02/09/2022
2022-အထိသယ်မလာသင့်တဲ့ အယူအဆအမှား
🚶♀️ကာဒီရိုကစားရင် ခန္ဓာကိုယ်မကြီးထွားတော့ဘူး
လိုသင်ယုံနေသေးရင် နဲနဲမှားနေပါပီ❌ HIIT တွေ
ဇွတ်ကစားနေရင်တော့ မှန်ပါတယ် တိုးတက်မှု
နည်းသွားမှာပါ။ ဒါပေမဲ့ low intensity cardio
ကို ထုတင်နေချိန်မှာလည်း workout 🏋️♀️ ပီးတိုင်း
၁၅ မိနစ်လောက်နေ ့စဉ်ကစားလို ့ရပါတယ်။
🤯 Intensity ကအရေးအကြီးဆုံးလို ့ထင်နေရင်
လွဲနေပါတယ်။ Consistency ဆိုတဲ့စွဲမြဲမှုက
အရေးကြီးတာပါ။ သူပါမှ အပင်ပမ်းခံလေ့ကျင့်
တဲ့ intensity ကအကျိုးပြုမှာပါ။
🥵 ငါတို ့ဆရာက ရှယ်မောင်းတာကွ။ ကစားပီး
ချိန်ကျ ကိုက်ခဲနေတာပဲဆိုပီးဂုဏ်ယူနေသေးရင်
နဲနဲလွဲနေပါတယ်။ ထိထိမိမိ လေ့ကျင့်ရင်တော့
နောက်ဆက်တွဲအနေနဲ ့ အနည်းငယ် နာကျင်ကိုက်
ခဲတာက သဘာဝဆိုပေမဲ့ နာနေအောင် ကစားမှ
ချွေး 😅တွေရွှဲနစ်နေမှ ထိရောက်တယ်ထင်ရင်
သိပ်မမှားပါဘူး။ ၁၀၀ မှာ ၉၀% ပဲလွဲတာပါ 😬
🟢Muscle fiber တိုင်းဟာဆံခြည်မျှင်ထက်
သေးငယ်ပီး၊ ၎င်းရဲ ့ပင်ကိုယ်အလေးချိန်ထက်
အဆ ၁၀၀၀ လောက်လေးတဲ့ဝန်ကို ခံနိုင်ပါတယ်။
🟢Efficient ဖြစ်တဲ့ workout 🏋️♂️တိုင်းဟာ
အမြင်မှာရိုးရှင်းနေတတ်ပါတယ်။ Fancy ကျတဲ့
Workout တွေကို insta တို ့ TikTok တို ့မှာပဲ
မျက်စိအရသာခံကြည့်လိုက်ပါ။
👩🦰အမျိုးသမီးအများစု ပေါင်ချိန်စက်ပေါ်က
ကိန်းဂဏာန်းတွေမပြောင်းလဲတော့ရင် efforts
အားလုံးအလဟသ ဖြစ်ပီလို ့ထင်နေတဲ့ ခံယူချက်
လည်းမှားပါတယ်။
💪ခုမှအားကစား စလုပ်ပီး ၃-လနဲ့ Body Transformation
ဖြစ်ဖို ့လောဘမကြီးပါနဲ့။ Foundational phase
အတွက်အချိန်ပေးရပါဦးမယ်။
Train hard နဲ ့ Train Smart ကြားကခြားနားချက်
လေးကို တွေ ့ရှိနိုင်ပီး workouts sessions တိုင်း
ကိုအကျိုးရှိစွာ အသုံးပြုနိုင်ပါစေ။
Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ ့
Instagram acc လေးကို follow လုပ်ပေးပါ
ဦးခင်ဗျ 👇
https://instagram.com/gurunaing119?igshid=f4ja51x9ssop
Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်
မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်🤝
လေးစားချစ်ခင်လျက်-
နိုင်ဦး-၁၁၉