Poem United

Poem United မန်ယူရယ်ကဗျာရယ်ကလွဲရင် အရာအတော်များများကို ဆုံးရှုံးခဲ့ရပါတယ်။

အတိတ်က အိပ်မက်ဆိုးတွေ နေရစ်ခဲ့တော့ .......။ ဟုတ်ပါတယ် ၂၀၂၅ မှာကြုံတွေ့ခဲ့ရတဲ့ အဆင်မပြေခြင်းတွေ မအောင်မြင်ခြင်းတွေ နေရစ်ခ...
01/01/2026

အတိတ်က အိပ်မက်ဆိုးတွေ နေရစ်ခဲ့တော့ .......။ ဟုတ်ပါတယ် ၂၀၂၅ မှာကြုံတွေ့ခဲ့ရတဲ့ အဆင်မပြေခြင်းတွေ မအောင်မြင်ခြင်းတွေ နေရစ်ခဲ့တော့လို့ ပြောရင်း ဒီသီချင်းလေးကို နားဆင်အိပ်စက်စေချင်လို့ပါ။
IDIOTS ရဲ့ ရေမွန်ရဲ့ ဘယ်တော့မှ ဟောင်းမသွားတော့မယ် သီချင်းတစ်ပုဒ်မို့ ခင်ဗျားတို့ ကျနော်တို့ရဲ့ YouTube Playlist မှာ အမြဲရှာဖွေ နားထောင်ရမယ့် သီချင်းတပုဒ်ပေါ့။
စိတ်ဓာတ်ကျစရာတွေ မအောင်မြင်တာတွေ ကြုံတွေ့ရသမျှ ဒီသီချင်းလေး နားထောင်ပြီး ရှေ့ဆက်ကြတာပေါ့။
နောက်ဆုံးဗျာ ခင်ဗျားတို့ ကျနော်တို့ အသက်အရွယ်တခုရောက်လို့ မျိုးဆက်တွေရလာတဲ့အခါ သူတို့က သူတို့ခေတ်ရဲ့ သောက်ရမ်းကြမ်းတဲ့ နိုင်ငံတကာက Music Band တွေအကြောင်းပြောလာကြရင် “ ရော့ ဒီမှာ ငါတို့ခေတ်တုန်းကလဲ အဲ့ နိုင်ငံတကာက သောက်ရမ်းကြမ်းပါတယ်ဆိုတဲ့ Band တွေထက် အရည်အသွေး တပြားသားမှ မလျော့‌တဲ့ IDIOTS ဆိုတဲ့ Band တခု ငါတို့ဆီမှာ ရှိခဲ့ကြောင်း ပြောပြလို့ ရတာပေါ့” ။

အရေးအကြီးဆုံးက သီချင်းတွေကို သူတို့ရဲ့ ကိုယ်ပိုင် channel မှာ သွားနားထောင်ဖို့ပါပဲ။ နေရစ်ခဲ့တော့ သီချင်းကို နားထောင်နိုင်ဖို့ YouTube Link ကို comment မှာ ချပေးထားပါတယ်။

Goodnight....

အဖြေမရခဲ့ပါဘူးရေသောက်ပြန်ခဲ့ပါတယ်   ။   ။  #အောင်ချိမ့်
01/08/2025

အဖြေမရခဲ့ပါဘူး
ရေသောက်ပြန်ခဲ့ပါတယ် ။ ။

#အောင်ချိမ့်

ကြွေတာကိုက ပွင့်ခြင်းပဲ  -   မောင်ချောနွယ်ပန်းဆိုတာကြွေတာကိုက ပွင့်ခြင်းပဲတပွင့်ချွေရင်တပွင့်ဝေလွင်နေမှာပဲနှစ်ပွင့်ချွေရ...
23/07/2025

ကြွေတာကိုက ပွင့်ခြင်းပဲ - မောင်ချောနွယ်

ပန်းဆိုတာ
ကြွေတာကိုက ပွင့်ခြင်းပဲ

တပွင့်ချွေရင်
တပွင့်ဝေလွင်နေမှာပဲ

နှစ်ပွင့်ချွေရင်
နှစ်ပွင့်ဝေလွင်နေမှာပဲ

ကဲ . .ချွေစမ်းပါဦး
လေရူးလေနော့၊ သော့နှင်မဆုံး
လေသင်ဓုန်းလား၊ မုန်တိုင်းလားပဲ

တအားတိုက်စမ်း၊ ချွေစမ်းပါဦး
ပန်းအဖူးတွေ၊ မြေမှာကြွေအောင်
မွခြွေစမ်းပါ၊ မမှုပါဘူး
ကြွေတာကိုက ပွင့်ဝေခြင်းပဲ

ပန်းအဘိဓမ္မာ
ဒါပါပဲလေ၊ ချွေလို့ကြွေကြွေ
ကြွေလို့နေနေ
ကြွေတာကိုက ပွင့်ခြင်းပဲဟေ့ . . ။ ။

#မောင်ချောနွယ်

(တော်လှန်ကဗျာ - ၁၉၆၉ မှ)

ကိုဂျင်မီ နှင့် ကိုဇေယျာသော ကျဆုံးခြင်း ၃နှစ်ပြည့်။
23.7.25

...သူရဲကောင်းတို့အို...ကျဆုံးခဲ့လေသောဒီမိုကရေစီတိုက်ပွဲဝင်သူငယ်ချင်းဟောင်း...သူရဲကောင်းတို့ထာဝစဥ်မပျက်ပြယ်နိုင်လောက်အောင...
20/07/2025

...သူရဲကောင်းတို့
အို...ကျဆုံးခဲ့လေသောဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း...သူရဲကောင်းတို့
ထာဝစဥ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာကျဆုံးခဲ့သော.....
သင်တို့၏ဝိဥာဥ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ.....
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသို့သော.....
သင်တို့၏ဝိဥာဥ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်အနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ.....
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏
အို...သူရဲကောင်းတို့
အို...ကျဆုံးလေပြီးသော ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်းသူရဲကောင်းတို့
ဗမာပြည်ကိုရှိခိုးကာ.....
ဤသွေးပင်လယ်အား
ငါတို့ဖြတ်ကူးအံ့.....
မိုးလုံးပြည့်ကောင်းချီးသြဘာသံများကြားမှာ
ငါတို့၏အရေးတော်ပုံ.....
အောင်မြင်ပါစေသတည်း.....။

တာရာမင်းဝေ - ကျောင်းဖွင့်ချိန်

လူငယ်တစ်ယောက်ကိုပြုစားဖို့ဘယ်နတ်ဘုရားထံမှာနင့်လက်တွေဖြန့်ကားတောင်းခံခဲ့ပါသလဲ ငါ့ရာဇဝင် ခပ်ကျဲကျဲကိုငရဲမီးထဲ တွန်းချလိုက်...
17/07/2025

လူငယ်တစ်ယောက်ကိုပြုစားဖို့
ဘယ်နတ်ဘုရားထံမှာ
နင့်လက်တွေဖြန့်ကားတောင်းခံခဲ့ပါသလဲ
ငါ့ရာဇဝင် ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်
သံယောဇဉ် ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးတစ်ကောင်ပါပဲ ။

တာရာမင်းဝေ။

#တာရာမင်းဝေ
#ကဗျာ

ယနေ့နံနက်တိုင်တုန်ခါလျက်သတိရလျက်။                     အောင်ချိမ့်။ #အောင်ချိမ့်  #ကဗျာ
21/05/2025

ယနေ့နံနက်တိုင်
တုန်ခါလျက်
သတိရလျက်။

အောင်ချိမ့်။

#အောင်ချိမ့်
#ကဗျာ


သို့     ရွှေမင်းသမီးလေးရေ .....
14/01/2023

သို့
ရွှေမင်းသမီးလေးရေ .....

Address

သူမရင်ခွင်
Yangon
1311

Telephone

+959976502636

Website

Alerts

Be the first to know and let us send you an email when Poem United posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Poem United:

Share

Category