Fitness Coach By Myat Min - Venom

Website

Fitness Coach By Myat Min - Venom Fitnese And Wellness Knowledge

ထိုးချင်သလိုထိုး အစားမထိုးရင် ရပြီ 🙄    ゚viralシ
25/10/2026

ထိုးချင်သလိုထိုး အစားမထိုးရင် ရပြီ 🙄

゚viralシ

24/10/2026

သူမကို ညာလို့ရပေမယ့် ဂျင်ဆရာကို ညာ လို့မရခဲ့ဘူး.....



: DISCLAIMER
No copyright infringement intended.
We do not own the audio in this video. They belong to their rightful owners

23/10/2026

အိပ်ရေးမဝပဲ ဂျင် သွားရင် သတိထားကြပါ 😤

#ကျန်းမာရေး # gymgirls

21/10/2026

ဂျင်တိုင်း ဂျင်တိုင်းရဲ့ ဖစ်ရပ်မှန်လေး တစ်ခု

#ဂျင် #လေ့ကျင့်ခန်း

20/10/2026

သူများဆရာနဲ့ မိမိဆရာ ကွာခြားပုံ

ကိုယ့်ဂျင်ဆရာ ကို မန်းရှင်းခဲ့ပါဦး 😬

19/10/2026

ကျောက်ကပ်ကိုထိခိုက်စေသော အမူအကျင့်များ
(၁) နံနက်စာ မစားခြင်း။
(၂) ဆား စားသုံးမှု များနေခြင်း။
(၃) ဆေးလိပ်သောက်ခြင်း။
(၄) ရေသောက်နည်းခြင်း။
(၅) ဆေးဝါများ အလွန်အကျွံ မှီဝဲနေခြင်း။
(၆) လုံလောက်သော အနားယူခြင်း မရှိခြင်း။
(၇) တစ်ခါတစ်လေ အလွန်အကျွံ စားခြင်း။
(၈) အသားများကို အလွန်အကျွံစားခြင်း။
(၉) အရက်အလွန်အကျွံ့သောက်ခြင်း။
(၁၀) မနက်အိပ်ယာထ ဆီးသွားချင်သည်ကို
မသွားပဲ ချုပ်တည်းထားခြင်း။

_______________________________________

ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်တာကြောင့်ဆင်ခြင်သင့်တဲ့အမူအကျင့်(၁၀)မျိုး

ကျောက်ကပ်က သွေးကြောထဲမှာ လှည့်ပတ်နေတဲ့သွေးတွေကို သန့်စင်အောင်စစ်ထုတ်ပေးပြီး အစားအစာတွေကနေဗီတာမင်၊ သတ္တုဓာတ်တွေကို စုပ်ယူကာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရေတြကို ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဟော်မုန်းထုတ်လုပ်မှုမှာလည်း ကူညီပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးက ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးတယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်အမူအကျင့်တွေထဲကနေ ကျောက်ကပ်ကျန်းမာရေး ပျက်စီးစေမယ့် အပြုအမူတွေကို ဆင်ခြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

(၁) ရေအလုံအလောက္မသောက်ဘူး

ခန္ဓာကိုယ်မှာရေဓာတ်အလုံအလောက်ရရှိမှ ကိုယ်တွင်းကလီစာတွေကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ပေါ့။ ရေက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေဖယ်ရှားပေးတဲ့နေရာမှာ အရမ်းအကူအညီဖြစ်တာကြောင့် ကျောက်ကပ်မှာကျောက္မတည်အောင်တားဆီးပေးနိုင်ပါတယ်။ ဒါပေမဲ့ လိုအပ်တာထက်အလွန်အကျွံ့သောက်တာလည်းမကောင်းပါဘူး။ တစ်ရက္မှာ ရေနှစ်လီတာလောက်သောက်ရင်အတော်ပါပဲ။

(၂) ဆေးတွေကိုအညွှန်းအတိုင်းမသောက်ဘူး

နေမကောင်းဖြစ်တဲ့အခါ၊ တစ်ခုခုဖြစ်တဲ့အခါတွေမှာ ဆေးတွေကိုသောက်ချင်သလိုသောက်တဲ့အကျင့်ကလည်း ကျောက်ကပ်ပျက်စီးရတဲ့အကြောင်းရင်းထဲကတစ်ချက်ပါပဲ။ ဆေးမြီးတိုတွေအရမ်းသောက်ရင် ပိုဆိုးပါတယ်။ ဒါကြောင့် အကြောင်းတစ်ခုခုကြောင့်ဆေးသောက်တော့မယ်ဆို ကိုယ့်သဘောနဲ့ကိုယ်သောက်ချင်သလိုမသောက်ပါနဲ့၊ ဆရာ၀န်ညွှန်ကြားချက်နဲ့ သေချာလိုက်နာပြီးသောက်ပါ။

(၃) အငန်တွေအရမ်းစားတယ်

အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်က ဆိုဒီယမ် ၂၃၀၀မီလီဂရမ်လောက်ပဲစားသုံးသင့်တယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ထားခဲ့ပေမဲ့ လူတိုင်းကအဲ့ဒီပမာဏထက်ပိုအောင်စားသောက်နေကြပါတယ်။ အခုနောက်ပိုင်းအစားအစာတွေမှာ ဆိုဒီယမ်ပမာဏများများထည့်ပြီးအရသာပိုရှိအောင်ထုတ်လုပ်တာကို လူတွေကအရမ်းကြိုက်ကြပါတယ်။ဆိုဒီယမ်စားသုံးမှုများတဲ့အခါ ခန္ဓာကိုယ်ထဲမှာအငန်ဓာတ်တွေအရမ်းများလာပြီး ကျောက်ကပ်ကသန့်စင်နိုင်စွမ်းမရှိတော့ ကျောက်ကပ်ထိခိုက်လာပါတယ်။ ဒါကြောင့် အငန်ဓာတ်များတဲ့အစားအစာတွေကိုလျှော့စားပြီး အသီးအနှံနဲ့အရွက်စိမ်းတွေကိုလည်းသင့်တင့်သလောက်စားပေးပါ။

(၄) သွေးဖိအားနဲ့ပတ်သက်လို့ဂရုမစိုက်ဘူး

ကျန်းမာရေးလိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ သွေးဖိအားတိုင်းတာကိုမကြာခဏလုပ်ပေးသင့်ပါတယ်။ သွေးဖိအားများတယ်ဆိုတာ နှလုံးသွေးကြောနဲ့ပတ်သက်လို့ ပြဿနာရှိနေတာဖြစ်ပြီး သွေးတိုးရောဂါဖြစ်လာရင်သွေးလွှတ်ကြောတွေကျဉ်းမြောင်းလာပါတယ်။ အဲ့ဒီအခါ သွေးထဲမှာ ကိုလက်စထရောနဲ့အဆိပ်အတောက်တွေစုပုံလာပြီး ဒါကို ကျောက်ကပ်ကသန့်စင်နိုင်စွမ်းနည်းလာပါတယ်။ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်နေတဲ့အခါ ကျောက်ကပ်တစ်သျှူးတွေက လိုအပ်တဲ့အာဟာရတွေကို ကောင်းကောင်းမစုပ်ယူနိုင်တော့ဘဲ ကျောက်ကပ်မှာထိခိုက်လာပါတယ်။

(၅) ဆီးသွားချင်တာကိုအချိန်အကြာကြီးအောင့်ထားတတ်တယ်

ဆီးအိတ္က အရည်နှစ်ခွက်စာပမာဏကို သုံးနာရီကနေ၊လေးနာရီအထိထိန်းပေးထားနိုင်ပါတယ်။ တခါတ လေ သန့်စင်ခန်းမရှိတဲ့နေရာတွေမှာ ဆီးသွားချင်လာတာကို အချိန်တွေအကြာကြီးအောင့်ထားလိုက်တဲ့အခါ ကျောက်ကပ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်ပြီး မကြာခဏဆီးသွားချင်တာမျိုးဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင် တင်ပါးဆုံရိုးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့လိုပါတယ်။

(၆) အချိုနဲ့သရေစာတွေအလွန်အကျွံစားသုံးတယ်

အငန်တွေအရမ်းစားတဲ့အခါ ကျောက်ကပ်ကအဆိပ်အတောက်တွေဖယ်ရှားနိုင်စွမ်းနည်းလာသလိုပဲ ၊ အချိုနဲ့သရေစာတွေအလွန်အကျွံစားတာကလည်း အဲ့ဒီအတိုင်းဖြစ်စေတာကြောင့် ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။

(၇) အရက်နဲ့ဆေးလိပ်သုံးစွဲတယ်

သင်ဟာ အရက်နဲ့ဆေးလိပ်သောက်တဲ့သူဆိုရင် အဲ့ဒီအရာတွေကနေခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ ကယ်မီကယ်လ် တွေထုတ်လွှတ်နိုင်ပြီး ကျောက်ကပ်က အဲ့ဒါတွေကို ချေဖျက်သန့်စင်ဖို့ မတတ်နိုင်တော့တဲ့အခါ ထိခိုက်ပျက်စီးလာပါတယ်။

(၈) အနီရောင်အသားတွေအလွန်အကျွံစားတယ်

အနီရောင်အသားတွေက သံဓာတ်နဲ့ပရိုတင်းဓာတ်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်တယ်ဆိုပေမယ့် အမိုးနီးယားနဲ့နိုက်ထရိုဂျင်ဓာတ်တွေလည်းပါနေတာကြောင့် နေ့တိုင်းစားရင် ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။

(၉) အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်ဘူး

အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်တာက ဆီးချိုရောဂါ၊ ကင်ဆာရောဂါ နဲ့ Heart attack တွေဖြစ်စေနိုင်ပါတယ်။ပြီးတော့ တစ်ရက္မှာ ၈နာရီနဲ့အထက်ထိုင်တဲ့သူတွေဟာ တခြားသူတွေထက်ကျောက်ကပ်ရောဂါဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများပါတယ်။

(၁၀) ကောင်းကောင်းမအိပ်ဘူး

ညဘက္မှာကောင်းကောင်းအိပ်မှ နောက်နေ့အတွက်ခန္ဓာကိုယ်က အားအင်ပြည့်၀မှာပါ။ တကယ်လို့ အိပ်ချိန်မလုံလောက်ဘူးဆိုရင် သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ၊ သွေးဖိအားများလာမယ်၊ အဲ့ဒါက ကျောက်ကပ်ကိုသွားထိခိုက်စေပါတယ်။
ဒါကြောင့် ပုံမှန်အိပ်ချိန်အတိုင်းကောင်းကောင်းအိပ်ဖို့ လိုအပ်ပါတယ်။

19/10/2026

အမျိုးသမီးများအတွက် ထိရောက်မယ့် လေ့ကျင့်ခန်း တစ်မျိူး တင်ပြပေးပါတယ်

၁၅ ကြိမ် ၄ ကျော့ ကစားနိုင်ပါတယ်

ကြွက်သား တည်ဆောက်ဖို့ မရှိမဖြစ် လိုအပ်တဲ့ ဖြည့်စွက်စာ Supplement ၁၅ မျိုး ဘယ်အချိန် သောက်ရမလဲဆိုတာပါ အသေးစိတ်ရှင်းပြထားပ...
19/10/2026

ကြွက်သား တည်ဆောက်ဖို့ မရှိမဖြစ် လိုအပ်တဲ့ ဖြည့်စွက်စာ Supplement ၁၅ မျိုး
ဘယ်အချိန် သောက်ရမလဲဆိုတာပါ အသေးစိတ်ရှင်းပြထားပါတယ်။

-1. Creatine (5g) - လေ့ကျင့်ခန်းလုပ်ပြီး (After workout)
-2. Whey Protein - လေ့ကျင့်ခန်းလုပ်ပြီး (After workout)
-3. Zinc - အိပ်ယာမဝင်ခင် မိနစ် 30 (30 mins before sleep)
- 4. Omega-3 (3g) - အစားအစာနဲ့အတူ (With meals)
-5. Vitamin D3 - မနက်စာ မစားခင် (Before first meal)
- 6. Magnesium - အိပ်ယာမဝင်ခင် မိနစ် 30 (30 mins before sleep)
- 8. Ashwagandha (500mg) - အိပ်ယာမဝင်ခင် (Before sleep)
- 8. Calcium (200mg) - အိပ်ယာမဝင်ခင် မိနစ် 30 (30 mins before sleep)
-9. Citrulline (5g) - လေ့ကျင့်ခန်းမလုပ်ခင် (Pre-workout)
-10. EAAs (20g) - လေ့ကျင့်ခန်းလုပ်နေစဉ် (During workout)
-11. Beta-Alanine (5g) - လေ့ကျင့်ခန်းမလုပ်ခင် (Pre-workout)
-12. CoQ10 (100mg) - မနက်စာနဲ့အတူ (With breakfast)
-13. Multivitamin (1 dose) - ပထမဆုံး အစားအစာနဲ့အတူ (With first meal)
-14. Phosphatidylserine - အိပ်ယာမဝင်ခင် (Before sleep)
-15. Follow Me - ကျွန်တော်တို့ကို Follow လုပ်ခြင်း 😜
မှတ်ချက်။ ဒီ supplement တွေဟာ ကြွက်သားတည်ဆောက်မှုကို အထောက်အကူပြုပေမယ့်၊ သင့်ခန္ဓာကိုယ်နဲ့ ကိုက်ညီမှုရှိမရှိ သိရဖို့ ဆရာဝန် ဒါမှမဟုတ် အာဟာရပညာရှင်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

18/10/2026

အိပ်ရေး မဝ ပဲ ဂျင် ကစားရင် သတိထားကြပါလို့

#ကျန်းမာရေး

Address

Yangon

Alerts

Be the first to know and let us send you an email when Fitness Coach By Myat Min - Venom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share