14/06/2016
မြန်မာနိုင်ငံသား ကယ်ဗင်ရန်းဟာ ၂၀၁၄ ခုနှစ် ကတည်းက စတင် ကျင်းပခဲ့တဲ့ မြန်မာဂီတပွဲတော်မှာ နှစ်စဉ် ပါဝင်တင်ဆက်ခဲ့ပါတယ်။ ယခုဆိုရင် ကယ်ဗင်ရန်း ဟာ အမေရိကန်နိုင်ငံ Missouri Western University မှာ ပထမနှစ် တက်ရောက်ပညာသင်ကြားနေပြီး မကြာသေးမီက ကျင်းပခဲ့တဲ့ ကျောင်းတွင်း Concert ပြိုင်ပွဲမှာ ပထမဆုနဲ့ အနိုင်ရရှိခဲ့ပါသေးတယ်။ ငယ်စဉ်ကတည်းက စန္ဒယားတီးခတ်တာကို ၀ါသနာပါခဲ့တဲ့ ကယ်ဗင်ရန်းဟာ မန္တလေးဇာတိဖြစ်ပါတယ်။ ယခုလို နိုင်ငံတကာမှ နာမည်ကျော်ဂီတပညာရှင်တွေနဲ့တန်းတူ ပါဝင်ဆင်နွှဲမယ့် ကယ်ဗင်ရန်း အကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာ အူရီဒူးမြန်မာမှ ဖော်ပြပေးလိုက်ရပါတယ်။