Chelsea Passion

Chelsea Passion For Business -Contact Viber number
09772716365 Chelsea သတင်းများတင်ဆက်ပေးသွားပါမယ်

"အာဆင်နယ်နဲ့ပွဲအမီ ပြင်ဆင်နိုင်မှဖြစ်မယ်"ရာသီကြိုခြေစမ်းပွဲတွေကို ဖယ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ဟာ နည်းပြဇာဘီအလွန်ဆိုရဲ...
31/08/2026

"အာဆင်နယ်နဲ့ပွဲအမီ ပြင်ဆင်နိုင်မှဖြစ်မယ်"

ရာသီကြိုခြေစမ်းပွဲတွေကို ဖယ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ဟာ နည်းပြဇာဘီအလွန်ဆိုရဲ့ ချယ်လ်ဆီးအသင်း တကယ်ကစားတဲ့ပုံစံကို ၃ ပွဲတိတိ မြင်ဖူးခဲ့ပြီးပါပြီ။ ပထမဆုံးကစားခဲ့တဲ့ ဖူဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲကနေစပြီး လူတန်တောင်းနဲ့ ကာရာဘောင်ဖလားပွဲ၊ အခုနောက်ဆုံး ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲတွေပေါ့။

ဒီပွဲစဉ် ၃ ပွဲမှာ မြင်တွေ့ခဲ့ရတာက ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်ဟာ နည်းပြဇာဘီအလွန်ဆိုလက်ထက်မှာ သိပ်ကိုကောင်းလွန်းတယ်ဆိုတာပါပဲ။ အခုလက်ရှိ ပရီးမီးယားလိဂ်အသင်းတွေထဲမှာတောင် ချယ်လ်ဆီးဟာ တိုက်စစ်အကောင်းဆုံးအသင်းလို့ သတ်မှတ်လို့ရတဲ့အထိ တကယ်တမ်းလည်း ကောင်းနေခဲ့တာပါ။ ပြိုင်ပွဲစုံ ၃ ပွဲမှာ ၉ ဂိုးထိ သွင်းယူထားတာက မဖြစ်မနေချီးကျူးရမယ့်အရာပါပဲ။

အဲ့လိုကြမ်းချင်တိုင်း ကြမ်းနိုင်အောင်လို့လည်း ကိုးလ်ပါးမား၊ ဂျာအိုပတ်ဒရိုနဲ့ မော်ဂန်ရော်ဂျာတို့က ချယ်လ်ဆီးအသင်းမှာ အသင့်ရှိနေကြပါတယ်။ ဒီ ၃ ယောက်လုံးက ပရီးမီးယားလိဂ် ၂ ပွဲမှာ ၂ ပွဲလုံးကို ဂိုးပါဝင်ပတ်သက်မှု အနည်းဆုံး ၁ ကြိမ် ယူထားကြတာပါ။ ဒါကတော့ ချယ်လ်ဆီးအသင်းရဲ့ အားရတဲ့အပိုင်းပေါ့။ အားရတဲ့အပိုင်းရှိသလို အားနည်းတဲ့အပိုင်းကလည်း ကပ်လျက်ပါနေတာကို တွေ့နေရတယ်။

ပလိုင်းပေါက်နဲ့ ဖားကောက်ဆိုသလို တိုက်စစ်က ဂိုးသွင်းပေမယ့် ခံစစ်က ဂိုးတွေပြန်ပေးနေရတယ်။ ရှေ့တန်းကလူတွေက ပေးဂိုးထက်များအောင် ဂိုးသွင်းနိုင်ခဲ့ကြလို့သာ ချယ်လ်ဆီးအသင်းက အနိုင်ရနေတာပါ။ ဒါကိုလည်း ဖူဟမ်ကို ၃-၂ နဲ့နိုင်တဲ့ပွဲ၊ ဘရိုက်တန်ကို ၄-၃ နဲ့ နိုင်တဲ့ပွဲတွေကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ ၂ ဂိုးပေးရတဲ့ ဆန်းချက်ဇ်မကြိုက်လို့ မာတီနက်ဇ်ခေါ်တော့လည်း ၃ ဂိုးပေးရတယ်။

၃ ဂိုးပေးလိုက်ရတယ်ဆိုပေမယ့် နောက်တန်းနဲ့ ကွင်းလယ်ကစားသမားတွေရဲ့ဟာကွက်ကနေပဲ ဂိုးတွေပေးလိုက်ရတာဆိုတော့ သူ့ကိုလည်း အပြစ်တင်လို့မရပါဘူး။ သူကယ်ခဲ့လို့သာ ချယ်လ်ဆီးအသင်းအနေနဲ့ အနိုင်ရခဲ့တာမလို့ နောက်ပွဲစဉ်တွေမှာ နိုင်ပွဲတွေရဖို့ဆိုရင်တော့ နောက်တန်းနဲ့ ကွင်းလယ်ကြားမှာ လွတ်နေတဲ့ space တွေကို အတတ်နိုင်ဆုံးပျောက်အောင် အရင်ဆုံးလုပ်ရပါတော့မယ်။ နောက်ပွဲကလည်း အာဆင်နယ်နဲ့ဆိုတော့ ချယ်လ်ဆီးအသင်းအနေနဲ့ အမှားတွေကို ကြိုတင်ပြင်ဆင်နိုင်မလားဆိုတာကတော့....


"အမှတ်ပြည့်ပေးရမယ့် ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့များ"နည်းပြဇာဘီအလွန်ဆိုကို ရလိုက်တာက ချယ်လ်ဆီးအတွက်တော့ ကံကောင်းခြင်...
30/08/2026

"အမှတ်ပြည့်ပေးရမယ့် ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့များ"

နည်းပြဇာဘီအလွန်ဆိုကို ရလိုက်တာက ချယ်လ်ဆီးအတွက်တော့ ကံကောင်းခြင်းပါပဲ။ သူရောက်လာတာနဲ့အတူ အသင်းပိုင်ရှင်တွေဟာလည်း အရင်လိုတယူသန်လို့မရတော့ဘူးဆိုတာကို သိလာခဲ့သလို နည်းပြတောင်းဆိုတဲ့အတိုင်း လိုက်လုပ်ပေးနေရပါပြီ။ ဒီနေရာမှာ ဇာဘီအလွန်ဆိုကို ချီးကျူးရမယ်၊ ချယ်လ်ဆီးကိုရောက်လာတဲ့ အချိန်ခဏလေးအတွင်း အသင်းရဲ့လိုအပ်ချက်တွေကို တိတိကျကျရှာဖွေနိုင်တယ်။

နောက်တန်းက ပြီးခဲ့တဲ့ရာသီတည်းက အတွေ့အကြုံရှိတဲ့လူတစ်ယောက်လိုနေခဲ့တယ်။ ဒါကို ချယ်လ်ဆီးပရိသတ်တွေ၊ နည်းပြတွေက သိပေမယ့် အသင်းပိုင်ရှင်တွေက လျစ်လျူရှုခဲ့တယ်။ ဒါကိုဇာဘီအလွန်ဆိုက ရအောင်လုပ်နိုင်ခဲ့တယ်။ နောက်တန်းလိုနေတဲ့ ချယ်လ်ဆီးဟာ ခရစ္စတယ်ပဲလေ့စ်က လခွားကို ရအောင်ခေါ်နိုင်ခဲ့တာမလို့ အခုအချိန်မှာ တော်တော်လေး အဆင်ပြေနေခဲ့ပါပြီ။

ကူကူရယ်လာ ထွက်မယ်ဆိုတော့လည်း ချားဗားရီယားကို ခေါ်ပြခဲ့တယ်။ ဂူစတိုက မန်စီးတီးနဲ့ သတင်းထွက်နေချိန်မှာ ဘယ်နောက်ခံရော၊ ညာနောက်ခံပါ ကစားနိုင်တဲ့ ပယ်လစ္စထရာကို ခေါ်ခဲ့ပြန်တယ်။ အသင်းကလူငယ်တွေများပြီး အသင်းကိုဦးဆောင်မယ့် ဝါရင့်ကစားသမား‌တွေ လိုနေတာကို သိတော့လည်း ဟန်ဒါဆန်နဲ့ ဝဲလ်ဘတ်တို့လို ဝါရင့်ကစားသမားတွေ ခေါ်ပေးလိုက်တယ်။

ဒီဘဲတွေက အသက်ကြီးလို့ ပွဲသိပ်မကန်နိုင်ရင်တောင် သူတို့ရဲ့အတွေ့အကြုံက ချယ်လ်ဆီးအသင်းက ချာတိတ်တွေအတွက် အဖိုးတန်တယ်။ ရီးရဲလ်မှာ သူတစ်လူ၊ ငါတစ်မင်း ကစားသမားတွေနဲ့ နည်းပြကြား ပါဝါပြိုင်ခဲ့ရတာကို ကြုံတွေ့ခဲ့ရတဲ့ ဇာဘီအလွန်ဆိုဟာ ချယ်လ်ဆီးအသင်းမှာ အဝတ်လဲခန်းတွင်း စည်းလုံးမှုရအောင် ဟန်ဒါဆန်နဲ့ ဝဲလ်ဘတ်ကို ခေါ်ပြခဲ့တာပါ။

ဒီဘဲကြီးတွေက ဘယ်လောက်ပဲ အသက်ကြီးကြီး အင်္ဂလန်သားတွေကြားထဲတော့ သူတို့အတွေ့အကြုံအရ respect ထားခံရတဲ့ လူတွေပဲမဟုတ်လား။ ဝဲလ်ဘတ်ဆိုရင် ခုချိန်ထိကို back up striker အဖြစ်ကစားလို့ရသလို ဒီလပ်၊ ဂီယူတို့ထက် အပုံကြီးသာတယ်။ ပြီးခဲ့တဲ့ရာသီက ဂါနာချိုလိုလူလိုတောင် နေရာပေးခဲ့ရတဲ့အထိ လိုအပ်နေတဲ့ ဘယ်ခြမ်းကို မော်ဂန်ရော်ဂျာနဲ့ ကောက်ဖြည့်ပေးလိုက်တယ်။

မော်ဂန်ရော်ဂျာနဲ့ ကိုးလ်ပါးမားက ငယ်သူငယ်ချင်းတွေဖြစ်လို့ သူရောက်လာတာနဲ့အတူ ကိုးလ်ပါးမားလည်း ပျော်ရွှင်နေပြီး အရင်ထက် ပိုကောင်းတဲ့ခြေစွမ်းမျိုး ပြနေတာကို မြင်ရတယ်။ အသင်းပိုင်ရှင်သစ်တွေ ရောက်လာပြီးတည်းက အဆင်မပြေတာ သိနေရက်နဲ့ မထိခဲ့တဲ့ ဆန်းချက်ဇ်ရဲ့ဂိုးသမားနေရာကိုလည်း မာတီနက်ဇ်နဲ့ အစားထိုးပြသွားတယ်။ ပွဲစဉ် ၁ ပြီးတည်းက မဟန်တာကိုသိတဲ့ အားနည်းချက်ကို ခဏလေးအတွင်း ဖြေရှင်းနိုင်ခဲ့တာပါ။

အသင်းကနေ အန်ဇိုထွက်ချင်နေတယ်။ သူ့နေရာကို အစားထိုးဖို့ မိုနာကိုက လာမင်းကာမရာကို အသင့်ချိတ်ထားတယ်။ မဟုတ်ရင်တောင် ဘာကိုက အသင်းမှာ အရန်သင့်ရှိတယ်။ ဒီလိုမျိုး အကွက်ကျကျသွားနေတဲ့ strategy တွေက ဇာဘီအလွန်ဆိုရောက်လာမှ ဖြစ်လာခဲ့တာမလို့ သူ့ကိုအရင်ဆုံး ချီးကျူးရမယ်။ ပြီးရင် ခေါင်းမမာတော့ပဲ ပြင်လွယ်ပြောင်းလွယ်လုပ်ပေးပြီး မလိုအပ်တဲ့လူတွေကို ဈေးကောင်းရအောင် ရောင်းထုတ်နိုင်တဲ့ အသင်းတာဝန်ရှိသူတွေကို ချီးကျူးရမယ်။

ခြုံပြောရရင် ချယ်လ်ဆီးအသင်းရဲ့ နွေရာသီအပြောင်းအရွှေ့လှုပ်ရှားပုံက အဝင်ရော၊ အထွက်ရော ကျေနပ်စရာကောင်းသလို ဥရောပဝင်ခွင့်မရချိန်မှာ ဒါတွေလုပ်ပြနိုင်ခဲ့တာမလို့ သေချာပေါက် အမှတ်ပြည့်ပေးရပါလိမ့်မယ်။


"မိသားစုအတွက် ချယ်လ်ဆီးကို စွန့်ခွာခဲ့သူတစ်ယောက်"ဂျွန်အိုဘီမီခေးလ် 🗣️ "မင်း တရုတ်မှာ ၈ နှစ်လောက် သွားကစားတုန်းက ပေါင်သန်...
30/08/2026

"မိသားစုအတွက် ချယ်လ်ဆီးကို စွန့်ခွာခဲ့သူတစ်ယောက်"

ဂျွန်အိုဘီမီခေးလ် 🗣️

"မင်း တရုတ်မှာ ၈ နှစ်လောက် သွားကစားတုန်းက ပေါင်သန်း ၁၅၀ တောင် ရခဲ့တယ်ဆိုတာ တကယ်ပဲလား?"

အော်စကာ 🗣️

"ငါရတဲ့ လစာအကုန်လုံးကို သီးသန့်အကောင့်တစ်ခုထဲပဲ ထည့်ထားတာ၊ တစ်ပြားမှတောင် ထုတ်မသုံးခဲ့ဘူး။ ငါတို့မိသားစုက ပွဲနိုင်ဆုကြေးတွေနဲ့တင် လောက်အောင်သုံးတာ၊ ဘာလို့ဆို ပွဲနိုင်ဆုကြေးတင်ကို နည်းတာမှ မဟုတ်တာ။ တရုတ်က ငါ့ကို ကမ်းလှမ်းချက်ပေးပြီး လစာပမာဏကို မြင်လိုက်ရတော့ ငါ ၂ ရက်ဆက်တိုက် အိပ်လို့တောင် မပျော်ဘူး"

"ငါ့မိန်းမက ငါ့ကိုပြောတယ် 'ရှင် ချဲလ်ဆီးမှာ ဆက်ကစားနေရင်း မနက်ဖြန် ခြေထောက်ကျိုးသွားရင် ဘာလုပ်မလဲတဲ့။ ငါတို့က ဘရာဇီးကလာတာ၊ မိသားစုကလည်း ကြီးတော့ ကမ်းလှမ်းချက်ကို လက်ခံလိုက်တယ်။ စစချင်းတုန်းကတော့ တရုတ်မှာ ၂ နှစ်၊ ၃ နှစ်လောက်ပဲ နေမယ်လို့ စိတ်ကူးထားတာ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ၈ နှစ်အထိ နေဖြစ်ခဲ့တာပေါ့"

အော်စကာဟာ ချယ်လ်ဆီးအသင်းကနေ ရှန်ဟိုင်းရှန်ဟွာအသင်းကို ပေါင်သန်း ၆၀ နဲ့ ပြောင်းသွားတုန်းက အသက် ၂၅ နှစ်ပဲ ရှိပါသေးတယ်။ကစားသမားဘဝ ထိပ်တန်းရောက်နေတဲ့အချိန်မှာမှ ချယ်လ်ဆီးအသင်းကနေ ထွက်သွားခဲ့တာပါ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ငွေနောက်လိုက်ခဲ့တာမလို့ အဲ့အချိန်တုန်းကတော့ တော်တော်လေးကို ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း အော်စကာက သူ့ရဲ့မိသားစုအတွက်ကြောင့် ဒီလမ်းကိုရွေးချယ်သွားခဲ့တာပါ။

အော်စကာဟာ တရုတ်မှာကစားခဲ့တဲ့ ၈ နှစ်အတွင်းမှာ ပေါင်သန်း ၁၅၀ ကနေ ၁၇၅ သန်းဝန်းကျင်အထိ ရခဲ့တယ်လို့ ဆိုကြပါတယ်။ အသင်းကနေ အခုလိုထွက်သွားခဲ့ပေမယ့် ချယ်လ်ဆီးအသင်းဘက်ကလည်း အော်စကာရဲ့ရွေးချယ်မှုကို နားလည်ပေးထားတာမလို့ အခုအချိန်ထိလည်း စက်တင်ဘာလ ၉ ရက်နေ့ရောက်ပြီဆိုတာနဲ့ အော်စကာအတွက် မွေးနေ့ဆုတောင်းကို နှစ်စဉ်တင်ပေးလေ့ရှိပါတယ်။

ချယ်လ်ဆီးဖန်တွေအတွက်တော့ အော်စကာဟာ အသင်းကထွက်သွားတဲ့တိုင်အောင် မေ့မရနိုင်တဲ့လူတွေထဲက တစ်ယောက်ပါပဲ။


"စတန်းဖို့ဒ်ဘရစ်ခ်ျကို အေးစက်စေနိုင်မလား"အရင်ကတော့ ဂိုးသွင်းပြီးတိုင်း Ice cold celebration နဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျတစ်ကွင...
30/08/2026

"စတန်းဖို့ဒ်ဘရစ်ခ်ျကို အေးစက်စေနိုင်မလား"

အရင်ကတော့ ဂိုးသွင်းပြီးတိုင်း Ice cold celebration နဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျတစ်ကွင်းလုံးကို အေးစက်သွားစေနိုင်တဲ့လူက ကိုးလ်ပါးမားတစ်ယောက်ပဲရှိခဲ့တာပါ။ ဒါပေမယ့် မော်ဂန်ရော်ဂျာ ရောက်လာတာနဲ့အတူ စတန်းဖို့ဒ်ဘရစ်ခ်ျကွင်းရဲ့အပူချိန်က အရင်ကထက် ၂ ဆ ပိုပြီးတော့ အေးစက်လာခဲ့ပါတယ်။ အဲ့အပြင်ကိုမှ အဆုံးသတ်ပိုင်း သွေးအေးလွန်းတဲ့ ဂျာအိုပတ်ဒရိုနဲ့ တွဲလိုက်တဲ့အခါမှာတော့ ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်က အေးစက်မှုအပြင် ကြောက်ရွံမှုကိုပါ ပြိုင်ဘက်တွေကို ပေးစွမ်းနိုင်ခဲ့ပါပြီ။

ဒီညအလှည့်ကျသူက ဘရိုက်တန်ပေါ့။ ဘရိုက်တန်ဆိုတာက သိပ်ပြီးတော့တောင် စာဖွဲ့ပြောနေစရာမလိုတဲ့အသင်း။ အသင်းပိုင်ရှင်သစ် ပြောင်းပြီးသွားတည်းက ချယ်လ်ဆီးကစားသမား ၅ ယောက်မှာ ၁ ယောက်လောက်က ဘရိုက်တန်က ခေါ်ထားတဲ့အထိကို ချယ်လ်ဆီးအသင်းရဲ့ အကယ်ဒမီလက်ခွဲအသင်းလို ဖြစ်နေခဲ့တာပါ။ ခုနက ‌အဆုံးသတ်ပိုင်း အေးစက်လွန်းပါတယ်ဆိုတဲ့ ဂျာအိုပတ်ဒရိုကလည်း ဘရိုက်တန်ကနေ ရောက်လာတာပဲမဟုတ်လား။

ဘရိုက်တန်ဟာ ချယ်လ်ဆီးအသင်းရဲ့ အဓိကထုတ်ကုန်ဖြစ်ပေမယ့် ဘယ်လောက်ထုတ်ထုတ် သူတို့လူစာရင်းကနေ မလျော့သွားတာကို တွေ့ရတယ်။ ပိုဆိုးတာက ချယ်လ်ဆီးနဲ့တွေ့တိုင်း သူတို့ကအသာရထားတာပါပဲ။ ချယ်လ်ဆီးက ဘရိုက်တန်ဆီကနေ လူတွေခေါ်နေပေမယ့် တကယ်တမ်းမှာ ဘရိုက်တန်ကပဲ ချယ်လ်ဆီးနဲ့တွေ့ရင် ပိုကောင်းနေတတ်တယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက် ချယ်လ်ဆီးဟာ ဘရိုက်တန်ကို မနိုင်ထားတဲ့အပြင် ဂိုးပြတ်ပါရှုံးထားပါသေးတယ်။

အတိအကျပြောရရင် ၂၀၂၅ ခုနှစ်တည်းက ချယ်လ်ဆီးဟာ မနိုင်ခဲ့တာဖြစ်သလို နောက်ဆုံး ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရာမှာ ရဂိုးက ၂ ဂိုးပဲရှိခဲ့ပြီးတော့ ၁၁ ဂိုးအထိကို ပြန်ပေးထားခဲ့ရတာပါ။ ဒါကြောင့်မလို့ ချယ်လ်ဆီးဟာ ဘရိုက်တန်နဲ့တွေ့တိုင်း ရုန်းကန်ခဲ့ရတဲ့အပြင် အနိုင်မရခဲ့တာကိုပါ သတိပြုရပါလိမ့်မယ်။ ဒါပေမယ့် ဒီရာသီတော့ မျှော်လင့်မိတာ အမှန်ပဲ၊ နည်းပြဇာဘီအလွန်ဆိုလက်ထက်မှာ ချယ်လ်ဆီးအသင်းရဲ့ကစားဟန်က ရင်ခုန်ချင်စရာကောင်းလာတယ်။

တိုက်စစ်က ကိုးလ်ပါးမား၊ ဂျာအိုပတ်ဒရို၊ မော်ဂန်ရော်ဂျာတို့ရဲ့ JP Rogers တိုက်စစ်အတွဲကို ဒီရာသီတော့ တော်တော်လေးမျှော်လင့်မိတယ်။ ဘရိုက်တန်ဟာ အက်စတွန်ဗီလာကိုတောင် အဖွင့်ပွဲမှာ ၄ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ဒီညမှာကစားမယ့်ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ မှတ်တမ်းဆိုးတွေကို JP Rogers တိုက်စစ်အတွဲက ချေဖျက်ပေးနိင်လိမ့်မယ်လို့လည်း ယုံကြည်ထားတယ်။ ညီအစ်ကိုတို့တွေရော ဒီညဘယ်လိုရလဒ်မျိုး ထွက်ပေါ်လာမယ်လို့ ထင်မိကြလဲဆိုတာ comment မှာ ခန့်မှန်းခဲ့ကြပါဦး။


"ဒီလပ်ကို ဂျင်းထည့်ရောင်းခဲ့တာလို့ ဘယ်သူပြောဦးမလဲ"အစ်ဆွစ်ခ်ျကနေ ပေါင်သန်း ၃၀ နဲ့ခေါ်ပြီး တစ်ရာသီအကြာမှာပဲ နော်တင်ဟမ်ကို ...
29/08/2026

"ဒီလပ်ကို ဂျင်းထည့်ရောင်းခဲ့တာလို့ ဘယ်သူပြောဦးမလဲ"

အစ်ဆွစ်ခ်ျကနေ ပေါင်သန်း ၃၀ နဲ့ခေါ်ပြီး တစ်ရာသီအကြာမှာပဲ နော်တင်ဟမ်ကို ပေါင် ၄၅ သန်း၊ အပိုဆုကြေး ၅ သန်းနဲ့ ဒီလပ်ကို ရောင်းလိုက်တော့ ပြိုင်ဘက်ပရိသတ်တွေက ချယ်လ်ဆီးတော့ နော်တင်ဟမ်ကို ဂျင်းထည့်လိုက်ပြီဆိုပြီး ထင်နေကြတာပါ။ ဒါပေမယ့် တကယ်တမ်းကျ သူတို့ထင်နေတဲ့ဂျင်းဟာ လီဗာပူးနဲ့ပွဲမှာတင် လူစားဝင်ရင်း အခက်တွေ့စေခဲ့ပါပြီ။

လီဗာပူးနဲ့ပွဲမှာ လူစားဝင်လာခဲ့တဲ့ ဒီလပ်က လက်ပစ်ဘောကနေတဆင့် နော်တင်ဟမ်ဖောရက်စ်အသင်း ပင်နယ်တီရအောင် ဖန်တီးပေးသွားခဲ့ပါတယ်။ လီဗာပူးအသင်းလည်း ဒီလပ်ကြောင့် ပင်နယ်တီပေးခဲ့ရတာမလို့ နောက်ကလိုက်ကစားခဲ့ရပြီး ချေပဂိုးပြန်သွင်းနိုင်ခဲ့လို့သာ သရေတစ်မှတ်ရသွားခဲ့တာပါ။ မဟုတ်ရင် ဒီလပ်ကြောင့် ပထမဆုံးရှုံးတဲ့အသင်းက လီဗာပူးဖြစ်သွားပါလိမ့်မယ်။

ပြောပါတယ်၊ ချယ်လ်ဆီးက ဂျင်းထည့်လိုက်တာ မဟုတ်ပါဘူးလို့ 🤣


"crypto deal တွေထဲ ဈေးအကြီးဆုံး ရင်ဘတ်စပွန်ဆာ"ချယ်လ်ဆီးအသင်းကတော့ ၃ ရာသီကြာမရခဲ့တဲ့ ရင်ဘတ်စပွန်ဆာကို ၄ ရာသီမြောက်မှာ ရလာ...
29/08/2026

"crypto deal တွေထဲ ဈေးအကြီးဆုံး ရင်ဘတ်စပွန်ဆာ"

ချယ်လ်ဆီးအသင်းကတော့ ၃ ရာသီကြာမရခဲ့တဲ့ ရင်ဘတ်စပွန်ဆာကို ၄ ရာသီမြောက်မှာ ရလာခဲ့ပါပြီ။ ၃ ရာသီကြာ မရခဲ့ပေမယ့် တခြားအသင်းတွေလို ယိုင်နဲ့မနေခဲ့ဘဲနဲ့ ရင်ဘတ်စပွန်ဆာမပါတဲ့ ဂျာစီအလန်းတွေကို ထုတ်ပြနိုင်ခဲ့တာကတော့ အမြတ်ပေါ့လေ။ အခုလက်ရှိမှာ ချယ်လ်ဆီးအသင်းရလိုက်တဲ့ ရင်ဘတ်စပွန်ဆာကတော့ crypto ကုမ္ပဏီတွေထဲ ဘောလုံးလောကမှာ အမြင့်ဆုံးစပွန်ဆာကြေးပါပဲ။

Crypto ကုမ္ပဏီတွေက အခုနောက်ပိုင်းမှာ ဘောလုံးလောကဘက် ချေဆန့်နေခဲ့သလို ရင်ဘတ်စပွန်ဆာ၊ နောက်ကျောဘက်စပွန်ဆာ၊ training kit စပွန်ဆာစသဖြင့် ရရင်ရသလို အသင်းကြီးတွေနဲ့ ပူးပေါင်းလာခဲ့ကြပါတယ်။ Crypto ကုမ္ပဏီတွေ စပွန်ဆာပေးဖူးကြတဲ့ထဲမှာ မန်ယူ၊ အင်တာ၊ အေစီ၊ အက်သလက်တီကို၊ ရိုးမား၊ လာဇီယို၊ ဗလင်စီယာတို့ ပါဝင်ခဲ့ကြပြီးတော့ ချယ်လ်ဆီးအသင်းကတော့ အခုအချိန်မှာ စပွန်ဆာရထားတဲ့ နောက်ဆုံးအသင်းပေါ့။

ချယ်လ်ဆီးအသင်းမတိုင်ခင် ဈေးအကြီးဆုံး crypto deal က အက်သလက်တီကိုအသင်းရဲ့ ရင်ဘတ်စပွန်ဆာဖြစ်ခဲ့ဖူးတဲ့ WhaleFin ဖြစ်ပါတယ်။ သူက ၂၀၂၂-၂၀၂၃ ရာသီမှာ စပွန်ဆာပေးခဲ့တာဖြစ်ပြီးတော့ တစ်ရာသီအတွင်း ယူရို ၄၂ သန်းအထိ အက်သလက်တီကိုဘက်က ပြန်ရခဲ့တာပါ။ ချယ်လ်ဆီးအသင်းရဲ့ ရင်ဘတ်စပွန်ဆာကတော့ အမေရိကန်အခြေစိုက် Circle Internet Group ဖြစ်ပြီးတော့ ခန့်မှန်းချေအရဆိုရင် အခုရာသီအတွက် ယူရိုသန်း ၈၀ နီးပါးရရှိမှာဖြစ်လို့ ဘောလုံးလောကရဲ့ crypto deal တွေထဲ အများဆုံးစပွန်ဆာကြေး ဖြစ်လာခဲ့ပါတယ်။


"မာရက်စ်ကာက ချယ်လ်ဆီးမှာလို လုပ်နေပြီ"ချယ်လ်ဆီးနည်းပြဟောင်း မာရက်စ်ကာ ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းကို ပြိုင်ဘက်အသင်းတွေ...
29/08/2026

"မာရက်စ်ကာက ချယ်လ်ဆီးမှာလို လုပ်နေပြီ"

ချယ်လ်ဆီးနည်းပြဟောင်း မာရက်စ်ကာ ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းကို ပြိုင်ဘက်အသင်းတွေထဲက တစ်သင်းအဖြစ်ရော၊ နည်းပြဟောင်းရဲ့အသင်းအဖြစ်ပါ စောင့်ကြည့်မိတယ်။ မာရက်စ်ကာဆိုတာကလည်း ချယ်လ်ဆီးနည်းပြဘဝမှာ အကောင်းနဲ့အဆိုးက ဒွန်တွဲနေတာကိုး။ အဲ့တော့ မန်စီးတီးမှာရော ဘယ်လိုဖြစ်မလဲပေါ့လေ။ သေချာတာတစ်ခုကတော့ ပရီးမီးယားလိဂ် စ တာ ၂ ပွဲရှိပြီ၊ သတိထားမိတာက မာရက်စ်ကာရဲ့ကစားပုံမှာ ဟာလန်းတစ်ယောက် တိုင်ပတ်တော့မယ်ဆိုတာပါပဲ။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ဟာလန်းက ၂ ဂိုးသွင်းပြီးမှ ဟာလန်းတိုင်ပတ်တော့မယ်ဆိုတော့ စာရေးသူတို့ ရူးများနေပြီလားလို့ ထင်မယ့်လူတွေ ရှိကောင်း၊ ရှိနိုင်တယ်။ ဒါဆိုရင် ဘာကြောင့် ဒီလိုပြောတာလဲ။ ဟုတ်တယ်လေ၊ ဟာလန်းက ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ၂ ဂိုးသွင်းသွားတယ်။ ပရီးမီးယားလိဂ်မှာ ၂ ပွဲကစား၊ ၂ ဂိုးသွင်းဆိုတာက သာမန်ပဲ။ တိုင်ပတ်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် သေချာကြည့်ရင် မာရက်စ်ကာရဲ့ ကစားကွက်ဟာ ပုံသေဆန်တယ်။ ကွင်းလယ်ကနေ build up စမယ်၊ တိုက်စစ်အတွက်ဆိုရင် တောင်ပံကစားသမားတွေကို ဘောလုံးပေးမယ်၊ တိုက်စစ် စ မရရင် နောက်တန်းကို ပြန်ပေးမယ်၊ အဲ့ကနေ ဂိုးသမားဆီပေါ့။

ဒီလိုမျိုးသွားတာများတယ်၊ မာရက်စ်ကာရဲ့ နည်းစနစ်မှာ တိုက်စစ်မှူးဆီ ဦးတည်ပြီးတော့ ကစားတာမျိုး မရှိသလောက် နည်းတယ်။ အခုမန်စီးတီးမှာမှ မဟုတ်ဘူး၊ ချယ်လ်ဆီးမှာတည်းကလည်း မရှိခဲ့ဖူးဘူး။ ကိုယ့်အသင်းရဲ့ နည်းပြဟောင်းဆိုတော့ ကိုယ်တိုင်မြင်ဖူး၊ တွေ့ဖူး၊ ခံစားဖူးနေတယ်။ အဲ့တာကြောင့်လည်း ဟာလန်းအတွက်က တော်တော်လေးတိုင်ပတ်တယ်။ ကွင်းလယ်ကနေ တောင်ပံကစားသမားတွေကို ပေးပြီဆိုရင် သူတို့တွေက အတွင်းချိုးဝင်နိုင်ရင် ဝင်၊ မဝင်နိုင်ရင် တောင်ပံဘက်ခြမ်းကို ထွက်ပြီးတော့ အမြင့်ဘောပေးပြီး ဖန်တီးရတယ်။ အဲ့တော့ ဟာလန်းအတွက် ခေါင်းတိုက်ဘောပဲ မျှော်လင့်စရာရှိတယ်။

အဲ့တာကြောင့်လည်း ပထမ ဘုန်းမောက်နဲ့ပွဲမှာ ဟာလန်းက ဂိုးပေါက်ပျောက်တယ်၊ ပရီးမီးယားလိဂ်ကို စရောက်တည်းက ဟာလန်းတစ်‌ယောက် အဖွင့်ပွဲမှာ ဂိုးပေါက်ပျောက်တာမျိုး မာရက်စ်ကာ ရောက်လာတော့မှပဲ ပထမဆုံးအကြိမ် ကြုံခဲ့ဖူးတာ။ အဲ့ပွဲမှာ ‌ဟာလန်းတစ်ယောက် တစ်ပွဲလုံးကစားတာတောင် ဘောလုံးကို ၂၆ ကြိမ်ပဲ ထိလိုက်ရတယ်။ အဲ့မတိုင်ခင် အာဆင်နယ်နဲ့ ကွန်မြူနတီဒိုင်းပွဲကြည့်ပြန်တော့လည်း ၅၃ မိနစ်မှာ ၇ ကြိမ်ပဲ‌ ဘောလုံးထိပြီး ဂိုးပေါက်ပျောက်ထားတယ်။ ညက ကစားတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း ၂ ဂိုးသွင်းခဲ့ပေမယ့် တစ်ပွဲလုံးကစားတာတောင် ၁၉ ကြိမ်ပဲ ဘောလုံးထိထားတာကို တွေ့ရပြန်တယ်။

ဒါတွေက ချယ်လ်ဆီးအသင်းမှာ ဂျာအိုပတ်ဒရိုတို့ ခံစားခဲ့ရတာနဲ့ အတူတူပဲ။ တောင်ပံကစားသမားတွေ၊ ကွင်းလယ်ကစားသမားတွေက ဘောလုံးထိချက်တွေများနေပေမယ့် တိုက်စစ်မှူးဆီကျ ဘောလုံးမရောက်နေတာတွေ၊ တောင်ပံကစားသမားတွေနဲ့ တိုက်စစ်ကို စ တာမလို့ အတွင်းချိုးမရရင် အမြင့်ဘောပဲပေးမှာသိတဲ့အတွက် ပြိုင်ဘက်နောက်တန်းတွေက ကိုယ့်တိုက်စစ်မှူးကို အသေကပ်ထားတာတွေကို ဟာလန်းတစ်ယောက် ခံစားနေရပါပြီ။ အဲ့တာကြောင့်လည်း ၂ ဂိုးသွင်းထားတာတောင် ဟာလန်းတစ်ယောက် သိပ်ပြီးတော့ မပျော်နေတာကိုလည်း တွေ့ခဲ့ရတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ သူရခဲ့တဲ့ဂိုးက ကျွန်တော်ရှေ့မှာ ပြောခဲ့သလို ခေါင်းတိုက်ဘောကို မျှော်ရင်းကနေ ခေါင်းတိုက်ဂိုး ရလာခဲ့တယ်။ ဒုတိယအလုံးဆိုလည်း ဖိုဒန်က ကန်ဖို့လုပ်နေတာ၊ သူမရတော့မှ ဟာလန်းကို ပေးတယ်။ ဒါပေမယ့် finishing ကောင်းသူပီပီ ထောင့်ကျဉ်းအနေအထားကို ဟာလန်းက ရအောင်သွင်းခဲ့လို့သာ ဒုတိယဂိုးထပ်ရတာပါ။ ဟာလန်းဟာ ဟာလန်းဖြစ်နေတာမလို့ ဘောလုံးထိချက်နည်းတာတောင် ၂ ဂိုးသွင်းယူနိုင်ခဲ့တယ်။ ဂျာအိုပတ်ဒရိုလည်း အဲ့လိုမျိုးပါပဲ။ ဒါပေမယ့် သေချာတာတစ်ခုကတော့ မာရက်စ်ကာရဲ့ကစားပုံဟာ ချယ်လ်ဆီးမှာအတိုင်း ဆက်ဖြစ်နေတာမလို့ ဒီတိုင်းသာဆက်သွားရင် ဟာလန်းတစ်ယောက် ဂိုးတွေနည်းသွားနိုင်တယ်၊ ဂိုးရရင်တောင် သိပ်ပြီးမပျော်နေတာမျိုးတွေ၊ အားမရဖြစ်နေတာမျိုးတွေကို ဆက်လက်မြင်တွေ့ရနိုင်ပါတယ်။


"ချယ်လ်ဆီး ကြမ်းသွားမှာကို ကြောက်ကြတယ်"ပြိုင်ဘက်အသင်း ပရိသတ်တော်တော်များများက ချယ်လ်ဆီးဆိုရင် ကျရှုံးဖို့ပဲ မျှော်လင့်နေ...
28/08/2026

"ချယ်လ်ဆီး ကြမ်းသွားမှာကို ကြောက်ကြတယ်"

ပြိုင်ဘက်အသင်း ပရိသတ်တော်တော်များများက ချယ်လ်ဆီးဆိုရင် ကျရှုံးဖို့ပဲ မျှော်လင့်နေကြတာပါ။ ဒါရဲ့နောက်ကွယ်မှာ အကြောင်းအရင်းက‌လည်း ရှိတယ်လေ။ အခုလက်ရှိမှာတောင်မှ ချယ်လ်ဆီးအသင်းဆိုတာ ဥရောပဖလားစုံသိမ်းဖူးတဲ့ ကမ္ဘာပေါ်က တစ်သင်းတည်းသော အသင်း၊ Club World Cup ပုံစံသစ်ရဲ့ အခုလက်ရှိကမ္ဘာ့ချန်ပီယံအသင်းမဟုတ်လား။ အဲ့တော့ ချယ်လ်ဆီးကြမ်းမှာကို ကြောက်ကြတယ်၊ ချယ်လ်ဆီးကြမ်းပြီဆိုရင် ဘယ်လိုမျိုးလဲဆိုတာ သူတို့ကိုယ်တိုင်အသိဆုံးကို။

ဘယ်လောက်ပဲ အသင်းလူစာရင်းချင်းကွာကွာ၊ ချယ်လ်ဆီးဆိုတာ ဖလားယူချင်ပြီဆိုရင် မရရအောင် ယူတတ်တဲ့အသင်း။ ခြေစွမ်းချင်း မယှဉ်နိုင်ရင်တောင် စိတ်ဓာတ်အားသာချက်နဲ့ ကစားတာက ပြိုင်ဘက်တွေကို လန့်စေခဲ့တာပါ။ အခုရာသီမှာ ချယ်လ်ဆီးအသင်း ဥရောပပွဲတွေမကန်ရတာကို သူတို့တွေလှောင်သာ လှောင်နေကြပေမယ့် တစ်ဖက်မှာလည်း ကပ်တိုးလေး ကြောက်နေကြတယ်။ မန်ယူလိုအသင်းတောင် ဥရောပပွဲမကန်ရတော့ ပြီးခဲ့တဲ့ရာသီက အဆင့် ၄ အတွင်း ဝင်ခဲ့တာလေ။

ဒါတောင်မှ မန်ယူမှာ အားနည်းချက်တွေ အများကြီးနော်။ အခုချယ်လ်ဆီးက မန်ယူလို မဟုတ်ဘူးလေ၊ လူစာရင်းချင်း ယှဉ်မလား၊ စိတ်ဓာတ်ချင်း ယှဉ်မလား၊ အကုန်အသာချည်းပဲ။ ဒီလိုအသင်းမျိုးက ပြည်တွင်းပြိုင်ပွဲတွေကိုပဲ အားစိုက်ရမှာဆိုတော့ တော်တော်များများက ထုတ်သာမပြောတာ ချယ်လ်ဆီးတော့ ဖလားတွေယူသွားရင် အခက်ဆိုပြီး တွေးနေကြတယ်။ ကိုယ့်ကောင်တွေကလည်း သူတို့လန့်လေ ပိုလုပ်လေပဲမဟုတ်လား။

ပါးမား၊ ဂျာအိုပတ်ဒရို၊ ရော်ဂျာတို့က ပရီးမီးယားလိဂ်ပွဲစဉ် ၁ မှာတင် သူတို့ကတိုက်စစ်အကောင်းဆုံးအသင်းဆိုတာကို နားလည်မှုရှိရှိကစားရင်း သက်သေပြခဲ့တယ်။ တိုက်စစ်ကဂိုးသွင်းပေမယ့် ချယ်လ်ဆီးက ဂိုးသမားလိုနေတာပါကွာလို့ စိတ်ဖြေလို့မဆုံးသေး မာတီနက်ဇ်လို ကမ္ဘာ့ချန်ပီယံဂိုးသမားကို ခေါ်ချပစ်လိုက်တယ်။ သွားရောပဲ၊ ဘယ်မလဲ ချယ်လ်ဆီးအသင်းရဲ့ အားနည်းချက်။ ရှေ့၊ လယ်၊ နောက်၊ ဂိုးနေရာကအစ လူစာရင်းတောင့်တင်းနေတယ်။

ဒီလူစာရင်းနဲ့ ပြည်တွင်းဖလားတွေပဲ ကန်ရမှာဆိုတော့ တကယ်လည်း ပြိုင်ဘက်တွေက ကြောက်နေကြတယ်။ အဲ့တော့ မစားရတဲ့ အမဲကို သဲနဲ့ပတ်ချင်ကြတာပေါ့။ မာတီနက်ဇ်ကို ခေါ်ဖို့သဘောတူညီမှုရပြီဆိုတာနဲ့ မာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ error များတဲ့ ဂိုးသမား၊ ဆန်းချက်ဇ်နဲ့ယှဉ်ရင် error 2 ကြိမ်ပဲ ပိုနည်းတဲ့ဂိုးသမားဖြစ်အောင် highlight လုပ်ပြီး ဖော်ပြခဲ့ကြတယ်။ ပြောချင်တာက မာတီနက်ဇ်လည်း အမှားများတယ်၊ မကောင်းပါဘူးပေါ့လေဆိုတာမျိုး ခံစားစေချင်ကြတာလေ။

ဒါပေမယ့် မာတီနက်ဇ်ဆိုတာ ဘယ်လိုဂိုးသမားလဲ လူတိုင်းအသိဆုံး။ ချယ်လ်ဆီးပြောင်းတော့မှပဲ ဆန်းချက်ဇ်နဲ့ သိပ်မကွာတဲ့ပုံစံမျိုး လာလုပ်နေကြတယ်။ အဲ့တာကြောင့်လည်း ပြောပါတယ်။ ပြိုင်ဘက်တွေ၊ မီဒီယာတွေက ချယ်လ်ဆီးကြမ်းသွားမှာကို သိပ်ကြောက်တာပါလို့။


"အန်ဇိုကိုလိုချင်ရင် ဈေးပိုပေးရတော့မယ်"ချယ်လ်ဆီးအသင်းကတော့ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ပြောင်းရွှေ့ကြေးကို တိုးမြှင့်သတ်မှတ်လိုက်...
17/08/2026

"အန်ဇိုကိုလိုချင်ရင် ဈေးပိုပေးရတော့မယ်"

ချယ်လ်ဆီးအသင်းကတော့ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ပြောင်းရွှေ့ကြေးကို တိုးမြှင့်သတ်မှတ်လိုက်ပါပြီ။ အရင်က ပေါင်သန်း ၁၂၀ နဲ့ခေါ်ရင် ရောင်းမယ်ဆိုပေမယ့် အခုအချိန်မှာတော့ ပေါင် ၁၃၅ သန်းအထိ အလိုရှိနေတာလည်း ဖြစ်ပါတယ်။ ဒါက အန်ဇိုဖာနန်ဒက်ဇ်ကိုခေါ်ဖို့ deadline နောက်ကျခဲ့တဲ့ မန်စီးတီးအသင်းကို မင်းတို့ဝယ်ချင်ဝယ်၊ မဝယ်ချင်နေလို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။

အရင်က ပေါင်သန်း ၁၂၀ နဲ့ခေါ်ရင် အန်ဇိုဖာနန်ဒက်ဇ်ကို ရနိုင်တယ်ဆိုပေမယ့် အခုအချိန်မှာတော့ လိုချင်တယ်ဆိုရင် ပိုပြီးပေးရတော့မှာပါ။ မန်စီးတီးအသင်းဟာ ကွင်းလယ်မှာ ကစားသမားတစ်ယောက် မဖြစ်မနေလိုတယ်ဆိုတာကို အာဆင်နယ်နဲ့ ကွန်မြူနတီဒိုင်းပွဲမှာ မြင်တွေ့ခဲ့ရပေမယ့် ချယ်လ်ဆီးအသင်းကိုကျ အထက်စီးဆန်ဆန်နေနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ တုန့်ပြန်ပုံကြောင့် အခုချိန်လောက်ဆိုရင် မန်စီးတီးအသင်း နောင်တရနေလောက်ပါပြီ။ ချယ်လ်ဆီးဘက်ကတော့ အန်ဇိုကိုရောင်းဖြစ်မယ်ဆိုရင် ဘုန်းမောက်အသင်းကနေ အဲလက်စ်စကော့ကို ပြန်ခေါ်ဖို့အတွက် အသင့်ပြင်ထားတယ်လို့လည်း သိရပါတယ်။


"မော်ဂန်ရော်ဂျာကြောင့် ခြေစွမ်းပိုကောင်းလာနိုင်မလား"ကိုးလ်ပါးမားက ဘယ်လောက်ပဲ အေးစက်တဲ့လူသားလို့ တင်စားနေပါစေဦး သူဟာ emot...
17/08/2026

"မော်ဂန်ရော်ဂျာကြောင့် ခြေစွမ်းပိုကောင်းလာနိုင်မလား"

ကိုးလ်ပါးမားက ဘယ်လောက်ပဲ အေးစက်တဲ့လူသားလို့ တင်စားနေပါစေဦး သူဟာ emotional ဆန်သူတစ်ယောက်ဆိုတာကိုတော့ မေ့လို့မရပါဘူး။ အထူးသဖြင့် သူနဲ့အဆင်ပြေတဲ့ ဂျက်ဆန်တစ်ယောက် ချယ်လ်ဆီးအသင်းမှာရှိနေချိန်မှာ ခြေစွမ်းပြခဲ့ပေမယ့် ဂျက်ဆန်မရှိတဲ့ ပြီးခဲ့တဲ့ရာသီမှာ ကိုးလ်ပါးမားရဲ့ခြေစွမ်းက တော်တော်လေးကို ကျဆင်းသွားခဲ့တယ်။ ဒါကဂျာအိုပတ်ဒရိုနဲ့ မဆိုင်ပေမယ့် ကိုးလ်ပါးမားဟာ အပေါင်းအသင်းမက်တယ်၊ အပေါင်းအသင်းရှိရင် ပျော်နေတတ်တဲ့လူဆိုတာကို ပေါ်လွင်စေခဲ့တာပါ။

အခုတော့ ဂျက်ဆန်ရဲ့နေရာမှာ မော်ဂန်ရော်ဂျာ ရောက်လာခဲ့ပါပြီ။ မော်ဂန်ရော်ဂျာဆိုတာက ကိုးလ်ပါးမားနဲ့ ချာတိတ်ဘဝတည်းက အတူတွဲကစားခဲ့တဲ့သူတစ်ယောက်၊ မန်စီးတီးအသင်းရဲ့အကယ်ဒမီမှာ အတူတူဖြတ်သန်းခဲ့ဖူးတာဖြစ်သလို ငယ်သူငယ်ချင်းလည်းဖြစ်ပါတယ်။ ဒါကြောင့်မလို့ မော်ဂန်ရော်ဂျာရောက်လာတာက ကိုးလ်ပါးမားအတွက် အရမ်းကို effective ဖြစ်စေနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူတွဲကစားရင် ခြေစွမ်းပိုပြတတ်တဲ့ ကိုးလ်ပါးမားတစ်ယောက် လာမယ့်ရာသီမှာ မော်ဂန်ရော်ဂျာနဲ့အတူ ဘယ်လောက်အထိ အတွဲအဖက်မိမိနဲ့ ချယ်လ်ဆီးအသင်းကို carry ပေးနိုင်မလဲဆိုတာ တစ်ချက်စောင့်ကြည့်သွားရပါမယ်။

ကိုးလ်ပါးမားရဲ့ အကောင်းဆုံး version ဆိုတာက ပြိုင်ဘက်တွေအတွက် ကြောက်ဖို့ကောင်းတာမလို့ ဒီရာသီမှာ အရင်က ကိုးလ်ပါးမားကို မြင်တွေ့ခွင့်ရမလားဆိုတာကတော့....


Address

Yangon
544-0001

Telephone

+959250126030

Website

Alerts

Be the first to know and let us send you an email when Chelsea Passion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chelsea Passion:

Shortcuts

Share