𝐄𝐯𝐞𝐫 𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝

  • Home
  • Myanmar
  • Yangon
  • 𝐄𝐯𝐞𝐫 𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝
Website

𝐄𝐯𝐞𝐫 𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝
သတင်းများကို တင်ဆက်ပေးနေပါသည်။
ကျေးဇူးပြု၍ 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လေး
လုပ်ထားပေးပါ။

လူငယ်အင်အားကို ဘယ်သူမှ လျစ်လျှူရှုလို့ မရနိုင်ပါကြောင်းအင်္ဂလန် ယူ 21 မှာ ခြေစွာနေတဲ့ ဟယ်ရီအာမတ်ကို  ကာရစ်တစ်ယောက် အတော်...
04/10/2026

လူငယ်အင်အားကို ဘယ်သူမှ လျစ်လျှူရှုလို့ မရနိုင်ပါကြောင်း

အင်္ဂလန် ယူ 21 မှာ ခြေစွာနေတဲ့ ဟယ်ရီအာမတ်ကို ကာရစ်တစ်ယောက် အတော်သဘောကျနေခဲ့ပါတယ်။ ဒေါ်ကူကလည်း ဒဏ်ရာရနေချိန်မှာ လာမယ့် စပါးပွဲအတွက် အာမတ်က အခွင့်အရေး ကလာနိုင်ပါတယ်။ မန်ယူမှာ ကြယ်ပွင့်တွေအများကြီးပါ။ ဒါတွေကို မြေထောင်မြှောက်ပေးဖို့သာ လိုအပ်ပါတယ်။ လူငယ် အင်အားမပါဘဲနဲ့ မန်ယူနိုက်တက်က ဘယ်လိုမှ မအောင်မြင်နိုင်ပါဘူး။

💚❤️ Bruno Fernandes က “Cristiano Ronaldo နဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်။ သူက ကျွန်တော်တို့ နိုင်ငံအသင်းနဲ့ နိုင်ငံအတွက် ...
03/10/2026

💚❤️ Bruno Fernandes က “Cristiano Ronaldo နဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်။ သူက ကျွန်တော်တို့ နိုင်ငံအသင်းနဲ့ နိုင်ငံအတွက် အကြီးကျယ်ဆုံး Icon ဖြစ်သလို၊ အမြဲတမ်းလည်း ဖြစ်နေမှာပါ”

“ကျွန်တော်တို့ နိုင်ငံအသင်းက စည်းလုံးညီညွတ်နေပါတယ်။ အကွဲအပြဲ မရှိပါဘူး”။

“ပြဿနာတွေရှိရင် အတွင်းပိုင်းမှာပဲ ဖြေရှင်းပြီး နှစ်ဖက်စလုံးအတွက် အဆင်ပြေပြေ ကောင်းကောင်းမွန်မွန်နဲ့ အဆုံးသတ်နိုင်ဖို့ လိုပါတယ်”။

🚨BREAKING:Benfica ရဲ့ နောက်ထပ် ထွက်ပေါ်လာမယ့် ခံစစ်ကြယ်ပွင့်အတွက် £68m ပေးရမယ်ဆိုရင် တန်ရဲ့လား၊ ဈေးကြီးလွန်းနေတာလား? 🔴💰M...
02/10/2026

🚨BREAKING:

Benfica ရဲ့ နောက်ထပ် ထွက်ပေါ်လာမယ့် ခံစစ်ကြယ်ပွင့်အတွက် £68m ပေးရမယ်ဆိုရင် တန်ရဲ့လား၊ ဈေးကြီးလွန်းနေတာလား? 🔴💰

Manchester United နဲ့ Chelsea နှစ်သင်းစလုံးက Tomas Araujo ကို စောင့်ကြည့်နေကြပါတယ်။

အသက် 24 နှစ်ရှိတဲ့ Araujo ဟာ Centre-back နဲ့ Right-back နှစ်နေရာစလုံးမှာ အဆင်ပြေပြေ ကစားနိုင်တဲ့သူပါ။ အခုလည်း Portugal ရဲ့ World Cup လူစာရင်းအတွက် ခေါ်ယူခံထားရပါတယ်။

လက်ရှိ ယူနိုက်တက်ကလည်း တစ်ခုခု ပြောင်းလဲမှကို ဖြစ်ပါတော့မယ်။ အထူးသဖြင့် ဒီရာသီ ခံစစ်ကစားပုံက အတော်လေး ညံ့ဖျင်းနေပါတယ်။

မပြောချင်ဘူး ဆိုပေမယ့် ပြောရဦးမယ် ဒီဖလားကြီးကိုလည်း တကယ် မမျှော်လင့်ဘူး ပေးမယ့်ပေးဆိုလည်း ဟို အသင်းလီဂျန့် အမည်ခံထားပြီး...
29/09/2026

မပြောချင်ဘူး ဆိုပေမယ့် ပြောရဦးမယ်

ဒီဖလားကြီးကိုလည်း တကယ် မမျှော်လင့်ဘူး ပေးမယ့်ပေးဆိုလည်း ဟို အသင်းလီဂျန့် အမည်ခံထားပြီး ပြည်တွင်းအမှတ်ပေးဖလား တစ်လုံးမှ မရဖူးတဲ့ အသင်းကိုပဲ ပေးလိုက်ကြပါကွာ

ငါတို့ လီဂျန့်တွေ ဂစ် ၊ ကာရစ် ၊ စခိုးလ်တို့ဆိုရင် ပြုတ်သောက်တာတောင် မကုန်အောင် ရှိနေပါတယ်။ တကယ် မလိုချင်တာပါ။

ညီလေး မန်စီးတီးရေ ပေးမယ်ဆိုလည်း မြန်မြန်ပေးလိုက်ပါ။ ဟိုမှာ မျှော်တလင့်လင့်နဲ့ သရေတမြမြ ဖြစ်နေပြီ။ မင်းတို့ ကွင်းကိုတော့ သတိထား ရေတွေ ဘာတွေ စိုမနေစေနဲ့။ တော်ကြာ ဖလားလာပြေးယူရင်း ချော်ထပ်လဲနေရင် အမှုက ထပ်ပတ်နေဦးမယ် 😂😂

🚨 Zlatan Ibrahimovic ရဲ့ Manchester United ကာလကို ပြန်ကြည့်မယ်အသက် ၃၄ နှစ်၊ Free Transfer နဲ့ ရောက်လာခဲ့တာ။ Mourinho ရဲ့...
29/09/2026

🚨 Zlatan Ibrahimovic ရဲ့ Manchester United ကာလကို ပြန်ကြည့်မယ်

အသက် ၃၄ နှစ်၊ Free Transfer နဲ့ ရောက်လာခဲ့တာ။ Mourinho ရဲ့ Manchester United နည်းပြဘဝ ပထမဆုံးခေါ်ယူမှုလည်း ဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်မှာ လူတွေက “အသက်ကြီးနေပြီ၊ နှေးတယ်၊ အရမ်းမာနကြီးတယ်” ဆိုပြီး ဝေဖန်နေကြတာပေါ့။

ဒါပေမယ့် Zlatan က အဲ့ဒီဝေဖန်မှုတွေကို သုံးလအတွင်းပဲ အားလုံးပါးစပ်ပိတ်သွားအောင် လုပ်ပြခဲ့တယ်။

📊 ပွဲ ၅၃ ပွဲ ⚽ ဂိုး ၂၉ ဂိုး 🎯 Assist ၁၁ ကြိမ်

ပြီးတော့ Zlatan ရဲ့ အမိုက်စားစကားတွေကလည်း မမေ့နိုင်စရာပါပဲ။

🗣️ “Manchester ရဲ့ King ဖြစ်ဖို့ မလာဘူး။ Manchester ရဲ့ God ဖြစ်ဖို့လာတာ။”

🗣️ “အင်္ဂလန်ကို ကျွန်တော် သိမ်းပိုက်လိုက်ပြီ။ သုံးလပဲ ကြာတယ်။”

🗣️ “ကျွန်တော်က တိရစ္ဆာန်တစ်ကောင်ပါ။ ခြင်္သေ့တစ်ကောင်လို ခံစားနေရတယ်။”

🗣️ Pogba ကိုပြောခဲ့တာက “သူတို့က မင်းကို ဝယ်ခဲ့တာ။ ငါ့ကိုတော့ ဝယ်စရာမလိုဘူး၊ ငါက Free နဲ့ လာတာ။”

🗣️ “ခြင်္သေ့တွေက လူသားတွေလို ပြန်လည်နားယူပြီး recovery လုပ်တာမဟုတ်ဘူး။”

Zlatan က Free Agent အနေနဲ့ ရောက်လာပြီး Free Agent အနေနဲ့ပဲ ပြန်ထွက်သွားခဲ့တယ်။

အဲ့ဒီကြားထဲမှာတော့ Zlatan ဆိုတဲ့အတိုင်း Zlatan လုပ်စရာရှိတာတွေ အကုန်လုပ်ပြခဲ့တယ်။

တကယ့် Manchester United Striker တစ်ယောက်ပါပဲ။ ❤️‍🔥🔴

Manchester City က Manchester United ထက် ပိုကြီးတဲ့အသင်းဖြစ်လာပြီလို့ Elliot Anderson ပြောခဲ့တာကို Patrice Evra တုံ့ပြန်လ...
28/09/2026

Manchester City က Manchester United ထက် ပိုကြီးတဲ့အသင်းဖြစ်လာပြီလို့ Elliot Anderson ပြောခဲ့တာကို Patrice Evra တုံ့ပြန်လာ 🚨

🚨🎙️ “ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့တာတွေအားလုံးကို ကြည့်မယ်ဆိုရင် Elliot Anderson အနေနဲ့ Manchester City က ဘာကြောင့် Manchester United နားကို အမြဲတမ်းရောက်လာဖို့ ကြိုးစားခဲ့တာလဲဆိုတာ နားလည်သွားမယ်လို့ ထင်ပါတယ်။ United က City နောက်ကို လိုက်ခဲ့တာမဟုတ်ပါဘူး။

🗣️ Manchester City က နောက်ရာသီ Championship မှာ သွားကစားရတဲ့အချိန်ကျရင် Anderson အနေနဲ့ အောင်မြင်မှုကာလတစ်ခုနဲ့ သမိုင်းကြောင်း၊ အစဉ်အလာနဲ့ ကမ္ဘာတစ်ဝန်းက လွှမ်းမိုးမှုရှိတဲ့ Manchester United ကြားက ကွာခြားချက်ကို နားလည်လာလိမ့်မယ်။

နှစ်အနည်းငယ်လောက် ဆုဖလားတွေ ရခဲ့တာနဲ့ United ထက် ပိုကြီးမားသွားတာမဟုတ်ဘူး။

🗣️ Manchester United ရဲ့ နာမည်ကို မျိုးဆက်ပေါင်းများစွာ ကြိုးစားခဲ့မှုတွေ၊ Legend ကစားသမားတွေ၊ ထိပ်တန်းနည်းပြတွေ၊ ဘယ်တော့မှမမေ့နိုင်တဲ့ အခိုက်အတန့်တွေနဲ့ တည်ဆောက်ခဲ့တာပါ။

အခြားအသင်းတစ်သင်းက အောင်မြင်တဲ့ကာလတစ်ခု ရခဲ့တာနဲ့ ဒီသမိုင်းကြောင်းကို ဖျောက်ပစ်လို့မရပါဘူး။

🗣️ ဒါကြောင့် Anderson ကို နောက်ရာသီ Championship မှာ တွေ့ရမယ့်အချိန်ကို ကျွန်တော် တကယ်စောင့်နေတယ်။ 😂😂 အဲ့ဒီမှာ 45 ပွဲလောက် ကစားပြီးသွားရင်တော့ Manchester United ကို လေးစားရတာ ဘာကိုဆိုလိုလဲဆိုတာ နားလည်သွားလိမ့်မယ်။ 🔴🤣”

🚨🚨 NSPPD Prayer Conference ပြီးသွားရင် Manchester United မှာ ဒီလိုအရာတွေ ဖြစ်လာမယ်လို့ ပြောထားပါတယ်။• Glazers တွေက Unite...
27/09/2026

🚨🚨 NSPPD Prayer Conference ပြီးသွားရင် Manchester United မှာ ဒီလိုအရာတွေ ဖြစ်လာမယ်လို့ ပြောထားပါတယ်။

• Glazers တွေက United ကို ပိုင်ရှင်အသစ်တွေဆီ ရောင်းချသွားမယ်

• Carrick ကို နည်းပြရာထူးကနေ ထုတ်ပယ်မယ်

• Shaw, Maguire, Dalot, Zirkzee, Rashford, Ugarte နဲ့ Mount တို့ United ကနေ ထွက်ခွာကြမယ်

• Manchester United ကို အပေါ်ဆုံးကနေ အောက်ဆုံးအထိ အပြည့်အဝ ပြန်လည်ဖွဲ့စည်းမယ်

• ပိုင်ရှင်အသစ်တွေလက်ထက်မှာ Fabian Hurzeler ကို Manchester United နည်းပြအဖြစ် ခန့်အပ်မယ်

ညီကိုတို့ အမြင်ရော ???

မန်စီးတီးသာ Premier League ချန်ပီယံဆုတွေ ပြန်ရုပ်သိမ်းခံရမယ်ဆိုရင်…Manchester United အနေနဲ့ Premier League ချန်ပီယံဆု ၃ ...
26/09/2026

မန်စီးတီးသာ Premier League ချန်ပီယံဆုတွေ ပြန်ရုပ်သိမ်းခံရမယ်ဆိုရင်…

Manchester United အနေနဲ့ Premier League ချန်ပီယံဆု ၃ ကြိမ် ထပ်မံရရှိလာနိုင်ပါတယ်။

🏆 2011/12 — Manchester United

🏆 2017/18 — Manchester United

🏆 2020/21 — Manchester United

အဲ့ဒါဆို United ရဲ့ Premier League ချန်ပီယံအရေအတွက်က လက်ရှိ ၂၀ ကြိမ်ကနေ ၂၃ ကြိမ်အထိ ဖြစ်လာမှာပါ။

Sir Alex Ferguson ရဲ့ Premier League ချန်ပီယံဆုအရေအတွက်လည်း ၁၃ ကြိမ်ကနေ ၁၄ ကြိမ်အထိ တိုးလာနိုင်ပါတယ်။ 🐐

José Mourinho နဲ့ Ole Gunnar Solskjær တို့လည်း သူတို့ရဲ့ မှတ်တမ်းထဲမှာ Premier League ချန်ပီယံဆု တစ်ကြိမ်စီ ထပ်တိုးရရှိလာနိုင်ပါတယ်။

“23 times, 23 times Man United” 🎶❤️

ခင်ဗျားတို့ သတိမေ့ကြနေတဲ့ အချက်တစ်ချက်ကျွန်တော်တို့က မိုင်နူးရဲ့ စွမ်းရည်တွေကို သဘောကျပြီး အာရုံစိုက်လွန်းနေတာကြောင့် မိ...
22/09/2026

ခင်ဗျားတို့ သတိမေ့ကြနေတဲ့ အချက်တစ်ချက်

ကျွန်တော်တို့က မိုင်နူးရဲ့ စွမ်းရည်တွေကို သဘောကျပြီး အာရုံစိုက်လွန်းနေတာကြောင့် မိုင်နူးနဲ့ တိုင်လီမန်းစ်တို့ရဲ့ ကွင်းလယ်တွဲဖက်မှုက မန်ယူအတွက် အမှတ်တွေ ဆုံးရှုံးစေနိုင်တယ်ဆိုတာ မေ့နေကြပါတယ်။

သူတို့နှစ်ယောက်က ဘောလုံးကိုင်တဲ့အခါ အရမ်းနှေးတယ်၊ ကစားပုံကလည်း ပျင်းစရာကောင်းပြီး အရှိန်နဲ့ တက်ကစားနိုင်မှု၊ အားထုတ်မှုနဲ့ အရေးတကြီးတဲ့ အချိန်မှာ ထိထိမိမိကစားချင်စိတ်တွေ နည်းနေပါတယ်။ အဲ့ဒါက အသင်းတစ်သင်းလုံးရဲ့ ကစားပုံအပေါ်ပါ သက်ရောက်မှုရှိနေပါတယ်။

ပွဲအရှိန်မြင့်လာတဲ့အချိန်တွေမှာလည်း သူတို့နှစ်ယောက်က လိုက်မီဖို့ ခက်ခဲလာတာကို သတိထားကြာ့်ရင် မြင်ပါတယ်။

ဒီကွင်းလယ်တွဲဖက်မှုက အလုပ်မဖြစ်နေဘူးဆိုတာ အားလုံးမြင်နေရပြီး မန်ယူအတွက် အမှတ်တွေပါ ဆုံးရှုံးစေနေတယ်။ ညီကိုတို့ရော ဒါကို သတိထားမိကြလားဗျ။ တီလီမန်းအစား ဘာလီဘာဝင်လာရင်ဝောာ့ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာနိုင်ပါတယ်။

မိုက်ကယ်ကာရစ်ရေ မင်းအနေနဲ့ ရတ်ဖို့ကို အရမ်းကြိုက်လို့ အရမ်းနေရာပေးချင်တယ်ဆိုရင်လည်း ဒီလိုပုံစံနဲ့ ပြောင်းသုံးပေးပါ။ ငါတိ...
21/09/2026

မိုက်ကယ်ကာရစ်ရေ မင်းအနေနဲ့ ရတ်ဖို့ကို အရမ်းကြိုက်လို့ အရမ်းနေရာပေးချင်တယ်ဆိုရင်လည်း ဒီလိုပုံစံနဲ့ ပြောင်းသုံးပေးပါ။ ငါတို့ရဲ့ ကွန်ညာကိုတော့ မဖျက်စီးနေပါနဲ့တော့။ ကွန်ညာက ဘယ်တောင်ပံမှာ ဘယ်လို ကစားတတ်လဲဆိုတာ ငါတို့ အားလုံးသိပါတယ်။

ရတ်ဖို့က လုပ်ပြတာတော့ မှန်ပေမယ့် ခြင်းကြားနဲ့ ရေခပ်သလို ဖြစ်နေပါတယ်။ ရတ်ဖို့ကို ဘယ်တောင်ပံမှာထားပြီး သွင်းဂိုးတွေ ၊ နိုင်ပွဲတွေ မျှော်လင့်နေတယ်ဆိုရင်တော့ ကာရစ်ရေ အာဆင်နယ် ချန်ပီယံလိဂ်ဖလားရသွားတာကမှဖြင့် ပိုဖြစ်နိုင်ပါသေးတယ်။ မဖြစ်နိုင်တာကြီးကို ဇွတ် မလုပ်နေနဲ့ပါနဲ့တော့ကွာ။

Address

Kone Myint Yeik Thar Street
Yangon
11061

Alerts

Be the first to know and let us send you an email when 𝐄𝐯𝐞𝐫 𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category