Manchester United - Myanmar

Manchester United - Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Manchester United - Myanmar, Sports Club, Yangon.
(270)

02/09/2026

Marcus Rashford ရဲ့ ဘောလုံးပါရမီနဲ့ အမြန်နှုန်းက သိပ်အငြင်းပွားစရာမရှိဘူး၊ တန်းတစ်ခုမှာ ရှိတယ်။ အဓိကပြဿနာက Inconsistency ခြေစွမ်းပုံမှန်မရှိတာနဲ့ ဘောလုံးမရှိချိန် ခံစစ်ကူလိုက်ပေးတာ၊ လိုက်လုတာစတဲ့ ကြိုးစားအားထုတ်မှု Work Rate နည်းတာပါပဲ။ အနာပေးလိုက်၊ ဆေးပေးလိုက်နဲ့ပဲ ကျနော်တို့ ရှေ့ဆက်ကြရပါဦးမယ်။


23/08/2026

မဟုတ်ဘူး မဟုတ်ဘူး 🥴🥴

#မန်ယူနိုက်တက်

10/07/2026

မန်ယူမှာတုန်းက အဲ့လောက်အပြေးသန်မှန်းမသိလိုက်ဘူး 😄

31/05/2026

ဘယ်လိုဘဲ လေတွေတိုက်ကြ နောက်ဆုံးမှာ ပုခုံးဖက်နှစ်သိမ့်ပေးဖို့ မင်းတို့အတွက် ငါတို့ရှိနေကြပါ။

#ညီအကိုတွေဒီလိုနေ


Man City 1-2 United (သုံးသပ်ချက်)ဒီတစ်ပွဲလုံးထဲကနေ Highlight လုပ်ဖြစ်ခဲ့တဲ့ အချက်အလက်နဲ့ Movement တချို့ ကိုအရင်ဆုံးပြော...
26/05/2024

Man City 1-2 United (သုံးသပ်ချက်)

ဒီတစ်ပွဲလုံးထဲကနေ Highlight လုပ်ဖြစ်ခဲ့တဲ့ အချက်အလက်နဲ့ Movement တချို့ ကိုအရင်ဆုံးပြောသွားပါမယ်။ Ten Hag က EPL နောက်ဆုံးပွဲမှာ Brighton ကိုအနိုင်ရခဲ့တဲ့ Tactical (ဗျူဟာ) နဲ့ပဲ ဒီပွဲကိုလည်းချဉ်းကပ်ခဲ့တာလို့သတ်မှတ်လို့ရပါတယ်။ Player Set Up မှာတော့ အပြောင်းအလဲတွေလုပ်ခဲ့တာတွေ့ရပေမယ့် Front Line နဲ့ United ရဲ့ Offensive Play Task တွေယူပေးရပုံမှာတော့ Brighton ပွဲကလိုပဲ Fernandes, Tominay တို့ကို First Option အဖြစ်ဆက်သုံးသွားပါတယ်။ သို့ပေမယ့် Man City ဟာ သေချာပေါက် Brighton လိုကစားခွင့်ရနိုင်မယ့် အသင်းမျိုးမဟုတ်တဲ့အတွက် ETH အနေနဲ့ Counter Attack- Direct Attacking ကိုလည်းလုပ်ခဲ့တယ်။ ဒီအတွက် Rashly ဟာ Line Up ပြန်ပါလာခဲ့ပြီး Garnacho က RW မှာပြန်ကစားရတယ်။ Amarabat x Mainoo Double Pivot ကိုဆက်ထားခဲ့ပြီး Case ရဲ့ RCB Position မှာ Varane က ဝင်ကစားခဲ့ပြီး ဒါဟာ Varane ရဲ့ United အတွက်နောက်ဆုံးကစားပေးတဲ့ပွဲလည်းဖြစ်ပါတယ်။

Bruno ကို False 9 Role ထားကစားတဲ့အခါ သိသိသာသာအလုပ်ဖြစ်နေစေတာက Out of Possession တွေမှာ Defensive Play အတွက် Impact ပိုဖြစ်တဲ့အချက်ပါ။ အဲ့ဒီ့နောက်မှာ Tominay လည်းရှိနေတဲ့အတွက် Low Block တို့ Double Defense Line တို့ ထားတဲ့အချိန်မှာ Back Line ရဲ့ ဖိအားလျော့သွားစေပါတယ်။ Offensive Play ဘက်ကကြည့်ရင်တော့ Performance က အားရစရာမျိုးရှိမနေပါဘူး။ ဂိုးရဖို့လည်း အခွင့်အရေးအများကြီးဖန်တီးနိုင်မှာမဟုတ်တဲ့အတွက် ရတဲ့အခွင့်အရေးတိုင်းကို ဂိုးအဖြစ်ပြောင်းနိုင်တာ ဒါမှမဟုတ် ထိရောက်တဲ့ Threat ဖြစ်ဖို့လိုတာ စတဲ့အပိုင်းတွေတော့ Details ပြန်ကြည့်ရပါလိမ့်မယ်။

ဒီပွဲမှာ United က အဲ့ဒီ့အပိုင်းကို အပြည့်အဝအသုံးချသွားနိုင်ခဲ့တယ်။ ဒါကြောင့်လည်း (2) ဂိုးရခဲ့တာဖြစ်ပြီး ဖလားလက်မဲ့ရာသီမဖြစ်အောင်ကာကွယ်သွားနိုင်ခဲ့တာ။ ကျန်တဲ့အပိုင်းတွေပြောရရင် Game Plan ကစလို့ Style of Play, ဘောလုံးပိုင်ဆိုင်မှု (Possession) စသဖြင့်ဒါတွေမှာတော့ Man City ကို ဒီ့ထက်ပိုပြီး ယှဉ်ကစားပြတာ၊ အသာစီးယူတာမျိုး မျှော်လင့်စရာမဟုတ်ပါဘူး။ United က ဆယ်စုနှစ်တစ်ခုနီးပါးလောက် တရိပ်ရိပ်ကျကျသွားနေတဲ့ အခြေအနေမှာ အစစအရာရာ Balance ဖြစ်နေတဲ့ Man City နဲ့က Level (4/5/6) လောက်ကွာပါတယ်။ ဆိုတော့ United က ရတဲ့ Chance မှာ ဂိုးယူနိုင်တာက အားသာချက်ဖြစ်ပြီး တခြားအပိုင်းတွေမှာ သူတို့ဒီပွဲကိုအစောကြီးထဲက ပြင်ဆင်လာတဲ့အတိုင်းပဲ တုံ့ပြန်သွားခဲ့တာပါ။

Possession (74%) နဲ့ ပွဲချိန်ရဲ့ (3) ပုံ (2) ပုံမှာ ဂိုးယူဖို့ ကြိုးပမ်းနေတဲ့ Man City က သူ့ Level နဲ့ကြည့်ပြီးမယ်ဆိုရင် အားရစရာမရှိပါဘူး။ Total Shots (19) ကြိမ်ရပြီး ဒီထဲမှာ Shots on Target (ဂိုးပေါက်တည့်မှု) က (4) ကြိမ်သာရှိတယ်။ ပြီးတော့ ဂိုးရနိုင်ချေ xG (1.31) per 90 ပဲရှိပြီး ခံစစ်အားပြုထားတဲ့ United ကဂိုးရနိုင်ချေ xG (1.53) per 90 ရှိပြီး ပိုများပါတယ်။ ဒီနိူင်းယှဉ်မှုအတွက် ဖြည့်ပြောရရင် United က ဒီပွဲမှာ Defensive Structure ပိုကောင်းလွန်းနေပြီး တည်ဆောက်ထားနိုင်လို့မဟုတ်ပဲ ပွဲအပေါ်အာရုံစူးစိုက်မှုကောင်းနေတာက အဓိက ကျပါတယ်။ ဘာကြောင့်လဲဆိုရင် United ဟာ တစ်ရာသီလုံး ဒီ Squad Depth ထဲကပဲ Player Rotation လုပ်နေရတာဖြစ်ပြီး အသင်းအတွက် တိုးတက်မှုအကြီးကြီးဖြစ်စေတဲ့ ကစားသမား၊ ပွဲအဖြေပြောင်းလဲပေးနိုင်တဲ့ကစားသမား ဆိုတာမျိုး မရှိထားပါဘူး။ ဆိုလိုတာက United သည် ဖလားမရတာတွေ၊ ကစားပုံမကောင်းတာတွေ ထက် အရင်ဆုံး ပြုပြင်သင့်တဲ့အချက်က ကစားသမားတွေရဲ့ ပွဲအပေါ်အာရုံစူးစိုက်မှုပါ။ အဖက်ဖက်မှာလိုအပ်ချက်တွေရှိတာမှန်ပေမယ့် လက်ရှိအသင်းရဲ့ကစားသမားအများစုဟာ သူတို့လုပ်နိုင်စွမ်းကို အမြဲတမ်းအပြည့်အဝမပေးခဲ့သလို ထိန်းကျောင်းထားနိုင်ခြင်းလည်းမရှိခဲ့ပါဘူး။ ရလာဒ်တွေရှုံးခဲ့ရင်တောင် ကြိုးစားရင်းနဲ့ရှုံးခဲ့တာထက် နေသာသလိုနေလိုက်တွေကြောင့် ပိုရှုံးရပါတယ်။ FA Cup Liverpool နဲ့ပွဲမှာဆိုရင် အသင်းလိုက်ကစားပုံမှာ မယှဉ်နိုင်ပေမယ့် နိုင်လိုစိတ်ပြင်းပြီး အာရုံစိုက် ကစားပေးတဲ့အတွက် Liverpool ကိုကျော်နိုင်ခဲ့သလို နောက်တစ်ဆင့် Semi-Final မှာ Coventry ကို (3) ဂိုးရပြီး တော်ရိရော်ရိဖြစ်သွားတာကြောင့် ပင်နယ်တီအထိရောက်သွားရတယ်။ EPL မှာလည်း ဒီလိုလုပ်ရပ်တွေကြောင့် ဆုံးရှုံးခဲ့တဲ့အမှတ်တွေမနည်းပါဘူး။

အဆုံးသတ်ရရင် ETH ရဲ့ အနာဂတ် လက်ရှိကစားသမားစုဖွဲ့မှု စျေးကွက်ထဲရှာထားပြီး တကယ်ရနိုင်မယ့်ကစားသမား စသဖြင့် United ရဲ့ အနာဂတ်ကိစ္စတွေက ပြောစရာအများကြီးရှိပါတယ်။ FA ဖလားယူပြီးရာသီသိမ်းနိုင်ခဲ့ပေမယ့် လာမယ့်နှစ် Plan က ရေရေရာရာ ပုံဖော်ထားနိုင်ခြင်းမရှိသေးတာကတော့ ဒီတစ်ရာသီလုံးပေးခဲ့ရတဲ့အချိန်နဲ့ယှဉ်ကြည့်မယ်ဆိုရင် မျှတမှုမရှိသေးပါဘူး။

United 3-2 Newcastle (Match Review)အိုးထရက်ဖို့ဒ် ရဲ့ နောက်ဆုံးပွဲက အပေါင်းလက္ခဏာဆောင်ခဲ့တာတွေအများကြီးရှိခဲ့ပါတယ်။ Newc...
16/05/2024

United 3-2 Newcastle (Match Review)

အိုးထရက်ဖို့ဒ် ရဲ့ နောက်ဆုံးပွဲက အပေါင်းလက္ခဏာဆောင်ခဲ့တာတွေအများကြီးရှိခဲ့ပါတယ်။ Newcastle နဲ့ ဒီနောက်ပိုင်းရင်ဆိုင်ခဲ့တဲ့ ရလာဒ်တွေကိုပြောရရင် United က အိမ်ကွင်း၊ အဝေးကွင်း မရွေး Fail ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက EPL နှစ်ကျော့စလုံး United မနိုင်ခဲ့သလို ဒီရာသီ ပထမအကျော့မှာလည်း ရှုံးထားပါတယ်။ EFL မှာလည်း Newcastle ကို (0-3) နဲ့ရှုံးပြီးထွက်ထားရတယ်။ Newcastle က တန်းပြန်တက်လာပြီးတဲ့နောက် တောက်လျှောက်မှာ Game Performance ရော Squad Depth ရော အများကြီးတိုးတက်လာတဲ့အသင်းပါ။ လက်ရှိ United Form နဲ့ Compression လုပ်မယ်ဆိုရင် Level ပိုမြင့်ထားပြီလို့တောင်ပြောလို့ရတယ်။

Newcastle က UEL ဝင်ခွင့်မျှော်လင့်စရာရှိနေတဲ့အတွက် Line Up မှာ Main Player အားလုံးနီးပါး ပါခဲ့ပြီး United ကတော့ ETH Setup လုပ်ချင်တဲ့ ပုံစံဖက်ကိုရွေးချယ်ပြီး ထုတ်သွားတာတွေ့ရတယ်။ ဒီပွဲက Pressure သိပ်မရှိတော့တာလည်းပါမယ်။ Amad, Mainoo တို့နဲ့ No.9 Role စစ်စစ်မပါပဲ Bruno ကို Striker Option လုပ်သွားပါတယ်။ In Game မှာ Tominay နဲ့ Bruno တို့ Switch လုပ်ပြီး False 9 Role ဆန်ဆန် ကစားသွားတာတွေ့ရတယ်။ Garnacho က RW ထက် LW မှာ Impact ပိုရှိတဲ့သူဖြစ်ပြီး သူ့ကိုလည်း ဒီ Position မှာပေးခဲ့သလို ဒီပွဲမှာ Counter Attack Only ကစားတာမဟုတ်တဲ့အတွက်လည်း ပိုပြီးအဆင်ပြေစေတာလို့ပြောလို့ရပါတယ်။

Result တင်နိုင်ခဲ့တာမဟုတ်ပဲ Style of Play မှာလည်း Pattern ကောင်းကောင်းနဲ့အလုပ်လုပ်ပြသွားနိုင်တယ်။ Build Up Phases တွေက အရမ်းကြီးအားရစရာကောင်းနေတာတော့မဟုတ်ပေမယ့် In Play ကနေ Chance Create တွေပိုလုပ်လာနိုင်ပြီး အထူးသဖြင့် Garnacho x Amad တို့ Wing Attempt တွေကအားရစရာဖြစ်ပါတယ်။ ဒါကလည်း Bruno ရဲ့ Drop Position မှန်ခဲ့တာတွေကြောင့် တစ်နည်းတစ်ဖုံပက်သက်မှုရှိတယ်။ Pressing Time နဲ့ Line Break Pass ဖမ်းတာတွေမှာ တစ်ရာသီလုံးခြုံကြည့်ရင် ဒီပွဲက အကောင်းဆုံးပါ။ Out of Possession Movement တွေကလည်း Defensive Structure အတွက်အများကြီးအထောက်အကူဖြစ်ခဲ့တယ်။

ဒီ Form က မဆိုးပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေထွက်ခဲ့သလိုပဲ ဒီ Squad က ဘယ်နှစ်ယောက်ကျန်မလဲဆိုတာမသိပါဘူး။ Varane, Martial တို့ကတော့ သေချာပေါက်ထွက်ပြီဖြစ်ပြီး မနေ့ကပွဲအပြီးမှာလည်း နူက်ဆက်သွားပါပြီ။ Evan, Amarabat တို့လည်း ဆက်ရှိမှာမဟုတ်ပါဘူး။ Amad, Mainoo တို့က United မှာဆက်မြင်ရဖို့ရှိပြီး Potential လည်းမြင့်တယ်ဆိုပေမယ့် Main Line Up အတွက်ရည်ရွယ်နိုင်တာမျိုးမဖြစ်သေးပါဘူး။ ဒါပေမယ့် Bench မှာနေရပြီး Back Up Plan လောက်ပဲထားရမယ့်အခြေအနေလည်းမဟုတ်လို့ အခုထက် Play Time ပိုရသင့်တဲ့ ကစားသမားမျိုးဖြစ်ပါတယ်။

ကိုယ့်ဘက်က မှန်နေရင် တောင်းပန်ဖို့ မလိုကြောင်း Jadon Sancho က သင်ပေးသွားတယ်။မန်ယူနိုက်တက်မှာ ဂျောင်ထိုးခံရတယ်၊လေ့ကျင့်ရေ...
08/05/2024

ကိုယ့်ဘက်က မှန်နေရင် တောင်းပန်ဖို့ မလိုကြောင်း Jadon Sancho က သင်ပေးသွားတယ်။

မန်ယူနိုက်တက်မှာ ဂျောင်ထိုးခံရတယ်၊လေ့ကျင့်ရေးပိတ်ခံရတယ်၊နောက်ဆုံး စားသောက်ခန်းနဲ့ ကားပါကင်တောင် သုံးခွင့်မရှိဆိုတဲ့ ပရိုမဆန်လွန်းတဲ့ နှိပ်ကွက်မှု့တွေပါ ခံရတယ်။

တောင်းပန်ရင် ပြန်ကစားခွင့်ပေးမယ်ဆိုဘဲ..
ဒီအပေးအယူက ရော်နယ်ဒိုရဲ့နောက်ဆုံးနေ့များမှာ ပညာပြခဲ့သလို ၁၀ မိနစ်ကစားခွင့်လား ၊ ၁၅ မိနစ်ကစားခွင့်လား..

အရည်အချင်းရှိသူတွေ အလွယ် ဒူးထောက်တာ ခများတို့တွေ့ဖူးလား
ကမ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာရော အားလုံးက ဒါဘဲရမယ်ဆိုပြီး လှန်ပြသွားကြတာကြီးဘဲ..

အကယ်၍ Erik Ten Hag ကိုသာ တောင်းပန်ခဲ့ရင် နှစ် (၃၀) အတွင်း အဆိုးဝါးဆုံး မန်ယူနိုက်တက်အသင်းရဲ့ အရန်ခုံပေါ်က ကစားသမားဆက်ဖြစ်နေမယ့်သူဟာ ..

ဒီနေ့မှာတော့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပြိုင်ဘက်အပေါ်ဖြတ်ကျော်မှု့အများဆုံးကစားသမားဆိုတဲ့ သမိုင်းဝင်စံချိိန်သစ်နဲ့အတူ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ အဓိက ကစားသမားအဖြစ် စင်ပေါ် ထင်ပေါ် နေခဲ့ပါပြီ။

ဂျွန်လ (၁) ရက်နေ့မှာ ဂျေဒန်ဆန်ချိူ အင်္ဂလန်ကို ပြန်လာပါတော့မယ်။

မန်ယူအသင်းထံတော့မဟုတ်ပါဘူး။ဝင်ဘလေကွင်းကြီးမှာ ချန်ပီယံလိဂ် ဖိုင်နယ်ကစားဖို့ပါ။

လိပ်ပြာမလုံတဲ့သူတွေကတော့ ခုထဲက အောင်းဖို့ ဂူရွေးနေလောက်ပါပြီ။

ကိုယ့်ဘက်က မှန်နေရင် တောင်းပန်ဖို့ မလိုကြောင်း Jadon Sancho က သင်ပေးသွားတယ်။

Bournemouth 2-2 United (Match Review)ဒီပွဲက Overall ပြောရရင်တော့ အစစအရာရာမှာ အသာစီးယူနိုင်ခဲ့ခြင်းလုံးဝမရှိခဲ့တဲ့ပွဲတစ်ပ...
14/04/2024

Bournemouth 2-2 United (Match Review)

ဒီပွဲက Overall ပြောရရင်တော့ အစစအရာရာမှာ အသာစီးယူနိုင်ခဲ့ခြင်းလုံးဝမရှိခဲ့တဲ့ပွဲတစ်ပွဲပါပဲ။ United အနေနဲ့ Ball Possession တစ်ခုမှာသာ (57%) နဲ့အနည်းငယ်ပိုသာခဲ့ရုံကလွဲပြီး ကျန်တာတော့ ထွေထူးပြောနေဖိုလည်းသိပ်မရှိပါဘူး။ Performance ပိုင်းနဲ့ Style of Play ကိုပြောရရင်လည်း ရှေ့ကမြင်ခဲ့ရတဲ့ဒီရာသီတောက်လျှောက် Fail ဖြစ်နေတဲ့ အတိုင်းပါပဲ။ Counter Threat တွေကိုဦးတည်မယ်ဆိုတဲ့ Tenhag ရဲ့ Game Plan ဟာလည်း အခုချိန်ထိရေရေရာရာပေါ်မလာခဲ့ပါဘူး။

အရင်ဆုံး Bournemouth လိုအသင်းနဲ့မှာတောင် ဘာတစ်ခုမှအသာစီးမယူနိုင်ခဲ့တဲ့အပိုင်းတွေကို Compare လုပ်ပြပါမယ်။ Ball Possession မှာ Bournemouth (43%) နဲ့ United (57%) ပါ။ xG (ဂိုးရနိုင်ချေ) Bournemouth (1.64) နဲ့ United (1.26), Total Shots Bournemouth (20) နဲ့ United 8 ကြိမ်ဖြစ်ပြီး On Target မှာဆိုရင် Bournemouth (5) ကြိမ်နဲ့ United ဟာ (2) ကြိမ်ပဲရှိခဲ့တာပါ။ ဒီနှစ်ကြိမ်မှာ တစ်ကြိမ်ဟာ Penalty ဖြစ်ပါတယ်။ Fouls ကျူးလွန်ခဲ့မှုမှာလည်း Bournemouth (13) ကြိမ်နဲ့ United (14) ကြိမ်ပါ။ ဆိုတော့ Stats/ Data တွေအရဒီလောက်အထိ Underperformance ဖြစ်နေတဲ့အသင်းကို နောက်ထပ်ဘာများမျှော်လင့်စရာရှိဦးမလဲဆိုတာ Highlight လုပ်ပြဖိုတောင်မလိုတော့ပါဘူး။

Hojlund ရဲ့သွင်းဂိုးတွေကိုပြီးခဲ့တဲ့လပိုင်းတွေမှာ ဆက်တိုက်ပြန်မြင်ခဲ့ရပေမယ့် ဒီနေရာမှာတစ်ခုသတိပြုရမှာက Hojlund ကိုယ်တိုင်ရုန်းပြီးမကစားနိုင်ရင် သူ့ရဲ့သွင်းဂိုးတွေလည်း ပျောက်သွားမယ်ဆိုတာပါ။ No.9 Role Player ကို Formation မှာ Set Up လုပ်ထားတဲ့ Tenhag အနေနဲ့ Offensive မှာဒါကို ပုံဖော်နိုင်မယ့် System ရော Game Plan ရောမလုပ်ထားနိုင်ပါဘူး။ ဒီပွဲမှာလည်း Bruno, Case, Maguire တိုလောက်သာ Work Rate ပြနိုင်ခဲ့ပြီး ဒီရာသီတစ်လျှောက်လုံးမှာ ပုံမှန် Form တစ်ခုရှိတယ်လို သတ်မှတ်ရနိုင်တာက Maguire တစ်ဦးသာ ပြစရာရှိပါတယ်။

LB Issue ဆိုတဲ့အကြောင်းပြချက်နဲ့ Bissaka ကို LB Position မှာ ထပ်သုံးလာခဲ့ပြီး ဒီပွဲမှာလည်း သူ့ရဲ့ Normal Work Rate မရခဲ့ပါဘူး။ ပြောရရင် Bissaka ဟာ RB မှာအခုထက်ပိုပြီး Impact ဖြစ်တဲ့ Player ဖြစ်သလို သူ့ရဲ့ Main Position ဟာလည်း RB မှာပါပဲ။ Defensive နဲ့ Offensive Balance မဖြစ်ဘူးဆိုတဲ့ကိစ္စကို ထောက်ပြကြပေမယ့် အခု LB မှာတွေ့ရတဲ့ Bissaka ဟာ သူ့ရဲ့အားသာချက်ဖြစ်ရမယ့်အပိုင်းပါ Form Out သွားတာတွေ့ရပြီး ဒါဟာ ရှေ့မှာလည်းမြင်ခဲ့ရပြီးပါပြီ။
လာမယ့်နွေရာသီ Transfer Window မှာ ကြီးကြီးမားမားအပြောင်းအလဲတွေကိုလုပ်ဖိုပြောကြပေမယ့် ပထမဆုံးစဉ်းစားသင့်တာက ဘယ်လို Profile ကိုအသင်းဆီခေါ်မလဲ Tenhag ကိုထုတ်ရင်ဘယ်သူ့ကိုတာဝန်ပေးမလဲဆိုတာထက် အသင်းရဲ့ လက်ရှိ Squad ထဲက ဘယ်သူတွေကိုအရင်ရှင်းမလဲဆိုတာကဦးစားပေးရမယ့်ကိစ္စလိုမြင်ပါတယ်။ နည်းပြအပြောင်းအလဲရော တစ်ဦးတစ်ယောက်ချင်း အသင်းဆီခေါ်ပြီးပြုပြင်နေတဲ့ကိစ္စရောဟာ ဖြတ်သန်းလာခဲ့တဲ့အချိန်ကာလနဲ့ပြန်ပြီးချိန်ဆကြည့်မယ်ဆိုရင် တိုးတက်လာတာရှိမနေခဲ့ပါဘူး။

United 2-0 Everton (Match Review)Penalty ဂိုးတွေက ဒီပွဲရဲ့ အဖြေဖြစ်ခဲ့တယ်လို့ပြောစရာရှိပေမယ့် ဒီ Penalty ရဖို့လုပ်လာတဲ့ ...
10/03/2024

United 2-0 Everton (Match Review)

Penalty ဂိုးတွေက ဒီပွဲရဲ့ အဖြေဖြစ်ခဲ့တယ်လို့ပြောစရာရှိပေမယ့် ဒီ Penalty ရဖို့လုပ်လာတဲ့ Attempt တွေကိုလည်းပြန်ပြီးအသိအမှတ်ပြုရမှာပါ။ Everton ကတော့ Rashly ရဲ့ဒုတိယဂိုးမပေးရခင်အထိ တောက်လျှောက် Open Play တွေနဲ့တိုက်စစ်ကိုတိုက်ရိုက်ပို့ပြီးကစားသွားပါတယ်။
ဒါကပဲ United အတွက်အကြိုက်တွေ့စရာဖြစ်ခဲ့တယ်လို့ပြောရမှာပါ။ Counter Attack ကို လွယ်လွယ်စလို့ရသွားစေပါတယ်။ United ရဲ့ Counter Attack တွေကိုတားဆီးတဲ့အခါ Everton ရဲ့ LB Position မှာကစားတဲ့ Mykolenko ဟာတော်တော်လေးလိုအပ်ချက်ရှိနေခဲ့တယ်။ Garnacho အနေနဲ့ Wing နှစ်ဖက်စလုံးကို Switch လုပ်ပြီးကစားနေတာကလည်း Man Marking ပြန်ပေးဖို့ခက်သွားပါတယ်။

United က On Paper ပေါ်မှာ (4-2-3-1) Formation နဲ့တွေ့ရပေမယ့် In Game မှာတော့ (4-4-1-1) (4-3-3) Patterns တွေနဲ့ကစားသွားတာမျိုးဖြစ်ပါတယ်။ ဒီပွဲမှာ Rashly ကို No.9 Role မှာသိပ်မတွေ့ရပဲ သူ့ရဲ့အားသန်တဲ့ Main Position LW မှာပဲ Inverted Winger ပုံစံယူသွားပါတယ်။
ဒီနောက်ပိုင်း Onana ရဲ့ Shot Stopping Awareness ကလည်းတဖြည်းဖြည်းတိုးတက်လာတာတွေ့ရတယ်။ Defensive ပိုင်းနဲ့ Back Line ကို Shielding လုပ်ပေးနိုင်မယ့် DM Task တွေရဲ့အပိုင်းကတော့ ရှေ့ပွဲတွေကလိုပဲ သိသိသာသာလိုအပ်ချက်တွေဖြစ်နေတုန်းပါ။ ဒီပွဲမှာလည်း အဝေးကွင်းလာကစားရတဲ့ Everton ကို Total Shots (23) ကြိမ်အထိခွင့်ပြုပေးခဲ့ရပါတယ်။
Double Pivot ကို Set Up လုပ်ထားတဲ့ ETH ရဲ့ Formation မှာ Ball Holding Player, Tempo Adjust လုပ်နိုင်မယ့် Player တွေမတွေ့ရသေးပါဘူး။ Case ဟာ Destroyer Type သီးသန့်ဖြစ်ပြီး United မှာသူ့ပုံစံမဟုတ်တဲ့ တာဝန်တွေကိုယူထားပေးနေရတာဖြစ်ပါတယ်။ ဒါကြောင့်ပွဲတိုင်း Progressive ဖြစ်နေမှာမဟုတ်ပါဘူး။ Eriksen ကလည်း အသက်အရွယ်အရရော Physically အရရော Mins (80) Stamina မရှိတော့ပါဘူး။ ဒါ့အပြင် Game Intensity ကိုမလိုက်ပါပေးနိုင်ဘူး။
ဆိုတော့ United ရဲ့ Build Up Phases တွေ Defensive နဲ့ Offensive အကူးအပြောင်းတွေဟာ Balance ဖြစ်မနေတော့ပဲ Player တစ်ဦးချင်းစီကပဲ သူတို့ရဲ့ Individual အရ လိုအပ်သလိုဖြည့်ကစားနေရတာမျိုးကို ကျနော်တို့မြင်နေရတာပါ။

Everton က (4-5-1) (4-4-1-1) Formation တွေ Switch လုပ်ကစားသွားပြီး Front Line က Beto တို့ Finishing ပိုင်းမသေသပ်မှုတွေကြောင့်သာဂိုးမရခဲ့တာပါ။ ဒီပွဲမှာ သူတို့ပြင်ဆင်လာတဲ့ အတိုင်းပဲ United ရဲ့ကွင်းလယ်ကို Pressure ပေးပြီးကစားသွားနိုင်ပါတယ်။ Calvert-Lewin ဝင်လာပြီးနောက်ပိုင်းမှာလည်း ဒီအတိုင်းပါပဲ။ Big Chance Miss အနည်းဆုံး (3) ကြိမ်လောက်အထိရှိခဲ့တာပါ။

United (Style of Play & Results)United ကတော့ Result ပိုင်းရော Performance ပိုင်းရော Progression ဖြစ်လာတဲ့ ကာလကို Build U...
25/02/2024

United (Style of Play & Results)

United ကတော့ Result ပိုင်းရော Performance ပိုင်းရော Progression ဖြစ်လာတဲ့ ကာလကို Build Up လုပ်ချိန်မှ Injury ပြဿနာနဲ့ထပ်ရင်ဆိုင်ရပြီး ETH ဖြေရှင်းရဦးမယ့် ကိစ္စတစ်ခုထပ်တိုးလာတယ်လို့ပဲပြောရမှာပါ။ Injury Issue ဆိုတာ ရာသီစထဲကရှိနေတာမှန်ပေမယ့် အခု Hojlund Injury ဟာ အတော်လေးတာသွားပါတယ်။ အစောပိုင်းထဲက No.9 Role ဟာ အသင်းမှာ Fail နေတဲ့အရာဖြစ်ပြီး Hojlund ဟာလည်း ခပ်မြန်မြန်အသားကျလာတဲ့သူမဟုတ်ပါဘူး။
ဒီနောက်ပိုင်း ဂိုးပေါက်ပြန်တွေ့ပြီး Form တစ်ခုကို ပြလာနိုင်ချိန်မှ Injury ဖြစ်ခဲ့တာဟာ ဒီပွဲအရှုံးထက်နစ်နာရတဲ့အချက်ဖြစ်ပါတယ်။ ပြီးတော့ ETH ဟာ သူ့ရဲ့ Ajax က Style of Play ကို Set Up လုပ်ဖို့ထက် သူ့ Pressure သူဖြေရှင်းနေရတဲ့အချိန်ဖြစ်လို့ နောက်လာမယ့် (3/4) ပွဲကိုဘယ်လိုဖြတ်သန်းဦးမလဲဆိုတာ တွေးရတော့မှာပါ။ EPL ဟာ ရာသီဝက်တော်တော်လေးကျိုးလာပါပြီ။ Table ရဲ့ Rank 6 မှာပဲရပ်တည်နေတုန်းဖြစ်ပြီး UCL ဝင်ခွင့်ထက် Europa League တစ်နေရာပျောက်မသွားအောင်ထိန်းနေရတဲ့အချိန်မျိုးလည်းဖြစ်ပါတယ်။
Fulham ကိုရှုံးခဲ့ပေမယ့်ဖိအားတစ်ခုကင်းသွားတာတစ်ခုက အနီးကပ်ဆုံးဖိအားပေးနေတဲ့ Brighton က သရေကျသွားခဲ့တာပါ။ ဒါကြောင့် United နဲ့ Brighton အကြားအမှတ်ကွာဟမှုက (5) မှတ်အထိရှိဦးမှာဖြစ်ပါတယ်။

ဒီရာသီ United Squad ထဲ Form အမှန်ဆုံးနဲ့ Work Rate အားအရဆုံး Player ကိုပြပါဆိုရင် Maguire ကိုပဲပြရပါမယ်။ Leicester နဲ့ England က Maguire ကိုပြန်မြင်နေရတာမဟုတ်ပေမယ့် Flexible ကစားနေရတဲ့ အသင်းရဲ့ System မှာ Maguire ဟာ သိသိသာသာလိုက်ပါနိုင်တဲ့သူဖြစ်ပါတယ်။
Rashly ဟာ အပြစ်ပြောရမယ့် List ထဲပါနေတဲ့ Player ဖြစ်ပေမယ့် သူ့ရဲ့ဖက်ကဖြည့်တွေးမယ်ဆိုရင်လည်း တွေးပေးလို့ရတဲ့အချက်တွေရှိနေပြန်ပါတယ်။ တစ်ပွဲနဲ့တစ်ပွဲ Work Rate မမှန်ဘူး၊ Rashly Form Out ပြီဆို United ရဲ့ Offensive Threat တွေဟာ သိသိသာသာ Fail သွားတာ ဒါတွေက Highlight လုပ်ပြောစရာဖြစ်နေပေမယ့် Rashly ဟာ Main Position ကိုသတ်သတ်မှတ်မှတ်အမြဲရနေတဲ့သူဟုတ်မနေပြန်ပါဘူး။ Main Position ပါပြောင်းကစားရသလို In Game Role & Task တွေကလည်းတစ်ပွဲနဲ့တစ်ပွဲတူမနေတာကိုတွေ့ရမှာပါ။
Rashly ဟာ LW, RW, CF Position တွေမှာ ဒီရာသီကစားနေခဲ့ရပြီး United ရဲ့ Counter Attack System ဟာလည်း သူ့ဆီက တည်ပြီးသွားလို့မရရင် တခြားအားကိုးစရာ Player ရှိမနေပါဘူး။ ပြီးတော့ Position ပြောင်းတဲ့အခါ Role ပြောင်းရတဲ့အကြောင်းထည့်ပြောရတာက LW, RW မှာဆိုရင် Inside Forward ဆန်ဆန် Box ထဲဝင်ပြီး Shot Threat တွေလုပ်မလား၊ No.9 Role က Player ကို Cross Attempt & Chance Create လုပ်မလား ဆိုပြီး အမြင်သာဆုံးနှစ်ချက်ရှိပါမယ်။ RW, LW Position တွေမှာကစားရပြီး သူ့ရဲ့ Play Style အရ ဒီလိုပုံစံအသားကျလာမယ့်အချိန်ဆို No.9 Role နေရာမှာ CF Position ကစားရပြီး ခုနကပြောခဲ့တဲ့ Task တွေပျောက်ရပါတယ်။ အဲ့ဒီ့အခါ Finishing ပိုင်းကိုပြန် Focus လုပ်ရပြီး Wing တွေဆီက Cross Attempt နဲ့ Create လုပ်ပေးနိုင်မယ့် Player တွေကိုမျှော်ရပါတယ်။
သိတဲ့အတိုင်း Anthony, Garnarcho တို့ဟာလည်း ဒီလိုအမြဲလုပ်ပေးဖို့ Strong ဖြစ်နေတဲ့ Player တွေမဟုတ်တဲ့အတွက် Rashly ကိုယ်တိုင် Wing တွေဆီပြန်ထွက်ရတယ်။ ဆိုတော့ Box ထဲ Finisher Man ရှိမနေပဲ Rashly ပါ Form Out သွားတဲ့ပုံစံကို ကျနော်တို့မြင်ရတာပါပဲ။ နောက်ထပ် Cross Attempt တွေလုပ်ပေးနိုင်တဲ့ Player အဖြစ် L.Shaw ရှိပေမယ့် သူလည်း Injury Prone Player ဖြစ်နေပြန်ပါတယ်။ Rashly အနေနဲ့ Box ထဲမှာ No.9 Role Task ကိုယူဖို့ ထိုင်မျှော်နိုင်မယ့်သူဟာ Fernandes သာရှိပါတယ်။ Midfield Battle Fail တဲ့ပွဲတွေမှာဆိုရင် DM နှစ်ယောက်ကိုကူဖို့ Fernandes လည်း Drop Deep လုပ်ရတဲ့အခါ အသင်းမှာ ဒီလို Profile ရှိတဲ့ Player ဟာမကျန်တော့ပါဘူး။ ဒါကြောင့်ပဲ In Play ကနေဂိုးရဖို့မရှိပဲ Set Piece တွေနဲ့ Tominay, Case တို့လို လူမျိုးတွေဆီကနေ ဂိုးတွေကိုမျှော်ရတဲ့ United အဖြစ်မြင်တွေ့နေရတာပါ။

United ဟာ သူ့ရဲ့ Level ကိုပြန်ရောက်ဖို့ အချိန်ထပ်လိုဦးမှာပါ။ ဒါဟာ ETH ဝင်လာပြီးထဲက ပြောင်းနေခဲ့တာဖြစ်ပေမယ့် Panic Buying တွေဖြစ်သွားခဲ့တာကလည်း ပုံမှန်ခန့်မှန်းထားတဲ့အချိန်ထက်ပိုပြီးကြာသွားစေတဲ့အချက်ပါ။
ETH ကိုယ်တိုင်ဟာလည်း ကစားသမားခေါ်ယူမှုအပိုင်းတွေမှာ Weak ပါတယ်။ ဒါကြောင့်ပဲ အခု Sir.JR လက်ထက်မှာ BOD နဲ့ Sporting/ Scouting Team အတွက် Exp မြင့်တဲ့လူတွေကိုထပ်ဖြည့်နေတာလို့ပြောလို့ရပါတယ်။ United နဲ့ Transfer Window (4) ခုလောက်ဖြတ်သန်းအပြီးမှာ ETH လည်း သူ့ရဲ့ လူခေါ်ယူမှုအပိုင်းနဲ့ပက်သက်ပြီး ဆက်ခေါင်းမာနေလို့မရတော့ဘူးဆိုတာ သူကိုယ်တိုင်သိသွားတာကြောင့် ပူးပေါင်းလုပ်ဆောင်ဖို့ Deal တွေပြန်ယူလာတာတွေ့ရပါတယ်။
ဒီရာသီမှာ EPL ကလွဲပြီး တခြား Tournament ကစားဖို့မရှိတော့သလို ရာသီကုန်မှာ UCL, UEL တစ်ခုမှမဝင်နိုင်ခဲ့ရင်တော့ ETH ရဲ့နေရာလည်း အပြောင်းအလဲဖြစ်သွားနိုင်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Manchester United - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Manchester United - Myanmar:

Shortcuts

Share

Category