20/11/2020
လူ သို့မဟုတ် လူဘ၀
မိခင်၀မ်းတွင်း လွပ်လပ်နေထိုင်
ကိုးလလွယ်လို့ ဆယ်လတွင်း၀ယ်
မွေးဖွားရှင်သန် ၊ လူသားအသွင်
လူပြည်ရွာသို့ ရောက်ခဲ့ လေပြီ၊
မည်သူမသိ ၊ စာမသိနဲ့
နေညမရှိ ၊အမြဲအိပ်၏
ကျပ်ထုတ်အသွင်၊အနှီးပိတ်တွင်
နေရောင်မထိ၊ ယုယသွင်ပြင်ဆောင်ပါ၏။
ထိုများရက်တွေ လွန်လေသော
လေးဘက်အသွင်၊လမ်းလျှောက်ပြင်
အမိ၊အဖ၊မပီစကားဆိုလျင်ခါ
ထမင်းစား၊ ရေ သောက် ငါဆို၏။
နွေခါ ရောက်လို ဆောင်းလေ နှင်းချိန်
ရက်တွေ နှစ်တွေ လွန်ခါသော
အသိခေါက်ခက် အ၀င်မနက်အောင်
မှန်လား၊ မှားလား စဉ်းစားချင့်ချိန်၊နေဖိုချိန်ကာ
လွယ်အိပ်ကျောပိုး ၊ကျောင်းကိုဒိုး
က၊ခ၊ဂ ၊ဃ ရေးတတ် သိမြင်
ဖို့ရာစာသင်တန်းသို့ရောက်လေပြီ။
ကျောင်းကသင်ပေး ၊ ဘ၀ရေးမို့
ကြိုးစားပန်းစားသင်ပြီးချိန်ကာ၊
ဘွဲ့လွန် သင်တန်း ငါယူလေပြီ၊
စာပေလွန်သော၊ ကြင်ယာစုံချိန်
နောက်ထပ်ဘ၀ ထပ်ထမ်းခါရယ်
ချွေးစိုမသိ၊ နားချိန်မရှိ ဘ၀ထံသို့
ကျွန်ခံလေပြီ။
လူ သို့မဟုတ် လူဘ၀ က
ဤသို့ဤပုံ ဆောင်သွင်သည်ကို
ရှေးက လူကြီး သက်ကြီးရွယ်အို
မှတ်သားစကား၊ ရိုသေစွာဖြင့်
နောင်၀ယ်မျိုးသစ်၊ မှတ်သားဖို့အသွင်
ဆောင်ပါသည်။