Classical 90

Classical 90 News & Article.

အာဆင်နယ် ပရီးမီးယားလိဂ်မှာရှုံးပွဲမရှိနဲ့ ချန်ပီယံဖြစ်ပြီးတဲ့နှစ် (2004-05) အပြောင်းအရွှေ့ဈေးကွက်မှာ ယူနိုက်တက်အသင်းဟာ ဒ...
10/09/2025

အာဆင်နယ် ပရီးမီးယားလိဂ်မှာရှုံးပွဲမရှိနဲ့ ချန်ပီယံဖြစ်ပြီးတဲ့နှစ် (2004-05) အပြောင်းအရွှေ့ဈေးကွက်မှာ ယူနိုက်တက်အသင်းဟာ ဒီကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်။

ရွန်းနီ
ဂါဘရီရယ်ဟိန့်ဇ်
အလန်စမစ်
ဂျရတ်ပီကေး
လိန်းမီလာ
ရော့ဆီ
တွန်ဟီတန်

ရှုံးပွဲမရှိစံချိန် (49) ပွဲအပြီး ယူနိုက်တက် ကရပ်တန့်နိုင်ခဲ့တယ်။

ဥရောပအထိခြေဆန့်ခဲ့သလို ကြယ်ပွင့်ကစားသမားတွေဖြစ်လည်းဖြစ်ခဲ့တဲ့ အာရှသား (၃) ယောက်မှာ နံပါတ်စဉ်အရဆိုရင် ဘယ်လိုရွေးချယ်ချင်လ...
10/09/2025

ဥရောပအထိခြေဆန့်ခဲ့သလို ကြယ်ပွင့်ကစားသမားတွေဖြစ်လည်းဖြစ်ခဲ့တဲ့ အာရှသား (၃) ယောက်မှာ နံပါတ်စဉ်အရဆိုရင် ဘယ်လိုရွေးချယ်ချင်လဲ။

Admin -
1. Nakata
2. Park. J
3. Son



#

ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတုန်းက စပါးအသင်းကို (၁၇) နှစ်ကြာဝေးကွာနေခဲ့တဲ့ ဆုဖလားအောင်မြင်မှု ပြန်ယူပေးနိုင်ခဲ့ပြီး ယူရိုပါ...
09/09/2025

ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတုန်းက စပါးအသင်းကို (၁၇) နှစ်ကြာဝေးကွာနေခဲ့တဲ့ ဆုဖလားအောင်မြင်မှု ပြန်ယူပေးနိုင်ခဲ့ပြီး ယူရိုပါလိဂ်ချန်ပီယံအဖြစ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါသယ်ဆောင်ပေးသွားနိုင်ခဲ့သူ စပါးနည်းပြ ပိုစတီဂလူ ကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် (၁၇) နေရာမှာ ရပ်တည်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ ဒီနေရာမှာ ဘရန့်ဖို့ဒ်နည်းပြ သောမတ်ဖရန့် နဲ့ပြန်လည်အစားထိုးခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ပွဲစဉ် (၃) ပွဲကစားအပြီးမှာတော့ ပိုစတီဂလူ အနေနဲ့ EPL ကိုတစ်ကျော့ပြန်လာဖို့အကြောင်းဖန်လာခဲ့ပါပြီ။ နော့တင်ဟမ်ဖောရက်စ် အသင်းကသူတို့ရဲ့နည်းပြချုပ် နူနိုဆန်းတို့စ် ကိုထုတ်ပယ်စတင်မြင်တွေ့သွားရဖို့ရှိနေပြီဖြစ်ပါတယ်။

ယူနိုက်တက်ဂိုးသမား အင်ဒရေအိုနာနာ ဟာဒီနေ့မှာ ဘတ်ဆစ်တပ်အသင်းနဲ့ တစ်နှစ်အငှားစာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းပေ...
08/09/2025

ယူနိုက်တက်ဂိုးသမား အင်ဒရေအိုနာနာ ဟာဒီနေ့မှာ ဘတ်ဆစ်တပ်အသင်းနဲ့ တစ်နှစ်အငှားစာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းပေးချေရတဲ့ အိုနာနာ အတွက်တစ်နှစ်လစာငွေပမာဏမှာ (47) သန်းဖြစ်ပြီး ဘတ်ဆစ်တပ်အသင်းဖက်ကလည်း ဒီလစာအတိုင်းပဲပေးချေသွားမှာဖြစ်ပါတယ်။ စာချုပ်မှာ ထည့်သွင်းထားတဲ့အချက်အလက်အရ အိုနာနာ ကိုရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့်မပေးဘူးလို့ ရေးသားထားပါတယ်။ ဆိုလိုတာက တချို့အငှားစာချုပ်တွေမှာ ဒီတစ်ရာသီပြီးလို့ ငှားတဲ့အသင်းဖက်က, ကစားသမားကိုသဘောကျတယ်ဆိုရင် စာချုပ်သက်တမ်းပြည့်တဲ့အခါအပြီးသတ်ခေါ် ပြောင်းရွှေ့ကြေးပမာဏတဟ်ရပ်နဲ့ အပြီးသတ်ခေါ်ထားလိုက်နိုင်မှာဖြစ်ပေမယ့် အိုနာနာ ကိုတော့ ရာသီကုန်မှာ အပြီးသတ်ခေါ်မယ်ဆိုရင်ထပ်မံဆွေးနွေးမှုတချိုံပြုလုပ်ရဦးမှာဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းက အိုနာနာ ကိုအငှားချထားပေမယ့် ပုံမှန်အတိုင်းလစာဆက်ပေးသွားနေမှာဖြစ်တယ်လို့လည်း Daily Mail ကရေးသားထားပါတယ်။ ဘတ်ဆစ်တပ် အစားပေးတာမျိုးမဟုတ်ပဲ ဘတ်ဆစ်တပ် ကသပ်သပ် ယူနိုက်တက်ကသပ်သပ်စီ လစာပေးသွားမှာဖြစ်ပါတယ်။ ဒီလိုပုံစံအရ အိုနာနာ ကအခုနှစ်ဘောလုံးရာသီတစ်ခုလုံးစာအတွက် ပုံမှန်သူ့ရဲ့လစာငွေနှစ်ဆကိုရရှိနေမှာပါ။

ဘောလုံးအေးဂျင့် အယ်လီဘာရက် ကဒီနှစ် Golden Boy ဆုကို ဘုန်းမောက် ကနေ ရီးရဲလ်မက်ဒရစ် ဆီရောက်ရှိသွားတဲ့ ဒင်းဟိုရှ်ဆင် ရရှိသင...
07/09/2025

ဘောလုံးအေးဂျင့် အယ်လီဘာရက် ကဒီနှစ် Golden Boy ဆုကို ဘုန်းမောက် ကနေ ရီးရဲလ်မက်ဒရစ် ဆီရောက်ရှိသွားတဲ့ ဒင်းဟိုရှ်ဆင် ရရှိသင့်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ သူ့ကိုမေးခဲ့တဲ့ Golden Boy ဆုနဲ့ပက်သက်လို့ ဒင်းဟုရှ်ဆင် ကို Winner မပေးခဲ့တောင်မနှစ်က EPL မှာပြသခဲ့တဲ့ခြေစွမ်းနဲ့ လက်ရှိ ရီးရဲလ်မက်ဒရစ် မှာပြသနေတဲ့ခြေစွမ်းတွေကြောင့် Top-3 မှာဇကာတင်တော့အနည်းဆုံးထားရမယ့်ကစားသမားဖြစ်တယ်လို့လည်း သူ့အမြင်ကိုပြောပြသွားခဲ့ပါတယ်။

အယ်လီဘာရက် ဆိုတဲ့ အေဂျင့်ကိုမသိတဲ့သူတွေကို မြင်သာအောင်ပြောရရင် အခု ဘိုင်ယန်မြူးနစ် ကမ္ဘာ့ကြေးအကြီးဆုံးအငှားစာချုပ်နဲ့ နီကိုလပ်ဂျက်ဆင် ကိုတစ်နှစ်စာချုပ်ချုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ချဲလ်ဆီး ရဲ့ စီးပွားရေးပြန်ရှာဖွေနိုင်မှုကြီးကတော့ ကြောက်စရာပါပဲ။  လက်ရှိမှာ နီကိုလပ်ဂျက်ဆင် ကို ဘိုင်ယန်မြူးနစ် အသင်းဆီ...
07/09/2025

ချဲလ်ဆီး ရဲ့ စီးပွားရေးပြန်ရှာဖွေနိုင်မှုကြီးကတော့ ကြောက်စရာပါပဲ။

လက်ရှိမှာ နီကိုလပ်ဂျက်ဆင် ကို ဘိုင်ယန်မြူးနစ် အသင်းဆီတစ်ရာသီအငှားချထားလိုက်နိုင်ပြီဖြစ်ပါတယ်။ တကယ်တော့ ဂျက်ဆင် ကအရောင်းစာရင်းတင်ထားတဲ့ကစားသမားပါ။ သူ့အတွက်အပြီးသတ်ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း (၆၀) နဲ့ (၇၀) အကြားပဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် နီကိုလပ်ဂျက်ဆင် ကိုစိတ်ဝင်စားမှုပြလာတဲ့ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ညှိနိူင်းဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။ ကစားသမားကို ဒီစျေးကွက်မှာအပြီးသတ်ဝယ်ယူဖို့တော့အဆင်မပြေခဲ့ပေမယ့် အငှားခေါ်ယူဖို့တော့ အဆင်ပြေခဲ့ပါတယ်။

ထူးခြားတာက နီကိုလပ်ဂျက်ဆင် အတွက် တစ်နှစ်တာအငှားစာချုပ်အတွက် ယူရို (၈၁.၅) သန်းအထိပေးချေရမှာပဲဖြစ်ပါတယ်။ ဒါဟာ ဘောလုံးသမိုင်းတစ်လျှောက်ကြေးအကြီးဆုံးအငှားခေါ်ယူမှုအဖြစ် စံချိန်တင်သွားခဲ့ပါပြီ။

ဘိုင်ယန်မြူးနစ် ဘုတ်အဖွဲ့ဝင်တွေရဲ့ ညှိနိူင်းမှုကိုလည်း ဒီနေရာမှာအံ့ဩရပါတယ်။ ဘယ်လိုစတင်ခဲ့ပြီး ဘာတွေပြောခဲ့ကြသလဲမသိပေမယ့် တစ်ခါထဲဝယ်လိုက်ရင်တောင် ဒီ့ထက်နည်းတဲ့စျေးနဲ့ရရှိမှာပါ။ အခုတော့ တစ်နှစ်သာအငှားရခဲ့ပြီး ဂျက်ဆင် ကိုဝယ်မယ်ဆိုရင် နောက်ထပ်ပြောင်းရွှေ့ကြေးတစ်ရပ်အသုံးပြုရဦးမှာဖြစ်ပါတယ်။

"အခု Grealish က အင်္ဂလန်အသင်းဆီ ပြန်ဖို့ မျှော်လင့်နိုင်ပြီလား"
06/09/2025

"အခု Grealish က အင်္ဂလန်အသင်းဆီ ပြန်ဖို့ မျှော်လင့်နိုင်ပြီလား"

ဘာစီလိုနာကွင်းလယ်ကစားသမား ဖရန်ကီဂျောင်း ဟာအပြောင်းအရွေ့ရာသီဈေးကွက်ဖွင့်တိုင်း ဒဏ်ရာရသလိုလို ဘောလုံးလောကထဲမရှိတော့သလိုလို...
02/09/2025

ဘာစီလိုနာကွင်းလယ်ကစားသမား ဖရန်ကီဂျောင်း ဟာအပြောင်းအရွေ့ရာသီဈေးကွက်ဖွင့်တိုင်း ဒဏ်ရာရသလိုလို ဘောလုံးလောကထဲမရှိတော့သလိုလိုနဲ့ အမြဲတမ်း ပုန်းကွယ်နေလေ့ရှိပါတယ်။

အ‌ကြောင်းအရင်းက ယူနိုက်တက်အသင်းအနေနဲ့ ဈေးကွက်ဖွင့်ချိန် ဒီဂျောင်း ကိုမြင်တိုင်းခေါ်မယ်ချည်းအမြဲလုပ်လွန်းလို့ပါတဲ့။

ဒီရာသီမှ လေဗာကူဆင်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်းခံထားရတဲ့ အဲရစ်တန်ဟက်ခ်ျ က ရာသီစလို့ ဘွန်ဒက်လီဂါ (2) ပွဲကိုင်တွယ်အပြီ...
02/09/2025

ဒီရာသီမှ လေဗာကူဆင်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်းခံထားရတဲ့ အဲရစ်တန်ဟက်ခ်ျ က ရာသီစလို့ ဘွန်ဒက်လီဂါ (2) ပွဲကိုင်တွယ်အပြီး လေဗာကူဆင် နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပါတယ်။

အဲရစ်တန်ဟက်ခ်ျ ရဲ့ လေဗာကူဆင်နည်းပြသက်တမ်းက (2) လသာကြာမြင့်ခဲ့ပါတယ်။

' ကစားသမား‌တွေကြားက ကွာခြားချက်ကိုကြည့်မယ်ဆိုရင် သူတို့ရဲ့ စွမ်းဆောင်ရည်ပိုင်းအရည်အသွေးကိုကြည့်ပြီးဆုံးဖြတ်ရတာမဟုတ်ဘူး၊ ...
23/08/2025

' ကစားသမား‌တွေကြားက ကွာခြားချက်ကိုကြည့်မယ်ဆိုရင် သူတို့ရဲ့ စွမ်းဆောင်ရည်ပိုင်းအရည်အသွေးကိုကြည့်ပြီးဆုံးဖြတ်ရတာမဟုတ်ဘူး၊ ဒါကတစ်စိတ်တစ်ပိုင်းပဲ၊ တကယ်တမ်းက သူတို့ရဲ့စိတ်ဓာတ်နဲ့နေထိုင်မှုပုံစံဟာဘယ်လောက် သပ်ရပ်ပြီးစည်းကမ်းရှိသလဲ၊ ကိုယ့်အလုပ်အပေါ်မှာကြိုးစားလိုစိတ်ဘယ်လောက်ပြင်းပြသလဲ ဒီအရာတွေကအဓိကကျပြီး ရေရှည်မှာကစားသမားနှစ်ယောက်ကွာခြားသွားစေတဲ့အချက်တွေပဲ '

ကာလိုအန်ဆယ်လော့တီ (ဘရာဇီးနည်းပြ)

' ဘောလုံးကွင်းထဲရောက်တဲ့အခါ Body Language ကအရာရာအတွက်ခရာအကျဆုံးပါပဲ၊ မင်းအနေနဲ့ဒါကိုလက်မခံဘူးဆိုရင် တစ်နေရာရာမှာတော့ဆင်ခ...
23/08/2025

' ဘောလုံးကွင်းထဲရောက်တဲ့အခါ Body Language ကအရာရာအတွက်ခရာအကျဆုံးပါပဲ၊ မင်းအနေနဲ့ဒါကိုလက်မခံဘူးဆိုရင် တစ်နေရာရာမှာတော့ဆင်ခြင်ပေးမရတဲ့အမှားတစ်ခုသေချာပေါက်လုပ်မိလိမ့်မယ် '

ပပ်ဂွာဒီယိုလာ (မန်စီးတီးနည်းပြ)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Classical 90 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share