Tr Zin Myo - personal development Expert

Tr Zin Myo - personal development Expert ကိုယ် စိတ်စွမ်းအား အသုံးပြုပြီး ဘဝအောင်မြင်မှုရရှိအောင် ကူညီပြောင်းလဲပေးသူ

💸 ကိုယ့်ရဲ့ ငွေတွေ မသိမသာဆုံးရှုံးပြီး၊ မချမ်းသာနိုင်ခြင်းနဲ့ ပေါကြွယ်ဝမှု အဆင့်ကို မရောက်ရှိခြင်းရဲ့ လျှို့ဝှက်ချက်က......
20/03/2026

💸 ကိုယ့်ရဲ့ ငွေတွေ မသိမသာဆုံးရှုံးပြီး၊
မချမ်းသာနိုင်ခြင်းနဲ့ ပေါကြွယ်ဝမှု အဆင့်ကို
မရောက်ရှိခြင်းရဲ့ လျှို့ဝှက်ချက်က.......

🎯 သူများအမြင်နဲ့ ရှင်သန်နေလို့ပဲ။

တခြားသူတွေ ငါ့ကိုဘယ်လိုများ ထင်မလဲ?
ဘယ်လိုမြင်မလဲဆိုပြီး၊ ကိုယ်ပိုင်ဆိုင်တဲ့ ငွေတွေကို
ကိုယ့်မှာ ဘယ်လောက်ရှိကြောင်း သုံးပြလိုက်တာဟာ
အမြန်ဆုံးပိုက်ဆံကုန်ပြီး ချမ်းသာခြင်းနဲ့ ပေါကြွယ်ဝဖို့အတွက် မစုမိနိုင်တော့တာပဲဖြစ်တယ်။

🕌 ချမ်းသာတယ်ဆိုတာ ကိုယ့်ရဲ့ပိုင်ဆိုင်မှု ဘယ်လောက်ရှိတယ်ဆိုတာ သူတပါးသိစေချင်တဲ့အတွက် သုံးပြတာ။

🏡ပေါကြွယ်ဝတယ်ဆိုတာ ကိုယ့်ရဲ့ စိတ်ကို ထိမ်းချုပ်နိုင်ပြီး ကိုယ့်ရဲ့ ငွေတွေကို သိုဝှက်စွာနဲ့ တိုးပွားနေစေခြင်း၊ တချိန်မှာ ဘယ်လောက်သုံးသုံး လျှော့မသွားပဲ တိုးပွားနေစေခြင်းပဲ ဖြစ်တယ်။

ချမ်းသာဖို့အတွက် ကြိုးစားရှာ ....ဘယ်လောက်ရှိကြောင်းပြသဖို့ အများအမြင်အတွက် သုံးပြခြင်းဟာ ချမ်းသာခြင်းအဆင့်.......

ကိုယ့်ရဲ့ စိတ်ကို ထိန်းချုပ်ပြီး၊ ငွေတွေကို သိုဝှက်စွာ တိတ်တဆိတ်တိုးပွား နေစေခြင်းက ကြွယ်ဝခြင်း၊

ချမ်းသာခြင်းအဆင့်မှာ ရပ်‌မနေပဲ
ပေါကြွယ်ဝခြင်းကို ပိုင်ဆိုင်ချင်တယ်ဆိုရင်....

✨ အများအမြင်နဲ့ မရှင်သန်ပဲ စိတ်ကိုထိန်းချုပ်ပြီး ကိုယ့်ရဲ့စုဆောင်းငွေတွေကို တိတ်တဆိတ် တိုးပွားနေအောင် လုပ်ဆောင်ပါ။

09/02/2026

ကမ္ဘာသူ ၊ ကမ္ဘာသား အားလုံး ဘေးမသမ်း အေးချမ်းကြပါစေ 🙏🙏🙏

07/02/2026

✨ ဘဝဆိုတာ ကြမ်းတမ်းတယ်၊
ဒါမှမဟုတ်
✨ဘဝဆိုတာ ကြွယ်ဝချမ်းသာတယ်..........

🎯မင်းမြင်သလောက် မင်းရတာပဲ ။

, HNLP RSMT

02/02/2026

( 2.2.2026 )ကုသိုလ်မှတ်တမ်း ၊ကုသိုလ်တွေ ထပ်တူရကြပါစေ 🙏🙏🙏 လောကကြီးကပေးတဲ့ happy money လေးတွေကို လောကကြီးအတွက် တဒေါင့်တနေရာကနေ အကျိုးပြုဖို့ ပြန်လှူဒါန်းခဲ့ပါတယ် ။ 🙏🙏🙏

❤️ ဒီစာလေး ပို့လာတော့ ဆန္ဒဆိုတာလေးကို သွားတွေးမိတယ်။     ဆန္ဒ နဲ့ လောဘ က ခါတလေမှာ ရှုပ်သွားတတ်တယ်။ရရမယ်၊ ဖြစ်ရမယ် ။( ရချ...
22/01/2026

❤️ ဒီစာလေး ပို့လာတော့ ဆန္ဒဆိုတာလေးကို သွားတွေးမိတယ်။

ဆန္ဒ နဲ့ လောဘ က ခါတလေမှာ ရှုပ်သွားတတ်တယ်။
ရရမယ်၊ ဖြစ်ရမယ် ။( ရချင်တယ်၊ဖြစ်ချင်တယ်။ )
လောဘဆိုတာက မရရအောင် မဖြစ်ဖြစ်အောင် ကြံဆောင်တာ.........


ဆန္ဒဆိုတဲ့သဘောတရားက ကောင်းခြင်း၊ အကျိုးပြုမှုနဲ့ ဆိုင်တာ ၊ တနည်းအားဖြင့် အများ အတွက် ဆိုတဲ့ ကောင်းကျိုးလိုလားမှုကြောင့် လိုချင်တာကို ကြံဆောင်တာ ဆန္ဒ ။

ရုပ်လည်းမမြဲ ၊ နာမ်လည်းမြဲ ဘူး။ ဆန္ဒ ဆိုတဲ့ စိတ်လည်းမမြဲဘူး ။ ရချင်တာ ဖြစ်ချင်တာတွေက အချိန်ကာလနဲ့ အမျှ ပြောင်းလဲနေတော့ လိုချင် ဖြစ်ချင်တာတွေများတယ် ၊ မတူညီတာများတဲ့ အခါကျတော့ စိတ်ကလည်း မမြဲဘူးပေါ့။

ဖြစ်ချင်တဲ့ အဲ့ဒီ ဆန္ဒပေါ်မှီတည်ပြီး ကိုယ်ဖြစ်ချင်တာကို ဖြစ်ရမယ်ဆိုတဲ့ လောဘနဲ့ နေတဲ့အခါ ပူလောင်ရတယ်။
အကြောင်းတရားကြောင့် အကျိုးတရားတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ ဖြစ်ချင်တာက ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။
လုပ်ချင်ပေမယ့် အခြေနေမပေးတာ၊ လုပ်ဖို့ မဖြစ်နိုင်လို့ မလုပ်ရတာ၊ မလုပ်နိုင်တာ ဆိုတာ ရှိမယ် ။

ဖြစ်ချစ်တာ လုပ်နေရဲ့သားနဲ့ ဘာလို့မဖြစ်သေးတာလဲ ၊ဘာလို့မရသေးတာလဲ ဆိုပြီး လောဘနဲ့လိုက်နေတဲ့အခါ ဆန္ဒကနေ လောဘ ဖြစ်သွားတတ်တယ်။

ရုပ်လည်းမမြဲ ၊နာမ်လည်းမမြဲ၊ စိတ်လည်းမမြဲတဲ့ သဘောကို သိထားရမယ် ။ အကြောင်းတရားကြောင့် ရနေတဲ့အကျိုးတရားကိုသာ လက်ခံနိုင်မယ်ဆိုရင် မတူညီပြီး များပြားတဲ့ ဆန္ဒတွေ ကြားထဲမှာ မဖြစ်နိုင်တာတွေကို လက်ခံရင်း ဖြစ်ချင်တာလေးကို လုပ်နိုင်သလောက် လုပ်ဖို့ ဆုံးဖြတ်ထားတဲ့ ဆန္ဒလေး ကို ပြန်တွေးမိပါတယ်။

၊ဆန္ဒတော့ ရှိတယ် ၊ ရရှိနေတဲ့ အကျိုးတရားပေါ်မူတည်ပြီး လုပ်နိုင်သလောက် ၊လုပ်ပါမယ် ❤️

🚩 အကျိုးတစုံတရာ ရရတယ်ဆိုရင်ပဲ ဝမ်းမြောက်မိပါတယ်။ ❤️ ကျေးဇူးတင်ပါတယ်အစ်မ ❤️

# DZMA, HNLP RSMT

🌼 မအေးချမ်းခြင်း၊ မငြိမ်းချမ်းခြင်း ဘာကြောင့် ဖြစ်ရတာလဲဆိုရင် " ဣဿာ မစ္ဆရိယ" ဆိုတဲ့ (မနာလို ဝန်တိုမှု) ကြောင့် ဖြစ်ရတယ်။...
22/01/2026

🌼 မအေးချမ်းခြင်း၊ မငြိမ်းချမ်းခြင်း ဘာကြောင့် ဖြစ်ရတာလဲဆိုရင် " ဣဿာ မစ္ဆရိယ" ဆိုတဲ့ (မနာလို ဝန်တိုမှု) ကြောင့် ဖြစ်ရတယ်။

🌼 မနာလို ဝန်တိုမှု ဘာကြောင့် ဖြစ်ရတာလဲဆိုရင် ( ချစ်ခြင်း ၊မုန်းခြင်း) ကြောင့် ဖြစ်ရတယ်။

🌼 ချစ်ခြင်းကြောင့် ဝန်တိုမှုကို ဖြစ်စေတယ်။
ငါ၊ ရထားတာ မထိနဲ့ ၊မကြည့်နဲ့ မပေးနိုင်ဘူး သူများရယူမှာ ပိုင်ဆိုင်သွားမှာ မလိုလားဘူး။

🌼 မုန်းခြင်းကြောင့် မနာလိုမှုကို ဖြစ်စေတယ်။
သူများ ရရှိတာ ၊ပိုင်ဆိုင်တာ၊ အောင်မြင်တာကို မလိုလားဘူး။ အဲ့ဒီအတွက် မနာလိုမှု ဖြစ်တယ်။

🌼ချစ်ခြင်း မုန်းခြင်း ဘာကြောင့် ဖြစ်ရတာလဲ ဆိုရင် အလိုဆန္ဒကြောင့် ဖြစ်ရတယ်။

🌼ကိုယ့်အလိုဆန္ဒပြည့်ဝရင်၊ ရရင် ချစ်တယ်။
ကိုယ့်အလိုဆန္ဒမပြည့်ဝရင်၊မရရင် ၊ မပြည့်အောင်လုပ်ရင်
မလိုက်လျောရင် မုန်းတယ်။
❤️ကိုယ်ဖြစ်ချင်တာ ဖြစ်ရရင်ချစ်တယ်။
❌ ဖြစ်ချင်တာ မဖြစ်ရရင်မုန်းတယ်။

🌼 အလိုဆန္ဒဘာကြောင့် ဖြစ်ရတာလဲ ဆိုရင် အတွေးတွေကြောင့် ဖြစ်ရတယ်။


🌼တဏှာနဲ့ ကောင်းတယ်ထင်ပြီးတွေး‌တဲ့
အတွေးကြောင့် အလိုဆန္ဒဖြစ်တယ်။ အဲ့တာလေးတွေက သိပ်ကောင်းတာပဲ ဆိုတဲ့ အာရုံ (၅)ပါးက မှတ်သားထားတဲ့ ( သညာ ) ကြောင့်၊ အတွေးတွေဖြစ်တယ်။

🌼 အတွေးတွေဘာကြောင့်ဖြစ်သလဲဆိုရင်
အမှတ်မှားမှု ( သညာ) ကြောင့်ဖြစ်တယ်။
ကောင်းမယ်လို့ ထင်တိုင်းတွေးတယ်။
တွေးတော့ ဆန္ဒဖြစ်တယ်။
အလိုဆန္ဒ ပြည့်ရင် ချစ်တယ်။
မပြည့်ရင် မုန်းတယ်။
အဲ့ဒီ ချစ်ခြင်း မုန်းခြင်းကြောင့် မနာလို ဝန်တိုမှု ဖြစ်ရတယ်။မနာလို၊ဝန်တိုမှုကြောင့် ပူလောင်ရတယ်၊ မငြိမ်းချမ်းမှုကို ဖြစ်စေတယ်။

ချမ်းသာ ဖို့အတွက်ဆိုရင် အာရုံ (၅)ပါးက ဝင်လာတဲ့‌ ဝေဒနာ တွေကို ဂရုစိုက်မှရမယ် ။ မှီဝဲထိုက်တဲ့ ပညာဆိုရင် မှီဝဲရမယ် ။ မမှီဝဲသင့်တဲ့ ပညာဆိုရင် မမှီဝဲရဘူး ။ အာရုံ (၅)ပါးက ဝင်နေတဲ့ ဝေဒနာတွေကို အမှန်မြင်အောင် ကြည့်တတ်ရမယ်။ အမှန်မြင်မှ ချမ်းသာရမယ်။ 🙏🙏🙏

, HNLP RSMT

✨ အကြောင်းတရား တိုက်ဆိုင်စွာနဲ့ ရောက်ခဲ့တယ်။အကြောင်းတရားတိုက်ဆိုင်စွာနဲ့ပဲ အထဲမဝင်ခဲ့ဘူး။    ✨သို့သော် ဘယ်တော့မှ ရည်ရွယ်...
18/01/2026

✨ အကြောင်းတရား တိုက်ဆိုင်စွာနဲ့ ရောက်ခဲ့တယ်။အကြောင်းတရားတိုက်ဆိုင်စွာနဲ့ပဲ အထဲမဝင်ခဲ့ဘူး။

✨သို့သော် ဘယ်တော့မှ ရည်ရွယ်ချက်က မသွေဖယ်သွားဘူး။ စိတ်ကရည်မှန်းပြီး စိတ်အလုပ်ကို လုပ်နိုင်သလောက် လုပ်လာခဲ့တယ် ။

အရာအားလုံးက စိတ်နဲ့ပဲ သက်ဆိုင်တာဆိုတော့....
အကျိုးသက်ရောက်မှုကလည်း စိတ်စေနာ အပေါ်မှာမူတည်မှာပဲလို့ ယုံကြည်ပါတယ်။

✨ ကြုံခဲ့သမျှ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။✨

, HNLP RSMT

18/01/2026

🚩 Passive income တည်ဆောက်ထားခြင်းရဲ့ အကျိုးကျေးဇူးက အချိန်ငွေကြေး လွပ်လပ်တယ်။
🚩သွားသွား ၊ စားစား အချိန်တန် ကိုယ့်အိတ်ထဲ
ပိုက်ဆံဝင်နေမှာပဲ ဖြစ်တယ်။ ✨✨✨

🚩 ဒီနေ့ ငါဘာလုပ်ရမယ်။  🚩 ငွေကြေးကြောင့် တာဝန်အရ လုပ်ရသည်ဖြစ်စေ။  ငွေမရပေမယ့် တာဝန်အရ လုပ်ရသည်ဖြစ်စေ။ ငွေရဖို့ ကြိုးစားပြ...
14/01/2026

🚩 ဒီနေ့ ငါဘာလုပ်ရမယ်။

🚩 ငွေကြေးကြောင့် တာဝန်အရ လုပ်ရသည်ဖြစ်စေ။
ငွေမရပေမယ့် တာဝန်အရ လုပ်ရသည်ဖြစ်စေ။ ငွေရဖို့ ကြိုးစားပြီးလုပ်တဲ့အခါပဲဖြစ်စေ၊ လုပ်ဆောင်တော့မယ်ဆိုတဲ့အခါ ငွေရရင်လည်း ရလာမယ်၊ မရတဲ့အခါလည်းရှိမယ်။ ကိုယ်လုပ်လိုက်တဲ့အလုပ်မှာ စေတနာမပါတဲ့အခါ
ကံအကျိုးပေးမကောင်းဘူး။

✨ အဲ့ဒီတော့ ဒီနေ့ ငါလုပ်တဲ့ အလုပ်လေးတွေကို စေတနာပါပါလေးထည့်ပြီးလုပ်မယ်။ ကိုယ့်အလုပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ သူတွေ အဆင်ပါစေ၊ အေးချမ်းပါစေ၊ ပျော်ရွှင်ပါစေ။ ဆိုတဲ့ စိတ်ကလေးပြောင်းပြီး သူတို့အဆင်ပြေဖို့အတွက် စေတနာလေး ထည့်ပြီးလုပ်ပေးလိုက်တဲ့အခါ စေတနာကြောင့် ကံအကျိုးပေးတွေ ထူးခြားစွာကောင်းပါလိမ့်မယ်။

✨ငွေကြေးအတွက်အလုပ်လုပ်နေ ရတယ်ဆိုရင်လည်း စေတနာလေးထည့်ပြီး လုပ်လည်း ရလာမယ့် ငွေကြေးက ဒီငွေကြေးပဲ။ စေတနာမထည့်လည်း လုပ်ရမှာနဲ့ ရလာမယ့်ငွေကြေးက အတူတူပဲ ကံအကျိုးပေးတော့ ကွာသွားလိမ့်မယ်။

✨ ကိုယ့်အတွက်‌ဖြစ်စေ ၊မိသားစုအတွက်ဖြစ်စေ၊ ပတ်ဝန်းအတွက်ဖြစ်စေ၊ လောကအတွက်ဖြစ်စေ၊ လုပ်နေရတဲ့အလုပ်မှာ အဆင်ပါစေ၊ အေးချမ်းပါစေ၊ ပျော်ရွှင်ကြပါစေတဲ့ဆို စိတ်ကလေးပြောင်းပြီး စေတနာနဲ့ လုပ်ပေးလိုက်တဲ့အခါ ကိုယ့်အတွက် ကံအကျိုးပေး ကောင်းတာ အပိုဆုအဖြစ်ရလိုက်တာပေါ့။ စိတ်ကလေး ပြောင်းလိုက်နိုင်တာနဲ့ စိတ်ထားကောင်းရင် ကံကောင်းလာပါလိမ့်မယ်။🙏
, HNLP RSMT

မျှော်လင့်ချက်ဆန္ဒအားကြီးမားလာတဲ့အခါမှာ ......လက်ရှိအနေအထားကို မေ့ပြီး ( လက်မခံနိုင်ပဲ အလိုမကျမှု၊ အားမရမှုတွေ ဖြစ်ပြီး ...
09/01/2026

မျှော်လင့်ချက်ဆန္ဒအားကြီးမားလာတဲ့အခါမှာ ......
လက်ရှိအနေအထားကို မေ့ပြီး ( လက်မခံနိုင်ပဲ အလိုမကျမှု၊ အားမရမှုတွေ ဖြစ်ပြီး မငြိမ်းချမ်းမှုကို ဖြစ်စေတယ်)။

ကျမတို့မှာ နေစရာ ရှိတယ်၊ စားစရာ အစားအသောက်ရှိတယ်၊ သုံးဖို့အတွက် ငွေကြေးအသင့်အတင့်ရှိတယ်၊ မိသားစုနဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေတွေ ပိုင်ဆိုင်ထားတယ်။ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်တဲ့ အခိုက်တန့်လေးတွေကိုလည်း ပိုင်ဆိုင်ထားတယ်။

လက်ရှိပိုင်ဆိုင်ထားတဲ့ ကောင်းခြင်းတွေကို မေ့ပြီး စိတ်မှာ ပူလောင်မှုတွေ ဖြစ်မိတယ်။ ငါ့ရဲ့ဆန္ဒ ဘာကြောင့်
မပြည့်ဝသေးတာလဲ? ငါဘာလို့ မဖြစ်သေးတာလဲ? မရသေးတာလဲ? ဆိုတဲ့ ဖြစ်ချင်တဲ့ ၊ရချင်တဲ့ ဆန္ဒတွေ ၊မျှော်လင့်ချက်တွေ ကြီးမားတဲ့အခါ လက်ရှိပိုင်ဆိုင်ထားတဲ့ ကောင်းခြင်းတွေကို မေ့ပြီး စိတ်မှာ ပူလောင်မှုတွေ ဖြစ်လာတယ်။

စိတ်မှာ ပူလောင်မှုတွေ ဖြစ်လာပြီဆိုရင်.....ကိုယ့်ရဲ့စိတ်လေးငြိမ်းအေးနေဖို့အတွက် မျှော်လင့်ချက်ကြီးလွန်းတာကို သတိနဲ့ ဆင်ခြင်ပြီး နေ့စဉ် ကိုယ်ပိုင်ဆိုင်ထားတဲ့ ကောင်းခြင်းတွေကို ပြန်ရေတွက်ရမယ်။

ကိုယ်လုပ်နေတဲ့ တန်ဖိုးရှိတဲ့ အလုပ်တွေရဲ့ ကောင်းခြင်း တွေကို အသိမှတ်ပြုပြီး ကျေးဇူးတင်ပေးရမယ်။

ကိုယ်က ရလဒ်ကို အာရုံမစိုက်ပဲ လုပ်ရပ်ကိုသာ အာရုံစိုက်ပြီး လုပ်စရာရှိတာကို ဖြည်းမှန်မှန်လေး လုပ်နေနိုင်လိုက်မယ်ဆိုရင် ကျေနပ်မှုနဲ့အတူ ငြိမ်းအေးမှုလေးရလာပါလိမ့်မယ်။
, HNLP RSMT

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Tr Zin Myo - personal development Expert posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category