Fitness Coach By Myat Min - Venom

Fitness Coach By Myat Min - Venom Fitnese And Wellness Knowledge

လက်ရှိ ကာလမှာ Deli Service ရဲ့ COD ကို ငွေထိန်းသိမ်း ခ  လေးတွေ ရှိနေတာရယ်  😱,  ငွေထုတ်ခ ဆိုပြီး %တွေကောက်နေတာရယ် 😳ငွေရှင...
28/05/2026

လက်ရှိ ကာလမှာ Deli Service ရဲ့ COD ကို ငွေထိန်းသိမ်း ခ လေးတွေ ရှိနေတာရယ် 😱,
ငွေထုတ်ခ ဆိုပြီး %တွေကောက်နေတာရယ် 😳
ငွေရှင်းဖ်ို့ ၁၀ ရက်လောက် ကြာနေတာရယ် ကြောင့် 😢Prepaid လေး မှာယူပေးစေချင်ပါတယ် ,
ကျနော့် အကောင့်ကို ဝင်ကြည့်ပြီး စိတ်ချ ယုံကြည်
ရင် မှာ ယူလို့ ရပါတယ် ,
ကျေးဇူးတင်ပါတယ် ခင်ဗျာ 🙏🏼
ကျနော့် တောင်းဆိုချက်ကို အဆင်မပြေလို့ COD ပဲဆိုလည်း ရပါတယ် ခင်ဗျာ

Deli Service တွေက OS တွေက်ို ဒေါ်မြ တိုက်နေသလ်ိုပဲနော်

Fitness Coach By Myat Min - Venom

Yoga ဘောလုံး , Stability Ballတွေ ရပါမယ် နော်WS အများဈေးလည်း ရှိပါမယ်
25/05/2026

Yoga ဘောလုံး , Stability Ballတွေ ရပါမယ် နော်

WS အများဈေးလည်း ရှိပါမယ်

တရုတ်နိုင်ငံက ဆယ်ကျော်သက် မိန်းကလေးနှစ်ဦးဟာ ဆိုရှယ်မီဒီယာပေါ်က ခေတ်စားနေတဲ့ "ထိုင်ထ အကြိမ် ၁,၀၀၀ စိန်ခေါ်မှု" (1,000-squ...
21/05/2026

တရုတ်နိုင်ငံက ဆယ်ကျော်သက် မိန်းကလေးနှစ်ဦးဟာ ဆိုရှယ်မီဒီယာပေါ်က ခေတ်စားနေတဲ့ "ထိုင်ထ အကြိမ် ၁,၀၀၀ စိန်ခေါ်မှု" (1,000-squat challenge) ကို လိုက်လုပ်ခဲ့ရာကနေ အသက်အန္တရာယ်ရှိတဲ့ Rhabdomyolysis လို့ခေါ်တဲ့ ပြင်းထန်ကြွက်သားပျက်စီးမှု ဝေဒနာကို ခံစားခဲ့ရလို့ ဆေးရုံတင်လိုက်ရပါတယ်။

ဒီရောဂါဆိုးဟာ ခန္ဓာကိုယ်ကို အလွန်အမင်း အပင်ပန်းခံခိုင်းတာ (သို့မဟုတ်) ကြွက်သားတွေ ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားတဲ့အခါ အဲ့ဒီကြွက်သားတစ်ရှူးတွေဟာ ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီး ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့ ပရိုတင်းဓာတ်တွေကို သွေးကြောထဲ တိုက်ရိုက် ထုတ်လွှတ်လိုက်တာကြောင့် ဖြစ်ပွားရတာပါ။

အဲ့ဒီအဆိပ်အတောက်တွေ သွေးထဲ ရောက်သွားတဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ကျောက်ကပ်ကို အပြင်းအထန် ပျက်စီးစေပြီး အလုပ်မလုပ်နိုင်အောင်အထိ ဒုက္ခပေးပါတော့တယ်။

ဒီပြင်းထန်လှတဲ့ ကြွက်သားစိန်ခေါ်မှုကို လုပ်ပြီးတဲ့နောက်မှာတော့ မိန်းကလေးနှစ်ဦးစလုံးဟာ ကြွက်သားတွေ အပြင်းအထန် နာကျင်လာပြီး ခြေထောက်တွေကို လုံးဝကွေးလို့ မရတော့တဲ့အပြင် ဆီးအရောင်ဟာလည်း ညိုမည်းရောင် (Dark brown) အထိ ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလို စိုးရိမ်စရာ လက္ခဏာတွေကို မြင်လိုက်ရတာနဲ့ ဆရာဝန်တွေက သူတို့ကို အရေးပေါ်ကုသမှု ခံယူနိုင်ဖို့ ဆေးရုံမှာ ချက်ချင်း ဆေးရုံတင်ပေးခဲ့ရပါတယ်။

သူတို့ရဲ့ ကလီစာတွေအပေါ် ပြင်းထန်တဲ့ ဖိအားတွေ သက်ရောက်ခဲ့တာကြောင့် အဲ့ဒီမိန်းကလေးနှစ်ဦးအနက် တစ်ဦးကတော့ ကျောက်ကပ် ပျက်စီးသွားခဲ့ပြီး သွေးတွေကို ပြန်လည်သန့်စင်ပေးနိုင်ဖို့အတွက် ကျောက်ကပ်ဆေးခြင်း (Dialysis) ကုသမှုကိုပါ ခံယူခဲ့ရပါတယ်။

ဒီဖြစ်ရပ်ဟာ စနစ်တကျ လေ့ကျင့်မှုမရှိဘဲ ခန္ဓာကိုယ်ကို ရုတ်တရက် အလွန်အမင်း အပင်ပန်းခံခိုင်းခြင်းရဲ့ နောက်ကွယ်က ကြောက်စရာကောင်းလှတဲ့ အန္တရာယ်ကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ မကြာခဏ ဆိုရှယ်မီဒီယာပေါ်မှာ ခေတ်စားတတ်တဲ့ ကြံ့ခိုင်ရေး စိန်ခေါ်မှုတွေဟာ လူသားတွေရဲ့ ခန္ဓာကိုယ်အကြိတ်အနယ် ခံနိုင်ရည်ရှိတဲ့ ဘေးကင်းလုံခြုံရေး အတိုင်းအတာကို ကျော်လွန်သွားစေနိုင်တယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ခန္ဓာကိုယ် ကြွက်သားတွေကို ပျက်စီးတဲ့အထိ အတင်းအကျပ် တွန်းအားပေးလိုက်တဲ့အခါ ဘေးကင်းပါတယ်ဆိုတဲ့ ကိုယ်လက်လှုပ်ရှားမှုဟာလည်း ခဏချင်းအတွင်းမှာပဲ အသက်အန္တရာယ်ရှိတဲ့ အရေးပေါ် ဆေးဘက်ဆိုင်ရာ အခြေအနေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် မိမိရဲ့ ခန္ဓာကိုယ်က ပေးတဲ့ သတိပေးချက်တွေကို သေသေချာချာ နားထောင်ဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို အဆင့်လိုက်၊ အချိန်အဆအလိုက် ဘေးကင်းစွာ လုပ်ဆောင်ဖို့က တကယ့်ကို အရေးကြီးလှပါတယ်။

မိတ်ဆွေတို့ရေ... အွန်လိုင်းပေါ်က Challenge တစ်ခုကို အပျော်သဘော လိုက်လုပ်ရင်းနဲ့မှ ကျောက်ကပ်ပျက်စီးတဲ့အထိ အသက်အန္တရာယ် ကြုံတွေ့ခဲ့ရတဲ့ ဒီဆယ်ကျော်သက် မိန်းကလေးတွေရဲ့ ဖြစ်ရပ်အပေါ် သင်ကော ဘယ်လိုမြင်မိလဲဗျာ။ အခုခေတ် ဆိုရှယ်မီဒီယာပေါ်က စွန့်စားရတဲ့ စိန်ခေါ်မှု (Challenges) တွေရဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး သင်တို့ရဲ့ အမြင်လေးတွေကိုလည်း ဝေမျှပေးခဲ့ပါဦး။

ဂျင် ကစားတာ ကြာနေပြီဆို ဒီလို Back Muscle ရှိပြီလား
17/05/2026

ဂျင် ကစားတာ ကြာနေပြီဆို ဒီလို Back Muscle ရှိပြီလား

အားကစားလုပ်သူတွေနဲ့ ကျန်းမာရေးလိုက်စားသူတွေအတွက် Creatine ကို ဖြည့်စွက်စာ (Supplement) အနေနဲ့ သုံးစွဲဖို့ လိုအပ်လား?၁။ C...
14/05/2026

အားကစားလုပ်သူတွေနဲ့ ကျန်းမာရေးလိုက်စားသူတွေအတွက် Creatine ကို ဖြည့်စွက်စာ (Supplement) အနေနဲ့ သုံးစွဲဖို့ လိုအပ်လား?

၁။ Creatine ကို ဘာလို့ လိုအပ်တာလဲ?

Creatine က ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ၊ အထူးသဖြင့် ကြွက်သားဆဲလ်တွေအတွက် စွမ်းအင်ထုတ်လုပ်ပေးရာမှာ အဓိက ကူညီပေးပါတယ်။

စွမ်းအင်တိုးတက်စေခြင်း: လေ့ကျင့်ခန်းလုပ်တဲ့အခါ ပိုပြီးအားစိုက်နိုင်အောင် ကူညီပေးတဲ့ ATP (Adenosine Triphosphate) ထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။

ကြွက်သားတည်ဆောက်မှု: ကြွက်သားထုထည် တိုးပွားစေပြီး လေ့ကျင့်ခန်းကြောင့် ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးပါတယ်။

မကြာသေးမီက လေ့လာမှုတွေအရ Creatine ဟာ မှတ်ဉာဏ်ကောင်းမွန်စေဖို့နဲ့ ဦးနှောက်စွမ်းဆောင်ရည်အတွက်လည်း အထောက်အကူပြုတယ်လို့ သိရပါတယ်။

၂။ Creatine က ဘေးကင်းရဲ့လား? (Safety)

ဟုတ်ကဲ့၊ စနစ်တကျသောက်သုံးမယ်ဆိုရင် Creatine က အလွန်ဘေးကင်းပါတယ်။ ဘာလို့လဲဆိုရင် သုတေသန အများဆုံးပြုလုပ်ထားတဲ့ အားကစားဖြည့်စွက်စာတစ်ခု ဖြစ်ပါတယ်။

၃။ Creatine ကို ဘယ်လိုသောက်ရမလဲ?

အထိရောက်ဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းကတော့ Creatine Monohydrate ကို သောက်သုံးခြင်းဖြစ်ပါတယ်။

ပမာဏ: တစ်နေ့ကို 3g ကနေ 5g အထိ ပုံမှန်သောက်ပေးဖို့ လိုအပ်ပါတယ်။ (Loading phase ဆိုပြီး တစ်နေ့ 20g လောက် အများကြီးအရင်သောက်တာမျိုး လုပ်နိုင်သလို၊ ပုံမှန် 5g ပဲ နေ့တိုင်းသောက်သွားလည်း အကျိုးကျေးဇူးက အတူတူပါပဲ)။

သောက်နည်း
Creatine အမှုန့်ကို ရေ (သို့မဟုတ်) အသီးဖျော်ရည်၊ Protein Shake တစ်ခုခုနဲ့ ဖျော်သောက်နိုင်ပါတယ်။

အချိန်: လေ့ကျင့်ခန်းမလုပ်ခင်ဖြစ်စေ၊ လုပ်ပြီးနောက်ဖြစ်စေ သောက်နိုင်ပါတယ်။
အဓိကကတော့ နေ့စဉ်မှန်မှန်သောက်ဖို့ ဖြစ်ပါတယ်။

ရေများများသောက်ပါ။
Creatine က ရေဓာတ်ကို (ကြွ)က်သားထဲ ဆွဲသွင်းတဲ့အတွက် နေ့စဉ် ရေကို ပုံမှန်ထက် ပိုသောက်ပေးဖို့ အရေးကြီးပါတယ်။

အကြံပြုချက်

Creatine သောက်တဲ့အခါ (ဗို)က်အောင့်တာမျိုး မဖြစ်စေဖို့ ရေအေးအေးလေးနဲ့ သေချာပျော်ဝင်အောင် ဖျော်သောက်ပေးပါ။

ရွေးချယ်တဲ့အခါမှာလည်း "Micronized" ဖြစ်တဲ့ အမှုန့်အမျိုးအစားက ပိုပြီး ပျော်ဝင်ရလွယ်ကူပါတယ်။

မှတ်ချက်

အားကစားမှာ သိသိသာသာ တိုးတက်ချင်သူ၊ ကြွက်သားထု တည်ဆောက်ချင်သူ ဒါမှမဟုတ် သက်ကြီးပိုင်းအရွယ်မှာ (ကြွ)က်သားနဲ့ ဦးနှောက်ကျန်းမာရေးကို ထိန်းသိမ်းချင်သူဆိုရင် Creatine သောက်သုံးဖို့ သင့်တော်ပါတယ်။

ဒါပေမဲ့ ဖြည့်စွက်စာဖြစ်တဲ့အတွက် အခြေခံအစာအာဟာရ (Diet) နဲ့ အိပ်ရေးဝဝအိပ်ခြင်းကသာ ပထမဦးစားပေး ဖြစ်သင့်ပါတယ်။

11/05/2026

Body shape လှလှလေး ရချင်တဲ့ အမျိုးသမီးတွေအတွက် 🔥

Fitness Coach By Myat Min - Venom

မှားတဲ့သူကို မဆုံးမရဲတဲ့ လူရည်မွန်တွေက မှန်နေတဲ့သူကိုပဲ အနစ်နာခံခိုင်းတတ်ကြတယ် ဒါဟာ အေးချမ်းစေတဲ့ နည်းလမ်းမဟုတ်ဘဲ မှန်နေ...
06/05/2026

မှားတဲ့သူကို မဆုံးမရဲတဲ့ လူရည်မွန်တွေက မှန်နေတဲ့သူကို

ပဲ အနစ်နာခံခိုင်းတတ်ကြတယ် ဒါဟာ အေးချမ်းစေတဲ့

နည်းလမ်းမဟုတ်ဘဲ မှန်နေတဲ့သူကို နာကျင်စေတဲ့

မတရားခြင်း တစ်မျိုးပါပဲ

သည်းခံခြင်းမှာလည်း အတိုင်းအတာ ရှိပါတယ် မှားနေ

တဲ့သူက သူ့အမှားသူ မသိဘဲ ပိုဆိုးလာတာဟာ ဘေးက

နေ "သည်းခံပါ" လို့ ဝိုင်းပြောပြီး အမှားကို အားပေးနေတဲ့

သူတွေကြောင့်လည်း ပါ ပါတယ်

တချို့က "သည်းခံလိုက်ပါ" ဆိုတဲ့ စကားတစ်ခွန်းနဲ့တင်

အရာရာကို ပြီးစလွယ် ဖြေရှင်းတတ်ကြတယ် မှားနေတဲ့

သူကိုကျတော့ မဆုံးမရဲဘဲ မှန်နေတဲ့သူကိုကျမှ "သည်းခံ

ခွင့်လွှတ်ပါ" လို့ ဖိအားပေးတာဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ

မတရားမှု တစ်ခုပါပဲ အမှားကို အမှားမှန်း မပြောရဲဘဲ

အမှန်ကိုပဲ အနစ်နာခံခိုင်းတာဟာ မှားနေတဲ့သူကို ပိုပြီး

အတောင်ပံ တပ်ပေးလိုက်သလိုပါ အဲ့ဒီလူတွေလဲ အလို

တူအလိုပါ သမားတွေပါပဲ

#စာအုပ်စာပေလူ့မိတ်ဆွေ #စာဖတ်ပါ #တန်ဖိုး
#ကိုယ့်ကိုယ်ကိုယ်ချစ်ပါ

ကျနော့် Online PT တွေမှာ မိန်းကလေး ဦးရေ ပိုများပါတယ်ဒီအကိုကတော့ ဂျပန် နိုင်ငံက IT  အင်ဂျင်နီယာ တစ်ဦးဖြစ်ပါတယ်၃ လအတွင်းမှ...
04/05/2026

ကျနော့် Online PT တွေမှာ မိန်းကလေး ဦးရေ ပိုများပါတယ်

ဒီအကိုကတော့ ဂျပန် နိုင်ငံက IT အင်ဂျင်နီယာ တစ်ဦးဖြစ်ပါတယ်

၃ လအတွင်းမှာ လက်ပြင်ကျော ကုန်းနေတာ
ပုခုံးနိမ့်တာ တွေ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး

Power Training တွေက်ို အေးအေးဆေးဆေး နဲ့
ကြိုးစားလုပ်နိုင်လာတယ့်

PT အက်ိုပဲ ဖြစ်ပါတယ်

JPနိုင်ငံလို အလုပ်များတယ့် နေရာမှာ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်ပေးနိုင်တာ Big Respect ပါ

Fitness Coach By Myat Min - Venom

အမြဲ ဝယ်ယူ အားပေးလို့ ကျေးဇူးတင်ပါတယ် အလုပ်တွေလည်း အဆင်ပြေပါစေFitness Coach By Myat Min - Venom
03/05/2026

အမြဲ ဝယ်ယူ အားပေးလို့ ကျေးဇူးတင်ပါတယ်

အလုပ်တွေလည်း အဆင်ပြေပါစေ

Fitness Coach By Myat Min - Venom

02/05/2026

တာမွေ မေတ္တာညွန့်မှ မိတ်ဆွေတွေအတွက်

ရေကူးရင်း ဂျင် ကစားဖို့

Galaxy Fitness Center & Swimming Pool ရှိပါမယ်

Mass Gainer ၁ ပေါင်ထုတ် လေးတွေရပါမယ် ၁ ပေါင် ၅၅၀၀၀ ပါ  ( ၁ ပါတ်စာပါ)
01/05/2026

Mass Gainer ၁ ပေါင်ထုတ် လေးတွေရပါမယ်

၁ ပေါင် ၅၅၀၀၀ ပါ ( ၁ ပါတ်စာပါ)

Address

Yangon

Alerts

Be the first to know and let us send you an email when Fitness Coach By Myat Min - Venom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share