01/09/2026
🎙️ "ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့ပြီးပါပြီ... ပေးဆပ်စရာလည်း ဘာမှ မကျန်တော့ပါဘူး" - Lionel Messi
🗣️ *"ကျွန်တော် လက်ရွေးစင် အသင်းကနေ အနားယူတော့မယ်ဆိုတာ အားလုံးကို အသိပေးချင်ပါတယ်။ ဒါဟာ ရင်ထဲမှာ အတော်လေး နာကျင်ရတဲ့ ဆုံးဖြတ်ချက် ဖြစ်ပေမဲ့ အခုချိန်ဟာ အသင့်တော်ဆုံး အချိန်ဆိုတာ ကျွန်တော် နားလည်ပါတယ်။
ပြီးခဲ့တဲ့ အောင်မြင်ခဲ့တဲ့ နှစ်တွေမှာတင် မကဘဲ အရင်ကတည်းက ဒီအင်္ကျီအတွက် အမြဲတမ်း အစွမ်းကုန် ပေးဆပ်ခဲ့တာပါ။ အာဂျင်တီးနား လူမျိုးတစ်ယောက်အဖြစ် ဂုဏ်ယူနိုင်ဖို့ ဘောလုံးနဲ့အတူ ပျော်ရွှင်မှုတွေ ပေးခဲ့ပါတယ်။ ကျွန်တော် ပေးနိုင်တာမှန်သမျှ အားလုံး ပေးဆပ်ခဲ့ပြီးပါပြီ။ နောက်ထပ် ပေးဆပ်စရာလည်း ဘာမှ မကျန်တော့ပါဘူး။ အခုဆိုရင် နေရာနဲ့ ထိုက်တန်တဲ့ လူငယ် ကစားသမားကောင်းတွေလည်း ရောက်ရှိလို့ လာခဲ့ပါပြီ။
နှစ်ပေါင်း ၂၀ လုံးလုံး မေတ္တာပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။ အခုတော့ ကျွန်တော်လည်း ပရိသတ်တစ်ယောက်အဖြစ် အပြင်ကနေ အမြဲတမ်း အားပေးသွားတော့မှာပါ။ အာဂျင်တီးနား လူမျိုးတစ်ယောက် ဖြစ်ခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။"*