယ့်သူတွေအတွက် သိထားသင့်တဲ့ လိုတိုရှင်း နည်းလမ်းကောင်း (၃) ချက်ကို ညီမလေးတို့အတွက် ရေးပေးလိုက်ပါတယ်။

၁။ အာဟာရသိပ်သည်းဆမြင့်တာကို ရွေးချယ်ပါ (Calorie Dense Foods)
ဗိုက်ပဲတင်းပြီး အာဟာရမရှိတဲ့ အစားအစာတွေ (ဥပမာ- ရေ၊ အသီးအရွက်အများကြီး) ထက် ပမာဏနည်းနည်းနဲ့ ကယ်လိုရီများများရမယ့် အစားအစာတွေကို ပိုစားပေးရပါမယ်။
* ဘာတွေစားမလဲ: ထမင်း၊ အသား၊ ကြက်ဥ၊ ထောပတ်သီး၊ အစေ့အဆန် (Nuts) နဲ့ မြေပဲယို။
* ထမင်းစားရင် ဟင်းရည်အရင်မသောက်ပါနဲ့။ အသားနဲ့ ထမင်းကို အရင်ကုန်အောင်စားပါ။

၂။ အလေးမလေ့ကျင့်ခန်းကို ဦးစားပေးပါ (Hypertrophy Training)
ဝိတ်တက်ချင်သူတွေအတွက် ပြေးစက်ပေါ်မှာ နာရီဝက်ကျော် ပြေးနေတာမျိုး (Cardio) က အဆင်မပြေပါဘူး။ ကြွက်သားထွက်လာမှ ခန္ဓာကိုယ်က ပြည့်ပြည့်ဖြိုးဖြိုးနဲ့ လှလာမှာပါ။
* ဘယ်လိုဆော့မလဲ: အလေး (Dumbbells/Machines) ကို အသုံးပြုပြီး တစ်ကျော့မှာ ၁၀ ကြိမ်ကနေ ၁၂ ကြိမ် မနိုင်တနိုင်မရတဲ့ အလေးချိန်နဲ့ ဆော့ပါ။
* Cardio ဆော့ချင်ရင် တစ်ပတ်ကို (၁) ရက်ထက် ပိုမဆော့ပါနဲ့။ အလေးမတာကိုပဲ အာရုံစိုက်ပါ။

၃။ စားသမျှကို မှတ်တမ်းတင်ပါ (Track your intake)
"ငါအများကြီးစားတာပဲ" ဆိုတာ စိတ်ထင်တာ ဖြစ်နိုင်ပါတယ်။ တကယ်တမ်း တွက်ချက်ကြည့်ရင် လိုအပ်တဲ့ ပမာဏထက် နည်းနေတတ်ပါတယ်။
* ဘာလုပ်မလဲ: တစ်နေ့ကို အနည်းဆုံး ၃ နပ် ပုံမှန်စားတဲ့အပြင် ကြားထဲမှာ Snacks (ဥပမာ- နွားနို့၊ အစေ့အဆန်) ၂ ကြိမ်လောက် ထည့်စားပါ။

* Tip: အစာစားချင်စိတ် နည်းနေရင် "Liquid Calories" ကို သုံးပါ။ ပရိုတင်းရှိတ် (Protein Shake) ဒါမှမဟုတ် သစ်သီးဖျော်ရည် (Smoothie) တွေက ဗိုက်မကယ်ဘဲ ဝိတ်တက်ဖို့ အများကြီး အထောက်အကူပြုပါတယ်။

✅အရေးကြီးဆုံးအချက်: ဝိတ်တက်ဖို့ဆိုတာ ဝိတ်ကျတာထက် ပိုပြီး စိတ်ရှည်ဖို့ လိုပါတယ်။ အိပ်ရေးဝဝအိပ်ဖို့လည်း မမေ့ပါနဲ့။

🚨PT Services/Programs များနှင့်ပတ်သက်၍
အသေးစိတ်သိရှိလိုပါက ကျနော့်ရဲ့
Messenger (သို့) Viber ☎️ 09 772 333 681
တို့ကိုဆက်သွယ်စုံစမ်းနိုင်ပါသည်🤝

🚨မိတ်ဆွေရဲ့ Bodytransformation အတွက်
စောင့်ဆိုင်းမနေပဲ အခုပဲ စတင်လိုက်ကြရအောင်။ 🤝




07/05/2026

🚨Gym ရောက်ပေမယ့် ထိရောက်မှုမရှိဘဲ အားကစားခန်းမကြေး သာကုန်သွားတတ်တဲ့ သူတွေမှာ အဓိကတွေ့ရလေ့ရှိတဲ့ အချက်( ၃ )ချက်ကို ဒဲ့ပြောမှာဖြစ်ပါတယ်။ ရလဒ်တွေကိုလဲ သေချာဖတ်စေချင်ပါတယ်။

၁။ ပန်းတိုင် (Goal) နဲ့ အစီအစဉ် (Plan) မရှိခြင်း
Gym သွားတဲ့အခါ ဘာလုပ်မယ်ဆိုတာကို သေသေချာချာ မသိဘဲ ရောက်တဲ့အချိန်မှ စဉ်းစားတတ်ကြပါတယ်။
* တွေ့ရတတ်တဲ့ပုံစံ: စက်တစ်ခုပေါ်တက်လိုက်၊ ဟိုဒီကြည့်လိုက်၊ သူများလုပ်တာလိုက်လုပ်ကြည့်လိုက်နဲ့ အချိန်ကုန်သွားတတ်ပါတယ်။
* ရလဒ်: လေ့ကျင့်ခန်းက တစ်သမတ်တည်းမရှိတဲ့အတွက် ခန္ဓာကိုယ်မှာ သိသာတဲ့ပြောင်းလဲမှု (Results) မြန်မြန်မတွေ့ရဘဲ စိတ်ပျက်ပြီး ရပ်နားသွားတတ်ပါတယ်။

၂။ ဖုန်းနဲ့ အချိန်ဖြုန်းနေခြင်း (The "Phone" Trap)
ဒါကတော့ အခုခေတ်မှာ အတွေ့ရအများဆုံး အချက်ပါ။ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ဖုန်းအသုံးပြုခြင်းက အာရုံစူးစိုက်မှုကို လျော့နည်းစေပါတယ်။
* တွေ့ရတတ်တဲ့ပုံစံ: Set တစ်ခုနဲ့ တစ်ခုကြား နားတဲ့အချိန်မှာ ဖုန်းပွတ်ရင်း အနားယူချိန်က ၅ မိနစ်၊ ၁၀ မိနစ်လောက် ကြာသွားတာမျိုး၊ Gym မှာ ဓာတ်ပုံရိုက်ဖို့ပဲ အာရုံရောက်နေတာမျိုးပါ။
* ရလဒ်: နှလုံးခုန်နှုန်း ကျသွားတဲ့အတွက် လေ့ကျင့်ခန်းရဲ့ ထိရောက်မှု (Intensity) မရှိတော့ဘဲ Gym မှာ ၂ နာရီကြာပေမယ့် တကယ်တမ်း လေ့ကျင့်ခန်းလုပ်ချိန်က မိနစ် ၃၀ တောင် မပြည့်တာမျိုး ဖြစ်တတ်ပါတယ်။

၃။ စားသောက်မှုပုံစံကို လျစ်လျူရှုခြင်း (Diet Negligence)
"Gym ဆော့နေတာပဲ၊ ကြိုက်သလိုစားလို့ရတယ်" ဆိုတဲ့ အတွေးမှား ရှိတတ်ကြပါတယ်။
* တွေ့ရတတ်တဲ့ပုံစံ: Gym မှာ ၁ နာရီလောက် ပင်ပင်ပန်းပန်း ဆော့ပြီးတာနဲ့ အပြင်ထွက်ပြီး ကယ်လိုရီများတဲ့ အစားအစာတွေ၊ အချိုရည်တွေကို အတားအဆီးမရှိ ပြန်စားတတ်ကြတာပါ။
* ရလဒ်: "You can't out-train a bad diet" ဆိုတဲ့အတိုင်း ဘယ်လောက်ပဲ ဆော့ဆော့ စားသောက်မှုမမှန်ရင် ကိုယ်အလေးချိန် မကျတာ ဒါမှမဟုတ် ကြွက်သားမတက်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

အကြံပြုချက်: Gym Member Fees နဲ့ တန်အောင် တစ်ပတ်ကို အနည်းဆုံး( 4) ရက် ပုံမှန်သွားဖို့၊ သွားတဲ့အခါမှာလည်း လုပ်မယ့် Workout Plan ကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

🚨PT Services/Programs များနှင့်ပတ်သက်၍
အသေးစိတ်သိရှိလိုပါက ကျနော့်ရဲ့
Messenger (သို့) Viber ☎️ 09 772 333 681
တို့ကိုဆက်သွယ်စုံစမ်းနိုင်ပါသည်🤝

🚨မိတ်ဆွေရဲ့ Bodytransformation အတွက်
စောင့်ဆိုင်းမနေပဲ အခုပဲ စတင်လိုက်ကြရအောင်။ 🤝




ဂျင်းတစက်မှ မပါ ကိုယ်တိုင်အတွေ့များသာ✅✅✅နှစ်ပေါင်း 40 ကျော် အနှစ်နှစ်အလလ လေ့ကျင့်ပြီးရလာတဲ့ အတွေအကြုံတွေဖြစ်လို့ အတွေ့အက...
09/01/2026

ဂျင်းတစက်မှ မပါ ကိုယ်တိုင်အတွေ့များသာ
✅✅✅
နှစ်ပေါင်း 40 ကျော် အနှစ်နှစ်အလလ လေ့ကျင့်ပြီးရလာတဲ့
အတွေအကြုံတွေဖြစ်လို့ အတွေ့အကြုံအမှန်ကိုသာ ရေးပါတယ်
စာဖတ်ပြီးရလာတဲ့ အတွေအကြုံတွေမဟုတ်ပါ
ခေတ်ကောင်းမှ PED သုံးပြီး Body Transformation လုပ်ပြခဲ့သူလည်း
မဟုတ်ပါ
စကားတွေ အများကြီးပြောပြီး ရှေ့စကားနဲ့ နောက်စကားမညီသူလည်း
မဟုတ်ပါ

ဖြတ်သန်းလာခဲ့တဲ့ ဘဝမှာ
1️⃣ ပြိုင်ပွဲတွေတက်ပြိုင်ဘူးခဲ့သူ
2️⃣ Gym Trainer လုပ်ခဲ့ဘူးသူ
3️⃣ Gym Owner လုပ်ခဲ့သူ ဖြစ်တဲ့ အလျှောက်
ပြိုင်ပွဲဝင်အကြောင်းတွေ Trainer အကြောင်းတွေ Gym Owner
အကြောင်းတွေ နှောကျေနေအောင်သိပါတယ်
Scientific method (သိပ္ပံနည်းကျ နည်းစနစ်)တွေဆိုတာ
တချို့အရာတွေ တိကျအောင်မှန်နေပေမဲ့
တချို့ အရာတွေမှာ လက်တွေ့တွေနဲ့ ကွာခြားချက်တွေ အများကြီးရှိပါတယ်

ဒီ‌ဘက်ခေတ်မှာ ပညာတတ် လူငယ်တွေအများစုပါ
Bodybuilding & Fitness နယ်ပယ်မှာ စာသိချည်းသွားလို့မရပါဘူး
လက်တွေချည်းကျင့်နေလို့လည်းမရပါဘူး ဘယ်ညာ နှစ်ဖက်ရှိတဲ့
ဖိနပ်တရံလိုပါပဲ အသိနဲ့ အကျင့်ထပ်တူကြမှ ရှေ့ကို ခရီးရောက်မှာ
ဖြစ်ပါတယ် သိတဲ့အသိကလည်း မှန်ဖို့လိုသလို ကျင့်တဲ့အကျင့်ကလည်း
မှန်ဖို့လိုပါတယ်

ဒီတော့ ငါပြောတဲ့ စကားကသာ အမှန်ပါလို့ တထစ်ချ မသတ်မှတ်ထားပါဘူး
ရေရှည်စွဲမြဲလေ့ကျင့်ရမယ်
နည်းစနစ်မှန်ရမယ်
အစားအသောက်သေချာစားသောက်ရမယ်
စည်းကမ်တကျ နေထိုင် အနားယူမှုရှိမယ်ဆိုတာတွေကို
ကာယဗလပညာပေးစာတွေ စပြီး ရေးတဲ့ 2005-2006 ထဲက
အမြဲတမ်း ရေးခဲ့သူပါ
တောက်နေတဲ့ မီးခဲတရဲရဲကိုလည်း ရေလောင်းတာမဟုတ်ပါ
ရွက်ဟောင်း‌ကြွေရင် ရွက်နုတွေသာ ဝေစမြဲမို့ မျိုးဆက်တွေအတွက်
လေ့ကျင့်ရေး နည်းစနစ်တွေ စာသောက်နေထိုင်နည်းတွေကို
တပြားတချပ်မှ မတောင်းပဲ လိုင်းပေါ်မှာ တင်ပေးခဲ့သူပါ

Free Trainer Group တခုထောင်ပြီး တပြားတချပ်မှ မယူတဲ့အပြင်
Trainer မျိုးဆက်သစ်တွေကို မွေးထုတ်ခဲ့ပါသေးတယ်
အဲ့ Trainer Group ထဲက သင်တန်းသားတချို့ စည်းဖေါက်လို့
မရပ်ချင်ပဲ Free Trainer Group ကို ရင်နာစွာနဲ့ ရပ်တန့်ပြစ်ခဲ့ရပါတယ်

တချို့ ဆရာတွေဆီက Certificate တွေယူထားပြီး ဘာမှနားမလည်လို့
အားမနာပါးမနာလာမေးသူတွေလည်း သဘောထားကြီးစွာနဲ့ ရှင်းပြပေး
ခဲ့တာတွေအများကြီးရှိပါတယ်
ဟို စကားပုံလိုပေါ့ ငပိသည်က အိပ်နေပြီး ဆားသည်က ခွေးမောင်းရတယ်
ဆိုတာမျိုး🤭
ဒီတော့
ငါ့စကားသာအမှန်မဆိုလို ပါဘူး မဖြတ်ဘူးတဲ့ မြစ်ကိုရောက်လျှင်
ရေထဲဆင်းကြည့်မှအတိမ်အနက် သိရမည်ဖြစ်သောကြောင့်
ကိုယ်တိုင်သာ ရွေးချယ်နိုင်ကြပါစေ
💪💪💪💪

📝📝📝📝📝📝📝📝📝📝📝📝📝📝

ပိုစ့်ကို လွတ်လပ်စွာ Share နိုင်ပါသည်
ရေးသူနာမည်ပါ ထည့်ရေးထားပါသည် ။
Copy ယူလျှင် နာမည်ကို ဖြုတ်ချန်မထားခဲ့ပါနဲ့

မြန်မာ အမျိုးသမီးအများစု လိုချင်ကြတာက ဒီလိုမျိုး Body Type တချို့က ကြွက်သားတွေထွက်မှာစိုးလို့ အလေးတွေနဲ့ မကစားချင်ဘူးတချ...
02/01/2026

မြန်မာ အမျိုးသမီးအများစု လိုချင်ကြတာက ဒီလိုမျိုး Body Type
တချို့က ကြွက်သားတွေထွက်မှာစိုးလို့ အလေးတွေနဲ့ မကစားချင်ဘူး
တချို့ကျ ကစားတိုင်းကြီးလာထင်ပြီး တွေ့ရာမြင်ရာ ဆရာပေါင်းစုံတွေရဲ့
ပရိုဂရမ်တွေနဲ့ ရမ်းကြိတ်ကြတယ်
⛔ သေချာမှာချင်ပါတယ် အမျိုးသမီးတို့
နည်းစနစ် ကောင်းကောင်းနဲ့ လမ်းပြပေးသူနောက်ကိုသာ တစိုက်မတ်မတ်
လိုက်ပြီး ကစားကြပါ လိုင်းပေါ်တွေနေတာတွေ 90% လောက်က ဂျင်းတွေ
များပါတယ် ဘာကစားကစား ဗိုက်ချပ်မယ် တင်ကြီးမယ်ဆိုရင်
ဝေးဝေးကသာ ရှောင်ကြပါ
ဘယ်ကြွက်သားမဆို ကြီးထွားချင်ရင် တပတ်မှာ အများဆုံး 3 ကြိမ်ထက်မပိုနဲ့
ကြွက်သားအုပ်တခုကို ကစားသက်အလိုက် ကစားနည်း 4-5-6 မျိုးထက်
မပိုစေနဲ့

✅အစားကို ဂရုစိုက်သေချာစား
✅သူ့ရက်နဲ့ သူ ကြွက်သားတွေကို ထိထိမိမိကစား
✅ အိပ်ရေးဝဝအိပ်
အချိန်တခုတော့ပေးရမယ် အခုရေတွင်းတူ အခုရေကြည် သောက်မရဘူးဆိုတဲ့
စကားဟာ သွေးထွက်အောင်မှန်တဲ့ စကား
လေဘမကြီးနဲ့ သူအိုးနဲ့ သူ့ဆန် တန်တာတော့ရမယ်
တင်တလက်မကြီးဖို့ ဗိုက်/ခါး တလက်မသေးဖို့ဆိုတာ
ပိုက်ဆံနဲ့ ဝယ်လို့လည်းမရဘူး ဆုတောင်းလို့လည်းမရဘူး
Gym ထဲမှာ အချိန်တွေ ငွေတွေ ဇွဲလုံးလတွေနဲ့ ရင်းနှီးမှသာ ရနိုင်တဲ့ အရာ
2026 မှာ ဘော်ဒီ အမိုက်စားနဲ့ လန်းချင်ရင်တော့ ကိုယ်တိုင် ကြိုးစားမှရမယ်
💪💪💪💪💪💪

📝📝📝📝📝📝📝📝📝📝📝📝📝📝📝

ပိုစ့်ကို လွတ်လပ်စွာ Share နိုင်ပါသည်
ရေးသူနာမည်ပါ ထည့်ရေးထားပါသည် ။
Copy ယူလျှင် နာမည်ကို ဖြုတ်ချန်မထာ:ပါနှင့်
#31-12-2025writtenbyHtooAung

14/12/2025

Hello everyone 👋👋👋

မနက်ဖြန် ( ၁၅.၁၂.၂၀၂၅ ) ဆို မင်မင်တို့ gym ဖွင့်တာ

နှစ်နှစ်ပြည့်ပါပြီး ။နှစ်နှစ်ပြည့် အထိမ်းမှတ် အနေနဲ့

နက်ဖြန်ကစပြီး gym လာအပ်သူများကို အထူးပရိုမိုး

ရှင်းနှင့် cash back လေးလုပ်ပေးထားပါ

တယ်နော် 🫶

🔼 1 month (60000) cash back 5000

🔼 2 months ( 120000 ) cash back 20000

🔼 3 months (180000 ) 1 month free

# EFC elegant fitness center
# body goal # body beauty
# gym # fitness # workout 🏋️

06/12/2025

Gym သက်တမ်း (၂၀) နှစ်ကျော်မှ ရလာတဲ့ အနှစ်ချုပ် Fitness လျှို့ဝှက်ချက် (၃၉) ချက်ကို လိုတိုရှင်း တင်ပြပေးလိုက်ပါတယ်။
၁။ အရက်ကို လုံးဝ (သို့) အတတ်နိုင်ဆုံး ဖြတ်ပါ။
၂။ ဝိတ်မပြီးမှ Cardio ကစားပါ။ ဒါမှ သင့်ခန္ဓာကိုယ်က အဆီလောင်စက် (Fat-burning machine) ဖြစ်လာမှာပါ။
၃။ မနက်စာမှာ ပရိုတင်း 50g ပါအောင်စားပါ။
၄။ ဗိုက်ခေါက်ချပ်ချင်ရင် လမ်းလျှောက်တာက Underrated အဖြစ်ဆုံး (လူတွေတန်ဖိုးမထားကြပေမယ့် အထိရောက်ဆုံး) နည်းလမ်းပါ။
၅။ အထိုင်များသူဆိုရင် ဆော့ပြီးတိုင်း တန်းခိုပါ (Bar Hangs)။ ကျောရိုးမကြီး ပြန်လည်ကျန်းမာဖို့ လိုပါတယ်။
၆။ အစားအစာရဲ့ ၉၀% က သဘာဝအစားစာ (ကြက်၊ အမဲ၊ ငါး၊ ဥ၊ သီးနှံ) တွေပဲ ဖြစ်ပါစေ။
ရ။ ခြေထောက်ကို တစ်ပတ် ၂ ရက်ဆော့ပါ။ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးကြွက်သားတွေက အဲ့ဒီမှာရှိတယ်။
၈။ Snack စားမယ်ဆို Protein များတာ (ဥပမာ- Greek Yogurt, Tuna ငါးသေတ္တာ) ကို ရွေးစားပါ။
၉။ ထမင်းစားတိုင်း ပန်းကန်ထဲက အသား/ပရိုတင်းကို အရင်ကုန်အောင်စားပါ။
၁၀။ နေရောင်ခြည်ခံပါ။ ဟော်မုန်းနဲ့ စွမ်းအင်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။
၁၁။ လပိုင်းလောက်လုပ်ရုံနဲ့မရပါဘူး။ ကျန်းမာရေးဆိုတာ တစ်သက်တာ Project ပါ။
၁၂။ နပ်တိုင်းမှာ ပရိုတင်း (အသားငါး) များများပါပါစေ။
၁၃။ တစ်နေ့ ခြေလှမ်း ၁ သောင်းပြည့်ဖို့ အားစိုက်ပါ (သို့) လှုပ်လှုပ်ရှားရှားနေပါ။
၁၄။ ဝိတ်များများမလို့ဆိုပြီး Form ပျက်မခံပါနဲ့။ Form မှန်ဖို့က ပိုအရေးကြီးတယ်။
၁၅။ အကျင့်ရဖို့ ကိုယ်ကြိုက်တဲ့ကစားနည်းနဲ့ အရင်စပါ။ အကျင့်ရသွားမှ လိုအပ်တဲ့လေ့ကျင့်ခန်းတွေ ပြောင်းဆော့ပါ။
၁၆။ ဗိုက်ဆာတာမဟုတ်ဘဲ ပျင်းပြီးစားချင်နေတာဆိုရင် Black Coffee သောက်လိုက်ပါ။
၁၇။ Calorie Deficit ဖြစ်မဖြစ် သေချာချင်ရင် စားသမျှကို စာအုပ်နဲ့မှတ်ထားပါ။
၁၈။ အိမ်မှာ Dumbbell နဲ့ Bench ခုံလေးရှိရုံနဲ့တင် ကိုယ်လိုချင်တဲ့ Body ရနိုင်ပါတယ်။
၁၉။ ကျန်းမာရေးနဲ့ညီတာတွေပဲ အိမ်မှာဝယ်ထားပါ။ ပတ်ဝန်းကျင်ကောင်းရင် ကျန်းမာအောင်စားဖြစ်လိမ့်မယ်။
၂၀။ Diet ကို တင်းကြပ်လွန်းတာထက် သဘာဝအစားစာနဲ့ ပရိုတင်းကိုပဲ ဦးစားပေးပါ။
၂၁။ ချက်ချင်းပြောင်းလဲချင်ရင် ကျရှုံးပါလိမ့်မယ်။ (၁၂) လလောက် အချိန်ပေးပြီး လုပ်ကြည့်ပါ၊ ဘဝတစ်ခုလုံး ပြောင်းလဲသွားမယ်။
၂၂။ အိပ်ချိန်မှန်မှ ကြွက်သားတက်ပြီး အဆီကျမြန်မှာပါ။
၂၃။ နာနေရင် နားလိုက်ပါ၊ ဒဏ်ရာရသွားရင် ပိုဆိုးသွားမယ်။
၂၄။ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်တာက တစ်နေ့တာလုံးမှာ ကျန်းမာတဲ့ဆုံးဖြတ်ချက်တွေချဖို့ အထောက်အကူပြုတယ်။
၂၅။ အပတ်တိုင်း အလေးချိန် (သို့) အကြိမ်ရေ တိုးဆော့မှ ကြွက်သားကြီးထွားမှု ရှိလာမယ်။
၂၆။ မှန်းမဆော့ပါနဲ့၊ မှတ်တမ်းထားပြီးဆော့ပါ။ (Don't play the guessing game).
၂၇။ ဖြည်းဖြည်းစားပါ။ ဗိုက်ပြည့်ကြောင်း ဦးနှောက်ဆီသတင်းပို့ဖို့ မိနစ် ၂၀ လောက်ကြာတတ်တယ်။
၂၈။ နေရာကွက်ပြီး အဆီချလို့မရပါဘူး (Spot reduction is a myth)။ မျိုးရိုးပေါ်မူတည်လို့ စိတ်ရှည်ရှည်ထားပြီး ဝိတ်ချပါ။
၂၉။ ပေါင်ဝက်ပြား (2.5lb) လေးတွေကို အသုံးချပါ။ ဒါက သင့်ကို တဖြည်းဖြည်းသန်မာလာစေတယ်။
၃၀။ Body လှလာလို့၊ ကျန်းမာလာလို့ နောင်တရမယ့်သူ ဘယ်သူမှမရှိပါဘူး။
၃၁။ ကျန်းမာဖို့အတွက် Organic ကြီးပဲ စားစရာမလိုပါဘူး။
၃၂။ "ငါလုပ်နိုင်တယ်" လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လိုက်တာနဲ့ ခင်ဗျားကို ဘယ်သူမှ တားလို့ရတော့မှာ မဟုတ်ဘူး။
၃၃။ Gym ပုံတင်တာ ကြွားဖို့မဟုတ်ဘူး၊ ကိုယ့်တိုးတက်မှုကို မှတ်တမ်းတင်ဖို့ပါ။
၃၄။ ဗိုက်အရမ်းဆာလောင်နေရင် ခင်ဗျား Diet လုပ်တာ မှားနေပြီ၊ ပရိုတင်း ပိုစားဖို့လိုတယ်။
၃၅။ အိပ်ချိန် ရ နာရီအောက် ဘယ်တော့မှ မလျော့စေနဲ့။ ဒါက အရက်ရှောင်သလိုပဲ အရေးကြီးတယ်။
၃၆။ နေ့တိုင်း Creatine 5g သောက်ပါ။
၃၇။ အကောင်းဆုံး Diet ဆိုတာ ကိုယ်ကြိုက်တာကို လျှော့စားပြီး ရေရှည်လုပ်နိုင်တဲ့ Diet ပါ။
၃၈။ ၁၀ ယောက်မှာ ၉ ယောက်က စောစောစီးစီး လက်လျော့လိုက်လို့ ဝိတ်မကျတာပါ။ ဆက်သာလုပ်ပါ (Consistency is key)။
၃၉။ စတင်ဖို့ အကောင်းဆုံးအချိန်က "ဒီနေ့" ပါပဲ။
ဒီစာရင်းထဲကအချက်တွေက ခင်ဗျားအခုမစရင် ဘာမှအသုံးဝင်မှာ မဟုတ်ပါဘူး။
"မနက်ဖြန်မှ စမယ်" ဆိုတဲ့သူဟာ တကယ်တမ်း ဘယ်တော့မှ မစဖြစ်ပါဘူး။ကိုယ့်ခန္ဓာကိုယ်ကို ပြောင်းလဲလိုက်တာက သင့်ဘဝရဲ့ ကဏ္ဍတိုင်းကိုပါ အဆင့်မြှင့်တင်ပေးပါလိမ့်မယ်။ကျွန်တော်ပြောနေကျအတိုင်းပြောရရင် Body transformation ဆိုတာ life transformation ပါပဲ။
ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

01/12/2025

Hello ! Sweet December 🫶🫶🫶

အရမ်းအေးပြီး ဆော့လို့အရမ်းကောင်းတဲ့ချိန်လေး

ရောက်ရှိလို့လာပါပြီးနော် သဲလေးတို့ရေ ❤️

အေးမြတဲ့မနက်ခင်းလေးမှာ EFC Gym မှာ

workoutလာလုပ်ဖို့ ကျန်းမာရေး လိုက်စားနေတဲ့

သက်ကြီးပိုင်း ဦးဦး တို့ အန်တီတို့ ဖိုးဖိုးတို့ ဖွားဖွားတို့ကို

လည်းဖိတ်ခေါ်ပါတယ်နော် ❤️

မင်မင်တို့ gym မှာ လက်ရှိ ဆရာနှစ်ယောက်ရှိပါ

တယ်❤️တစ် ယောက်က လူငယ် ပိုင်းကို

သေချာ train ပေးပြီး နောက်ဆရာတစ်ယောက်က

ကျန်းမာရေးလိုက်စားနေတဲ့ လူကြီးပိုင်းတွေသေချာ

train ပေးပါတယ် ❤️

🔼 အဓိက ဇာတ်ကြောတက် လေးဘက်နာကျီးဖေါင်းဖြစ်နေသူများ ပြန်လည်သက်သာအောင် train ပေးပါတယ် ရှင်

🔼 သက်ကြီးပိုင်းတွေကော လက်ခံလား လာဆော့လို့ရလား ကျန်းမာရေးတွက် သေချာ train ပေးလား ဆိုသူများတွက် ဒီကနေ ဖြေပေးလိုက်ပါတယ်ရှင် ❤️

# EFC Elegant fitness center
# gym motivation # gym workout
# gym lifestyle

#

🙏  Gym ပိတ်ရက် ၄.၁၀.၂၅  မှ ၇.၁၀.၂၅ ထိ ပိတ်ပါတယ်။ ဗုဒ္ဓဟူးနေ့ ပြန်ဖွင့်ပါမည် ။ ❤️ ပိတ်ရက်လေးမှာအကောင်းဆုံးအနားယူပြီး အားအ...
03/10/2025

🙏 Gym ပိတ်ရက် ၄.၁၀.၂၅ မှ ၇.၁၀.၂၅ ထိ ပိတ်ပါ

တယ်။ ဗုဒ္ဓဟူးနေ့ ပြန်ဖွင့်ပါမည် ။

❤️ ပိတ်ရက်လေးမှာအကောင်းဆုံးအနားယူပြီး

အားအင်အပြည့်နဲ့ပြန်ဆော့ကြရအောင်နော်ချင်းဂူးတို့ ❤️

အောက်ပိုင်းထိုင်ရမှာ ပျင်းရင်ဒါလေးဖတ်ကြည့်Gym ကစားတဲ့ ညီအစ်ကိုတွေ အရင်ကတည်းက သံသယရှိခဲ့တဲ့အရာကို သိပ္ပံပညာရှင်တွေက အခု သ...
24/09/2025

အောက်ပိုင်းထိုင်ရမှာ ပျင်းရင်ဒါလေးဖတ်ကြည့်
Gym ကစားတဲ့ ညီအစ်ကိုတွေ အရင်ကတည်းက သံသယရှိခဲ့တဲ့အရာကို သိပ္ပံပညာရှင်တွေက အခု သက်သေပြလိုက်ပါပြီ။
သန်မာတဲ့ခန္ဓာကိုယ်အောက်ပိုင်းကြွက်သား = ထက်မြက်တဲ့ဦးနှောက်။
သူတို့ဟာ အမြွှာအတွဲ ၃၀၀ ကို ၁၀ နှစ်ကြာ လေ့လာခဲ့ကြပါတယ်။ တစ်ပုံစံတည်းတူတဲ့ အမြွှာတွေမှာတောင်မှ ကြီးမားတဲ့ကွာခြားချက်တွေကို တွေ့ရှိခဲ့ပါတယ်။
ခြေထောက်ပိုသန်မာတဲ့ အမြွှာတစ်ယောက်ကတော့
• မှတ်ဉာဏ်ပိုကောင်းတယ်
• စဉ်းစားတွေးခေါ်မှု ပိုထက်မြက်တယ်
• ဦးနှောက် မီးခိုးရောင်အစိတ်အပိုင်း (Gray matter) ပိုများတယ်
• ဦးနှောက်ပုံရိပ်ဖတ်စစ်ချက် (Brain scan) တွေက ပိုနုပျိုတယ်
ခြေထောက်အားနည်းတဲ့ အမြွှာကတော့? သိမြင်မှုစွမ်းရည် ကျဆင်းလာတယ်။ အမြဲတမ်းပါပဲ။
ဒါဟာ တိုက်ဆိုင်ဆက်စပ်မှု (Correlation) မဟုတ်ပါဘူး။ ဒါဟာ အကြောင်းအရင်းခံဖြစ်ခြင်း (Causation) ပါ။သင့်ရဲ့ ပေါင်ရှေ့ကြွက်သား (quads) တွေက သင့် IQ ကို ကာကွယ်ပေးတယ်။
သင့်ရဲ့ တင်ပါးကြွက်သား (glutes) တွေက သင့်မှတ်ဉာဏ်ကို စောင့်ရှောက်ပေးတယ်။သင့်ရဲ့ ပေါင်နောက်ကြွက်သား (hamstrings) တွေက သင့်ကို တွေးခေါ်နိုင်အောင် ကူညီပေးတယ်။
Squat တစ်ခါထိုင်တိုင်းက ဦးနှောက်ဆဲလ်တစ်ခုကို ကယ်တင်လိုက်တာပဲ။Lunge တစ်ခါလုပ်တိုင်းက မှတ်ဉာဏ်တစ်ခုကို ထိန်းသိမ်းလိုက်တာပဲ။Deadlift တစ်ခါမတိုင်းက သတိမေ့လျော့ရောဂါ (dementia) ဖြစ်တာကို နှောင့်နှေးစေတယ်။
နုပျိုခြင်းရဲ့စမ်းရေတွင်းဆိုတာ ဒဏ္ဍာရီမဟုတ်ပါဘူး။ အဲ့ဒါ Squat ကစားတဲ့ (squat rack) ပါပဲ။
အနာဂတ်က သင်ဟာ သင့်ကို ကျေးဇူးတင်ပါလိမ့်မယ်။ ဒါမှမဟုတ် ကျေးဇူးတင်ဖို့တောင် သူတို့ မေ့နေလောက်ပါပြီ။
ဒါကြောင့် ဒီနေ့ ကျွန်တော်ခင်ဗျားတို့ကို မေးချင်တဲ့မေးခွန်းကတော့-
ဒီတစ်ပတ်အတွင်း Squat အကြိမ်ဘယ်လောက် ကစားပြီးပြီလဲ။
ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ
# crd

20/09/2025

❤️ သီတင်းကျွတ်တွက် အထူးပရိုမိုးရှင်းလေးလာပါပြီး ❤️

🌫️ သီတင်းကျွတ်တွက် ပရိုမိုးရှင်းမချသေးဘူးလား

ဆိုပြီးအမြဲတန်းမေးနေတဲ့ မင်မင်တို့ရဲ့vvip လေးတွေ

တွက် အထူးပရိုမိုးရှင်းလေးလုပ်ပေးထားပါတယ်ရှင်

🌫️one month 60000
🌫️2 months 110000
🌫️3 months ( 1 month free )

🌫️ပွင့်လင်းရာသီလေးလည်း ရောက်တော့မှာဆိုတော့

ခရီးသွားရင်းပုံလှလှလေးထွက်အောင် မိမိ ဘော်ဒီ

လေးလည်းsmart ဖြစ်နေဖို့ဆို မဖြစ်မနေ gym ဆော့

မှဖြစ်မှာနော်သဲလေးတို့ ❤️

🌫️ gym fees လေး sale ချပေးထားတုန်း ကြို

အပ်ထားဖို့လည်း မမေ့နဲ့နော် 🫶

# EFC elegant fitness center
# EFC
# gym motivation
# bodybuilding

12/09/2025

❤️❤️❤️တစ်နေ့တာပင်ပမ်းမှုလေးတွေကို ဒီလိုလေး

gym ဆော့ရင်း အပန်းဖြေရအောင် ❤️❤️❤️

# Elegant fitness Center
# EFC
# gym motivation # bodybuilder

Address

No-004 , Ground Floor, Bayint Naung Tower(1B) , Kon Kyan (4) Street, (4) Qtr, Kamayut Township
Yangon

Telephone

+959755349560

Website

Alerts

Be the first to know and let us send you an email when Elegant Fitness Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share