KH Combat Systems

KH Combat Systems Educated Jeet Kune Do Instructor

20/06/2024

Foot works of Jeet Kune Do!
တစ်နည်းအားဖြင့် Jun Fan Gung Fu မှာ သိကိုသိရမဲ့ တတ်ကို တတ်ရမဲ့ Foot work တွေဖြစ်ပါတယ်။
1.Male Triangle
2.Female Triangle
3.Step & Slide Advanced
4.Step & Slide Retreat
5.Side Step & Slide
6.Slide & Step Advanced
7.Slide & Step Retreat
8.Side Slide & Step
9.Push Shuffle Advanced
10.Push Shuffle Retreat
11.Side Push Shuffle
12.Pendulum Step
13.Step & 1/4 Turn
14.1/4 Turn
15.Curve Step
16.Jag Step
17.Step Thru
18.The Box
19.Hour Glass
1.Male Triangle - တြိဂံပြောင်းပြန်လမ်းကြောင်းအတိုင်း ဦးဆောင်​ခြေကို ပြောင်းလဲ လှုပ်ရှားခြင်းဖြစ်သည်။
2.Female Triangle - တြိဂံအတည့်လမ်းကြောင်းအတိုင်း ဦးဆောင်ခြေကို ပြောင်းလဲ လှုပ်ရှားခြင်းဖြစ်သည်။
(Original Jeet Kune Do တွင် Right lead stance ဖြစ်သော်လည်း နောင်များတွင် ဘယ်ရော ညာရော ကျင့်သားရဖို့အတွက် အထက်ပါခြေကွက်နှစ်ခုကို ကျွမ်းကျင်ဖို့လိုသည်။)
3.Step & Slide Advanced - ဦးဆောင်ခြေကို ရှေ့သို့ 6လက်မလောက် တက်၍ နောက်ခြေမှ အလိုက်သင့် လျော့တိုက်သော ခြေကွက်တစ်ခုဖြစ်သည်။
4.Step & Slide Retreat - နောက်ခြေကို နောက်သို့ 6လက်မလောက် ဆုတ်၍ ဦးဆောင်ခြေမှ အလိုက်သင့် လျောတိုက်သော ခြေကွက်တစ်ခုဖြစ်သည်။
5.Side Step & Slide - ဦးဆောင်ခြေကို ဘေးသို့ 6လက်မလောက် ရွှေ့၍ နောက်ခြေမှ အလိုက်သင့် လျောတိုက်သော ခြေကွက်တစ်ခုဖြစ်သည်။(ဘယ်ဘက်သို့ ပြောင်းပြန်)
6.Slide & Step Advanced - နောက်ခြေကို ဦးဆောင်ခြေအထိ လျောတိုက်ပြီးနောက် ဦးဆောင်ခြေကို တက်သော ခြေကွက်တစ်ခုဖြစ်သည်။
7.Slide & Step Retreat - ဦးဆောင်ခြေကို နောက်ခြေအထိ လျောတိုက်ပြီးနောက် နောက်ခြေကိုဆုတ်သော ခြေကွက်တစ်ခုဖြစ်သည်။
8.Side Slide & Step - နောက်ခြေကို ဦးဆောင်ခြေအထိ ဘေးတိုက်လျောတိုက်ပြီးနောက် ဦးဆောင်ခြေကို ဘေးသို့ရွှေ့သော ခြေကွက်တစ်ခုဖြစ်သည်။(ဘယ်ဘက်သို့ ပြောင်းပြန်)
9.Push Shuffle Advanced - နောက််ခြေ၏ တွန်းကန်အားကို အသုံးပြုကာ ဦးဆောင်ခြေကို 1ပေဝန်းကျင်အထိ ရှေ့သို့တက်သော ခြေကွက်တစ်ခုဖြစ်သည်။
10.Push Shuffle Retreat - ဦးဆောင်ခြေ၏ တွန်းကန်အားကိုအသုံးပြုကာ နောက်ခြေကို 1ပေဝန်းကျင်အထိ နောင်သို့ဆုတ်သော ခြေကွက်တစ်ခုဖြစ်သည်။
11.Side Push Shuffle - နောက်ခြေ၏တွန်းကန်အားကို အသုံးပြုကာ ဦးဆောင်ခြေကို 1ပေဝန်းကျင်အထိ ဘေးသို့ရွှေ့သော ခြေကွက်တစ်ခုဖြစ်သည်။(ဘယ်ဘက်သို့ ပြောင်းပြန်)
12.Pendulum Step - Slide & Step Advanced/Retreat ခြေကွက်နှစ်ခုအား အသုံးပြုသော ခြေကွက်တစ်ခုဖြစ်သည်။ ရန်သူ၏ တိုက်ခိုက်မှုအား Retreat သုံးကာ ရှောင်တိမ်းပြီးသည် တစ်ပြိုင်နက် Advanced ချက်ချင်းပြန်ဝင်ကာ တိုက်ခိုက်ရာတွင် အသုံးပြုသည်။
13.Step & 1/4 Turn - ဦးဆောင်ခြေအား တစ်ဖဝါးစာ တက်ပြီး နောက်ခြေအား လှည့်ခြင်း။ ရန်သူ၏ အရိပ်အကဲကို ကြည့်ရာတွင် အသုံးပြုသည်)
14.1/4 Turn - ဦးဆောင်ခြေအား ပုံသေထားပြီး နောက်ခြေကိုသာ လှည့်ခြင်း။ ရန်သူ၏ အရိပ်အကဲကိုကြည့်ရာတွင် အသုံးပြုသည်)
15.Curve Step - နောက်ခြေကို လွှဲကာ ရန်သူကို လှည့်ပတ်ခြင်း (သို့) ရန်သူမှ လှည့်ပတ်ခြင်းကို ရှောင်ရှားခြင်း။ မိုဟာမက်အလီ အသုံးများသော ခြေကွက်ဖြစ်သည်
16.Jag Step - အများသိပြီးသော ခုန်ဆွခုန်ဆွလုပ်ခြင်းဖြစ်သည်။ တိုက်ကွမ်ဒိုသမားများ ဘောက်စင်သမားများ အသုံးများသည်။
17.Step Thru - မျည်းဖြောင့်အတိုင်း အတက်အဆုတ်လုပ်ခြင်းနဲ့အတူ ဦးဆောင်ခြေပြောင်းခြင်း။
18.The Box - ခြေရွှေ့ကွက် မြန်စေဖို့အတွက် လေးထောင့်ကွက်အတွင်း လေ့ကျင့်ရသော ခြေကွက်ဖြစ်သည်။
19.Hour Glass - ခြေရွှေ့ကွက် ပြန်စေဖို့အတွက် သဲနာရီပုံစံအကွက်အတွင်း လေ့ကျင့်ရသော ခြေကွက်ဖြစ်သည်။
ရန်သူနဲ့ကိုယ်က 3ပေပတ်လည်အတွင်းမှာပဲ တိုက်ခိုက်နေမှာ မဟုတ်လို့ ပျင်းဖို့ကောင်းသော်လည်း မလေ့ကျင့်လို့မရသော ခြေကွက်များဖြစ်ပါတယ်။






Jeet Kune Do & Stance (ဂျီကွမ်ဒို နှင့် ရပ်တည်ဟန်)ဒီအကြောင်းကို ပြောမယ်ဆိုရင် မေးစရာရှိတာက "JKD ရဲ့ သီးသန့်ဖြစ်သော Stanc...
04/06/2024

Jeet Kune Do & Stance
(ဂျီကွမ်ဒို နှင့် ရပ်တည်ဟန်)
ဒီအကြောင်းကို ပြောမယ်ဆိုရင် မေးစရာရှိတာက "JKD ရဲ့ သီးသန့်ဖြစ်သော Stance ဆိုတာ ရှိလား" ဆိုတာပါပဲ
အဖြေကတော့ နိုးးး!
JKD တွင် Stance ကို အားလုံးသိကြတဲ့အတိုင်း
50:50 ratio stance ကို အသုံးပြုထားပါတယ်။
Sijo ရဲ့ Chinese Gung Fu ဆိုတဲ့စာအုပ်ကို ဖတ်ဖူးတဲ့သူဆိုသိပါလိမ့်မယ် အဲ့စာအုပ်ထဲမှာ ကွန်ဖူးရပ်ဟန်များစွာကို ထည့်သွင်းဖော်ပြထားပါတယ်။ ထို့အတူ အထက်တန်းဘောက်ဆင်ချန်ပီယံ၊ ချာချာအကချန်ပီယံ ဖြစ်ဖူးသည့် Sijo သည် ​ခြေကွက််များနှင့်ပတ်သက်ပြီး ဆရာတစ်ဆူလို့ ပြောရင် ငြင်းဆိုဖွယ်မရှိပါ။
ဤကဲ့သို့ ရပ်တည်ဟန်တွေ ခြေကွက်တွေကို လေ့လာခဲ့သူပီပီ ထိုခြေကွက််များစွာထဲမှ 50:50 ratio stance သည် တိုက်ခိုက်ရေးအခြေအနေတိုင်းအတွက် အသင့်တော်ဆုံးဖြစ်သည်ဟု ယူဆခဲ့သည့်အတွက် အခုလက်ရှိ JKD Stance ဟု လူသိများသော Stance ကိုသာ အသုံးပြုသင့်ကြောင်း တာကီ ခီမူရာ, ဒန် အီနိုဆန်တို, ဂျိမ်း ယင်လီ, ဒန်နီယယ် လီ, တဒ် ဝေါင် နှင့် အခြားသောသင်တန်းသားများအား လမ်းညွှန်ခဲ့သည်။
50:50 ratio stance သည် Body Balance အားဖြင့်အကောင်းဆုံး ဖြစ်ပြီး ရှေ့နောက် 50/50 ဖြစ်သည့်အတွက် Attack range နှင့် Defense range ပါတူညီသည့်အတွက် ရန်သူအားတိုက်ခိုက်ရာတွင် Attack range ပိုမိုထိရောက်စေပြီး ရန်သူ၏ တိုက်ခိုက််မှုကို ရှောင်ရှားကာကွယ်ရာတွင်လည်း ပိုမိုမြန်ဆန်စေသည်။
ရှေ့ခြေကို အနည်းငယ်ကွေးပြီး နောက်ခြေဖျားထောက်ထားခြင်းသည် 50:50 ratio stance လည်းဖြစ်စေပြီး Fencing(ပြင်သစ်ဓားရေး)၏ အရှိန်ယူတိုက်ခိုက်သည့်စနစ်ကို ယူသုံးထားခြင်းဖြစ်သည်။ Stance ၏ အဓိက Concept သည် 50:50 ratio ဖြစ်နေဖို့ အဓိကဖြစ်ပြီး ခြေလှမ်းအကွ​ာအဝေးအနေဖြင့် တစ်ပေထက် မကျဥ်းသင့်ပဲ နှစ်ပေထက််မကျယ်သင့်ပေ။ 50:50 ratio stance ကို အခြားသောတိုက်ခိုက်ရေးပညာရပ်များတွင်လည်း အသုံးပြုကြပါတယ်။ ဒါ့ကြောင့် JKD Stance ဆိုတာထက် Sijo လမ်းညွှန်ခဲ့သော Stance ဆိုလျှင်ပိုမှန်မည်။
ဒါဖြင့် JKD stance ဟုခေါ်ဝေါ်လဲဆိုရင်
JKD ကို နားမလည်သေးသောသူများ/စတင်သင်သူလေ့လာသူများအနေဖြင့် နားလည်လွယ်စေဖို့အတွက် အသုံးပြုရခြင်းဖြစ်သည်။ JKD ကို နားလည်သောသူများ အနေဖြင့်တော့ Sijo လမ်းညွှန်ခဲ့သော Stance အနေဖြင့်သာ မှတ်သားသင့်သည် (ကိုယ့်အတွက််မကိုက်ညီဟု ထင်လျှင် အနည်းငယ်ပြောင်းလဲနိုင်ကြောင်း သိထားရမည်)။ JKD သည် ပညာရပ်အသစ်တစ်ခုမဟုတ်ဘဲ ရှိနှင့်ခဲ့ပြီးသော တိုက်ခိုက်ရေးစနစ်များကို ပြန်လည်အသုံးပြုပြီး အဆင့်မြှင့်ပြောင်းလဲထားသော တိုက်ခိုက်ရေးနည်းလမ်းတစ်ခုသာဖြစ်သောကြောင့် JKD ၏ သီးသန့်ဖြစ်သော စနစ်ရယ်လို့မရှိသည့်အတွက်ဖြစ်သည်။
"Motion on the stance"
PS - ပုံထည့်ထားတာက 50:50 ratio stance concept ကို နားလည်ဖို့အဓိကဖြစ်ပြီး ပုံသေသဘောကို ပယ်ရှားနိုင်ဖို့ ထည့်ထားခြင်းသာ ဖြစ်သည်။






Explanation about "3 Parts of Jeet Kune Do" ဂျီကွမ်ဒိုအစိတ်အပိုင်းသုံးခုနှင့်ပတ်သက်၍ဖြေရှင်းချက်ဒီအရာကို တစ်နည်းအားဖြင့်...
04/06/2024

Explanation about "3 Parts of Jeet Kune Do"
ဂျီကွမ်ဒိုအစိတ်အပိုင်းသုံးခုနှင့်ပတ်သက်၍ဖြေရှင်းချက်
ဒီအရာကို တစ်နည်းအားဖြင့် ဂျီကွမ်ဒို ဗဟိုချက်(Core of Jeet Kune Do) ဟုလည်းခေါ်သည်။
Core ဆိုတဲ့စကားလုံးကို Fintness လေ့လာသူဆိုရင်တော့ကြားဖူးလိမ့်မယ်။ လူတစ်ယောက် ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ထိန်းမတ်နိုင်ဖို့အတွက် ဝမ်းဗိုက်ပတ်လည်ကြွက်သား(Core Muscles)တေွက အဓိက ထောက်ပံ့ပေးထားတယ်။
ဂျီကွမ်ဒို ရယ်လို့ ကောင်းစွာနားလည်ဖို့ အတွက်လည်း ဂျီကွမ်ဒိုရဲ့ ဗဟိုချက် အစိတ်အပိုင်းသုံးခုကို သိဖို့လိုအပ်တယ်။
ဒါတွေကတော့ -
1.Simplicity
2.Directness
3.Efficiency
ရန်သူကို တိုက်ခိုက်တဲ့အခါမှာ ဒီသုံးချက်နဲ့ ကိုက်ညီတဲ့ တိုက်ချက််များကို အသုံးပြုတတ်ဖို့လိုအပ်တယ်။
Sijo ဟာ ဥပမာတစ်ခုပြောခဲ့တယ်"စစ်သားတစ်ယောက်ဟာ ကိုက် 20 က လူတစ်ယောက်ကို တိုက်ခိုက်ဖို့အတွက် လက်ပစ်ဗုံးသုံးကောင်းသုံးမယ် ဒါပေမဲ့ 3 ကိုက်အကွာက ရန်သူကိုတော့ လက်ပစ်ဗုံး သုံးပြီး တိုက်ခိုက််မှာ မဟုတ်ဘူး ပစ်စတို(or)ဓားမြှောင်ကို သုံးလိမ့်မယ်" တဲ့
အဲ့လိုပဲ ကျနော်တို့ဟာ ရန်သူကိုတိုက်ခိုက်တဲ့အခါ အခြေအနေနဲ့ လိုက်ဖတ်တဲ့ နည်းလမ်းကို အသုံးချတတ်ဖို့လိုတယ်။
တိုက်ချက်တိုင်းဟာ ပေါ့ပျက်ပျက်ဖြစ်နေလို့မရဘူး "One blow to knock out" ဆိုတဲ့အတိုင်း ကိုယ့်ရဲ့ တိုက်ခိုက််မှုတိုင်းဟာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက််မှု ဖြစ်ရမယ်။
ကိုယ့်ရဲ့ လှုပ်ရှားမှုတိုင်းဟာ ရန်သူကို အထိနာစေဖို့ကိုပဲ ဦးတည်ရမယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းမှန်သမျှကို ကျွမ်းကျင်နေအောင်လေ့ကျင့်ထားဖို့လိုတယ်။
One Strike နဲ့ ပွဲသိမ်းလို့ရတဲ့ အနေအထားကို one strike နဲ့ထိထိမိမိ ပွဲသိမ်းတတ်ဖို့လိုတယ်။
3 Parts of Jeet Kune Do ကို ပိုမိုနားလည်လွယ်အောင် သဘောတရားတစ်ခုအနေဖြင့် မှတ်သားချင်လျှင် အတိုဆုံးအကွာအဝေး နှင့် အမြန်ဆုံးလှုပ်ရှားမှု ပေါင်းစပ်တိုက်ခိုက်ခြင်းသဘောတရား(Combination of Fastest & Shortest Theory) အဖြစ် မှတ်သားနိုင်သည်။
ရှင်းလင်းချက် - ရန်သူနှင့် အနီးကပ်ဆုံးသော မိမိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား အသုံးပြု၍ တိုက်ခိုက်ခြင်းဖြစ်သည်။
ဥပမာ - မိမိအား မျက်နှာချင်းကပ်၍စိန်ခေါ်နေသောလူမိုက်နှင့် အနီးကပ်ဆုံး အစိတ်အပိုင်းမှာ ဦးခေါင်းဖြစ်သည်။ ထိုလူမိုက််အား ခေါင်းနှင့်တိုက်၍ တိုက်ခိုက်ခြင်းသည် အတိုတောင်းဆုံး အကွာအဝေးမှ အလျင်မြန်ဆုံး လှုပ်ရှားမှုဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။
"မှန်ကန်တိကျတဲ့ Strike တစ်ခုဟာ တိုက်ပွဲရဲ့ 80% လောက်ကို အဆုံးအဖြတ်ပေးနိုင်တယ်"
Jeet Kune Do ကိုလိုက်နာသူတိုင်းကတော့ ဒီအဆင့်ကိုရောက်ဖို့ ကြိုးစားနေသူများဖြစ်တယ်။
(ကျွန်ုပ်ကိုယ်တိုင်လည်း ဒီအဆင့်ကိုရောက်ဖို့ ကြိုးစားနေသူဖြစ်တယ်။)
ဒီအဆင့်ကို ရောက်သွားရင်တော့ Jeet Kune Do နဲ့ သင်ဟာ တစ်သားတည်းဖြစ်သွားလိမ့်မယ်။
"Respond like an Echo.
Adapt like a Shadow.
Strike like an Arrow."
Jeet Kune Do Follower တစ်ယောက်အနေနဲ့ သိသင့်/ကျင့်သင့်သော Jeet Kune Do ရဲ့ အခြေခံအကျဆုံးနဲ့အရေးပါဆုံးသော အရာများကို တင်ပြလို့ပြီးပါပြီ။
ဤအရာများသည် ဘယ်လိုကျွမ်းကျင်မှုမျိုး ရောက်နေပါစေ ပစ်ပယ်၍မရသော အခြေခံအကျဆုံး အရာများဖြစ်သည်။






Explanation about "Centerline Theory"အလယ်မျဥ်းသဘောတရားနှင့်ပတ်သက်၍ရှင်းလင်းချက်အလယ်မျဥ်းသဘောတရားနဲ့ပတ်သက်ရင် အားလုံးလည်း...
04/06/2024

Explanation about "Centerline Theory"
အလယ်မျဥ်းသဘောတရားနှင့်ပတ်သက်၍ရှင်းလင်းချက်
အလယ်မျဥ်းသဘောတရားနဲ့ပတ်သက်ရင် အားလုံးလည်း သိပီးသလောက်ရှိနေပါပြီ။
အလယ်မျဉ်းသဘောတရားကို အခြားသော ပညာရပ်များတွင်လည်း အသုံးပြုတယ် သို့ပေမဲ့ သေကွက်သဘောတရား(Dead Point Theory) အဖြစ် အသုံးပြုကြတယ်။
JKD သည် သဘောတရားတစ်ခုတည်းအပေါ် အခြေခံသည့် လမ်းစဥ်မဟုတ်သည့်အတွက် ဤမျှလောက် သဘောပေါက်/အသုံးပြုနိုင်လျှင် လုံလောက်ပါသည်။
လူတစ်ယောက်ရဲ့ သေကွင်းသေကွက်အများစုသည် ခန္ဓာကိုယ်ရဲ့ အလယ်ဗဟို၌ တည်လျက်ရှိသည်။ (နှာနုရိုး, လည်ဇလုတ်, အရှိုက်, ဆီးအိမ်, ဂွကြား) ဒီအရာ​ေတွသည် သေစေလောက်သည်အထိဖြစ်စေသော သေကွက််များဖြစ်သည်။
ကျွန်တော်တို့ဟာ အလယ်မျဉ်းကို ကာကွယ်တတ်ဖို့လိုပါတယ်။ အထက််မှာပြောခဲ့သလိုပဲ သေကွက်အများစုဟာ ခန္ဓာကိုယ်အလယ်မှာ ရှိတဲ့အတွက် ရန်သူသည် ထိုသေကွက််များကိုတိုက်ခိုက်လာသည့်အခါ ကာကွယ်တတ်ဖို့ လိုအပ်သလို ကာကွယ်တတ်အောင်လည်း လေ့ကျင့်ရမယ်။
သေကွက်အများစုရှိတဲ့ နေရာများကို သိရှိထားတဲ့အတွက် ရန်သူကို တိုက်ခိုက််ရာတွင် အလယ်မျဥ်းရှိသေကွက််များကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ဖို့ကိုလည်း လေ့ကျင့်ရမယ်။
သေကွက််များသည် ခန္ဓာကိုယ်၏ အလယ်တွင်ရှိရုံမကဘဲ ဘေးတစ်ဖက်တစ်ချက်တွင်လည်း ရှိသည်။ (နားထင်, မေးရိုး, နံရိုးညာဘက်အောက် အသည်းရှိ, နံရိုးဘယ်ဘက်အောက် သရက်ရွက်ရှိ, ခါးအထက် ကျောက်ကပ်ရှိ) ထိုအရာများကိုလည်း တိုက်ခိုက်နိုင်ဖို့ လိုအပ်သောကြောင့် အလယ်မျဥ်းကို ချိုးဖျက်ဖို့လည်း လိုအပ်သည်။
Cover & Attack & Break the Centerline - အလယ်မျဥ်းကို ကာကွယ်/တိုက်ခိုက်နိုင်ဖို့အတွက် နှင့် အလယ်မျဥ်းအပြင်ဘက််မှ တိုက်ခိုက်နိုင်ဖို့အတွက် သက်ဆိုင်ရာ Empty Hand Drill များကို လေ့ကျင့်ဖို့လိုအပ်သည်။
Jeet Kune Do သည် ပုံသေဖြစ်နေခြင်းကို အားမပေးသည့်အတွက် ထိန်းသိမ်းလိုက ထိန်းသိမ်းမည် ချိုးဖျက်လိုက ချိုးဖျက််မည် ဖြစ်သည်။
ထို့အတွက် သင်သည် တိုက်ခိုက််မှုလမ်းကြောင်းအား Straight-line/Circle-line ခွဲခြားခြင်းမရှိဘဲ လေ့ကျင့်ထားဖို့လိုသည်။
*Straight line - ဆတ်အားသုံး၍ တိုက်ခိုက်ရသော တိုက်ခိုက််မှုလမ်းကြောင်းများ
*Circle line - လွှဲအားသုံး၍ တိုက်ခိုက်ရသော တိုက်ခိုက််မှုလမ်းကြောင်းများ
သင်သည် Jeet Kune Do နဲ့ နီးစပ်လာပြီ
ထို့ကြောင့် ဂျီကွမ်ဒို အစိတ်အပိုင်း သုံးခု(3 Parts of Jeet Kune Do) အကြောင်း သိဖို့ လိုအပ်လာပြီ။
ဂျီကွမ်ဒို အစိတ်အပိုင်း သုံးခုဆိုတာဘာလဲ?
ဆက်ရန်---






Explanation about "Five Ways of Attack"တိုက်ခိုက်ရေးနည်းလမ်းငါးမျိုးနှင့်ပတ်သက်၍ရှင်းလင်းချက်တိုက်ခိုက်ရေးနည်းလမ်းငါးမျိ...
04/06/2024

Explanation about "Five Ways of Attack"
တိုက်ခိုက်ရေးနည်းလမ်းငါးမျိုးနှင့်ပတ်သက်၍ရှင်းလင်းချက်
တိုက်ခိုက်ရေးနည်းလမ်းငါးမျိုးကတော့
1.Single Angular Attack(SAA)
2.Hand Immobilization Attack(HIA)
3.Progressive Indirect Attack(PIA)
4.Attack By Combination(ABC)
5.Attack By Drawing(ABD)
SAA - ဒီနည်းလမ်းသည် ရန်သူကိုတိုက်ခိုက်ရာ၌ အရပ်မျက်နှာတစ်ဘက်တည်းမှ ရန်သူ၏ အားနည်းချက်အား ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းဖြစ်သည်။ဥပမာ - Full Jab, Front kick.
ဒီနည်းလမ်းကိုကောင်းစွာ အသုံးပြုနိုင်ဖို့အတွက်
သင့်အနေနဲ့ Leading ကို ​ေလ့ကျင့်ထားဖို့လိုသည်။
Leading - ဦးဆောင်ခြင်း၊ အချိန်တိုအတွင်း ဦးဆောင်လက်သီး/ခြေကန်ချက်ဖြင့် ရန်သူ၏အားနည်းချက်အား ထိထိမိမိတိုက်ခိုက်နိုင်ရန် လေ့ကျင့်ရခြင်း ဖြစ်သည်။
HIA - ဒီနည်းလမ်းသည် ရန်သူနှင့် နီးကပ်သော အနေအထားတွင် ရန်သူ၏ လက််များအား ပုတ်ထုတ်ဖမ်းချုပ်၍ တိုက်ခိုက်ခြင်းဖြစ်သည်။
ဥပမာ-Slapping Hand-Back Fist, Grabbing Hand-Elbow Strike.
ဒီနည်းလမ်းကိုကောင်းစွာ အသုံးပြုနိုင်ဖို့အတွက် သင့်အနေနဲ့ Drilling များကို လေ့ကျင့်ထားဖို့လိုသည်။
Drilling - လှည့်ပတ်ရစ်နွယ်ခြင်း၊ ရန်သူ၏ လက််များသည် အတိုင်းအတာတစ်ခုထိ သန်မာ/လျင်မြန်နေမည်မှာ မလွဲဧကန်အခြေအနေတစ်ခုဖြစ်သည်။ ထို့ကြောင့် မိမိလက်၏ လျင်မြန်မှုနှင့်ကုတ်အားအတွက် လေ့ကျင့်ရခြင်း ဖြစ်သည်။
PIA - ဒီနည်းလမ်းသည် ရန်သူအား ဖိအားပေး/အယောင်ပြပြီး အာရုံထွေပြားအောင်ပြုလုပ်၍ တိုက်ခိုက်ခြင်းဖြစ်သည်။ဥပမာ - Hight check to Low kick , Right check to Left hit.
ဒီနည်းလမ်းကို ကောင်းစွာ အသုံးပြုနိုင်ဖို့အတွက် သင့်အနေနဲ့ Feinting ကို လေ့ကျင့်ထားဖို့လိုသည်။
Feinting - အယောင်ပြခြင်း၊ ဒီအရာသည် သာမန်ကြည့်လျှင် လွယ်ကူသည်ဟု ထင်ရပေမဲ့ မလေ့ကျင့်ထားလျှင် အသုံးပြုရာ၌ထိရောက််မှုနည်းနိုင်သည်။ ဒါ့ကြောင့် တစ်ဘက်ကအယောင်ပြပီးသည်နှင့် တစ်ဘက်က ထိထိမိမိတိုက်ခိုက်နိုင်ဖို့ လေ့ကျင့်ရ​ခြင်း ဖြစ်သည်။
ABC - ဒီနည်းလမ်းသည် မိမိလေ့ကျင်ထားသော စနစ်များကို အခြေအနေပေါ်လိုက်၍ ပေါင်းစပ်္/ကူးပြောင်းပြီး ရန်သူအား တိုက်ခိုက်ခြင်းဖြစ်သည်။
ဥပမာ-Punching to Trapping, Kicking to Trapping to Grappling.
ဒီနည်းလမ်းကို ကောင်းစွာအသုံးပြုနိုင်ဖို့အတွက် သင့်အနေနဲ့ Skill in Different Techniques နှင့် 4 Ranges of Combat Theory ကိုကောင်းစွာ နားလည်လျှင် ABC တိုက်ခိုက််မှုနည်းလမ်းသည် မခဲယဥ်းသောနည်းလမ်းဖြစ်သည်။
ABD - ဒီနည်းလမ်းသည် ရန်သူ၏တိုက်ခိုက််မှုအပေါ်အခြေခံပြီး တန်ပြန်တိုက်စစ်ဖြင့် ဗျူဟာခင်းတိုက်ခိုက်ခြင်းဖြစ်သည်။(Opponent's one move is a Chance to Intercept)
ဒီနည်းလမ်းကို ကောင်းစွာအသုံးပြုနိုင်ဖို့အတွက် သင့်အနေနဲ့ Drawing Techniques/Theory များ လေ့ကျင့်/လေ့လာရမည်။
Drawing - ဗျူဟာခင်းခြင်း၊ ဒီအရာသည် အတွေ့အကြုံရော အတွေးအခေါ်ပါ ဆက်စပ်နေသော နည်းလမ်း ဖြစ်သည့်အတွက် Sparing ကစား၍ လေ့ကျင့်မှသာ ဒီစနစ်ကို ကျွမ်းကျင်လာမည်ဖြစ်သည်၊ ဖြစ်နိုင်လျှင် နယ်ပယ်စုံမှ ပညာရှင်များနှင့် Sparing များများ ကစားဖို့ လိုအပ်သည်။
ဒီလောက်ဆိုရင် တိုက်ခိုက််မှုနည်းလမ်းငါးမျိုးကိုလည်း သဘောပေါက်လောက်ပြီလို့ ထင်သည့်အတွက် အလယ်မျဥ်းသဘောတရား(Centerline Theory) ကို ဆက်ရအောင်
အလယ်မျဥ်းသဘောတရားဆိုတာဘာလဲ?
ဆက်ရန်---






Explanation about "4 Ranges of Combat"တိုက်ခိုက်ရေးသက်ရောက််မှုလေးမျိုးနှင့်ပတ်သက်၍ရှင်းလင်းချက်Range သဘောတရားနှင့် ပတ်သ...
04/06/2024

Explanation about "4 Ranges of Combat"
တိုက်ခိုက်ရေးသက်ရောက််မှုလေးမျိုးနှင့်ပတ်သက်၍ရှင်းလင်းချက်
Range သဘောတရားနှင့် ပတ်သက်လို့ အားလုံးသိပြီးသားအရာကတော့ Long, Mid, Close ဖြစ်တယ်။
JKD လိုက်နာသူ အနေနဲ့ဆိုရင်တော့ Range 4 မျိုးအထိ နားလည်/အသုံးပြုနိုင်ဖို့လိုတယ်။
ဒ​ီ လေးမျိုးကတော့ Kicking, Punching, Trapping, Grappling ဖြစ်တယ်။
နားလည်လွယ်အောင် ရှင်းပြရရင်.
*Kicking Range - ရန်သူကို ခြေထောက်အသုံးပြုတိုက်ခိုက််ရသည့် အနေအထား
*Punching Range - ရန်သူကို လက်နှင့် တိုက်ခိုက်ရသည့် အနေအထား
*Trapping Range - ရန်သူ၏ လက််များကို ပုတ်ထုတ်ဆွဲယူ တိုက်ခိုက်ရသည့် အနေအထား
*Grappling Range - ရန်သူနှင့် နီးကပ်လွန်းသော လုံးထွေးသတ်ပုတ်သည့် အနေအထား
Long,Mid,Close အစား K.P.T.G Range အဖြစ် ပြောင်းလဲ အသုံးပြုရခြင်းသည် ပိုမိုတိကျသော Range သဘောတရားဟု သတ်မှတ်သောကြောင့်ဖြစ်သည်။
လူတွေက Long range ဆို ခြေကန်ချက်၊ Mid range ဆို လက်သီး၊ Close range ဆို တံတောင်၊ခေါင်းဆိုပြီး မျက်စိထဲမြင်ယောင်ကြတယ်။ တကယ်တမ်းမှာ Finger Jab လို စနစ်မျိူးသည် Mid range ထက်ပိုသော long range ထဲ၌ပါဝင်နေသည်။ ရန်သူလက်ကိုပယ်၍ရိုက်သော Back Fist သည် Mid range ထက် Close range သဘောသက်ရောက်သည်။ Dum Tek လို ဖိနင်းတဲ့ ခြေကန်ချက်သည် Long range တွင်သာမက Mid & Close range တွင်လည်း အသုံးပြုနိုင်သည်။
ဒါကြောင့် Long,Mid,Close သည် ယေဘုယျသဘောဆန်သောကြောင့် ပိုမိုတိကျသော K.P.T.G range ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ Range 4 မျိုးသတ်မှတ်လေ့ကျင့်ခြင်းသည် မည့်ကဲ့သို့သော အခြေအနေမှာမဆို တိုက်ခိုက်ဖို့အသင့်ဖြစ်စေသည်ဟု Sijo က ယုံကြည်ခဲ့တယ်။ အကြောင်းမှာ Long range အားသာသူသည် ကျဉ်းထဲကြပ်ထဲရောက်လာသည့်အခါ တိုင်ပတ်နိုင်သလို၊ Close range အားသာသူသည်လည်း တကယ်တမ်း အခြေအနေအရပ်ရပ်တွင် အခက်တွေ့နိုင်သည်။ ဒါကြောင့် အခြေအနေအရပ်ရပ်နှင့် အံဝင်သော Range သဘောတရားကို ညွှန်ပြခဲ့ခြင်းဖြစ်သည်။
"အတော်ဆုံးတိုက်ခိုက်ရေးသမားဆိုတာ ဘောက်ဆင်သမား ဂျူဒိုသမား မဟုတ်ဘူး အခြေအနေတိုင်းကို အံဝင်ခွင်ကျ ပြောင်းလဲတိုက်ခိုက်နိုင်သူဖြစ်တယ်။"
သင့်အနေနဲ့ JKD ရဲ့ Range သဘောတရားကို နားလည်သွားပြီဆိုရင်တော့ ဒီသဘောတရားတွေကို ဆက်လေ့လာရမယ်။
JKD သည် Techniques 30% Theory 70% လို့သတ်မှတ်သည့်အတွက် သဘောတရားကို ပိုင်နိုင်အောင်လုပ်ဖို့လိုအပ်သည်။
ထိုသဘောတရားမှာ တိုက်ခိုက််မှုနည်းလမ်းငါးမျိုး(Five Ways Of Attack)
တိုက်ခိုက်ရေးနည်းလမ်းငါးမျိုးဆိုတာဘာလဲ?
ဆက်ရန်---






Explanation about "Skill in Different Techniques"စနစ်စုံကျွမ်းကျင်မှုနှင့်ပတ်သက်၍ရှင်းလင်းချက်စနစ်စုံကျွမ်းကျင်ရမယ်လို့​...
04/06/2024

Explanation about "Skill in Different Techniques"
စနစ်စုံကျွမ်းကျင်မှုနှင့်ပတ်သက်၍ရှင်းလင်းချက်
စနစ်စုံကျွမ်းကျင်ရမယ်လို့​ပြောတဲ့အခါ လူအများတွေးတာက ပညာရပ်မှန်သမျှ တတ်ရမယ် ပြောတာလို့ ထင်တတ်ကြတယ်။ ကမ္ဘာ့ပညာရပ် အသာထားလို့ မြန်မာ့ပညာရပ်မှာပင် ပညာရပ်က 30 ဝန်းကျင်လောက်ရှိတယ်။ အဲ့လောက််များတဲ့ ပညာရပ်တွေ လေ့လာနေရရင်တော့ပြီးမှာ မဟုတ်တော့ဘူး။
တိုက်ခိုက်ရေးပညာရပ်ကို ခွဲခြားလိုက်လျှင် Striking, Grappling, Weaponery ဆိုပြီး သုံးမျိုးခွဲလို့ရတယ်။ အဲ့ကနေမှ JKD အရ ပြန်ခွဲမယ်ဆိုရင် Striking မှာ Punching/Kicking၊ Grappling မှာ Throwing, Choking, Joint-locking၊ Striking by Grappling ဖြစ်နေတာက Trapping၊ Weaponery ဆိုရင်လည်း ဘယ်လက်နက်် ရယ်လို့မဟုတ်ဘဲ အားလုံးနီးပါးကို အခြေခံလောက်တော့ အသုံးပြုတတ်ရမယ်(ဦးစားပေးကြိုက်နှစ်သက််မှုကတော့ လူတိုင်းမှာ ရှိတယ်။ အခြေအနေတိုင်းမှာ ကိုယ့်ဦးစားပေးလက်နက်ကို အလွယ်တကူ မရနိုင်တဲ့အတွက် လက်နက််မှန်သမျှကို အသုံးပြုနိုင်အောင် လေ့ကျင့်ရမယ်)
ဒီလိုအားဖြင့် Punching, Kicking, Trapping, Grappling, Weaponery ဆိုပြီးခွဲခြမ်းလိုက်တယ်။ Style အနေနဲ့ မမြင်ဘဲ စနစ်အနေနဲ့ကြည့်တတ်ရမယ်။ ဥပမာ - Sanda, Letwei နဲ့ Muaythai ဆိုရင် အများစုတူတယ် အဲ့လိုတူနေတာကို သုံးမျိုးလုံး သင်မဲ့အစား တစ်မျိုးတည်း သင်ရုံနဲ့စနစ်တစ်ခု တတ်မြောက်နိုင်တယ်။(လက်စနစ်တစ်ခုအတွက် လက်သိုင်းမှန်သမျှလိုက်သင်နေစရာမလိုပါ။)
ကမ္ဘာပေါ်တွင် ရှိခဲ့ပြီးသော ပညာရပ်ရဲ့ 90% လောက်သည် စနစ်တမျိုး(သို့)နှစ်မျိုး ဦးစားပေးပညာရပ်တွေများတယ်။ ဥပမာ- Judo/Aikido Grappling ဦးစားပေး၊ Savate/Taekwondo Kicking ဦးစားပေး၊ ဒီလို စနစ်တမျိုးတည်းဦးစားပေးတာမျိုးဟာ အခြေအနေတိုင်းနဲ့ မကိုက်ညီဘူးလို့ Sijo က ယူဆခဲ့တယ်။ ဒါကြောင့် Sijo ဟာ Punching, Kicking, Trapping, Grappling, Weaponery ဆိုပြီး စနစ်အားဖြင့် ငါးမျိုးခွဲပြီး Jeet Kune Do ရဲ့ အခြေခံသင်ရိုးရေးဆွဲခဲ့တယ်။
လေ့ကျင့်တဲ့အခါမှာလည်း စနစ်အားလုံးကို တန်းတူလေ့ကျင့်ရေးဇယားရေးဆွဲရမယ်။
P + K + T + G + W = 100
20% + 20% + 20% + 20% + 20% = 100%
(Sijo ကွယ်လွန်ပြီးနောက် အဓိကအားဖြင့် မျိုးဆက်သုံးခု ကျန်ခဲ့တယ် Sigung Kimura, G**o Inosanto, Sifu Ted Wong၊ JKD လိုက်နာသူတိုင်းက ဒီသုံးယောက်ရဲ့ မျိုးဆက်နဲ့ တစ်ခုမဟုတ်မဟုတ် ပတ်သက်နေကြတယ်၊ သူတို့ရဲ့ အ​ခြေခံသင်ရိုးသည်လည်း P.K.T.G.W. ပဲဖြစ်တယ်)
စနစ်လို့ပြောတဲ့အတွက် ပုံစံ/ပညာရပ်ကို မြင်နေတတ်တဲ့ အကျင့်ကိုဖျောက်ရမယ်။ ဥပမာ-Jab,Cross,Hook အသုံးပြုတဲ့အခါ Boxing ပညာရပ်ကို အသုံးပြုတယ်ဆိုတာထက် Punching စနစ်ကို အသုံးပြုနေတယ်လို့ မြင်လာတဲ့အထိ သဘောပေါက်နေရမယ်။
(စနစ်စုံဖြစ်ပါတယ် ပုံစံစုံ/ပညာရပ်အစုံမဟုတ်ပါ)
အခုလို နားလည်သဘောပေါက်ပြီး စနစ်စုံကျွမ်းကျင်မှုကို လေ့ကျင့်နေရင်းနဲ့ပဲ သင့်အနေနဲ့ ထပ်လေ့လာရမှာက တိုက်ခိုက်​​ရေးသက်ရောက််မှုလေးမျိုး (4 ranges of combat)ဖြစ်တယ်။
တိုက်ခိုက်ရေးသက်ရောက််မှုလေးမျိုးဆိုတာဘာလဲ?
ဆက်ရန်---






Sijo ကွေ့သွားသော လမ်းSijo သည် ငယ်စဥ်တည်းက ဆိုးသွမ်းလူငယ်စာရင်းဝင်သူတစ်ယောက်ဖြစ်တယ် ထိုနည်းတူ တိုက်ချင်ခိုက်ချင်စိတ်လည်း ...
04/06/2024

Sijo ကွေ့သွားသော လမ်း
Sijo သည် ငယ်စဥ်တည်းက ဆိုးသွမ်းလူငယ်စာရင်းဝင်သူတစ်ယောက်ဖြစ်တယ် ထိုနည်းတူ တိုက်ချင်ခိုက်ချင်စိတ်လည်း ရှိသူပီပီ Sijo သည် ဝင်ချွန်းမသင်ခင်ကာလတည်းက သူ့အဖေ၏ မိတ်ဆွေဖြစ်သူဆီမှ Hung Gar Kung Fu ကို အခြေခံသဘောတရားအဆင့် သင်ကြားခဲ့ဖူးသည်။
ထို့အတူ အနောက်တိုင်းဘောင်ဆင်ကိုလည်း အပျော်တမ်းအဆင့်လေ့ကျင့်သူဖြစ်သည်။ ထိုမှတစ်ဆင့် ဝင်ချွန်းကို လေ့ကျင့်နေသည့်အချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်ပြည်ထောင်စုသို့ တိမ်းရှောင်ခဲ့ရသည်။ ထိုအချိန်တွင် US ၌ Karate ပညာရပ် နေရာယူနေသည့်အချိန်ဖြစ်သည့်အတွက် Kung Fu ပညာရပ်ကို လူသိများစေရင် ရိုးရာသတ်မှတ်ချက််များကိုဖောက်ဖျက်၍ အနောက်တိုင်းသားများသို့ ကွန်ဖူး သင်ကြားခဲ့သည်။(ထိုကိစ္စကြောင့် ကွန်ဖူးအသိုင်းအဝိုင်းနှင့်Sijo/ ဆရာဖြစ်သူရစ်မန်အသိုင်းအဝိုင်းနှင့် Sijo ကိစ္စများသည် လူတိုင်းသိသောကိစ္စများဖြစ်သည်)
ထိုသို့သင်ကြားချိန်တွင် သူသိသော ကွန်ဖူးပညာရပ်များသည် တစ်ပိုင်းတစ်စများဖြစ်သည့်အတွက်
Non-classical Gung Fu ဟု သင်ကြားခဲ့သည်။
အကြောင်းတိုက်ဆိုင်စွာ Long Beach International Karate Tournament တွင် ကွန်ဖူးစွမ်းရည်များကို ပြသခွင့်ရခဲ့သည်။ ထိုအခမ်းအနားတွင် Sijo ပြသခဲ့သော သရုပ်ပြမှုများတွင် ကွန်ဖူးပညာရပ်များစွာပါဝင်သည် Taichi ဟန် HungGar ဟန်များ ChoyLayFut ခြေကန်ချက််များ WingChun-One Inch punch နှင့် Chi sao drill
အခြားသော Sijo လေ့လာမှတ်သားဖူးသော ကွန်ဖူးဟန်ပန်များစွာကို သရုပ်ပြခဲ့သည်။
Jun Fan Gung Fu(Origin of Jeet Kune Do)
Sijo သည် အလားအလာကောင်းသော လူငယ်တစ်ယောက်ပီပီ US ရောက်ချိန်တွင် အကောင်းဆုံးသောကွန်ဖူးပညာရပ်(Superior Gung Fu Style) တစ်ခုကို တီထွင်ရန် ကြိုးပမ်းခဲ့သည်။ ထိုသို့ကြိုးပမ်းရသည့်အကြောင်းအရင်းမှာ တရုတ်ကွန်ဖူးပညာရပ်တွင် မူလလက်ကွက် ၆၄ ကွက်ရှိသည့်အနက် ပညာရပ်အများစုသည် သုံးလေးကွက်နှင့် ပညာရပ်တစ်ခု ဖြစ်နေသည်ကို တွေ့မြင်လာသည့် Sijo အနေနဲ့ လက်ကွက် ၆၄ ကွက်လုံးပါဝင်သော ကွန်ဖူးပညာရပ်တစ်ခုကို ဖန်တီးချင်ခဲ့သည်။ ထိုကွန်ဖူးအမည်ကိုလည်း ရှည်ရှည်ဝေးဝေး မစဥ်းစားတော့ဘဲ Jun Fan Gung Fu ဟုသာ အမည်ပေးခဲ့သည်။ Jun Fan Gung Fu တွင် ပါဝင်သော ပညာရပ်များမှာ အနောက်တိုင်းဘောက်ဆင်နှင့် ကွန်ဖူးပညာရပ်မှန်သမျှဖြစ်သည်။
(လိုတိုးပိုလျော့လုပ်ထားသည်ကိုတော့ ကျနော်မပြောလည်း သင်သိမှာပါ) JFGF သည် ဘယ်ကွန်ဖူးပညာရပ်အပေါ်မှ မမှီခိုသော်လည်း Kung Fu ဆိုသော တရုတ်ပညာရပ်များအပေါ်တွင်တော့ မှီခိုနေသေးသည်။
Jun Fan JKD(First Step of Jeet Kune Do)
အစောပိုင်းကာလတွင် Sijo သည် Karate ၏ လွှမ်းမိုးနေမှုကို မခံချင်စိတ်ကြောင့်သာ "Kung Fu ဆိုတာ ဒါကွ"ဟု ပြသချင်သည့်စိတ်ကြောင့် ကွန်ဖူးပညာရပ်အသစ်တစ်ခုကို ကောင်းမွန်သည်ထက်ကောင်းမွန်အောင် ကြိုးပမ်းနေသော်လည်း အချိန်ကြာလာသည်နှင့်သမျှ ဒါသည်လည်း ဒီထဲမှာပင် တဝဲလည်ဖြစ်နေသည်ကို သတိထားမိခဲ့သည်။
တက္ကသိုလ်တွင် ဒဿနိကဗေဒကို လေ့လာသူပီပီ ခရစ်ရှနာမူတီ၏ အတွေးအခေါ်များသည်လည်း Sijo အပေါ် လွှမ်းမိုးမှု ရှိနေသည်။ ထိုသို့အတွေးအခေါ်အယူအဆများမှ တစ်ဆင့် ဘယ်အရာပေါ်မှ မမှီခိုသော လမ်းစဥ်တစ်ခုကို ကြံဆောင်လေတော့သည်။(ထိုလမ်းစဥ်သည် မူလက ပညာရပ်အသစ်ဖန်တီးမည်ဆိုသော လမ်းမှ Sijo ကွေ့သွားခဲ့သော လမ်းဖြစ်သည်၊ ထိုလမ်းကို သတိပြုမိသူ နည်းပါးခဲ့သည်။) ထိုလမ်းစဥ်ကို စတင်ချိန်တွင် ကမ္ဘာပေါ်ရှိ မည်သို့သော တိုက်ခိုက်ရေးစနစ်ဖြစ်ပါစေ အရှေ့ဘက်ပညာ အနောက်ဘက်ပညာရယ်လို့ ခွဲခြားခြင်းမရှိတော့ပဲ "အသုံးဝင်တာကိုယူ၊ အသုံးမဝင်တာကိုပယ်၊ ကိုယ်ရဲ့ ပုံစံဖြစ်ပါစေ" ဆိုတဲ့ စကားအတိုင်း Jeet Kune Do လမ်းစဥ်ကို စတင်လျှောက်လှမ်းခဲ့သည်။ မူလအစတွင် နာမည်တစ်ခုပေးဖို့ မရည်ရွယ်ခဲ့သော်လည်း Sigung Kimura ၏ အကြံပေးမှုကြောင့် Jeet Kune Do ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ ဗုဒ္ဓကျင့်ကြံသော လမ်းစဥ်ကို ဗုဒ္ဓလမ်းစဥ်ဟု အလွယ်မှတ်ယူကြသလို Sijo ဖော်ဆောင်ခဲ့သော လမ်းစဥ်မလို့ Sijo ၏တရုတ်နာမည်အတိုင်း
Jun Fan Jeet Kune Do ဟု သုံးစွဲခဲ့ကြသည်။
(ကျွနု်ပ်သည်လည်း ကိုယ်ပိုင် Jeet Kune Do ကို ရရှိဖို့ ကြိုးစားနေသူဖြစ်သည်။)
What is Jeet Kune Do?
Jeet Kune Do သည် အသစ်ဖန်တီးထားသော ပညာရပ်တစ်ခု မဟုတ်ဘဲ မူလ ရှိပြီးသော
တိုက်ခိုက်ရေးနည်းစနစ်/တိုက်ခိုက်ရေးသဘောတရားများဖြင့် ပြန်လည်ဆန်းသစ်ထားသော အရာသာဖြစ်သည်။
Jeet Kune Do ကို လိုက်နာမည့်သူသည် ပညာစွဲကင်းပြီး ပညာရပ်တစ်ခုတည်းအပေါ် အခြေမခံဖို့လိုသည်။ Jeet Kune Do သည် ပေါင်းစပ်တိုက်ခိုက်ရေးအတွေးအခေါ် (Philosophy of Hybrid Martial Arts) ဖြစ်သည့်အတွက် ပညာရပ်တစ်ခုတည်း/အတေွးအခေါ်တစ်ခုတည်းအပေါ် အခြေခံလျှင် Jeet Kune Do နှင့် လမ်းလွဲသွားနိုင်သည်။
Jeet Kune Do ကို လိုက်နာမည့်သူများအနေဖြင့် ပထမဆုံးလုပ်ရမည့် အလုပ်မှာ စနစ်စုံကျွမ်းကျင်မှု(Skill in Different Techniques) ဖြစ်သည်။
"စနစ်စုံကျွမ်းကျင်မှု"ဆိုတာဘာလဲ?
ဆက်ရန်---






Address

Yangon

Website

Alerts

Be the first to know and let us send you an email when KH Combat Systems posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share