𝗭𝗲𝗿𝗼 𝘁𝗼 𝗗𝗶𝗿𝗲𝗰𝘁𝗶𝗼𝗻

𝗭𝗲𝗿𝗼 𝘁𝗼 𝗗𝗶𝗿𝗲𝗰𝘁𝗶𝗼𝗻 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝗭𝗲𝗿𝗼 𝘁𝗼 𝗗𝗶𝗿𝗲𝗰𝘁𝗶𝗼𝗻, Yangon.

ဘာလုပ်ရမှန်းမသိ
လမ်းပျောက်နေတဲ့ သုညနေ့တွေထဲကနေ...

လမ်းကြောင်းမှန်တစ်ခုကို
အတူတူ ရှာဖွေကြရအောင်...

Zero to Direction
သုညကနေ လမ်းရှာနေသူ

------------------------>

ငါတို့ပျောက်နေတဲ့လမ်း ဒီခေတ်ကြီးထဲမှာ..."ငါဘာဆက်လုပ်ရမလဲ"..."ငါ့အနာဂတ်က ဘာလဲ"... ဆိုတာတွေးရင်း လမ်းပျောက်နေတဲ့လူငယ်တွေအမ...
01/01/2026

ငါတို့ပျောက်နေတဲ့လမ်း

ဒီခေတ်ကြီးထဲမှာ...

"ငါဘာဆက်လုပ်ရမလဲ"...

"ငါ့အနာဂတ်က ဘာလဲ"... ဆိုတာတွေးရင်း လမ်းပျောက်နေတဲ့လူငယ်တွေအများကြီးပဲ...

ဘေးနားကလူတွေကြည့်တော့လည်း အဆင်ပြေနေသလိုလိုနဲ့ ကိုယ့်အလှည့်ရောက်မှ အရာရာလမ်းပျောက်နေသလို ခံစားနေရပြီဆိုရင် ဒီစာလေးကို အဆုံးထိဖတ်ကြည့်ပါ...

ဘာလုပ်ရမလဲမသိဘဲ လမ်းပျောက်နေတဲ့အခါ အရင်ဆုံးလုပ်သင့်တဲ့ (၃) ချက်ကတော့...

၁။ အရင်ဆုံး "Pause" ခလုတ် နှိပ်လိုက်ပါ ⏸️

ဘာလုပ်ရမှန်းမသိရင် အရင်ဆုံး ဘာမှမလုပ်ပဲနေလိုက်။ Panic ဖြစ်ပြီး ဟိုပြေးဒီပြေး လျှောက်လုပ်နေတာက ပိုမှားတတ်တယ်။ စိတ်ငြိမ်အောင် အရင်ထားလိုက်ပါ။

"It’s okay to feel lost" (လမ်းပျောက်နေတာ အပြစ်မဟုတ်ဘူး) ဆိုတာကို ကိုယ့်ကိုယ်ကိုယ် အရင်လက်ခံပေးလိုက်ပါ။

၂။ အကြီးကြီးတွေ မတွေးနဲ့၊ အသေးဆုံးက စလုပ် 📝

အဝေးကြီးကို မျှော်ကြည့်ပြီး စိတ်မညစ်နဲ့။ ဒီနေ့၊ ဒီအချိန် ကိုယ်လုပ်နိုင်တဲ့၊ ကိုယ်လုပ်ချင်တဲ့ အရာလေးတစ်ခု (ဥပမာ - စာအုပ်တစ်အုပ်ဖတ်တာ၊ Skill အသစ်တစ်ခုခု လေ့လာတာ) ကို စာရွက်ပေါ် ချရေးပြီး အဲ့တစ်ခုလေးကိုပဲဖြစ်အောင် အရင်လုပ်ကြည့်ပါ။

Action လေးတစ်ခု စလိုက်တာနဲ့ လမ်းစဆိုတာ ပေါ်လာစမြဲပါပဲ။

၃။ သူများတွေနဲ့ လိုက်မယှဉ်နဲ့တော့ 🚫

Social Media ပေါ်က သူများတွေရဲ့ Highlight တွေကို ကြည့်ပြီး ကိုယ့်ရဲ့ Behind the scenes နဲ့ သွားမယှဉ်ပါနဲ့။

ကိုယ့် Pace နဲ့ ကိုယ်သွားပါ။ သူများမြန်တိုင်း လိုက်မြန်စရာမလိုပါဘူး။ ကိုယ်ပျော်ဖို့က အဓိကပဲလေ။

နိဂုံးချုပ်အနေနဲ့ လမ်းပျောက်တယ်ဆိုတာ လမ်းသစ်ရှာတွေ့ဖို့ အစပျိုးတာလည်း ဖြစ်နိုင်ပါတယ်။ စိတ်ဓာတ်ကျနေစရာမလိုဘူး။

အဲ့လိုစိတ်ဓာတ်ကျနေရင်လည်း ပြန်ထကွာ၊ မင်းကိုငါ ဒီ Page ကနေ ခွန်အားဖြစ်စေမယ့်စာတွေနဲ့ အားပေးဆွဲတင်မယ်။ 💪

I’m not here to inspire you; I’m here to pull you through.

အခုချိန်မှာ မင်းအဖြစ်ချင်ဆုံး (ဒါမှမဟုတ်) စမ်းလုပ်ကြည့်ချင်တဲ့ အရာလေးတစ်ခုလောက်ကို Comment မှာ ရေးခဲ့ကြည့်ပါ...

မင်းလိုခံစားနေရတဲ့ အခြားညီကို/မတွေလည်း ဒီလိုဖြစ်နေတာ မင်း / ငါ တစ်ယောက်ထဲမဟုတ်ဘူးဆိုတာကိုအသိပေးရင်း အတူတူရှေ့ဆက်ဖို့ ခွန်အားတွေ မျှဝေကြတာပေါ့...

------------------------>


#သုညကနေလမ်းရှာနေသူ

ဘာလုပ်ရမှန်းမသိလမ်းပျောက်နေတဲ့ သုညနေ့တွေထဲကနေ...လမ်းကြောင်းမှန်တစ်ခုကိုအတူတူ ရှာဖွေကြရအောင်...Zero to Directionသုညကနေ လမ...
30/12/2025

ဘာလုပ်ရမှန်းမသိ
လမ်းပျောက်နေတဲ့ သုညနေ့တွေထဲကနေ...

လမ်းကြောင်းမှန်တစ်ခုကို
အတူတူ ရှာဖွေကြရအောင်...

Zero to Direction
သုညကနေ လမ်းရှာနေသူ

------------------------>


#သုညကနေလမ်းရှာနေသူ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝗭𝗲𝗿𝗼 𝘁𝗼 𝗗𝗶𝗿𝗲𝗰𝘁𝗶𝗼𝗻 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share