01/03/2024
လူတိုင်းသိထားသင့်တဲ့ စက်ဘီး အမျိုးအစား (၉) မျိုး
ကမ္ဘာပေါ်မှာ ပထမဆုံးစက်ဘီးကို ၁၈၁၇ ခုနှစ်မှာ ဂျာမန်က ပညာရှင်တစ်ဦးဖြစ်တဲ့ Karl von Drais စတင်တီထွင်ထုတ်လုပ်ခဲ့ပြီး ခြေနင်းတွေမပါပဲ သွားရတဲ့ ပုံစံမျိုးဖြစ်တဲ့ အတွက် “ Swiftwalker “ ဆိုပြီး နာမည်ရလာခဲ့ပါတယ်။
အခုနောက်ပိုင်းမှာတော့ စက်ဘီးတွေက ရည်ရွယ်ချက်အမျိုးမျိုးအတွက် ပုံစံအမျိုးမျိုး ထွက်ရှိလာခဲ့ကြပြီး ယခု ပြောပြပေးသွားမှာကတော့ လက်ရှိမှာ လူတွေစီးနေကြတဲ့ စက်ဘီးအမျိုးအစား (၉) မျိုးအကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
၁။ Road Bike
Road Bike တွေက ကတ္တရာလမ်းပေါ်မှာစီးဖို့ အတွက်ပဲထုတ်ထားတာပါ။ တစ်ခြားဘီးတွေလည်း လမ်းပေါ်မှာ စီးလို့ရပေမယ့် ဒီ Road Bike တွေက တစ်ခြားစက်ဘီးတွေထက် ပိုမြန်ပြီး လမ်းမပေါ်မှာပိုအဆင်ပြေပြေနဲ့ စီးနိုင်ဖို့ထုတ်လုပ်ထားတာပါ။
ဒီစက်ဘီးတွေက Mountain Bike တွေနဲ့ Utility Bike တွေလောက်တာယာမကြီးပဲ တာယာသေးသေးလေးတွေပဲ ပါပါတယ်။ သူ့မှာ Drop Handlebar ပါရှိပြီး စီးတဲ့သူတွေအနေနဲ့ ခန္တာကိုယ်ကို ရှေ့ကိုညွန့်လို့ရအောင် လုပ်ပေးထားပြီး ဒီစက်ဘီးရဲ့ Frame ကလည်း Aluminium နဲ့ပြုလုပ်ထားတာများတဲ့ အတွက် ပေါ့ပေါ့ပါးပါးရှိပြီး လျင်မြန်မှုကိုပဲ ဦးစားပေးထားတာပါ။
ဒီစက်ဘီးတွေ စီးမယ်ဆိုရင် အလေးတွေ ပစ္စည်းတွေ တင်တာမျိုးလုပ်လို့မရပဲ လမ်းကြမ်းတဲ့ နေရာတွေလည်း စီးလို့မရပါဘူး။
၂။ Mountain Bike
Mountain Bike တွေကတော့ လမ်းကြမ်းတွေမှာ စီးဖို့နဲ့ တောင်တက်တောင်ဆင်းတွေမှာ စီးဖို့အတွက် ရည်ရွယ်ပြီး ထုတ်ထားတာဖြစ်ပါတယ်။ ဒီစက်ဘီးမှာ အကြမ်းခံနိုင်အောင် Steel Frame တွေသုံးလေ့ရှိပြီး စီးရတာ သက်သောင့်သက်သာပိုရှိစေဖို့ Suspension ပါ ထည့်ပေးထားပါတယ်။
တစ်ချို့ ဘီးတွေမှာတော့ Suspension က အရှေ့မှာ တစ်ခုတည်းပဲပါလာတတ်ပြီး တစ်ချို့ဘီးတွေမှာတော့ အရှေ့ရောအနောက်ရောပါ Suspension ပါကြပါတယ်။ ဒီစက်ဘီးမှာ သုံးတဲ့ ဘီးတွေကလည်း Road Bike တွေထက်ပိုကြီးပြီး တာယာကလည်းထူပါတယ်။
ဒီဘီးတွေက တောင်တက်တွေ လမ်းမရှိတဲ့ နေရာတွေမှာ စီးလို့ပိုကောင်းပြီး လမ်းမပေါ်မှာ စီးချင်တယ်ဆိုရင်တော့ Road Bike တွေလောက်ကောင်းမှာ မဟုတ်ပါဘူး။
၃။ Hybrid Bike
ဒီစက်ဘီးတွေက Road Bike နဲ့ Mountain Bike နှစ်ခုကိုပြောင်းစပ်ထားတာမျိုးဖြစ်ပြီး Road Bike တွေလို ကတ္တရာလမ်းမပေါ်တွေမှာ စီးလို့ရသလို Mountain Bike တွေလို လမ်းကြမ်းတွေစီးဖို့လည်းအသုံးပြုလို့ရတဲ့ စက်ဘီးတွေပါ။ လမ်းမပေါ်စီးဖို့သုံးမယ်ဆိုရင် တာယာအသေးတွေတပ်ဆင်နိုင်ပြီး လမ်းကြမ်းအတွက် စီးမယ်ဆိုရင်တော့ တာယာအကြီးတွေကို ပြောင်းလဲတပ်ဆင်နိုင်မှာပါ။ ဒီစက်ဘီးမှာလည်း ရှေ့မှာ Suspension ပါလေ့ရှိပေမယ့် တစ်ချို့ဘီးတွေမှာတော့ ပါလေ့မရှိပါဘူး။ ဒီဘီးကတော့ နှစ်မျိုးလုပ်ဖို့ ပေါင်းထားတဲ့ ဘီးဖြစ်လို့ ကတ္တရာလမ်းအတွက်ပဲစီးမယ်ဆိုရင်တော့ Road Bike တွေကို ယှဥ်နိုင်မှာ မဟုတ်သလို လမ်းကြမ်းတွေ အတွက်ပဲ စီးမယ်ဆိုရင်လည်း Mountain Bike တွေကိုတော့ ယှဥ်နိုင်မှာ မဟုတ်ပါဘူး။
၄။ Folding Bike
Folding Bike တွေက နာမည်မှာပါတဲ့ အတိုင်းခေါက်လို့ရတဲ့ စက်ဘီးတွေပါ။ ဒီစက်ဘီးတွေက ပေါ့ပေါ့ပါးပါးလည်းပိုရှိပြီး နေရာအရမ်းမယူကြပါဘူး။ ဒီစက်ဘီးတွေမှာ ပါတဲ့ ဘီးတွေက အချင်းသေးပြီး ကိုယ် မစီးတဲ့ အချိန်တွေမှာလည်း ခေါက်ပြီး သိမ်းထားလို့ရပါတယ်။
ဒီစက်ဘီးတွေကို ကျောင်းသွားကျောင်းပြန်နဲ့ ရုံးသွားရုံးပြန်လုပ်ဖို့အတွက် အသုံးများပြီး ဝေးတဲ့နေရာတွေကို မြန်မြန်ရောက်ချင်ရင်တော့ ဒီစက်ဘီးတွေက သင်နဲ့ ကိုက်မှာမဟုတ်ပါဘူး။
၅။ Cruiser Bike
ဒီစက်ဘီးတွေကတော့ သက်သောင့်သက်သာရှိဖို့အထိက ဦးစားပေးထားတဲ့ ဘီးတွေပါ။ ဒီဘီးတွေမှာ အပေါ်နည်းနည်းရောက်တဲ့ လက်ကိုင်နဲ့ ထိုင်ခုံကြီးကြီးတစ်လုံးပါပြီး မြေပြန့်အတွက်ပဲ စီးလို့အဆင်ပြေမှာပါ။ ဒီစက်ဘီးက အပျော်စီးရုံသက်သက်ပဲ ဖြစ်တဲ့ အတွက် အပေါ်က စက်ဘီးတွေလို ခရီးရှည်စီးတာဖြစ်ဖြစ် လမ်းကြမ်းတွေစီးတာဖြစ်ဖြစ်လုပ်လို့မရပါဘူး။
၆။ Fixed Bike
ဒီစက်ဘီးတွေကတော့ Velodrome လို့ခေါ်တဲ့ စက်ဘီး Track Race အတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီဘီးတွေကို အရိုးအရှင်းဆုံးပြုလုပ်ထားပြီး Gear တစ်ခုတည်းရှိတဲ့အပြင် Brake မပါပါဘူး။ ဒီစက်ဘီးသွားနေသ၍ ခြေနင်းကိုနင်းနေရမှာ ဖြစ်ပြီး စက်ဘီးကိုရပ်ဖို့ကလည်း ခြေနင်းကို အရှိန်လျော့သွားရမှာ ဖြစ်ပါတယ်။
၇။ BMX
ဒီဘီးတွေကတော့ Trick တွေ Stunt တွေပြဖို့ စီးကြတာဖြစ်ပြီး လမ်းမတွေပေါ်မှာ အချိန်အကြာကြီး စီးဖို့အတွက်ကတော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ Stunt တွေအတွက် ထုတ်ထားတာဖြစ်တဲ့ အတွက် အကြမ်းတော်တော်ခံတဲ့ စက်ဘီးလို့လဲပြောလို့ရပါတယ်။
၈။ Electric Bike
ဒီစက်ဘီးတွေက လျှပ်စစ်ဘီးတွေပါ။ ခြေနင်းနင်းလိုက်တဲ့ အချိန်မှာ လျှပ်စစ်မော်တာနဲ့ အရှိန်တင်ပေးနိုင်ပြီး တောင်ကုန်းအတက်တွေ အတွက် အပင်ပန်းခံစရာမလိုတော့ပါဘူး။ ဒီစက်ဘီးတွေက ဘတ်ထရီကိုတော့ အားသွင်းပေးရမှာပါ။ လျှပ်စစ်မော်တာနဲ့ ခြေနင်းကို လိုသလိုသုံးနိုင်ပြီး နောက်ပိုင်းမှာ တွေ့ရအများဆုံးစက်ဘီး တစ်ခုလည်းဖြစ်နေပါပြီ။
၉။ Utility Bike
ဒီဘီးကတော့ ဈေးသွားဈေးပြန်နဲ့ ကျောင်းသွားကျောင်းပြန်စီးလေ့ရှိတဲ့ စက်ဘီးတွေပဲဖြစ်ပါတယ်။ အပေါ်ကစက်ဘီးတွေလို အလေးအပင် မတင်နိုင်မှာ စိတ်ပူစရာမလိုပဲ စီးရတာလည်း သက်သောင့်သက်သာ ရှိပါတယ်။ ဒီဘီးတွေကို မြို့ပြမှာ အများဆုံးအသုံးပြုကြတဲ့ အတွက် City Bike လို့လည်းခေါ်ပါတယ်။
အခုလိုမျိုး စက်ဘီးနဲ့ပက်သက်တဲ့ အကြောင်းအရာများကို စိတိဝင်စားတယ်ဆို Page ကို Like & follow လုပ်ထားဖို့မမေ့နဲ့နော် နောက်လဲ စက်ဘီးနဲ့ပက်သက်ပီး သိချင်တဲ့အကြောင်းအရာများကို အမြဲတင်ပြပေးသွားဦးမှာပါ
စက်ဘီး ဝယ်ဖို့စဥ်းစားနေတယ်ဆိုရင် အောက်က link ထဲမှာ ဝင်ရောက်ကြည့်ရှုပေးသွားနော်
https://www.facebook.com/share/p/mP1sjCFtbBzzWU6N/?mibextid=Nif5oz