05/08/2026
Mr. Vincenzo from Italy has officially graduated from AXIS Jiu-Jitsu Academy (Myanmar).
Mr. Vincenzo from Italy has officially graduated from AXIS Jiu-Jitsu Academy (Myanmar).
He joined our academy as a white belt after beginning his Jiu-Jitsu journey in his home country. After training at AXIS Jiu-Jitsu Academy, he steadily improved his technical skills and was promoted through the belt ranks, eventually earning his purple belt.
Throughout his training, he was always eager to learn. Whenever he didn't understand a technique, he would ask questions and study diligently. If there was anything he didn't fully agree with or understand during class, he would often have thoughtful discussions—and sometimes even friendly debates—with me as his instructor. His passion for learning and improving was truly admirable.
During the four years he lived in Myanmar, we built more than just a student-instructor relationship—we became a Jiu-Jitsu family. That bond will not end after these four years; we will always remain part of the same BJJ family.
I sincerely wish him good health and continued success in his Jiu-Jitsu journey. May he continue training, sharing his knowledge, and one day become an outstanding instructor who inspires many others.
I also believe that our paths will cross again in the future. Until then, I wish him all the best in everything he does.
イタリア出身のヴィンチェンツォさんが、このたびAXIS柔術アカデミー(ミャンマー)を卒業されました。
ヴィンチェンツォさんは母国イタリアでブラジリアン柔術を始め、白帯として当アカデミーに入門しました。AXIS柔術アカデミーでの稽古を重ねる中で、技術を着実に向上させ、順調に昇格を重ね、最終的には紫帯を取得しました。
稽古期間中は、分からない技術があれば積極的に質問し、常に熱心に学び続けていました。また、指導内容について納得できないことや疑問があれば、その都度私と意見を交わし、ときには熱い議論になることもありました。そのような探究心と向上心は、指導者としてとても嬉しく思っています。
ミャンマーで過ごした4年間を通じて、私たちは単なる師弟関係ではなく、一つの柔術ファミリーとして強い絆を築くことができました。この4年間だけの縁ではなく、これからもずっとBJJファミリーとしてつながり続けていけると信じています。
これからも健康に気をつけながら柔術を続け、多くの人にその素晴らしさや技術を伝えられる立派な指導者として、さらに活躍されることを心より願っています。
そして、また近い将来、どこかで再会できることを楽しみにしています。
အီတလီနိုင်ငံမှ Mr. Vincenzo သည် AXIS Jiu-Jitsu Academy (Myanmar) မှ အောင်မြင်စွာ သင်တန်းပြီးမြောက်ခဲ့ပါတယ်။
Vincenzo က မိခင်နိုင်ငံတွင် Brazilian Jiu-Jitsu ကို စတင်လေ့ကျင့်ခဲ့ပြီး AXIS Jiu-Jitsu Academy သို့ အဖြူခါးစည်း (White Belt) အဖြစ် ဝင်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံရှိ AXIS Jiu-Jitsu Academy တွင် လေ့ကျင့်သင်ကြားနေစဉ်အတွင်း ကြိုးစားအားထုတ်မှုနှင့် စဉ်ဆက်မပြတ် လေ့ကျင့်မှုများကြောင့် နည်းစနစ်ပိုင်းဆိုင်ရာ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ခါးစည်းအဆင့်များကို တစ်ဆင့်ချင်း ရရှိကာ နောက်ဆုံးတွင် Purple Belt အဆင့်သို့ ရောက်ရှိခဲ့တါလည်း ဖြစ်ပါတယ်။
သင်တန်းတက်ရောက်နေစဉ် ကာလတစ်လျှောက်လုံးတွင်လည်း သင်ယူလိုစိတ် အမြဲပြည့်ဝနေသူတစ်ဦး ဖြစ်ခဲ့တဲ့ အပြင် နည်းစနစ်တစ်ခုကို နားမလည်သည့်အခါတိုင်း မေးမြန်းရန် မတွန့်ဆုတ်ခဲ့သလို၊ ပိုမိုလေ့လာနားလည်နိုင်ရန်လည်း အမြဲကြိုးစားခဲ့သူပါ။
သင်ကြားပို့ချမှုအပေါ် မရှင်းလင်းသည့်အချက်များ သို့မဟုတ် မတူညီသောအမြင်များ ရှိလာသည့်အခါတိုင်း ကျွန်တော်နှင့် အတွေးအမြင်များ ဖလှယ်ဆွေးနွေးခဲ့ပြီး တစ်ခါတစ်ရံတွင်လည်း ခင်မင်ရင်းနှီးသော အငြင်းအခုန်များပင် ဖြစ်ခဲ့ကကြပါတယ်။
ဆရာတစ်ယောက်အနေဖြင့် သူ၏ လေ့လာလိုစိတ်၊ စူးစမ်းလိုစိတ်နှင့် တိုးတက်လိုသော စိတ်ဓာတ်ကို အလွန်တန်ဖိုးထားမိပါတယ်။
မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည့် (၄) နှစ်တာအတွင်း ကျွန်တော်တို့သည် ဆရာနှင့်တပည့် ဆက်ဆံရေးထက် ပိုမိုခိုင်မာသော Jiu-Jitsu မိသားစုတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ထိုသံယောဇဉ်သည် သင်တန်းပြီးဆုံးခြင်း သို့မဟုတ် မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်းနှင့်အတူ အဆုံးသတ်သွားမည် မဟုတ်ဘဲ၊ ကျွန်တော်တို့သည် BJJ Family အဖြစ် အမြဲတမ်း ဆက်လက်တည်ရှိနေမည်ဟု ယုံကြည်ပါတယ်။
ရှေ့ဆက်ပြီးလည်း ကျန်းမာပျော်ရွှင်စွာဖြင့် Brazilian Jiu-Jitsu ကို ဆက်လက်လေ့ကျင့်နိုင်ပါစေ။ မိမိသိရှိထားသော ပညာရပ်များကို အခြားသူများထံ ပြန်လည်မျှဝေပေးနိုင်ပြီး၊ နောင်တစ်နေ့တွင် လူငယ်မျိုးဆက်များကို လမ်းပြပေးနိုင်သည့် ထူးချွန်သော နည်းပြဆရာတစ်ဦး ဖြစ်လာပါစေဟု စိတ်ရင်းမှန်ဖြင့် ဆုတောင်းပေးလိုက်ပါတယ်။
တစ်နေ့နေ့တွင် ကျွန်တော်တို့ ပြန်လည်ဆုံတွေ့ကြမည်ဟု ယုံကြည်ပါသည်။ ထိုနေ့အထိ Vincenzo အတွက် ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့် အောင်မြင်မှုများ အစဉ်အမြဲ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် ခင်ဗျား။