U HLA MIN

U HLA MIN Mingalar par

😍😍
08/01/2026

😍😍

🙏🙏🙏
17/12/2025

🙏🙏🙏

😍😍😍
16/11/2025

😍😍😍

22/10/2025
🙏🙏🙏
22/09/2025

🙏🙏🙏

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မြန်မာကျောင်းတွင် အခြေပြုလျက် ဘုရားဖူးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဘုရားဖူးအဖွဲ့ပိုင်ရှင်များသို့ အသိပေးအကြောင်းကြားခြင်း

ဗုဒ္ဓဂယာ မြန်မာကျောင်းတွင် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ပါသဖြင့် အချိန်ကြာမြင့်စွာ လုပ်ငန်းလည်ပတ်ခြင်းမရှိ‌သော ဘုရားဖူးအဖွဲ့များအနေဖြင့် မိမိတို့ ယူထားသော အခန်းများ၊ ပစ္စည်းသိမ်းဆည်းသည့် သေတ္တာများကို မည်သို့ ဆောင်ရွက်ရမည်ကို ယနေ့မှ ၁၅ရက်အတွင်း အသိပေးအကြောင်းကြားကြပါရန်နှင့်
အကြောင်းကြားခြင်းမရှိသော အခန်းနှင့် သေတ္တာများ၊ ပစ္စည်းများအား သင့်လျှော်သလို ရှင်းလင်းမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်သည်။

ဘုရားဖူးအဖွဲ့အချင်းချင်းလည်း အသိပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

ဆက်သွယ်ရန်
ဦးယော - +919631745988၊ +919934432830 (မူလဦးတေ) နံပတ်များသို့ viber, what's app များမှတဆင့် ၎င်း၊ FB messenger မှ၎င်း ဆက်သွယ် အကြောင်းကြားကြပါရန်။

ကိုယ်တန်ဖိုးထားရတဲ့သူထဲမှာကိုယ်ကိုယ်တိုင်လည်း ပါပါစေ"... ကိုယ်လေးစားအားကျရတဲ့သူတွေထဲမှာကိုယ်ကိုယ်တိုင်လည်း ပါပါစေ"...ကို...
22/09/2025

ကိုယ်တန်ဖိုးထားရတဲ့သူထဲမှာ
ကိုယ်ကိုယ်တိုင်လည်း ပါပါစေ"...

ကိုယ်လေးစားအားကျရတဲ့သူတွေထဲမှာ
ကိုယ်ကိုယ်တိုင်လည်း ပါပါစေ"...

ကိုယ်ချစ်ရတဲ့သူတွေထဲမှာ
ကိုယ်ကိုယ်တိုင်လည်း ပါပါစေ"...

ကိုယ့်ကိုယ်ကိုယ်ချစ်ခင်လေးစားတန်ဖိုးထားမှ
အများကလည်း ကိုယ့်အပေါ်ချစ်ခင်လေးစားတန်ဖိုး
ထားမှာပါ။

အရာရာကို ကိုယ်ကိုယ်တိုင်က စတင်မှ
ကိုယ့်ဘေးမှာရှိတဲ့အရာရာတိုင်းက ပြောင်းလဲသွားမှာပါ။
ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ မမေ့ပါနဲ့" . . .


My sons ❤️
04/08/2025

My sons ❤️

မင်းဒုက္ခရောက်နေတာတောင်မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့ ။ဘယ်သူကမှ မင်းကို ကူညီဖို့ တာဝန်ရှိမနေပါဘူး ။မင်းရဲ့အခက်အခဲတွေ...
13/06/2024

မင်းဒုက္ခရောက်နေတာတောင်
မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့ ။
ဘယ်သူကမှ မင်းကို ကူညီဖို့ တာဝန်ရှိမနေပါဘူး ။

မင်းရဲ့အခက်အခဲတွေ အကြပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလား လို့
အပြစ်မတင်ချင်ပါနဲ့ ။

ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့
လူလာဖြစ်နေကြတာ မဟုတ်ဘူး။

မင်း အထီးကျန်တယ် အဖော်မပြုရကောင်းလားလို့
မနာကျည်းလိုက်ပါနဲ့ ။

မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း၊ မိတ်ဆွေရင်း၊ အဖော်မွန်စစ်
ပါချင်ပါလာမယ် ။ မပါချင် မပါဘူး ။

လမ်းခုလတ်က လှည့်ထွက်သွားတာလည်း
ဖြစ်ချင်ဖြစ်မယ် ။

သေချာတာ ကိုယ် သွားချင်တဲ့လမ်း
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ ။

မင်းဒုက္ခရောက်နေတာတောင်
ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက် ။
ဘယ်သူမှ မရှိဘူးလား
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ။

ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက် ။
မချစ်တော့ဘူးလား
လွတ်လပ်ခွင့်ပေးလိုက် ။

သူတစ်ပါး စိတ်နှလုံးအိမ်ထဲမှာ
နေရာတစ်ခုရဖို့ဆိုတာ
မင်း တောင်းဆိုလို့ မရဘူး ။

တစ်ဖက်က ပေးသလောက်ပဲ မင်းနေရမယ် ။
ကျေနပ်တာ မကျေနပ်တာ မင်းကိစ္စပါ ။
ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာမဟုတ်ဘူး။
ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေလေ ။

ထွေထွေထူးထူး ကြေကွဲမနေနဲ့ ။

crd

မြန်မာတွေဟာ ဘာလို့ ဇရာကို စောစောစီးစီး အရှုံးပေးနေရတာလဲ ?ဘောလိဝုဒ်မင်းသား အမီရ်ခန်း (PK) အသက် ၅၀ ကျော်နေပြီခုထိ လူငယ်အခန...
04/04/2024

မြန်မာတွေဟာ ဘာလို့ ဇရာကို စောစောစီးစီး အရှုံးပေးနေရတာလဲ ?

ဘောလိဝုဒ်မင်းသား အမီရ်ခန်း (PK) အသက် ၅၀ ကျော်နေပြီ
ခုထိ လူငယ်အခန်း ရိုက်ကောင်းနေတုန်း
Gym ဆော့ကောင်းတုန်း
ဗလကလဲ လူငယ်တွေနဲ့ ယှဉ်လို့ရတယ်

ရှရွတ်ခန်းဆိုရင် ဒွေးနဲ့ခေတ်ပြိုင်တောင်မဟုတ်ဘူး
ဒွေးထက်စောတယ်
ဒွေးသေလို့ အရိုးဆွေးနေပြီ
ရှရွတ်ခန်းက ခုထိမင်းသားခန်းရိုက်နေတုန်း

ဦးကျော်ဟိန်းနဲ့ ခေတ်ပြိုင်
အမီတာဘဂျမ်းတို့၊ ဟောလိဝုဒ်က ဘရုဝီလီတို့ ဆိုရင်လဲ အက်ရှင်ကားတွေ သန်သန်မြန်မြန်သရုပ်ဆောင်နေတုန်းပဲ
တို့ဘကြီးဘုန်းကြီးကတော့ တော်တော်အိုစာသွားတယ်

ဇရာဆိုတာက
ငါအိုပြီဆိုပြီး သံဝေဂရနှလုံးသွင်းလိုက်တော့မှ ရောက်လာတာ မျိုးဖြစ်မယ်

ခင်မောင်တိုး၊ ကိုငှက်၊ စိုင်းထီးဆိုင်တို့ရဲ့ သီချင်းအသစ်တွေ နားမထောင်ရတော့ဘူး
သူတို့နဲ့ သက်တူရွယ်တူလောက်တွေဖြစ်မယ့် အမေရိကန် ကန်းထရီးစတားကြီးတွေ
ဘလိတ် ရှယ်တန် ၊ ဂျော့စထွစ်၊ ရန်ဒီထရားဗစ် တို့ကတော့ သီချင်းအသစ်တွေ ထွက်တုန်း
One man Show တွေ
Live Tour တွေနဲ့ ကဲကောင်းတုန်းရှိသေးတယ်

သူတို့က အသက် ၄၀ မှ ဘဝစတယ်လို့တွေးတယ်
ကိုယ်တွေဆီမှာက အသက်၄၀ ဆိုရင်အဖိုးကြီး ဖြစ်ပြီတွေးတယ်

ကျန်းမာရေးလဲ ဂရုမစိုက်ကြဘူး
လေ့ကျင့်ခန်းလဲ မလုပ်ကြဘူး
အသက် ၃၀ ကျော်အများစုက ဗိုက်ပူနေပြီ
၃၀ ကျော်ရင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အသည်း ရောဂါ တစ်ခုခုဝင်ချင်နေပြီ

အစားအသောက် ၊ ကျန်းမာရေး လေ့ကျင့်ခန်း၊ အရက် ၊ မူးယစ်ဆေးဝါး ၊
ဇရာအပေါ် ရှု့မြင်ပုံတွေကွာသွားတာဖြစ်မှာပဲ

မြန်မာအစားအစာတွေက သိတဲ့အတိုင်းပဲ
ကမ္ဘာကိုတင်ပို့လို့မရဘူး
ဓာတ်ခွဲစစ်လိုက်ရင် တစ်ခုခုတော့ ငြိနေတာပဲ
ကျနော်တို့စားနေတာ ၉၀% က အဆိပ်တွေ

နေ့တိုင်း ရဆော့သင့်တဲ့ Gym ကို သူဌေးတွေ ဇိမ်ခံတာလိုလို ဘာလိုလို ထင်နေကြတယ်
မန်ဘာကြေးအကုန်မခံနိုင်ရင် ကိုယ့်ဘာကိုယ်လဲ အိမ်မှာလုပ်လို့ရတာပဲ
YouTube မှာ ၈မိနစ်လေ့ကျင့်ခန်းတွေ အများကြီး ရှိတယ်
တစ်နေ့ ရှစ်မိနစ်လောက်အပင်ပန်းခံရုံနဲ့
ယွကျားဆိုရင် Six pack ဖြစ်မယ်
မိန်းခေးဆိုရင် ကိတ်လာမယ်
လေ့ကျင့်ခန်း အမြဲလုပ်မယ်ဆိုရင် ကြွက်သားသန်မာမှုကို အနည်းဆုံး အသက်၇၀ လောက်ထိ ထိန်းထားလို့ရတယ်
ကြွက်သားတွေသန်မာရင် အသက် ၉၀ ထိ ခါးမကိုင်းဘူး

အရက်ကတော့ တန်ဆေးလွန်ဘေးပဲ
အများစုကတော့ တစ်ခွက်မူးပြီးရင် မထိန်းနိုင်တော့ ဘူး
ဆက်ဆွဲပြီ အရက်တစ်ပက်ကိုချေဖို့ အသည်းက ၄နာရီနဲ့ ခြောက်နာရီကြား အလုပ်လုပ်ရတယ်တဲ့
တစ်နေ့နှစ်ပက်လောက်ပဲ သောက်သင့်တယ်

မူးယစ်ဆေးကတော့ အနုပညာသမားတွေ အကြိုက်ပဲ
ဖန်တီးမှု ပိုစျာန်ဝင်တယ်ထင်ရတာပေါ့
အမှန်တော့ စိတ်က illusion ဖြစ်တာပါ
ဂျော့စတစ် တို့လို အဆိုတော်ကြီးတွေ အဖိုးကြီး ဖြစ်တဲ့အထိ မူးယစ်ဆေးမသုံးဘဲ သီချင်းကောင်းတွေ ဖန်တီးပြနေတုန်းပဲ

ဇရာကိုရှု့မြင်ပုံမှာ မြန်မာတွေဟာ တော်တော်ကဲတယ်
အသက် ၁၆ နှစ် ကလေးတွေက သူတို့ကိုယ်သူတို့ လူကြီးဖြစ်ပြီထင်နေတယ်
အသက် ၃၀ ကျော်ကို ဦးလေးအရွယ်ထင်နေတယ်
၄၀ ကျော်ရင်တော့ အဖိုးကြီးပဲ
သွားပြီ တရားစခန်းပဲ ဝင်ရတော့မလိုလို
ဘုန်းကြီးပဲ ဝတ်ရတော့ မလိုလို

အမှန်ကအသက် ၁၆ နှစ်က ၂၅ နှစ်အရွယ်က ချာတိတ်လေးတွေပဲ ရှိသေးတာ

၂၅ နှစ်က ၄၀ အထိက လူငယ်
၄၀ မှ လူတစ်ယောက် ဘဝစတာ
၄၀ မှ လူလတ်ဖြစ်တာ
၄၀ ကနေ ၆၀ အထိလူလတ်
၆၀ ကနေ ၈၀ အထိမှ လူကြီး
၈၀ နဲ့ ၉၀ ၁၀၀ ကြားကိုမှ အဘိုးကြီး အဘွားကြီး ခေါ်တာ

တကယ်တော့ အသက်အရွယ် ဇရာဆိုတာလဲ
ကိုယ်က အရှုံးပေးမှ ကိုယ့်ဆီရောက်လာတာ

အသက် ၆၀ မှာ ကာယဗလ ကစားပြီး အသက် ၇၀ မှာ အကောင်းဆုံးကြွက်သား Performance ရတဲ့ ကာယဗလ မောင်တောင် ရှိတယ်

မြန်မာအများစု ရဲ့ Body Building က အစွန်းရောက် နေတယ်

၃၀ ကျော် ယောက်ကျားတွေက ကိုယ်ဝန်သည်လို ဗိုက်ပူရင်ပူ မပူရင် ရှုနာရှိုက်ကုန်း လေထိမခံ ရေထိမခံဖြစ်နေတယ်

၃၀ ကျော်မိန်းမတွေက အိမ်ထောင်ကျပြီးရင် ဝက်လို၊ ရာဝင်အိုးလို၊ တိုင်ကီလိုဖြစ်လာတယ်

သွေးတိုး၊ နှလုံး၊ ဆီးချို ၊ အသည်းခြောက် စသဖြင့် နာတာရှည်ဖြစ်တော့ ဆရာဝန်တွေကို ပိုက်ဆံပေးရတာပဲ မဟုတ်လား

အဲ့ဒီပိုက်ဆံတွေကို ရောဂါမဖြစ်ခင်
အစားအစာကောင်းကောင်းတွေ ရွေးချယ်စားသောက်၊
ကျန်းမာရေးအတွက် အားကစားပစ္စည်းတွေဝယ် ၊ Gym အတွက်သုံးတော့ Body Building အတွက် ပိုမကောင်းဘူးလား
အရက်တွေ၊ ဘီယာတွေ ၊ဆေးလိပ်တွေ လျှော့သောက်တော့ ကလေးပညာရေး အသုံးစရိတ် ပိုရတာပေါ့
အားလပ်ရက်ခရီးထွက်မယ့် ပိုက်ဆံပိုထွက်လာတာပေါ့

နိုင်ဂျံဂါးက အဖိုးကြီးတွေရဲ့ သီချင်းအသစ်တွေ ထွက်တိုင်း မနာလိုဘူး
ဦးထီးတို့၊ ဦးဌက်တို့၊ ဦးခင်မောင်တိုးတို့ သီချင်းသစ်တွေ နားထောင်ချင်တယ်
လွမ်းလဲ လွမ်းတယ်
ခင်ဗျားတို့ ကိုယ့်ကျန်းမာရေး ကိုယ် ဘာလို့ဂရုမစိုက်တာလဲဆိုပြီး ကြိမ်နဲ့လဲ ရိုက်ချင်စိတ်ပေါက်တယ်

ကိုယ့်လူမျိုး ကိုယ်အသက်ရှည်စေချင်တယ်
ကိုယ့်အနုပညာရှင်တွေကို အသက်ရှည်စေချင်တယ်

ကျနော်နားလည်တဲ့ အမျိုးသားရေးက အဲ့လို

(ကာယဗလဆိုတာ အရွယ်မရွေးဘူး)

#ပြန်လည်မျှဝေသည်။

လူတစ်ယောက်အပေါ်မှာမေတ္တာထားချင်ရင်ကောင်းကွက်လေးတွေကို ရှာကြည့်။ဆိုးကွက်တွေ သွားမကြည့်နဲ့။လူဆိုတာ အကောင်းအဆိုး ရောနေတာပဲ။...
04/04/2024

လူတစ်ယောက်အပေါ်မှာ
မေတ္တာထားချင်ရင်
ကောင်းကွက်လေးတွေကို ရှာကြည့်။
ဆိုးကွက်တွေ သွားမကြည့်နဲ့။

လူဆိုတာ အကောင်းအဆိုး ရောနေတာပဲ။
ဘယ်သူမှ အကောင်းချည်း မရှိဘူး။
ဘယ်သူမှ အဆိုးချည်းလည်း မရှိဘူး။

ကောင်းကွက်ကိုရှာ မေတ္တာကိုပွားဆိုတာ
"ယောနိသော မနသီကာရ"ကို ပြောတာ။
ကောင်းကွက်ကို ရှာမတွေ့နိုင် ရင်
မေတ္တာ မပွားနိုင် ဘူး။

မေတ္တာမပွားနိုင် ရင်
ချက်ချင်း ဘယ်သူ ဒုက္ခ ဖြစ်လဲဆိုရင်
ကိုယ့်ရဲ့ နှလုံးပူလောင် ခံရတယ်။

ငရဲ ကျမှာတွေ နောက်ထား၊ရုပ်ဆိုးမှာတွေ နောက်ထား၊
ကိုယ်အရင် ဒုက္ခ ဖြစ်တာပဲ။

(ပါမောက္ခချုပ်ဆရာတော်ကြီး)
ဒေါက်တာနန္ဒမာလာဘိဝံသ

Address

Yangon
11101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959965134477

Website

Alerts

Be the first to know and let us send you an email when U HLA MIN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to U HLA MIN:

Share