ဘောလုံးဆရာ

ဘောလုံးဆရာ Trust
(555)

ဆီမီညို effect  တကယ်က ကျွန်တော် အစောက ပြောသလိုဘဲ ။ ဝယ်တဲ့လူတွေက High quality မဟုတ်တော့ခက်တယ်ဗျာ ။ အရေးအကြောင်းဆို carry ...
19/02/2026

ဆီမီညို effect

တကယ်က ကျွန်တော် အစောက ပြောသလိုဘဲ ။ ဝယ်တဲ့လူတွေက High quality မဟုတ်တော့ခက်တယ်ဗျာ ။ အရေးအကြောင်းဆို carry ပေးမယ် ကစားသမား ပွဲအဖြေကို ပြောင်းပေးတဲ့ ကစားသမားမဝယ်လာဘူး ။
✅နောက်တခုက December နောက်ပိုင်း အာဆင်နယ် ကစားတဲ့ ပွဲတွေကြည့်လိုက်ရင် အရင်လို ဂိုးကလွယ်လွယ်နဲ့မရတော့ဘူး ။ ဒီချိန် အသင်းက refresh အသစ်ပြန်လန်းဆန်းဖို့ ကစားသမား တစ်ယောက်၊ နှစ်ယောက် ဒါမှမဟုတ် ပွဲအဖြေကို ပြောင်းမယ့် ဘယ်တောင်ပံကစားသမားတစ်ယောက် လိုကိုလိုတာ ။
ဒီချိန်မှာ ဆယ်မီညိုလို ကွင်းလယ် တိုက်စစ်၊ ဘယ်တောင်ပံ၊ ညာတောင်ပံ နောက်ဆုံးတိုက်စစ်ထိ ကစားနိုင်တဲ့ ကစားသမားကို ဘာလို့ မခေါ်တာလဲ ။
ဟိုကစားသမားက အာဆင်နယ်fan ပါဆို ၊ လာမယ်တောင်လုပ်နေတာကို ဘယ်လို့ကြောင့်မခေါ်တာလဲ ။
ခုက အီးဇီးက pressing လုပ်တာမကောင်းလို့ မသုံးချင်တာနားလည်တယ် ။ အဲ့ဆို လူသစ်ကခေါ်ကိုခေါ်ရမယ်။ ဒါတင်မကသေးဘူး ကွင်းလယ် က မာရီနိုပါ ဒဏ်ရာရသွားတာ ကို ဘာလို့ မခေါ်တာလဲကို နားမလည်ဘူး ။ ပြီတော့ဆယ်မီညိုလို high quality ကစားသမားက သူ့ကို တည်ပြီ ကစားကွက်အသစ်ဆော့လိုရပါတယ် ။ ခုမန်စီးတီးကြည့်ရင် သိသာပါတယ် ။ ဆယ်မီညို ကို တည်ပြီ ကစားပြနေတာ လုံးဝ အသင်းသစ်တောင်ဖြစ်ပြီ နိုင်ပွဲပြန်ရနေတာ ။ အာတီတာက အသင်းလိုအပ်ချက်ကို မပြောတာလား ဘာတာ က မထောက်ပံ့တာလား ။

✅နောက်ဆုံးနဲ့ အရေးကြီးဆုံး က အာတီတာ ရဲ့ ဖလားမရဖူးတဲ့ အတွေ့အကြုံပေါ့ ။ ဒါက အရေးကြီးဆုံးနဲ့ အခက်ဆုံးအခြေအနေဖြစ်နေတယ် ။ အာတီတာက အသင်းကြီးပွဲဘယ်လောက်ကောင်းကောင်း ဖလားလေးလုံးလိုချင်တဲ့စ်တ် ကိုမဖျောက်မချင်း ၊ စောင်ရေးမပါတဲ့ carabao ကို အာရုံကမချမချင်း အာတီတာက အောင်မြင်တဲ့ နည်းပြမဖြစ်နိုင်ဘူး ။


Cry baby cry မင်း ချန်ပီယံလိဂ်ရဖူးလား ? ငါ ရာသီဝက်ချန်ပီယံလေ မင်း ပရီမီယာလိဂ်မရတာဘယ်လောက်ကြာပြီလဲ ? ငါရာသီဝက်ချန်ပီယံလေ ...
13/02/2026

Cry baby cry

မင်း ချန်ပီယံလိဂ်ရဖူးလား ?
ငါ ရာသီဝက်ချန်ပီယံလေ

မင်း ပရီမီယာလိဂ်မရတာဘယ်လောက်ကြာပြီလဲ ?
ငါရာသီဝက်ချန်ပီယံလေ

မင်း ဖလားမရတာဘယ်လောက်ကြာပြီလဲ
ငါရာသီဝက်ချန်ပီယံလေ

မင်းရာသီဝက်ဘဲကန်ပါလား
ငါရာသီဝက်ချန်ပီယံလေ

#ရာသီဝက်ချန်ပီယံ

အာဆင်နယ်ရဲ့စျေးကြီးခေါ်မှုပြသာနာ အယ်ဇေး နဲ့ မာဒူအကေးဆိုတဲ့ ကစားသမားနှစ်ယောက်ကို အဓိကကစားသမားနှစ်ယောက်လို သဘောထားပြီ စျေး...
18/01/2026

အာဆင်နယ်ရဲ့စျေးကြီးခေါ်မှုပြသာနာ

အယ်ဇေး နဲ့ မာဒူအကေးဆိုတဲ့ ကစားသမားနှစ်ယောက်ကို အဓိကကစားသမားနှစ်ယောက်လို သဘောထားပြီ စျေးကြီးပေးခေါ်ခဲ့တာ ဘာတာ အမှားလား အာတီတာ အမှားလား။
ယိုကာရက်စ်တုန်းကလဲ အာတီတာက ဆက်ကို ခေါ်ချင်ခဲ့တာ ။

အယ်ဇေး၊ အိုလစ်ဆစ် နှစ်ယောက်လုံး က စျေးလဲ မကွာသလို နှစ်ယောက်လုံးက ပဲလေ့စ်ထွက်တွေ ဖြစ်တယ် ။
နောက် အယ်ဇေးကို ခေါ်မယ့် အစား ဆယ်မီညိုမှ တကယ်လိုအပ်တဲ့ ဘယ်တောင်ပံ၊ ကွင်းလယ်တိုက်စစ်ဖြစ်တယ် ။

နောက်တစ်ယောက်တော့ မာဒူအကေး ဘဲ ဒီလောက် အရန်လောက်ဘဲရှိတဲ့ ခြေစွမ်း ၊ ချဲလ်ယ်ဆီးမှာ စိတ်ဓာတ်မကောင်းလို့ တကိုယ်ကောင်းဆန်လို့ ဆိုတဲ့ ကစားသမားကို အာဆင်နယ်က သန်း 50 နီးပါးနဲ့ခေါ်လိုက်တယ် ။

တကယ်က ဒီအင်္ဂလန်သားတွေကို စျေးကြီးပေးခေါ်တဲ့ အသင်းကို က မိုက်ရူးရဲဆန်နေတာပါဘဲ ။
အာဆင်နယ်က အာဆင်ဝင်းဂါး လက်ထပ်မှာ ချိန်ပါလိန် ၊ ဝဲယ်ကော့ဆိုတဲ့ တောင်ပံကို မတတ်နိုင်လို့ ဝယ်တာက လွှဲရင် စျေးကြီးပေးပြီ အင်္ဂလန်သားတစ်ယောက်ကို ခေါ်ဖို့ ရူးမိုက်မနေဘူး ။ အင်္ဂလန်သားဆိုတာလဲ အိုဝင် ပြီတော့ ဘယ်တော့မှ ရွှေဘောလုံးနဲ့ဘမနီးစပ်ဘူး ။
နိုင်ငံပအသင်းက ယူရိုဖလား တောင်တခါမှ မရဖူးသလို၊ အင်္ဂလန် သမားတွေရဲ့ skill က ဘရားဇီးလ်ကို မယှဉ်နိုင်သလို technical ပိုင်းကလဲ Spain ပြင်သစ်ကို မမီပါဘူး ။
တကယ်ပြောရရင် အင်္ဂလန်ကစားသမားတွေ က အချိန်တခုရောက်ရင် တိုးတက်မလာတော့တာ ။ အင်္ဂလန်ကစားသမားတွေ က စျေးကြီးပြီ ခြေစွမ်းကတော့ ပုံမှန်လောက်ဘဲ ။

စျေးတူရင်တောင် အိုလစ်ဆေး ဆယ်မီညိုမခေါ်ဘဲ
မာဒူအကေး အယ်ဇေးတဲ့။ ပိုက်ဆံဘယ်လောက်တောင်ဖြုတ်တီးပစ်လဲ ။ ငွေကုန်တာထပ် ပရိတ်သတ် အနေနဲ့ဆို ဘယ်လိုမှ အားရစရာကို မရှိတာ

အာတီတာ က ပွဲတိုင်းကိုဘဲနိုင်ချင်တာ ၊ ဖလားတော့ မလိုချင်သလိုဘဲ အာတီတာ နဲ့အာဆင်နယ်ကို ကစားသမားအကောင်းဆုံး ဖြည့်ပေးခဲ့တတဲ့ ဘ...
11/12/2025

အာတီတာ က ပွဲတိုင်းကိုဘဲနိုင်ချင်တာ ၊ ဖလားတော့ မလိုချင်သလိုဘဲ

အာတီတာ နဲ့အာဆင်နယ်ကို ကစားသမားအကောင်းဆုံး ဖြည့်ပေးခဲ့တတဲ့ ဘာတာတို့ အဖွဲ့က ဒီနှစ်မှာတော့ အမှတ်ပြည့်ပေးရမယ် ။
ပြသာနာက အာတီတာ ဖြစ်နေသလိုဘဲ ။ အာတီတာရဲ့ ပြသာနာ
1. ပွဲတိုင်းကို ကစားသမား အပြည့်နဲ့ယှဉ်ပြိုင်နေတယ် ။ ကောင်းတဲ့ အချက်က တည်ငြိမ်မယ် ။ ကစားကွက်အရမ်းမထိခိုက်ဘူး မကောင်းတဲ့ အချက်က Nwaneri ၊ kepa တခြားလူငယ်ကစားသမားတွေက ဒီလိုပွဲမှ ပွဲချိန်ပြည့်မကစားရရင် ၊ သူတို့က အသင်းမှာ ဆက်နေဖို့ ဘယ်လို မျှော်လင့်လို့ရမလဲ
2. နောက်တခုက အာတီတာ က ပွဲတိုင်းကို အင်းပြည့်အားပြည့်နဲ့ ယှဉ်ပြိုင်နေတော့၊ ရေရှည်မှာ ကစားသမားပွဲပန်းတယ် ။ ပွဲပန်းတော့ ဒဏ်ရာရလွယ်တယ် ။ ခုပွဲဆို saka ဆိုတဲ့အဓိကကစားသမားက ဝင်ကစားဖို့ လိုလို့လား ။

ဖလားယူတတ်တဲ့ နည်းပြတွေကိုကြည့်လိုက်ရင် rotation လုပ်တတ်တာတွေ့ရတယ် ။ ရီးရဲယ်လ် နည်းပြ ဇီးဒန်းဆို ပွဲတိုင်းနီးပါး တစ်ယောက်၊ နှစ်ယောက်အပြောင်းအလဲလုပ်တယ် ။ နည်းပြ ဖာဂူဆန်ဆိုလဲ ဖလက်ချာ ၊ အိုရှေးတို့လိုကစားသမားကို ခဏခဏသုံးတယ် ။ ဒါတွေက ဖလားယူဖို့ rotation လုပ်နေတာ ။
ခုအာတီတာက ရာသီစတုန်းက ကစားသမားများတဲ့ အချိန်မှာလဲ လူသိပ်မလဲ သလို ၊ ပွဲချိန်တွင်းလဲ လူသိပ်မလဲ ။
နောက်ဆုံး တစ်ပွဲနဲ့ တစ်ပွဲတောင် လူအပြောင်းအလဲ သိပ်မရှိတော့ ကြာရင် အရန်ကကစားသမားက စိတ်ပျက်ကုန်မှာပေါ့။
အရန်က ကစားသမားဆိုတာ တစ်နေ့နေ့ အဓိကကစားသမားဖြစ်ချင်တဲ့ ဆန္ဒ ၊ တစ်ပွဲတစ်ပွဲကို 15 မိနစ် 20 မိနစ်ဆော့ ချင်တဲ့ ဆန္ဒရှိကြတာတွေပါဘဲ ။
ခုက အဓိကကစားသမား ဒဏ်ရာရမှာဝင်ဆော့ရသလိုဖြစ်နေတယ် ။
ဒီလိုဘာမှ အရေးမပါတဲ့ ပွဲမှာတောင် ဆာကာကို ဝင်ဆော့ခိုင်းသေးတာ ။ နည်းပြကနည်းနည်းတော့ လွန်နေသလိုဘဲ ။ ရှည်လျားတဲ့ ရာသီကို ဒီလို အဓိကကစားသမားပွဲတိုင်းကန်ပြီ ဖြတ်သန်းမယ်ဆို ဆောင်းဝင်ပြီဆိုတဲ့ စကားနဲ့တော့ လှောင်ခံရအုံးမှာဘဲ

ဆောင်းဝင်ရင် ထုံစံဖြစ်နေပြီ အာဆင်နယ် အာဆင်နယ် ရဲ့ဟာလန်းလို့ တင်စားရမယ့် ဂါဘရီရဲယ်တော့ နာနေပြန်ပြီ ။ လာမယ့် ပွဲစဉ်လေးပွဲမ...
16/11/2025

ဆောင်းဝင်ရင် ထုံစံဖြစ်နေပြီ အာဆင်နယ်

အာဆင်နယ် ရဲ့ဟာလန်းလို့ တင်စားရမယ့် ဂါဘရီရဲယ်တော့ နာနေပြန်ပြီ ။ လာမယ့် ပွဲစဉ်လေးပွဲမှာ စပါး ၊ ဘိုင်ယန်မြူနစ် ၊ ချဲလ်ယ်ဆီး၊ အတ်စတွန်ဗီလာ ပွဲတွေကို အာဆင်နယ် ရင်ဆိုင်ရအုံးမယ်။
အာတီတာရဲ့ လူမလဲတဲ့ ဗျူဟာနဲ့ အာဆင်နယ်ရဲ့ ဒဏ်ရာရနေတဲ့ အစဉ်အလာ။ နောက်ဆုံး အရေးကြီးဆုံး က အာတီတာရဲ့ major ဖလား ရဖူးခြင်းမရှိတဲ့ပုံစံက အာဆင်နယ်ကို မန်စီးတီးနဲ့ ယှဉ်ရင် အသာရပါ့မလား စိုးရိမ်းစရာပါဘဲ ။

ဒီပုံစံအတိုင်းဆို အာတီတာ ကို အချိန်ပေးဖို့လို အာတီတာ က ကိုယ့် အသင်းက အရန်တွေ က လဲ အရည်အသွေးမြင့်နေတယ်ဆိုတာကို သတိမထားမိသ...
08/11/2025

ဒီပုံစံအတိုင်းဆို အာတီတာ ကို အချိန်ပေးဖို့လို

အာတီတာ က ကိုယ့် အသင်းက အရန်တွေ က လဲ အရည်အသွေးမြင့်နေတယ်ဆိုတာကို သတိမထားမိသလို ဖြစ်နေတယ် ။
အရင်က အာဆင်နယ် က အရန်ကစားသမားက တော်တော်မကောင်းခဲ့တာကို ။

ခုတော့ ယိုကာရက်စ်ကို ရှိချိန်တိုင်း ပွဲချိန်ပြည့်နီးပါသုံးတော့ ကြွက်သားဒဏ်ရာရနေပါပြီ ။
ပြီတော့ ဘာမှ အရေးမပါတဲ့ slavia လိုပွဲကို Rice ကို မိနစ်80 နီးပါး ၊ Saka နဲ့ Gabriel ကို ပွဲချိန်ပြည့်သုံးခဲ့တယ် ။
ကစားသမား ဒဏ်ရာရမှာလုံးဝမကြောက်သလိုဖြစ်နေတယ် ။

ခုခေတ်ဘောလုံးကစားချိန်က အာတီတာ တို့ခေတ်ကလို 90 မိနစ်မဟုတ်တော့ဘဲ နာကျင်အချိန်ပို အများကြီးပေးတော့ မိနစ် 100 ကစားရတာရယ် ၊ nation league ပေါ်လာတာရယ် ၊ Euro ပြိုင်ပွဲတွေမှာ ပွဲအရေအတွက်တိုးတာ ၊ ကမ္ဘာဖလားကိုလဲ ပွဲအရေအတွက်တိုးမှာတွေက ကစားသမား အရမ်းပင်ပန်းရလွယ်ပါတယ် ။ ဒါကို ဘဲ အာတီတာက လျစ်လျူရှူပြီ အဓိကကစားသမားကို မိနစ်90 လူစားမလဲဘဲ အသုံးပြုတာတော့ တော်တော်လေကို ဆာလောင်တဲ့လုပ်ရပ်ဘဲပြောပါရစေ ။

ဒီနှစ်မှ PL ကို အာဆင်နယ် မရခဲ့ရင် အာတီတာရဲ့ လူမလဲ တဲ့ နည်းဗျူဟာကို ဘဲ လက်ညိုထိုးပါရစေ ။

အာတီတာ ဇွတ်သုံးလို့ ဒဏ်ရာရတဲ့သူ သို့မဟုတ် ဆေးအဖွဲ့မကောင်းလို့ ယိုကာရက်စ် အိုတီဂတ် ကံမကောင်းစွာ ဒဏ်ရာရနေသူ သို့မဟုတ် ဆေးအ...
04/11/2025

အာတီတာ ဇွတ်သုံးလို့ ဒဏ်ရာရတဲ့သူ သို့မဟုတ် ဆေးအဖွဲ့မကောင်းလို့

ယိုကာရက်စ်
အိုတီဂတ်

ကံမကောင်းစွာ ဒဏ်ရာရနေသူ သို့မဟုတ် ဆေးအဖွဲ့မကောင်းလို့

မာဒူအကေး
မာတီနယ်လေး
ကိုင်ဟာဗက်စ်

PL ရဖို့ အတားအဆီးတွေ

ဒီရာသီ အာဆင်နယ်ကို ဖလား မရဖို့ အတားအဆီး 🫣ဒီရာသီမှာ အာဆင်နယ် ကို ဖလား မရဖို့ တခုတည်းသော အတားအဆီးကတော့ ဒဏ်ရာပြသာနာဖြစ်နိုင...
04/11/2025

ဒီရာသီ အာဆင်နယ်ကို ဖလား မရဖို့ အတားအဆီး 🫣

ဒီရာသီမှာ အာဆင်နယ် ကို ဖလား မရဖို့ တခုတည်းသော အတားအဆီးကတော့ ဒဏ်ရာပြသာနာဖြစ်နိုင်ပါတယ် ။

အာတီတာအရည်အချင်းအနေကောင်းတဲ့နည်းပြ အသင်းကြီး ထိပ်တိုက်တွေ့ဆုံမှုမှာ အမှတ်ရအောင်ယူတတ်တဲ့ နည်းပြဖြစ်တယ် ။
ဒါပေမယ့် ကစားကွက်တည်ငြိမ်မှုကို ဦးစားပေးလွန်တဲ့နည်းပြဖြစ်တော့ အဓိကကစားသမားကို ပွဲချိန်ပြည့် နီးပါးကစားစေတာတွေ့ရတယ် ။ ခုတော့ ကစားသမားတွေ ကြွက်သားဒဏ်ရာတွေ ရလာကြပြီ ။
ဘန်လေ လို အသင်းကန်လို့ နိုင်နေရင်တောင် rice ၊ ဂါညရီရဲယ်ကို လူစားမလဲရဲတဲ့ နည်းပြဖြစ်နေတယ် ။
မကြာခင်မှာ ဒီလို ကိစ္စက ဒဏ်ရာပြသာနာကြီးကြီးမားမားဖြစ်လာတော့မယ် ။ နောက်တခုက EFLပြိုင်ပွဲက်ု လက်မလွှတ်ရဲတဲ့ သတ္တိပေါ့။
အာတီတာ ခုချိန်ထိ အာဆင်နယ်မှာ FA ဖလားဘဲရသေးတာက အရင်ကတော့ ကစားသမား အင်းအားမရှိလို့ ။ ခုရာသီ Premier league မရခဲ့ရင်
1. လူစရင်း rotation မလုပ်လို့ ကစားသမားပင်ပန်းပြီ ဒဏ်ရာရနိုင်
2. EFL လို FA ပြိုင်ပွဲကို လဲ အာရုံစိုက်နေလို့
3. ကံမကောင်းလို့ ကစားသမားဒဏ်ရာရ

ခုချိန်မှာတော့ ကံမကောင်းလို့ဒဏ်ရာတာထပ် ကစားသမားပင်ပန်းပြီ ဒဏ်ရာရတာ ပိုများလာပါပြီ ။ ဒီလို ပုံစံဘဲ ဆက်တိုက်အသုံးပြုနေမယ်ဆို ။ ရှေ့မှာ ချဲလ်ယ်ဆီး ၊ စပါး ပွဲကြပ်တွေဘဆက်တိုက်ကို လာပါပြီ ။

လူစားမလဲ ဘဲ ထပ်ကစားနေအုံးမလား ။

လူစားမလဲလို့ ထိန်းကစားနိုင်လို့ clean sheet ရတာတော့ ဟုတ်ပါတယ် ။ ရလဒ်ကောင်းတာလဲ ဖြစ်နိုင်ပါတယ် ။

အဲ့မို့ အာတီတာ ဆိုတာ သူ့စတိုင်လ်နဲ့ သူဖြစ်နေပြန်တယ် ။

ငယ်ငယ်ရွယ်ရွယ်နဲ့ ပွဲအများကြီးကစားတဲ့အကျိုးဆက်ပက်ဒရီကို ကြည့်လိုက်ရင် ပွဲထဲမှာ အမြဲတမ်း မနားမနေရုန်းကန်းနေတာတွေ့ရတယ် ။ အ...
31/10/2025

ငယ်ငယ်ရွယ်ရွယ်နဲ့ ပွဲအများကြီးကစားတဲ့အကျိုးဆက်

ပက်ဒရီကို ကြည့်လိုက်ရင် ပွဲထဲမှာ အမြဲတမ်း မနားမနေရုန်းကန်းနေတာတွေ့ရတယ် ။
အသင်းအတွက်တော့ အရမ်းကောင်းပေမယ့် သူ့အတွက်ကျတော့ injury ရရလွယ်လွန်းတယ် ။
အထူးသဖြင့် ကစားသမား အရိုးတွေဆက်လက်ကြီးထွားနိုင်သေးတဲ့အရွယ် 18 နှစ်မပြည့်သေးခင် ပွဲအများကြီးကစားပြီ ဒဏ်ရာရသွားရင် အဲ့ဒဏ်ရာက ဘဝ တလျှောက်လုံး ဒုက္ခပေးနိုင်တယ် ။
အဲ့တော့ အသက်အငယ်ဆုံး ကစားသမား စံချိန်တွေထပ် အသက်18 နှစ်မပြည့််ခင်မှာ ပွဲကစားချိန်လျော့ဖို့လိုတယ် ။
ခုဆို ဂါဗီ က 17 နှစ်မှာတင် ပွဲအများကြီးကစားလိုက်ရပြီ ဒဏ်ရာသားကောင်းဘဝ ဖြစ်နေပြီ ။ တကယ်စဉ်းစားကြည့်တော့ ဂါဗီက ခုမှ 21 နှစ် ဘဲရှိသေးတယ် ။
တစ်ရာသီတစ်ရာသီ ပွဲပေါင်း 60 ကျော်ဖြစ်လာတာ က လဲ ကစားသမားတွေရဲ့ သက်တမ်းကို တိုစေတဲ့ အကြောင်းရင်းဖြစ်လာနိုင်တယ် ။
ခုချိန်မှာ မက်စ်ဒေါင်းမန်လဲ မပါလေကောင်းလေ ဘဲလို့ သုံးသပ်ရမယ် ။
လူကြီးနဲ့ လူငယ်ကန်တော့ ဘယ်ခံနိုင်မလဲ

နည်းစနစ် ဆရာ အာတီတာရဲ့ အားနည်းချက် နည်းစနစ် ဆရာအာတီတာတော့ အဓိကကစားသမားကို တစ်ပွဲမှ ကို အနားမပေးသလိုဖြစ်နေတယ် ။ EFL လို ဘ...
30/10/2025

နည်းစနစ် ဆရာ အာတီတာရဲ့ အားနည်းချက်

နည်းစနစ် ဆရာအာတီတာတော့ အဓိကကစားသမားကို တစ်ပွဲမှ ကို အနားမပေးသလိုဖြစ်နေတယ် ။
EFL လို ဘာမှ မှ အရေးမကြီးတဲ့ ဖလားမှာလဲ အဓိကကစားသမား ဂါဘရီရဲယ် ၊ ဆာကာ၊ တင်ဘာ၊ ရိုက်စ် ကို မိနစ် 20 ကျော် ကစားခိုင်းသေးတယ် ။
တကယ် ဘာမဟုတ်တဲ့ပွဲကို ။ ဒီနှစ်မှာ ဝယ်ထားတဲ့လူကို premier league နဲ့ ချန်ပီယံလိဂ် ဖလားကိုဘဲအာရုံစိုက်သင့်တာပါ။ ကစားသမားဒဏ်ရာရခဲ့ရင်ဆိုတာ အမြဲတွေးသင့်ပါတယ်။ ခုတောင် အဓိကကစားသမား အများအပြား ဒဏ်ရာရနေကြတာ။

Premier league မရဘဲ အချိုရည်ဖလားရလဲ ဘာမှ မထူးပါဘူး ။
ဂိုးမသွင်းခံရဖို့ ၊ EFL ရဖို့ ဆိုတာ အဓိက target မဖြစ်သင့်ဘဲ ၊ အပိုဆု bonus သာဖြစ်သင့်ပါတယ် ။

နောင်တော် London အစ်ကိုအာဆင်နယ် နောက်လိုက်လာတဲ့ စပါးEverton 0-3 Spur စပါးကတော့ van de ven ခေါင်းတိုက်ဂိုး 2 ဂိုး နဲ့အတူ ...
27/10/2025

နောင်တော် London အစ်ကိုအာဆင်နယ် နောက်လိုက်လာတဲ့ စပါး
Everton 0-3 Spur

စပါးကတော့ van de ven ခေါင်းတိုက်ဂိုး 2 ဂိုး နဲ့အတူ ဇယား တတိယနေရာရောက်လာခဲ့တယ် ။
ခုချိန်မှာ premier league ရဲ့ အကြမ်းဆုံး formula ဂိုးသမားကို ဖိအားပေးပြီ , ဂိုးသွင်းခြင်း formula ဖြစ်တယ်။
Set pieces တင်တိုင်းမှာ ဂိုးသမားကို လူကပ်မယ် ၊မကပ်ရင် ဝင်တိုက်ဖို့တစ်ယောက် ပါကို ပါနေပါပြီ ။
အာဆင်နယ်က အစပြုလိုက်တဲ့ ရုပ်ပေါက်တဲ့ set pieces ကတော့ league တခုလုံးကို ပျံ့နှံ့လာပါပြီ ။
လှပတဲ့ pressing game တွေ ၊ counter attack တွေကို ဖျက်စီးဖို့ အာဆင်နယ်ရဲ့ set pieces ကအစပြုလိုက်ပြီ အသင်းတိုင်းလေ့ကျင့်နေတာတွေ့ရပါပြီ ။

Premier league က စည်းမျဉ်းအသစ်ဆွဲပြီ ကန့်ကွက်မလား ၊ ဒီအကွက်ကို premier league အသင်းတွေ ဥရောပဖလားကို သယ်သွားပြီ တစ်ကမ္ဘာလုံးကို ဒုက္ခပေးမလားကြည့်ရတော့ပါမယ် ။
ကမ္ဘာဖလားမှာရော ဒီအကွက်တွေ့ရမလား

✅ပုံမှာမြင်တဲ့အတိုင်းဘဲ Van de ven က Pickford ကို အရင်ဝင်တိုက်လိုက်ပြီမှ ။ Bentacur ရဲ့ ဖန်တီးပေးမှုကို ဂိုးပြန်သွင်းခဲ့တာဖြစ်ပါတယ်

အာဆင်နယ် 1-0 ပဲလေ့စ် အာတီတာ ရဲ့ အသင်းကတော့ ဒီပွဲကို ပုံမှန်အတိုင်းဘဲ အနိုင်ယူခဲ့ပြန်ပါတယ် ။ ဒါပေမယ့် အာတီတာ က 3 ရက်တစ်ပွ...
26/10/2025

အာဆင်နယ် 1-0 ပဲလေ့စ်

အာတီတာ ရဲ့ အသင်းကတော့ ဒီပွဲကို ပုံမှန်အတိုင်းဘဲ အနိုင်ယူခဲ့ပြန်ပါတယ် ။
ဒါပေမယ့် အာတီတာ က 3 ရက်တစ်ပွဲကန်ရတဲ့ အခြေအနေမှာ အသင်းကြီးတော်တော်များများက 3, 4 နေရာလောက်ပြောင်းပြီကန်တဲ့အချိန်မှာ အာဆင်နယ်က တော့ ပွဲတိုင်း Gabriel , saliba , timber , rice , zubimendi , saka , Gyokeres တို့ကို ဒဏ်ရာမရမချင်း ပွဲတိုင်း ပွဲချန်ပြည့်နီးပါးသုံးချင်နေတာက ကြာရင် ပြသာနာဖြစ်လာနိုင်တယ် ။
ဒီပွဲမှာဆို အာဆင်နယ်က ပွဲပန်းနေတာကို သိသိသာသာခံစားနေရတယ် ။
အရင်က အာဆင်နယ်မှာ အရန်ကစားသမားနဲ့ ပုံမှန်ကစားသမား အရည်အချင်းအရမ်းကွာလို့ မထည့်တာ လက်ခံလို့ ရပေမယ့် ။ ခုတော့ အရန်က Norgaard , white , Nwaneri ဆိုတာ လူစားတောင် မပါရတာခပ်များများဆိုတော့ အာတီတာက လူအင်းအားဖြည့်ထားပြီးတော့ 15 မိနစ်တောင် မပေးကန်ရဲတာလား ။
လူစရင်းတစ်မျိုးတည်းသုံးရင်တော့ အကြံပေးချင်တာက premier league ကို ဘဲ အာရုံစိုက်သင့်ပြီ ။ UCL ကို လက်လျော့သင့်တယ် ။ မဟုတ်ရင် မျောက်သစ်ကိုင်းလွတ်ဖြစ်သွားနိုင်တယ် ။ UCL ကော premier league ကော ရချင်းရင်တော့ PSG , ရီးရဲယ်လ်ကို အတုယူပြီ လူစာရင်း rotation ဆော့ကို ဆော့သင့်တယ် ။ ပွဲတိုင်းဒီလူဘဲသုံးနေတာတော့ မဟုတ်သေးပါဘူး ။
လူတွေအများကြီးဝယ်ပြီတော့ အရန်ကကောင်က 10 မိနစ်လောက်ဘဲဆော့ရတာတော့ တော်တော်ကို balance မမျှတာဖြစ်နေပါတယ်

Address

Lanmadaw
Yangon
01

Telephone

+959954669033

Website

Alerts

Be the first to know and let us send you an email when ဘောလုံးဆရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category