20/08/2024
🔴🔴Breaking News🔴🔴
Burnley သည် Man Utd ၏ Hannibal Mejbri ကို စိတ်ဝင်စားကြောင်းဖော်ပြလာပါတယ်...
The Athletic ၏ဖော်ပြချက်အရ ဘန်လေသည် မန်ယူကွင်းလယ်ကစားသမား Hannibal Mejbri ကို ခေါ်ယူရန် စဉ်းစားနေပြီး Clarets သည် အသက် 21 နှစ်အရွယ် ကစားသမားအား အငှားစာချုပ် သို့မဟုတ် အပြီးသတ်ခေါ်ယူလိုပါတယ်..
ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရသော်လည်း ဘန်လေသည် ထိပ်တန်းအဆင့်သို့ ချက်ချင်းပြန်လာရန် ဆုံးဖြတ်ထားသည်။ Mejbri သည် 2019 ခုနှစ်တွင် AS Monaco မှ ယူနိုက်တက်သို့ ပေါင် 9 သန်းဖြင့် ရောက်ရှိလာခဲ့ပြီး ၎င်း၏ လက်ရှိစာချုပ်မှာ တစ်နှစ်သာ ကျန်ရှိတော့သည် ။
တူနီးရှားလက်ရွေးစင်ကစားသမားသည် 2021 ခုနှစ်တွင် ယူနိုက်တက်အတွက် ၎င်း၏အကြီးတန်းပွဲဦးထွက်ကစားခဲ့ပြီးကတည်းက ပြိုင်ပွဲအရပ်ရပ်တွင် ကလပ်အသင်းအတွက် 12 ပွဲကစားထားသည်။ အငှားပြောင်းရွှေ့ခြင်း သို့မဟုတ် Burnley သို့ အပြီးသတ် ပြောင်းရွေ့ခြင်းသည် Mejbri၏တိုးတက်မှုနှင့် ပုံမှန်ကစားချိန်ပိုမိုရရှိရန် အခွင့်အရေးရရှိနိုင်မှာလည်းဖြစ်ပါတယ်...
Source by:Mirror