မြနမာဘောလုံးအေးဂျင့်

မြနမာဘောလုံးအေးဂျင့် 𝐈𝐛𝐞𝐭𝟕𝟖𝟗 / 𝟓𝟓𝟓𝐌𝐢𝐱 / 𝕭𝖆𝖙𝖒𝖆𝖓𝟔𝟖𝟖 /အပြင်ကြေး (ဘော်ဒီ) 𝐕𝐢𝐛𝐞𝐫-𝟎𝟗-𝟗𝟓𝟗𝟏𝟎 𝟗𝟖𝟎𝟎 // 𝟎𝟗- 𝟗𝟓𝟗𝟏𝟎 𝟗𝟕𝟎𝟎 📞 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 - 🚫𝕬𝖌𝖊𝖓𝖙 လက်ခွဲလုံးဝလုံးဝမပေးပါခင်ဗျာ။

⭐စကော့တလန်ကို ဂိုးပြတ်အနိုင်ယူပြီး  အုပ်စုဗိုလ်နဲ့တက်ကွာတားကိုတက်ရောက်သွားတဲ့....ဘရာဇီး⭐✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅ဘရာဇီးလ်အသင်းက...
25/06/2026

⭐စကော့တလန်ကို ဂိုးပြတ်အနိုင်ယူပြီး အုပ်စုဗိုလ်နဲ့တက်ကွာတားကိုတက်ရောက်သွားတဲ့....ဘရာဇီး⭐
✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅
ဘရာဇီးလ်အသင်းကတော့ အချိတ်အဆက်မိမိ ကစားပြပြီး တိုက်စစ်မှာလည်း ကွန်ညာ ဗင်နီ ရိုင်ယမ်တို့ ၃ ယောက်က တော်တော်လေးကို ကြောက်ဖို့ ကောင်းလှပါတယ်

ဗင်နီတစ်ယောက် ခြေစွမ်းဆက်တိုက်ပြနေပြီး ၃ ပွဲဆက် ဂိုးသွင်းယူထားသလို ကွန်ညာကလည်း ၂ ပွဲမှာ ၃ ဂိုးသွင်းယူထားပါတယ်

ကွန်ညာရဲ့ အကတွေကတော့ ကမ္ဘာ့ဖလားထိပါ ကူးစက်လာခဲ့ပါပြီ။

ဗီနီးရှပ်ဂျူနီယာရဲ့ သွင်းဂိုး ၂ ဂိုးအပါအဝင် ဘရာဇီးတို့ စကော့တလန်အသင်းကို ဂိုးပြတ်အနိုင်ကစားပြီး အုပ်စုပထမနေရာကနေ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါပြီ ။ ဗီနီးရှပ်ကတော့ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၄ ဂိုးအထိရယူထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ် ။ ဘောလုံးဝါသနာရှင်တွေ စောင့်မျှော်နေတဲ့ နေမာလည်း ပွဲချိန် ၇၅ မိနစ်မှာ လူစားဝင်ရောက်ကစားသွားခဲ့ပါတယ် ။ စကော့တလန်အသင်းကတော့ ၃ မှတ်နဲ့ အကောင်းဆုံးတတိယအသင်းတွေထဲ ပါဝင်သွားနိုင်ဖို့ မလွယ်ကူတော့ပါဘူး ။

၃၄ နှစ်အရွယ် နေမာကြီးကတော့ သူ့ရဲ့ the last dance အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီိးမှာ လူစားဝင်ကစားခွင့်ရသွားခဲ့ပါပြီ

မက်ဆီ ရော်နယ်ဒိုတို့နဲ့ တန်းတူ သတ်မှတ်ခံထားရတဲ့ နေမာအနေနဲ့ အခုလို ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ နောက်ဆုံးအနေနဲ့ ကွင်းထဲ ဝင်ကစားခွင့်ရရှိခဲ့အပြီးမှာတော့ ပွဲပြီးချိန်မှာ နေမာတစ်ယောက် ငိုကြွေးခဲ့ပါတယ်။

ဘရာဇီးဟာ ၃၂ သင်းအဆင့်မှာ နယ်သာလန် ၊ ဂျပန်တို့အထဲက တသင်းသင်းနဲ့ယှဉ်ပြိုင်ကစားသွားရမှာပါ ။

24/06/2026

ဒီခဝေးအသင်း တစ်သင်းထဲနဲ့ကွာ တစ်သင်းထဲ 🫠

24/06/2026

မင်းတို့ လူမို-က်စကားမပြောနဲ့နော် 🤣

24/06/2026

CR 7ကတော့ပြောနေတဲ့ပါးစပ် တွေကို ၂ဂိုးသွင်းပြီးမအိုသေးကြောင်း သက်သေပြလိုက်ပီုးဖြစ်ပါတယ်

*ပေါ်တူဂီ ၅-၀ ဥဇဘက်ကစ္စန်*

🏴󠁧󠁢󠁥󠁮󠁧󠁿 0 - 0 🇬🇭  ဂါနာရဲ့ YBS ခံစစ်ကို မကျော်နိုင်ဘဲ သရေတစ်မှတ်နဲ့ကျေနပ်လိုက်ရတဲ့  အင်္ဂလန် ✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅● ၂၀၂၆ ကမ္...
24/06/2026

🏴󠁧󠁢󠁥󠁮󠁧󠁿 0 - 0 🇬🇭 ဂါနာရဲ့ YBS ခံစစ်ကို မကျော်နိုင်ဘဲ သရေတစ်မှတ်နဲ့ကျေနပ်လိုက်ရတဲ့ အင်္ဂလန်
✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅
● ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်အဖြစ် အင်္ဂလန်နှင့် ဂါနာတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် အင်္ဂလန်အသင်းအနေဖြင့် ဂိုးမရှိသရေ (၀-၀) ရလဒ်ဖြင့်သာ အမှတ်ခွဲယူလိုက်ရပြီး မျှော်လင့်ထားသည့် အဖိုးတန် ၃ မှတ် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်ပါတယ်၊၊ ခရိုအေးရှားနှင့် အဖွင့်ပွဲတုန်းက တစ်ချက်ထိစနစ်ဖြင့် မြန်ဆန်လှပသော ကမ္ဘာ့အဆင့်ကစားကွက်ကို ဖော်ဆောင်ကာ အနိုင်ရခဲ့သော်လည်း၊ ယနေ့ပွဲတွင်မူ အင်္ဂလန်နည်းပြအနေဖြင့် ဂါနာအသင်းကို လျှော့တွက်ကာ လူစာရင်းကို လက်တည့်စမ်းခဲ့ခြင်းကြောင့် အရာအားလုံး ဆန့်ကျင်ဘက်ဖြစ်ပြီး လမ်းစပျောက်ခဲ့ရပါတယ်၊၊

● ထိုသို့ ပေါ့ဆခဲ့မှု၏ အကျိုးဆက်အဖြစ် ဂါနာအသင်းက ဂိုးရှေ့တွင် ရန်ကုန်က YBSကားကြီးတစ်စီးလုံးကို အပိုင်ပိတ်ရပ်ထားသကဲ့သို့ တံတိုင်းကြီးဆောက်ကာ အသက်လုခုခံသွားခဲ့ပါတယ်၊၊ ဂါနာအသင်းသည် သရေတစ်မှတ်ရရေးအတွက် ပြစ်ဒဏ်ဘော ပေါင်း (၂၄) ကြိမ်အထိ ကျူးလွန်ကာ ကွင်းထဲတွင် ခေါင်းပေါက်သူ၊ မျက်ခုံးရိုးကွဲသူသည်အထိ အကြမ်းပတမ်း ပိတ်စစ်ဖြင့် ကစားခဲ့ပါတယ်၊၊ အင်္ဂလန်နည်းပြသည် အခြေအနေ အကျပ်ရိုက်နေသော်လည်း မိနစ် ၆၀ ကျော်အထိ သွေးအေးစွာ စောင့်ကြည့်နေခဲ့ပြီးမှ ဆာကာ (၆၄ မိနစ်)၊ အိုရွိုင်လီ (၆၅ မိနစ်) တို့ကို လဲလှယ်ခဲ့ပြီး၊ ခရိုအေးရှားပွဲက ဂိုးသွင်းခဲ့သည့် မာကပ်စ် ရက်ရှ်ဖို့ဒ်ကိုမူ ပွဲချိန် (၈၂) မိနစ်ကျမှသာ ထည့်သွင်းခဲ့ ပါတယ်၊၊

● လူစားလဲပြီးနောက်ပိုင် တိုက်စစ်က ပိုမိုသွက်လက်လာပြီး ဂိုးပေါက်တည့်မှုများ ရရှိခဲ့သော်လည်း ဂါနာဂိုးသမားက လက်စွမ်းပြကာကွယ်သွားခဲ့သလို၊ ပွဲပြီးခါနီး အချိန်ပိုတွင်လည်း ဂိုးဘားတန်းကို မှန်ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို အသင်းခေါင်းဆောင် ဟာရီကိန်း၏ ပိတ်သွင်းပေမယ့် လွဲသွားတာကြောင့် အဖိုးတန်လှသည့် အနိုင်ဂိုးနှင့် လွဲချော်ခဲ့ရပါတယ်၊၊ ပွဲအပြီးတွင်တော့ ဂါနာအသင်းသားများအားလုံး ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အနိုင်ရရှိသွားသည့်အလား ကွင်းထဲတွင် တစ်ခဲနက် အောင်ပွဲခံခဲ့ကြပြီး၊ အင်္ဂလန်အသင်းအတွက်မူ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် ဖိကစားနိုင်ခဲ့သော်လည်း သရေ တစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။
#ဘောလုံးဗဟုသုတ

🇵🇹 5 - 0 🇺🇿  ဥဇဘက်ကို ၅ ဂိုးပြတ်ဖြင့် နိုင်ပြီး အဖိုးတန် ၃ မှတ် သိမ်းပိုက်လိုက်သည့် ပေါ်တူဂီ ✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅တစ်ကမ္ဘာလ...
24/06/2026

🇵🇹 5 - 0 🇺🇿 ဥဇဘက်ကို ၅ ဂိုးပြတ်ဖြင့် နိုင်ပြီး အဖိုးတန် ၃ မှတ် သိမ်းပိုက်လိုက်သည့် ပေါ်တူဂီ

✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅
တစ်ကမ္ဘာလုံးက ရော်နယ်ဒိုရဲ့ ပေါ်တူကီအသင်းကို စည်းလုံးမှု ပျက်ပြားနေတယ်ဆိုပြီး ဝေဖန်ပြီး သိပ်မကြာခင်မှာပဲ ရော်နယ်ဒိုရဲ့ ဦးဆောင်မှုနဲ့အတူ ပေါ်တူကီအသင်းကတော့ အကြမ်းစား ပြန်လာပြခဲ့ပါတယ်။
ရော်နယ်ဒိုက ၂ ဂိုးသွင်းနိုင်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့သလို မန်ဒက်စ်ကိုလည်း တစ်ကိုယ်ကောင်းမဆန်ပဲ ဖရီးကစ်ပေးကန်စေခဲ့ပါတယ်။
နူနို မန်ဒက်စ်ရဲ့ အမိုက်စား သွင်းဂိုးအပြီးမှာတော့ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ တုံ့ပြန်မှုကတော့ တကယ့်ကို ထူးခြားခဲ့ပါတယ်။

သူက "ဒါဟာ တကယ့်ကို ဉာဏ်ကြီးရှင်ဆန်တဲ့ ကစားကွက် ပဲ" ဆိုပြီး အားရပါးရ အော်ဟစ် အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

သူဟာ အဲ့ဒီ ပြစ်ဒဏ်ဘောကို သူကိုယ်တိုင်ပဲ ကန်သွင်းတော့မလိုမျိုး တစ်ကမ္ဘာလုံးက ပရိသတ်တွေ ထင်မှတ်မှားအောင် အရင်ဆုံး လှည့်စားပြခဲ့ပြီးမှ၊ နူနို မန်ဒက်စ် ကန်သွင်းနိုင်ဖို့အတွက် မသိမသာ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်

ပုံမှန်ဆို အဲ့ဒီနေရာမျိုး ဖရီးကစ် ကန်ခွင့်ရရင်
စီရော်နယ်ဒို ကန်ပြီးသားပဲ
တခြားကစားသမားပေးကန်ဖို့လား ဝေးသေးတယ်
ခါးကြီးထောက် အသက်ကို အရှည်ကြီးရှူသွင်းထုတ်ပြီး
ယုံကြည်ချက်အပြည့်နဲ့ ကန်ထည့်လိုက်မှာ
ဒါပေမဲ့ ဒီတကြိမ်မှာ စီရော်နယ်ဒိုက
သူကန်မလိုအားထုတ်ပြီးမှ အခွင့်အရေးပိုကောင်းတဲ့
ဘယ်သန် နူနူမန်ဒက်ကို ကန်ခိုင်းလိုက်တယ်
ဂိုးသွားတယ် အသင်းအတွက်လည်း 2 ဂိုးအသာရသွားစေလို့
ပိုကောင်းတဲ့ဆုံးဖြတ်ချက် ဖြစ်ခဲ့တယ်
တကယ်ဆို ရှေ့မှာ ပြိုင်ဘက်ကြီးတွေ ဂိုးတွေ အစီအရီသွင်းထားကြတာဆိုတော့ သူဂိုးတွေရသလောက်သွင်းပြဖို့လိုနေတာ
သူကိုယ်တိုင်လဲ သွင်းချင်နေမှာပါ ဒါပေမဲ့ အသင်းအတွက်
ပိုအကျိုးရှိမယ့်အရာကို ဦးစားပေးလိုက်တယ့
ဒါကိုကြည့်ပြီး စီရော်နယ်ဒိုဟာ သူ့မာနထက်
အသင်းအတွက် ပိုဦးစားပေးလာတတ်ခဲ့ပြီလို့
ချီးကျုးနေကြပါတယ်
ဒါ့အပြင် အသင်းမှာ မိမိရဲ့ ဖြစ်တည်မှုကို
စီရော်နယ်ဒို အရင်ကထက် ပိုနားလည်လာခဲ့ပြီလို့ ယူဆရပါတယ်
အထူးသဖြင့် နောက်တဆင့်တက်ရေး
အဆုံးအဖြတ်တွေဖြစ်လာတော့မယ့် အချိန်မှာ ချိန်သားကိုက်ဖြစ်လာတာဟာ စီရော်နယ်ဒို ရော ပေါ်တူဂီ အတွက်ရော သိပ်ကိုကောင်းတဲ့အရာပါ။

ဒါဟာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ ကမ္ဘာ့အဆင့် ဘောလုံးဉာဏ်ရည် (Football IQ) ကြီးပဲ ဖြစ်ပါတယ်။

ရော်နယ်ဒို မန်ဒက်စ် ရာဖေလီယိုတို့ရဲ့ ဂိုးတွေနဲ့ ၅ ဂိုးပြတ် အကြမ်းစား အနိုင်ယူပြလိုက်ပါပြီ ။

ဒုတိယပိုင်းမှာ ရိုနယ်ဒို ဂိုးတွေထပ်သွင်းဖို့ကြိုးစားခဲ့ပေမယ့် ကံမကောင်းခဲ့ပါဘူး ။ ဟက်ထရစ်ရလောက်တဲ့ အခွင့်အရေးတွေ ၃ ကြိမ်ထက်မနည်းရရှိခဲ့တာပါ ။ ဘာပဲဖြစ်ဖြစ် ရိုနယ်ဒိုအနေနဲ့ Uzbekistan ကို ၅-၀ နဲ့ နိုင်တဲ့ပွဲမှာ ၂ ဂိုးသွင်းယူပြီး ပေါ်တူဂီနဲ့ ကမ္ဘာ့ဖလားစံချိန်တခုစီကို ရယူသွားနိုင်ခဲ့ပါတယ် ။ ပေါ်တူဂီအသင်းလည်း ၄ မှတ်ရခဲ့ပြီဖြစ်တာကြောင့် ရှုံးထွက်အဆင့်အတွက် စိတ်မပူရတော့ပါဘူး ။

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးလည်း ဂုတ်ကြီးရော်နယ်ဒို ဂိုးသွင်းလိုက်မှပဲ ပြီးပြည့်စုံသွားတော့တယ်။

#ဘောလုံးဗဟုသုတ

23/06/2026

မက်ဆီ ရဲ့ခြေစွမ်းပြသွင်းဂိုးများနဲ့ ဩစတြီးယား ကိုအနိုင်ရရှိသွားတဲ့ အာဂျင်တီးနား
#ဂုတ်ကြီးမက်ဆီ 🐐ကတော့ Non-Stop ကိုသွင်းနေတော့ဒါဘဲ့နော့ ⚽️

*အာဂျင်တီးနား ၂-၀ ဩစတြီးယား*

23/06/2026

✅ရှုံးထွက်အဆင့်ကိုတက်ရောက်ခဲ့ပြီးနောက် ပရိသတ်တွေနဲ့အတူအောင်ပွဲခံနေကြတဲ့ နော်ဝေအသင်း 🇳🇴

ပြင်သစ်တိုက်စစ် ၃ ယောက်စလုံး ခြေစွမ်းပြသွားခဲ့ပွဲပါပဲ အိုလစ်ဆေးက ၂ ဂိုးဖန်တီးအမ်ဘာပေက ၂ ဂိုးသွင်းဒမ်ဘီလီက ၁ ဂိုးသွင်း ၁ ...
23/06/2026

ပြင်သစ်တိုက်စစ် ၃ ယောက်စလုံး ခြေစွမ်းပြသွားခဲ့ပွဲပါပဲ

အိုလစ်ဆေးက ၂ ဂိုးဖန်တီး
အမ်ဘာပေက ၂ ဂိုးသွင်း
ဒမ်ဘီလီက ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးသွားခဲ့ပါတယ်

ဒမ်ဘီလီအနေနဲ့ လုံးဝ တစ်ကိုယ်ကောင်းမဆန်ပဲ အမ်ဘာပေအတွက် ဖန်တီးပေးသွားတာက တကယ့်လေးစားစရာပါပဲ

အမ်ဘာပေကတော့ ၂ ဂိုးသွင်းပြီးတော့ မက်ဆီရဲ့ ဂိုးသွင်းစံချိန်ကို ဒီကမ္ဘာ့ဖလားမှာတင် လိုက်မှီဖို့ လုပ်နေပါပြီ

အကောင်းဆုံးကစားသမားအတွက် အကောင်းဆုံးစံချိန်များလီယွန်နယ်မက်ဆီကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စံချိန်မှတ်တမ်းကောင်းများစွာကိ...
23/06/2026

အကောင်းဆုံးကစားသမားအတွက် အကောင်းဆုံးစံချိန်များ

လီယွန်နယ်မက်ဆီကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စံချိန်မှတ်တမ်းကောင်းများစွာကို တခုပြီးတခု ရယူလို့နေပါတယ် ။ ဂိုးသွင်းအများဆုံး ၊ နိုင်ပွဲအများဆုံး ၊ ပွဲစဉ်တခုချင်းအတွက်ရော ပြိုင်ပွဲတခုလုံးအတွက်ရဲ့ အကောင်းဆုံးဆုအများဆုံး ၊ ပွဲကစားမှုအများဆုံး စတဲ့စံချိန်ကောင်းတွေကို တဦးတည်းရယူထားသလို ကမ္ဘာ့ဖလား ၅ ကြိမ်ဆက်ဂိုးသွင်းနိုင်မှု ( ခရစ္စတီယာနိုနှင့် ) ၊ ကမ္ဘာ့ဖလား ၆ ပွဲဆက် ဂိုးသွင်းနိုင်မှု ( ယပ်စ်ဖွန်တိန် ၊ ဂျာဇင်ညိုတို့နှင့် ) ၊ ကမ္ဘာ့ဖလားဂိုးဖန်တီးမှုအများဆုံး ( မာရာဒိုနာနှင့် ) စတဲ့စံချိန်တွေကိုတော့ ပူးတွဲရယူထားပါတယ် ။ ဂိုးဖန်တီးမှုကတော့ ဖီဖာရဲ့ အချက်အလက်ရယူမှုအရ အနည်းငယ်ကွဲလွဲတာတွေ ရှိနေပါတယ် ။

ဒီအထဲက စံချိန်တချို့ဟာ သိပ်မကြာခင်မှာ ကျော်ြဖတ်ခံရနိုင်တယ် ။ အချို့စံချိန်တွေက ကမ္ဘာ့ဖလား ၂-၃ ကြိမ်လောက်အထိကြာဦးမယ် ။ အချို့စံချိန်တွေကတော့ စံချိန်သစ်ပိုင်ရှင်ကိုမြင်ရဖို့ အတော်ကြာအောင် စောင့်ရနိုင်ပါတယ် ။

စံချိန်မှတ်တမ်းတွေဆိုတာ ကျော်ဖြတ်နိုင်ဖို့ဖြစ်တည်လာတာပါ ။ ဒါပေမယ့် ဒီကနေ့တော့မဟုတ်ပါဘူး . . . ဒီကနေ့ကတော့ ဘောလုံးသမိုင်းတလျောက် အကောင်းဆုံးကစားသမားကို အကောင်းဆုံးပြိုင်ပွဲက အကောင်းဆုံးစံချိန်တွေနဲ့ ဂုဏ်ပြုတဲ့နေ့ပါပဲ ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when မြနမာဘောလုံးအေးဂျင့် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category