Burmese GOAL

Burmese GOAL "Premier League Transfer Updates ⚽ Stay tuned for the latest news and player movements. Join us now!

🎙️ "ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့ပြီးပါပြီ... ပေးဆပ်စရာလည်း ဘာမှ မကျန်တော့ပါဘူး" - Lionel Messi🗣️ *"ကျွန်တော် လက်ရွေး...
01/09/2026

🎙️ "ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့ပြီးပါပြီ... ပေးဆပ်စရာလည်း ဘာမှ မကျန်တော့ပါဘူး" - Lionel Messi

🗣️ *"ကျွန်တော် လက်ရွေးစင် အသင်းကနေ အနားယူတော့မယ်ဆိုတာ အားလုံးကို အသိပေးချင်ပါတယ်။ ဒါဟာ ရင်ထဲမှာ အတော်လေး နာကျင်ရတဲ့ ဆုံးဖြတ်ချက် ဖြစ်ပေမဲ့ အခုချိန်ဟာ အသင့်တော်ဆုံး အချိန်ဆိုတာ ကျွန်တော် နားလည်ပါတယ်။

ပြီးခဲ့တဲ့ အောင်မြင်ခဲ့တဲ့ နှစ်တွေမှာတင် မကဘဲ အရင်ကတည်းက ဒီအင်္ကျီအတွက် အမြဲတမ်း အစွမ်းကုန် ပေးဆပ်ခဲ့တာပါ။ အာဂျင်တီးနား လူမျိုးတစ်ယောက်အဖြစ် ဂုဏ်ယူနိုင်ဖို့ ဘောလုံးနဲ့အတူ ပျော်ရွှင်မှုတွေ ပေးခဲ့ပါတယ်။ ကျွန်တော် ပေးနိုင်တာမှန်သမျှ အားလုံး ပေးဆပ်ခဲ့ပြီးပါပြီ။ နောက်ထပ် ပေးဆပ်စရာလည်း ဘာမှ မကျန်တော့ပါဘူး။ အခုဆိုရင် နေရာနဲ့ ထိုက်တန်တဲ့ လူငယ် ကစားသမားကောင်းတွေလည်း ရောက်ရှိလို့ လာခဲ့ပါပြီ။

နှစ်ပေါင်း ၂၀ လုံးလုံး မေတ္တာပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။ အခုတော့ ကျွန်တော်လည်း ပရိသတ်တစ်ယောက်အဖြစ် အပြင်ကနေ အမြဲတမ်း အားပေးသွားတော့မှာပါ။ အာဂျင်တီးနား လူမျိုးတစ်ယောက် ဖြစ်ခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။"*

🚨 Lionel Messi အာဂျင်တီးနား လက်ရွေးစင်အသင်းမှ အနားယူပြီဖြစ်ကြောင်း ကြေညာကမ္ဘာ့ဘောလုံးစတား Lionel Messi သည် အာဂျင်တီးနား ...
01/09/2026

🚨 Lionel Messi အာဂျင်တီးနား လက်ရွေးစင်အသင်းမှ အနားယူပြီဖြစ်ကြောင်း ကြေညာ

ကမ္ဘာ့ဘောလုံးစတား Lionel Messi သည် အာဂျင်တီးနား လက်ရွေးစင်အသင်းမှ အနားယူတော့မည် ဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ကြေညာသွားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းနှင့်အတူ ကမ္ဘာ့ဖလား၊ ကိုပါအမေရိက ဖလားတို့အပြင် အောင်မြင်မှုများစွာ ရယူပေးခဲ့သည့် အသက် ၃၉ နှစ်အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် Lionel Messi သည် ၎င်း၏ သမိုင်းဝင် လက်ရွေးစင် ကစားသမားဘဝကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။

🚨 Jack Grealish ကို Everton အသင်း အငှားဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိManchester City အသင်း၏ အင်္ဂလန် တောင်ပံတိုက်စစ်ကစ...
01/09/2026

🚨 Jack Grealish ကို Everton အသင်း အငှားဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိ

Manchester City အသင်း၏ အင်္ဂလန် တောင်ပံတိုက်စစ်ကစားသမား Jack Grealish သည် Everton အသင်းထံ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ရန် အပြည့်အဝ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

Jack Grealish ဘက်ကလည်း အပြောင်းအရွှေ့အတွက် သဘောတူညီခဲ့ပြီး အင်္ဂါနေ့ မနက်ပိုင်းတွင် ဆေးစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ပါတယ်။ Everton အသင်းသည် ၎င်းကို ခေါ်ယူရန် ရက်အတန်ကြာ ကြိုးပမ်းခဲ့ပြီးနောက် ယခုအခါ အပြောင်းအရွှေ့ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။

🎙️ "Carlos Baleba ဒါမှမဟုတ် Andrey Santos တို့ကသာ Kobbie Mainoo ရဲ့ တွဲဖက် ကွင်းလယ်လူ ဖြစ်သင့်ပါတယ်" - Wayne Rooney🗣️ *"...
01/09/2026

🎙️ "Carlos Baleba ဒါမှမဟုတ် Andrey Santos တို့ကသာ Kobbie Mainoo ရဲ့ တွဲဖက် ကွင်းလယ်လူ ဖြစ်သင့်ပါတယ်" - Wayne Rooney

🗣️ *"ကျွန်တော့်အမြင်အရ Youri Tielemans ဟာ ပွဲချိန် မိနစ် ၇၀ ဝန်းကျင်လောက်မှ Bruno Fernandes ရဲ့ နေရာမှာ လူစားဝင် ကစားသင့်တဲ့သူပါ။ Carlos Baleba ဒဏ်ရာက ပြန်ကောင်းလာရင်တော့ သူ ဒါမှမဟုတ် Andrey Santos တို့ကသာ ကွင်းလယ်မှာ Kobbie Mainoo နဲ့ တွဲဖက် ကစားသင့်ပါတယ်။

Youri Tielemans ဘက်က ပေးပို့မှုတွေ ပိုမို လှပကောင်းမွန်နိုင်ပေမဲ့ Carlos Baleba ကတော့ စွမ်းအင်၊ ခန်းခြောက်မှုမရှိတဲ့ ကြံ့ခိုင်မှု၊ ခံစစ်အကူအညီနဲ့ ဘောလုံး ပြန်လည်လုယူနိုင်စွမ်းတွေကို ပိုမို ပေးစွမ်းနိုင်ပါတယ်။ ဒါဟာ Kobbie Mainoo အတွက် ကွင်းလယ်ကို ထိန်းချုပ်ဖို့ ပိုမို ကောင်းမွန်တဲ့ အခင်းအကျင်း ဖြစ်စေမှာဖြစ်ပြီး Youri Tielemans ကိုတော့ ပွဲနောက်ပိုင်းမှ ဘောလုံးပိုင်ဆိုင်မှု လိုအပ်ချိန်မှာ ထည့်သွင်းအသုံးပြုနိုင်မှာပါ။ ဒါမှလည်း နည်းပြ Michael Carrick အတွက် ကွင်းလယ် မျှခြေ ပိုမို ကောင်းမွန်လာပါလိမ့်မယ်"*

🚨 Mykhaylo Mudryk ကို Tottenham Hotspur အသင်း အငှားဖြင့် ခေါ်ယူChelsea အသင်း၏ ယူကရိန်း တောင်ပံတိုက်စစ်ကစားသမား Mykhaylo ...
01/09/2026

🚨 Mykhaylo Mudryk ကို Tottenham Hotspur အသင်း အငှားဖြင့် ခေါ်ယူ

Chelsea အသင်း၏ ယူကရိန်း တောင်ပံတိုက်စစ်ကစားသမား Mykhaylo Mudryk သည် Tottenham Hotspur အသင်းထံ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ရန် အပြည့်အဝ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ ပြောင်းရွှေ့မှုတွင် ကိုယ်ရေးကိုယ်တာ သဘောတူညီမှုများ ပြီးစီးခဲ့ပြီးဖြစ်ကာ အပြီးသတ် ဝယ်ယူနိုင်သည့် အခွင့်အရေး (Buy Option) ပါဝင်သော်လည်း မဖြစ်မနေ ဝယ်ယူရမည် မဟုတ်ပေ။ ဤပြောင်းရွှေ့မှုကြောင့် Mykhaylo Mudryk သည် ၎င်း၏ နည်းပြဟောင်း ဖြစ်သူ Roberto De Zerbi နှင့် ပြန်လည် လက်တွဲရတော့မည် ဖြစ်ပါတယ်။

🚨 Enzo Fernández နဲ့ Manchester City တို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ personal terms သဘောတူညီမှု ရရှိManchester City ဘက်က တရားဝင...
29/08/2026

🚨 Enzo Fernández နဲ့ Manchester City တို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ personal terms သဘောတူညီမှု ရရှိ

Manchester City ဘက်က တရားဝင် ကမ်းလှမ်းမှု (Official Bid) မလုပ်ရသေးပေမဲ့ ကလပ်အသင်းနှစ်ခုကြား တိုက်ရိုက် ဆွေးနွေးမှုတွေ မကြာမီ စတင်တော့မှာပါ။ အပြောင်းအရွှေ့ ဖြစ်မြောက်ရေးဟာ Chelsea ဘက်က တောင်းဆိုမယ့် ပြောင်းရွှေ့ကြေး ပမာဏပေါ်မှာ အဓိက မူတည်နေပါတယ်။ ဒါ့အပြင် အပြောင်းအရွှေ့ သတင်းတွေကြောင့် Enzo Fernández ဟာ ဒီတစ်ပတ် Chelsea ရဲ့ ပွဲစဉ်မှာလည်း ပါဝင်လာဖွယ် မရှိသေးပါဘူး။

All set for Saturday's fixtures 👀
29/08/2026

All set for Saturday's fixtures 👀

🎙️ "သူ့ရဲ့ ပေးပို့မှုတွေ၊ ​ကြားဖြတ်ဟန့်တားမှု နဲ့ tackles ဖျက်ထုတ်မှုတွေဟာ တကယ်ကို အံ့ဩစရာပါပဲ" - Xabi Alonso🗣️ *"သူ တကယ...
28/08/2026

🎙️ "သူ့ရဲ့ ပေးပို့မှုတွေ၊ ​ကြားဖြတ်ဟန့်တားမှု နဲ့ tackles ဖျက်ထုတ်မှုတွေဟာ တကယ်ကို အံ့ဩစရာပါပဲ" - Xabi Alonso

🗣️ *"သူ တကယ်ကို အံ့ဩစရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲကို ဖန်တီးနိုင်ခဲ့တာပါ။ ပွဲကြည့်စင်ပေါ်ကနေတောင် သူ့အတွက် ကျွန်တော် လက်ခုပ်သြဘာ ပေးခဲ့ရပါတယ်။ သူ့ရဲ့ ဘောလုံးပေးပို့မှုတွေ၊ ကြားဖြတ်ဟန့်တားမှုတွေနဲ့ tackles ဖျက်ထုတ်မှုတွေဟာ တကယ်ကို အံ့ဩစရာကောင်းခဲ့သလို ပွဲအတွင်း အခွင့်အရေးအချို့ကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

သူဟာ အသင်းရဲ့ အနာဂတ်အတွက် ကစားသမားတစ်ယောက်ဖြစ်ပြီး ဒါကိုလည်း ထင်ထင်ရှားရှား ပြသသွားခဲ့ပါပြီ။ သူဟာ ပုံမှန်ပွဲထွက်ခွင့်နေရာကို ထိန်းသိမ်းထားဖို့ တိုက်ပွဲဝင်နိုင်သူဖြစ်ပြီး ဒါဟာလည်း ကျွန်တော်တို့ လိုချင်တဲ့ အရာပါပဲ"*

🎙️ "Roman Abramovich အသင်းက ထွက်သွားပြီးနောက်ပိုင်း အခုလိုမျိုး  မပျော်ဖူးခဲ့ပါဘူး" - John Mikel Obi🗣️ *"Abramovich အသင်...
28/08/2026

🎙️ "Roman Abramovich အသင်းက ထွက်သွားပြီးနောက်ပိုင်း အခုလိုမျိုး မပျော်ဖူးခဲ့ပါဘူး" - John Mikel Obi

🗣️ *"Abramovich အသင်းက ထွက်သွားပြီးနောက်ပိုင်း ဒီလောက်အထိ စိတ်ချမ်းသာမိတာ မရှိခဲ့ပါဘူး။ Xabi Alonso အိုင်ပိုင်ရှင်တွေကို ဘာတွေပြောခဲ့လဲ မသိပေမဲ့ ကျွန်တော်တို့ အသင်းရဲ့ အံ့အားသင့်ဖွယ် အပြောင်းအလဲကြီးကို မြင်တွေ့နေရတာပါ။ José Mourinho နောက်ပိုင်း အသင်းမှာ ကာလရှည် ကြာကြာကိုင်တွယ်သွားနိုင်မယ့် ပထမဆုံး နည်းပြဖြစ်လာဖို့ Xabi Alonso ကို ကျွန်တော် အပြည့်အဝ ထောက်ခံပါတယ်။

သူက အသင်းပတ်ဝန်းကျင်က ခံစားချက်ကို ပြောင်းလဲပစ်နေပါပြီ။ ဒီရာသီ ရောင်းထုတ်ခဲ့တဲ့ ကစားသမားတွေနဲ့ ခေါ်ယူခဲ့တဲ့သူတွေကို ကြည့်ရင် ကိုယ့်တန်ဖိုးကို ပိုင်ပိုင်နိုင်နိုင် သိထားတဲ့ နည်းပြမျိုးကမှ ပိုင်ရှင်တွေကို စည်းရုံးနိုင်မှာဖြစ်ပြီး Xabi Alonso က ပရိသတ်တွေအတွက် ဒါကို လုပ်ပြခဲ့တာပါ။

Robert Sánchez ကို ကြိုက်ပေမဲ့ သူ့အနေနဲ့ ဒုတိယဂိုးသမား ဖြစ်သွားတာက ပိုပြီး ကြိုးစားလာအောင် တွန်းအားဖြစ်စေပါလိမ့်မယ်။ Emiliano Martínez ရဲ့ အတွေ့အကြုံက အသင်းကို အများကြီး အထောက်အကူပြုမှာပါ။ Robert Sánchez အနေနဲ့ Emiliano Martínez အသက်ကြီးလာရင် နေရာပြန်ယူနိုင်သလို... ကစားရတာ ပိုဆိုးသွားခဲ့ရင်လည်း ကျွန်တော်တို့ဆီမှာ Podcast လာလုပ်လို့ ရတာပေါ့။ [ရယ်လျက်]"*

🚨 Bradley Barcola ကို ခေါ်ယူရေး Liverpool နဲ့ PSG တို့ နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်နေParis Saint-Germain တောင်...
27/08/2026

🚨 Bradley Barcola ကို ခေါ်ယူရေး Liverpool နဲ့ PSG တို့ နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်နေ

Paris Saint-Germain တောင်ပံတိုက်စစ်ကစားသမား Bradley Barcola ကို ခေါ်ယူဖို့အတွက် Liverpool အသင်းဟာ အပြီးသတ် နောက်ဆုံးအဆင့် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နှစ်ဖက် ကလပ်အသင်းရဲ့ ထိပ်သီး တာဝန်ရှိသူတွေကြား တိုက်ရိုက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီး အပြောင်းအရွှေ့ သဘောတူညီမှု ရရှိတော့မယ့် အခြေအနေသို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ မေလတည်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Bradley Barcola အတွက် Liverpool တစ်သင်းတည်းကသာ အဓိက ဦးစားပေး ပစ်မှတ်ဖြစ်ခဲ့ပြီး PSG ဘက်ကလည်း သူ့ကို လုံးဝ မရောင်းထုတ်နိုင်တဲ့ ကစားသမား (Untouchable) အဖြစ် သတ်မှတ်ထားခြင်း မရှိပါဘူး။

Address

Yangon

Telephone

+959981305880

Website

Alerts

Be the first to know and let us send you an email when Burmese GOAL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burmese GOAL:

Shortcuts

Share

Category