Aerial Apex Gymnastics

Aerial Apex Gymnastics Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aerial Apex Gymnastics, Coach, No. 1 , Conor of Kamarkyi Road and Anathamyitar Pagoda Road, Thuwanna, Thingangyun, Yangon.

Confidence ရှိတဲ့ ကလေးတစ်ယောက် အဖြစ် ပျိုးထောင်ချင်တယ်ဆိုရင်……ကလေးတစ်ယောက်အတွက် Confidence (ကိုယ့်ကိုယ်ကို ယုံကြည်မှု) ဆ...
30/08/2026

Confidence ရှိတဲ့ ကလေးတစ်ယောက် အဖြစ် ပျိုးထောင်ချင်တယ်ဆိုရင်……

ကလေးတစ်ယောက်အတွက် Confidence (ကိုယ့်ကိုယ်ကို ယုံကြည်မှု) ဆိုတာ “ငါလုပ်နိုင်တယ်” လို့ ပြောနိုင်တာတစ်ခုတည်း မဟုတ်ပါဘူး။

ခက်ခဲတဲ့အရာတစ်ခုကို ကြောက်နေသော်လည်း ကြိုးစားကြည့်ရဲခြင်း၊ အမှားလုပ်မိလျှင် ပြန်လည်ကြိုးစားနိုင်ခြင်း ကနေ တကယ့် Confidence ဟာ တဖြည်းဖြည်း တည်ဆောက်လာတာ ဖြစ်ပါတယ်။

Gymnastics ဟာ ဒီ Confidence ကို တည်ဆောက်ပေးနိုင်တဲ့ အားကစားတစ်ခုပါ။ 🤸

🌟 (၁) Skill အသစ်တစ်ခုကို စမ်းသပ်ခြင်း

အစပိုင်းမှာ Handstand၊ Cartwheel ဒါမှမဟုတ် Backward Roll လို Skill အသစ်တွေကို ကလေးတွေ ကြောက်နိုင်ပါတယ်။

ဒါပေမယ့် နည်းပြဆရာ/ဆရာမရဲ့ လမ်းညွှန်မှုနဲ့ အဆင့်လိုက် လေ့ကျင့်ရင်း…

“ငါမလုပ်နိုင်ဘူးထင်ခဲ့တာ၊ အခုတော့ ငါလုပ်နိုင်လာပြီ”

ဆိုတဲ့ အတွေ့အကြုံကို ရရှိလာပါတယ်။ ဒီအတွေ့အကြုံက Confidence ကို တည်ဆောက်ပေးတဲ့ အရေးကြီးတဲ့ အဆင့်တစ်ခုပါ။

🌟 (၂) အမှားလုပ်မိပြီး ပြန်ကြိုးစားခြင်း

Gymnastics မှာ Skill တစ်ခုကို ပထမအကြိမ်မှာ အောင်မြင်ဖို့ မလွယ်ကူပါဘူး။

Balance ပျက်နိုင်တယ်။
လဲကျနိုင်တယ်။
Skill ကို မှန်မှန်ကန်ကန် မလုပ်နိုင်သေးဘူး။

ဒါပေမယ့် ထပ်ခါထပ်ခါ ကြိုးစားရင်း တိုးတက်လာတဲ့အခါ ကလေးတွေဟာ…

“အမှားလုပ်မိတာ မဆိုးဘူး၊ ပြန်ကြိုးစားလို့ရတယ်”

ဆိုတဲ့ စိတ်ဓာတ်ကို သင်ယူလာကြပါတယ်။

🌟 (၃) ကြောက်စိတ်ကို တဖြည်းဖြည်း ကျော်ဖြတ်ခြင်း

Confidence ဆိုတာ ကြောက်စိတ်လုံးဝမရှိတာ မဟုတ်ပါဘူး။

ကြောက်နေသော်လည်း မှန်ကန်တဲ့ လမ်းညွှန်မှုနဲ့ ရင်ဆိုင်ကြည့်ရဲခြင်း ဖြစ်ပါတယ်။

Gymnastics မှာ Skill တွေကို လွယ်တဲ့အဆင့်ကနေ ခက်တဲ့အဆင့်အထိ Progression အလိုက် သင်ကြားပေးတဲ့အတွက် ကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တစ်ဆင့်ချင်း တည်ဆောက်နိုင်ပါတယ်။

🌟 (၄) ကိုယ့်ရဲ့ တိုးတက်မှုကို ကိုယ်မြင်လာခြင်း

အစမှာ Handstand ကို ၂ စက္ကန့်ပဲ ထိန်းနိုင်တဲ့ ကလေးတစ်ယောက်က နောက်ပိုင်းမှာ ၁၀ စက္ကန့် ထိန်းနိုင်လာတဲ့အခါ…

Cartwheel မလုပ်နိုင်ခဲ့တဲ့ ကလေးတစ်ယောက်က နောက်ဆုံးမှာ ကိုယ်တိုင် လုပ်နိုင်လာတဲ့အခါ…

ကလေးဟာ အခြားသူနဲ့ နှိုင်းယှဉ်ဖို့ မလိုဘဲ “မနေ့က ငါထက် ဒီနေ့ ငါပိုတိုးတက်လာတယ်” ဆိုတဲ့ ယုံကြည်မှုကို ရရှိလာပါတယ်။

👨‍👩‍👧 မိဘများအတွက် အရေးကြီးတဲ့ အကြံပြုချက်

ကလေးရဲ့ Confidence ကို တည်ဆောက်ပေးဖို့…

✔️ ရလဒ်တစ်ခုတည်းကို မချီးကျူးပါနဲ့။
✔️ ကလေးရဲ့ ကြိုးစားမှုကိုလည်း အသိအမှတ်ပြုပေးပါ။
✔️ အခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။
✔️ အမှားလုပ်မိတဲ့အခါ ပြန်ကြိုးစားဖို့ အားပေးပါ။
✔️ တိုးတက်မှုအသေးလေးတွေကိုလည်း ဝမ်းသာပေးပါ။

💙 AAG Gymnastics မှ ဆရာ/ဆရာမများ၏ အကြံပြုချက်

ကလေးတစ်ယောက်ရဲ့ Confidence ဟာ တစ်ရက်တည်းနဲ့ တည်ဆောက်လာတာ မဟုတ်ပါဘူး။

ကြိုးစားခြင်း → အမှားလုပ်ခြင်း → ပြန်လည်ကြိုးစားခြင်း → တိုးတက်လာခြင်း

ဆိုတဲ့ အတွေ့အကြုံတိုင်းကနေ တည်ဆောက်လာတာ ဖြစ်ပါတယ်။

Gymnastics က ကလေးတွေကို Skill အသစ်တွေ သင်ပေးရုံသာမက “ငါကြိုးစားရင် ငါလုပ်နိုင်တယ်” ဆိုတဲ့ ယုံကြည်မှုကိုပါ တစ်ဆင့်ချင်း တည်ဆောက်ပေးနိုင်ပါတယ်နော်ရှင်။ 🌟🤸

📩 AAG Gymnastics Center ရဲ့ Class Schedule နဲ့ အသေးစိတ်အချက်အလက်များကို Messenger မှာ စုံစမ်းနိုင်သလို

📍 AAG အားကစားခန်းမကိုလည်း ကိုယ်တိုင်လာရောက် လေ့လာနိုင်ပါတယ်ခင်ဗျာ။


📍 Location
No.1, Annada Myittar Pagoda Road,
Thingyannyun, Thuwana

📞 Contact Us
09444483170

28/08/2026

Norah moment 🎀💛

27/08/2026

Little gymnats လေးများရဲ့ Gymnastics time 💖🤸‍♂️✨

ဖေဖေ မေမေတို့ရေမနက်ဖြန် ၁၉ ရက်နေ့ ညနေပိုင်း ရှိ Kids အတန်းတွေဖြစ်တဲ့ 3:00 - 4:30 အတန်း နဲ့  4:30 - 6:00 အတန်းချိန်လေးကို...
18/08/2026

ဖေဖေ မေမေတို့ရေ
မနက်ဖြန် ၁၉ ရက်နေ့ ညနေပိုင်း ရှိ Kids အတန်းတွေဖြစ်တဲ့ 3:00 - 4:30 အတန်း နဲ့ 4:30 - 6:00 အတန်းချိန်လေးကို မနက်ဖြန်တစ်ရက်ပိတ်မည်ဖြစ်ကြောင်းကို အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျာ

(အစားထိုးအတန်းများ ပြန်လည်စီစဉ်ပေးသွားမှာဖြစ်ပါတယ်)

အသက် ၃ နှစ်ကနေ ၁၀ နှစ် အရွယ်လေးတွေဟာ Movement Time ပိုလိုအပ်တဲ့အရွယ် ပါ ……🤸‍♂️“ကလေးက ဖုန်းပဲကြည့်နေတယ်…”“အပြင်ထွက်ပြီး က...
17/08/2026

အသက် ၃ နှစ်ကနေ ၁၀ နှစ် အရွယ်လေးတွေဟာ Movement Time ပိုလိုအပ်တဲ့အရွယ် ပါ ……🤸‍♂️

“ကလေးက ဖုန်းပဲကြည့်နေတယ်…”
“အပြင်ထွက်ပြီး ကစားတာနည်းလာတယ်…”
“ကိုယ်လက်လှုပ်ရှားမှု သိပ်မရှိတော့ဘူး…”

ဒီလိုအခြေအနေတွေကို မိဘတော်တော်များများ ကြုံနေရပါတယ်။

ကလေးတွေ ဖွံ့ဖြိုးဖို့အတွက် စာသင်တာတစ်ခုတည်း မလုံလောက်ပါဘူး။

ကလေးတွေရဲ့ ခန္ဓာကိုယ်ကိုလည်း ကြီးထွားဖွံ့ဖြိုးအောင်လေ့ကျင့်ပေးဖို့ လိုပါတယ်။ 💙

AAG Gymnastics မှာသင်ပြီးရင်—

⚖️ Balance ရရှိလာနိုင်မယ်
🤸 Coordination ပိုကောင်းလာမယ်
🧘 Flexibility တိုးတက်လာမယ်
💪 Strength တည်ဆောက်လာနိုင်မယ်
🎯 Focus & Body Control ပိုကောင်းလာမယ်
🌟 ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာမယ်

အရေးကြီးဆုံးကတော့
“မလုပ်နိုင်ဘူး” ကနေ “ကြိုးစားကြည့်မယ်” ဆိုတဲ့စိတ်ဓာတ်ကို တဖြည်းဖြည်း တည်ဆောက်ပေးနိုင်တာပါ။

AAG Gymnastics Center မှာ ကလေးတွေအတွက်
အသက်အရွယ်နဲ့ ကိုက်ညီတဲ့ Training Program တွေကို အသုံးပြုပြီး Coach များက အနီးကပ်လမ်းညွှန်ပေးပါတယ်။

🏆 ကလေးတိုင်း Athlete ဖြစ်ဖို့ မလိုပါဘူး။
ဒါပေမယ့် ကလေးတိုင်း ကျန်းမာသန်စွမ်းပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့တော့ အရေးကြီးပါတယ်။

ဒီနေ့ ကစပြီး သားသားမီးမီးတို့ကို Screen Time ကို နည်းနည်းလျှော့ပြီး
Movement Time ကို နည်းနည်းပိုပေးကြည့်ပါ။ ❤️

📩 AAG Gymnastics Center ရဲ့ Class Schedule နဲ့ အသေးစိတ်အချက်အလက်များကို Messenger မှာ စုံစမ်းနိုင်သလို

📍 AAG အားကစားခန်းမကိုလည်း ကိုယ်တိုင်လာရောက် လေ့လာနိုင်ပါတယ်ခင်ဗျာ။


📍 Location
No.1, Annada Myittar Pagoda Road,
Thingyannyun, Thuwana

📞 Contact Us
09444483170

သားသားမီးမီးတို့ကို ကျန်းမာပြီး ထူးချွန်ထက်မြတ်အောင်ပျိုးထောင်ချင်တဲ့ ဖေဖေမေမေတို့အတွက် အကောင်းဆုံးရွေးချယ်စရာ တစ်ခု…….က...
14/08/2026

သားသားမီးမီးတို့ကို ကျန်းမာပြီး ထူးချွန်ထက်မြတ်အောင်ပျိုးထောင်ချင်တဲ့ ဖေဖေမေမေတို့အတွက် အကောင်းဆုံးရွေးချယ်စရာ တစ်ခု…….

ကျောင်းပိတ်ရက်မှာ ဖေဖေ မေမေတို့အနေနဲ့ သားသားမီးမီးတို့ကိုကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေချငတယ်၊ဉာဏ်ရည်ဖွံ့ဖြိုးစေချင်တယ်၊စည်းကမ်းလိုက်နာပြီး မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ ကလေးတွေဖြစ်လာစေချင်တယ်ဆိုရင်

👉 **AAG Gymnastics ** ဆီကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

**Strong, Confident, and Active Children** ဖြစ်လာစေဖို့ အထူးရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းနဲ့ စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

---

📘 **Course Outline**

• Basics and Fundamental Movements
• Rolling Techniques
• Flexibility and Strength Training
• Tumbling and Acrobatics
• Trampoline Skills
• Advanced Holds and Balance Skills
• Parallel Bar Skills
• Horizontal Bar Skills
• Beam Skills

👉 အထက်ပါ သင်ရိုးများအတိုင်း အဆင့်လိုက် စနစ်တကျ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

---

🌟 **AAG မှာ တက်ရောက်ပြီးရင် ကလေးတွေမှာ တိုးတက်လာမယ့်အချက်များ**

✔ ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် ပျော့ပြောင်းမှု တိုးတက်လာခြင်း
✔ Balance၊ Coordination နှင့် အာရုံစူးစိုက်နိုင်စွမ်း မြင့်မားလာခြင်း
✔ ယုံကြည်မှု၊ စည်းကမ်းရှိမှုနှင့် Body Awarness တိုးတက်လာခြင်း

👉 စတဲ့အချက်တွေမှာ **သိသိသာသာ တိုးတက်လာတာကို မျက်မြင်တွေ့ရမှာဖြစ်ပါတယ်**။

---

💬
ဖေဖေ မေမေတို့ရဲ့ သားသားမီးမီးတွေကို
**Strong, Confident, and Active** ဖြစ်တဲ့ ကလေးတွေဖြစ်အောင် ပံ့ပိုးပေးချင်တယ်ဆိုရင်

📞 အောက်ဖော်ပြပါ ဖုန်းနံပါတ်မှတဆင့်ဖြစ်ဖြစ်
💬 Page Messenger မှတဆင့်ဖြစ်ဖြစ်ဆက်သွယ်နိုင်သလို

📍 AAG ကျွမ်းဘားအားကစားခန်းမကိုလည်း ကိုယ်တိုင်လာရောက် လေ့လာနိုင်ပါတယ်ခင်ဗျာ။

---

📍 **Location**
No.1, Annada Myittar Pagoda Road,
Thingyannyun, Thuwana

📞 **Contact Us**
09444483170

13/08/2026

🤸‍♂️🌟သူတို့လေးတွေကို သင်ပေးနေရင်းအချိန်တွေဘလိုကုန်မှန်းမသိတစ်ယောက်တစ်မျိုးစီ ချစ်စရာကောင်း နေတာလေး💖

12/08/2026

သေချာအာရုံစိုက်ပြီးလိုက်ကနေတာ အူယားစရာလေးပါရှင်😂💖

🌟 NEW EXCLUSIVE PROGRAM FOR LITTLE GYMNASTS 🤸‍♀️Gymnastics for Kids – Special Classအသက် (၄) နှစ်အောက် ကလေးများအတွက် Limi...
07/08/2026

🌟 NEW EXCLUSIVE PROGRAM FOR LITTLE GYMNASTS 🤸‍♀️

Gymnastics for Kids – Special Class

အသက် (၄) နှစ်အောက် ကလေးများအတွက် Limited Seat Program

👶 ကလေးငယ်လေးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် အစောဆုံးအရွယ်မှာ ရရှိတဲ့ လေ့ကျင့်မှုက အရေးကြီးပါတယ်။

Aerial Apex Gymnastics မှာ ပုံမှန် Gymnastics Class တွေအပြင်
3 နှစ်ကနေ ၄ နှစ်အတွင်းရှိတဲ့ ကလေးများရဲ့ လိုအပ်ချက်ကို အထူးအာရုံစိုက်ထားတဲ့ Gymnastics for Kids Special Class ကို စတင်ဖွင့်လှစ်လိုက်ပါပြီ။ ✨

🔥 ONLY 10 SEATS AVAILABLE PER CLASS

ကလေးငယ်တွေအတွက် Coach ရဲ့ အာရုံစိုက်မှု၊ လမ်းညွှန်မှုနဲ့ လုံခြုံစိတ်ချရတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို အပြည့်အဝရရှိစေရန် ရည်ရွယ်တာကြောင့် Class Size ကို ကန့်သတ်ထားပါတယ်။

💎 Regular Gymnastics Class နဲ့မတူတဲ့အချက်ကတော့
ဒီ Program ကို အသက် (၄) နှစ်အောက် ၃ နှစ်ပြည့်ပြီးတဲ့ ကလေးတွေကို ရည်ရွယ်ပြီး Physical Development + Gymnastics Foundation တည်ဆောက်ပေးရန် သီးသန့်ဖန်တီးထားခြင်းပဲဖြစ်ပါတယ်

📚 4 Months Exclusive Development Program

ကနေရရှိမည့် အကျိုးကျေးဇူးများ -

🤸‍♀️ Gymnastics Foundation Skills
🧸 Physical Development
💪 Strength & Body Control Development
⚖️ Balance & Coordination
🏃 Movement & Agility Skills
🧠 Focus & Following Instructions
😊 Confidence & Independence Building
👫 Social Skills Development
စတဲ့ အကျိုးကျေးဇူးတွေကို သိသိသာသာ မျက်မြင်ကိုယ်တွေ့ရရှိမှာဖြစ်ပါတယ်။

💙 သားသား မီးမီးတို့ဟာလည်း သင်တန်းတစ်ခု တက်နေရသလို မခံစား ရဘဲ “ကစားကွင်းမှာ ကစားနေရတဲ့ ခံစားချက်မျိုး နဲ့ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်မှာဖြစ်လို့ ” အကောင်းဆုံးငယ်ဘဝ အမှတ်တရတွေထဲကတစ်ခုအဖြစ် ဖေဖေ မေမေ တို့ကဖန်တီးပေးနိုင်မှာဖြစ်ပါတယ်

ငယ်စဉ်ထဲက ကျန်းမာသန်စွမ်းတဲ့ အနာဂတ်ကို ဖန်တီးပေးချင်တဲ့ မိဘများအတွက် အထူးသင့်တော်တဲ့ Program လေးမို့ လူမပြည့်ခင်အမြန်ဆုံးအပ်နှံလိုက်ပါနော် 🤍

📞 အောက်ဖော်ပြပါ ဖုန်းနံပါတ်မှတဆင့်ဖြစ်ဖြစ်
💬 Page Messenger မှတဆင့်ဖြစ်ဖြစ်ဆက်သွယ်နိုင်သလို

📍 AAG အားကစားခန်းမကိုလည်း ကိုယ်တိုင်လာရောက် လေ့လာနိုင်ပါတယ်ခင်ဗျာ။


📍 Location
No.1, Annada Myittar Pagoda Road,
Thingyannyun, Thuwana

📞 Contact Us
09444483170





Address

No. 1 , Conor Of Kamarkyi Road And Anathamyitar Pagoda Road, Thuwanna, Thingangyun
Yangon

Telephone

+959425227740

Website

Alerts

Be the first to know and let us send you an email when Aerial Apex Gymnastics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share