𝐄𝐯𝐞𝐫 𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝

  • Home
  • Myanmar
  • Yangon
  • 𝐄𝐯𝐞𝐫 𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝

𝐄𝐯𝐞𝐫 𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝
သတင်းများကို တင်ဆက်ပေးနေပါသည်။
ကျေးဇူးပြု၍ 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လေး
လုပ်ထားပေးပါ။

မောင့်အားကိုးနဲ့ အင်္ဂလန်ကို သိမ်းမယ်မန်ယူက တတိယမြောက် ကွင်းလယ်လူကို ခေါ်ဖို့ကိစ္စက သွေးအေးသွားပါပြီ။ အကြောင်းကတော့ မောင...
04/08/2026

မောင့်အားကိုးနဲ့ အင်္ဂလန်ကို သိမ်းမယ်

မန်ယူက တတိယမြောက် ကွင်းလယ်လူကို ခေါ်ဖို့ကိစ္စက သွေးအေးသွားပါပြီ။ အကြောင်းကတော့ မောင့်က ထူးကဲတဲ့ ခြေစွမ်းတွေကို ဒီရာသီကြိုမှာ ပြသထားလို့ပါ။ လက်ရှိ ခေါ်ထားတဲ့ နှစ်ယောက်ရယ် မောင့်ရယ်ကို တွဲသုံးပြီး ပရီးမီးယားလိဂ် ကလပ်တွေအပြင် နာမည်ကျော် ဥရောပ ကလပ်တွေကိုပါ ကောင်းကောငါးကြီး ဆုံးမလို့ရကြောင်း အသင်းဘက်က သိရှိသွားလို့ ဖြစ်ပါတယ်ခင်ဗျာ။ ဘယ်လောက်စွမ်းမလဲ ကြည့်မယ် မောင့်ရေ။

အနေအထားတွေ ကွာသွားပြီ ချယ်လ်ဆီးရေချယ်လ်ဆီးက သူတို့ကစားသမားဟောင်း လူးဝစ် ဟောလ်ကို ပြန်စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ဟောလ်ကတ...
03/08/2026

အနေအထားတွေ ကွာသွားပြီ ချယ်လ်ဆီးရေ

ချယ်လ်ဆီးက သူတို့ကစားသမားဟောင်း လူးဝစ် ဟောလ်ကို ပြန်စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ဟောလ်ကတော့ ချယ်လ်ဆီးဆီမဟုတ်ဘဲ မန်ယူဆီကိုသာ လာချင်နေပါတယ်။ ပေါင် သန်း ခြောက်ဆယ်လဲ။ ဘယ်လိုလဲ ကိုယ့်လူတို့ အနာဂတ် ဘယ်ခံစစ်အတွက် ခေါ်သင့်လား။

ပါးရို-က်ခေါ်ရင်တောင် လာမယ့် လီယိုမန်ယူမှာက တောင်ပံတွေနဲ့ ပက်သက်ရင် ခေတ်အဆက်ဆက် ရာဝဇင်မရိုင်းခဲ့ပါဘူး။ အခုလည်း အာမတ် ၊ ဘ...
31/07/2026

ပါးရို-က်ခေါ်ရင်တောင် လာမယ့် လီယို

မန်ယူမှာက တောင်ပံတွေနဲ့ ပက်သက်ရင် ခေတ်အဆက်ဆက် ရာဝဇင်မရိုင်းခဲ့ပါဘူး။ အခုလည်း အာမတ် ၊ ဘူမို တို့ရှိလို့ ညာတောင်ပံက စိတ်ချရပေမယ့် ကွန်ညာ ၊ ဒေါ်ကူတို့ပဲ ရှိတဲ့ ဘယ်တောင်ပံကတော့ စိတ်မချရသေးပါဘူး။ အရေးအကြောင်းဆို ကွန်ညာ ၊ ဘူမို တို့က တိုက်စစ်မှူးတွေအဖြစ် ကစားရပါသေးတယ်။ ဒီတော့ ဒီရာသီတောင်ပံကစားသမားခေါ်ရမှာ မန်ယူရဲ့ တာဝန်ပါပဲ။

အေစီမီလန်ရဲ့ ရာဖေးလီယိုကို မန်ယူက ခေါ်ဖို့ ချဉ်းကပ်လိုက်ပြီလို့ သိရပါတယ်။ လီယိုက ဒီရာသီမှာ အေစီကနေ သေချာပေါက်ထွက်မှာဖြစ်ပြီး ယူရို သန်း 50-60 ကြား ဈေးပေါက်ပါတယ်။ ကစားသမားက မန်ယူက ခေါ်ရင် မလာစရာအကြောင်းကို မရှိပါဘူး။ မြန်မြန် ခေါ်ထားသင့်ပါတယ်ခင်ဗျာ။

အားနည်းချက်ဖြစ်နေတဲ့ ဘယ်နောက်ခံအတွက် ယူနိုက်တက်ဖြေရှင်းမယ့်နည်းလမ်း ယူနိုက်တက်ကို ကြည့်လိုက်ရင် အားပျော့တဲ့နေရာတွေမှာ ဘယ...
30/07/2026

အားနည်းချက်ဖြစ်နေတဲ့ ဘယ်နောက်ခံအတွက် ယူနိုက်တက်ဖြေရှင်းမယ့်နည်းလမ်း

ယူနိုက်တက်ကို ကြည့်လိုက်ရင် အားပျော့တဲ့နေရာတွေမှာ ဘယ်နောက်ခံနေရာက ထိပ်ဆုံးက ပါနေပါတယ်။ ဒါလော့က ညာဘက်မှာကစားရတာကိုပဲ အားသန်တာရယ် ၊ လုခ်ရှောက ဒဏ်ရာ အရလွယ်တာရယ် ၊ ဒေါ်ကူက ဘယ်နောက်ခံထက် ဘယ်တောင်ပံမှာ ခြေစွမ်းပိုထက်တာတွေ‌ရယ်ကြောင့် အသင်းက နယူးကာဆယ်အသင်းရဲ့ ဘယ်နောက်ခံလူ လူးဝစ်ဟောကို ခေါ်ယူဖို့ ခရီးစဉ်စတင်နေပါပြီ။ 21 အရွယ် အင်္ဂလန်သားဖြစ်ပြီး အနာဂတ်အတွက် မျှော်လင့်ချက်ကောင်းတစ်ရပ်ဖြစ်ပါတယ်။ တဖက်မှာလည်း အသင်းက ဘယ်နောက်ခံလူ ဟယ်ရီအာမတ်ကို စောစောစီးစီးရောင်းချဖို့ ပြင်ဆင်နေပါတယ်ခင်ဗျာ။

တစ်ရာသီ ဂိုးနှစ်ဆယ်အထက် သွင်းနိုင်တဲ့တိုက်စစ်မှူးကို ခေါ်ယူချင်နေတဲ့ မန်ယူတိုက်စစ်မှူးတစ်ဦး ထပ်ခေါ်ဖို့လိုအပ်နေတဲ့ ယူနို...
30/07/2026

တစ်ရာသီ ဂိုးနှစ်ဆယ်အထက် သွင်းနိုင်တဲ့တိုက်စစ်မှူးကို ခေါ်ယူချင်နေတဲ့ မန်ယူ

တိုက်စစ်မှူးတစ်ဦး ထပ်ခေါ်ဖို့လိုအပ်နေတဲ့ ယူနိုက်တက်က အစပိုင်း ဝက်ကင်းကို စိတ်ဝင်စားရာကနေ အခု ဘရန့်ဖို့ရဲ့ တိုက်စစ်မှူး သီယာဂိုဘက်ကို မြှားဦးလှည့်လာပြန်ပါတယ်။ အသက် 25 ၊ ဘရာဇီးသား ၊ မနှစ်တုန်းက ပရီးမီးယားလိဂ် သွင်းဂိုး 22 ဂိုးထိ ပိုင်ဆိုင်ထားသူပါ။ ဆက်စကိုနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကြိုးစားလိုစိတ်ရှိအောင်ခေါ်ယူလိုနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ကာရစ်အတွက် လက်ရုံးတစ်ယောက်တိုးလာခြင်း မေဆင်မောင့်ကတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချထားတယ်။ မန်ယူလိုအသင်းမှာ ကစားရတာ ဖိအားရှ...
27/07/2026

ကာရစ်အတွက် လက်ရုံးတစ်ယောက်တိုးလာခြင်း

မေဆင်မောင့်ကတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချထားတယ်။ မန်ယူလိုအသင်းမှာ ကစားရတာ ဖိအားရှိတာ အဆန်းမဟုတ်ကြောင်း သူသိပါတယ်။ သူကတော့ ရှင်းတယ်။ သူ့ကို အရံခုံမှာပဲထားထား ၊ ထည့်ပဲသုံးသုံး အမြဲအဆင်သင့်ရှိနေတယ်တဲ့။

စကားကတော့ပြတ်တယ်။ အားရဖို့လည်း ကောင်းတယ်။ ဒဏ်ရာကင်းတုန်းက မောင့်က ကစားရရင် အမြဲတမ်းအားထုတ်ကစားတယ်။ ဟုတ်တာ မဟုတ်သာ အသာထား ဒီကစားသမားက ကြိုးစားသားပဲဆိုတဲ့ အထဲမှာ မေဆင်မောင့်ပါတယ်။ အခုသူက ဒဏ်ရာကင်းနေပြီ။ အဆင်သင့်ဖြစ်နေပြီ။ ကာရစ်ဘယ်လိုကိုင်တွယ်မလဲဆိုတာကသာ အဓိကကျသွားပြီ။ လာမယ့်ကာသီ မောင့်ရာသီ ဖြစ်ဖို့ မျှော်လင့်ရပါတော့မယ်။

နည်းလမ်းအသစ်နဲ့ အကွက်ရွေ့နေတဲ့ မန်ယူယူနိုက်တက်ဟာ အတော်လေးပါးနပ်လာပါပြီ။ ကစားသမားတစ်ဦးတည်းကို ပေါင်သန်းတစ်ရာအထက်ပေးခေါ်တာ...
25/07/2026

နည်းလမ်းအသစ်နဲ့ အကွက်ရွေ့နေတဲ့ မန်ယူ

ယူနိုက်တက်ဟာ အတော်လေးပါးနပ်လာပါပြီ။ ကစားသမားတစ်ဦးတည်းကို ပေါင်သန်းတစ်ရာအထက်ပေးခေါ်တာထက် အဆိုပါ ပိုက်ဆံကို ကစားသမားသုံးယောက်ပေးခေါ်ဖို့ တွေးလာတာပါ။ ဥပမာ ပြီးခဲ့တဲ့ရာသီ အီဆက် ၊ ဗစ် တို့ရဲ့ မအောင်မြင်မှုကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီရာသီ အန်ဒါဆန် ( မန်စီးတီး ) ၊ ရော်ဂျာ ( ချယ်လ်ဆီး ) ၊ တိုနာလီ ( စပါး ) တို့ကလည်း အောင်မြင်မယ်လို့ ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး။

မန်ယူကတော့ရှင်းတယ်။ တီလီမန်း ၊ ဆန်းတို့စ် အပြင် အခုလည်း ဘုန်းမောက်ရဲ့ ကွင်းလယ်အဖျက် တိုင်လာအဒမ်ကို ချောင်းနေတယ်။ အသက် 27 ‌၊ ပေါင် 42 သန်း ဝန်းကျင်ပဲ။ ကွင်းလယ်အတွက် မန်ယူသုံးတာက သုံးယောက်ပေါင်းတာတောင် ပေါင်သန်းတစ်ရာကျော်ပဲ ကုန်မယ်။ သုံးယောက်ထဲက တစ်ယောက်ချွန်ထွက်သွားတာနဲ့ အိုခေပြီ။ ကျန်နှစ်ယောက် ရောင်းရောင်း ၊ ငှားငှား ကြိုက်တာလုပ်ရုံပဲ။ ဒါဆို ပေးရတဲ့ လစာတွေလည်း ကာမိပြီ။ တကယ်လို့ သုံးယောက်လုံးသာ ကောင်းသွားရင်တော့ ရွှေပေါ့ဗျာ ရွှေပေါ့......။

ဒီဈေးကွက်မှာ မန်ယူဘုတ်အဖွဲ့က အလုပ်အလုပ်ဆုံးပါပဲမန်ယူက ဈေးတန်းနဲ့ အရည်အသွေးကို ညှိပြီး ဈေးကွက်မှာ ကစားပြနေပါတယ်။ 2 ဆရမယ့်...
24/07/2026

ဒီဈေးကွက်မှာ မန်ယူဘုတ်အဖွဲ့က အလုပ်အလုပ်ဆုံးပါပဲ

မန်ယူက ဈေးတန်းနဲ့ အရည်အသွေးကို ညှိပြီး ဈေးကွက်မှာ ကစားပြနေပါတယ်။ 2 ဆရမယ့် လောင်းကြေးကို မထပ်ဘဲ 0.3 ဆသာရမယ့် လောင်းကြေးကို သုံးကြိမ်လောင်းပြနေသလိုပါပဲ။ တီလီမန်း - ပေါင် 35 သန်း ၊ ဆန်းတို့စ် - ပေါင် 50 သန်း တို့ကို သုံးစွဲပြီး အခု ပေါင် 30 သန်းတန် ဘရာဇီသား ဒန်နီလိုကို ချိန်ရွယ်နေပါတယ်။ ကွင်းလယ်သုံးယောက်မှာ တစ်ယောက်ပဲ ခြေစွမ်းထက်စေဦး။ မန်ယူက သေချာပေါက် အမြတ်ရတော့မှာဖြစ်ပါတယ်။

ရှာလည်း ရှာတတ်ပါပေ့ မန်ယူဘုတ်အဖွဲ့ရယ်။ ဒန်နီလိုက 2026 WC မှာ ဘရာဇီးအတွက် အရွေးခံခဲ့ရပါတယ်။ နော်တင်ဟမ်ဖောရက်မှာလည်း နှစ်နှစ်ကစားဖူးကြီး အသက်ကလည်း 25 သာ ရှိပါသေးတယ်ခင်ဗျာ။

ပြိုင်ဖက်တွေ ကြိုတင်ဆုတောင်းထားရတော့မယ်ကိုနေးကို ခေါ်ယူရေးမှာ မန်ယူက အလေးသာနေပြီဖြစ်ပါတယ်။ ကွင်းလယ်နှစ်ယောက် ခေါ်ပြီးတာတ...
23/07/2026

ပြိုင်ဖက်တွေ ကြိုတင်ဆုတောင်းထားရတော့မယ်

ကိုနေးကို ခေါ်ယူရေးမှာ မန်ယူက အလေးသာနေပြီဖြစ်ပါတယ်။ ကွင်းလယ်နှစ်ယောက် ခေါ်ပြီးတာတောင် အားမရသေးတဲ့ မန်ယူအတွက် နောက်ထပ်ခြေလှမ်းက ကိုနေးပါတဲ့။ ပြင်သစ်သားဟာ ပရီးမီးယားလိဂ်နဲ့ အသားမကျပါစေနဲ့ ပြိုင်ဖက်တွေ ဆုတောင်းထားရပါမယ်။ မဟုတ်ရင်တော့ မန်ယူအသင်းကို ‌တားလို့ရမှာမဟုတ်တော့လိုပါ။ တောင်ပံတွေမှာက အသားကျနေတဲ့ ကွန်ညာ ၊ ဘူမို တို့ ၊ ကွင်းလယ်မှာက ဘရူနို ၊ ကိုနေး တို့ကို မိန်းနူး ၊ တီလီမန်းတို့နဲ့ ဝန်းရံပြီး တိုက်စစ်မှာ ဆက်စကိုသာဆိုရင်တော့ မန်ယူဟာဖလားစုံသိမ်းနိုင်တော့မှာ မြေကြီးလက်ခတ်မလွဲပါပဲခင်ဗျာ။

22 နှစ်သားကို အို့ထရတ်ဖို့ဆီ ခေါ်မယ် မန်ချက်စတာယူနိုက်တက်က လက်စတာစီးတီးရဲ့ အသက် (၂၂) နှစ်အရွယ် နောက်ခံလူ ဘန် နယ်လ်ဆန် (B...
20/07/2026

22 နှစ်သားကို အို့ထရတ်ဖို့ဆီ ခေါ်မယ်

မန်ချက်စတာယူနိုက်တက်က လက်စတာစီးတီးရဲ့ အသက် (၂၂) နှစ်အရွယ် နောက်ခံလူ ဘန် နယ်လ်ဆန် (Ben Nelson) ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

စာချုပ်သက်တမ်း 12 လသာ ကျန်တော့တဲ့ သူ့ကို
လက်စတာဘက်ကတော့ တန်ကြေး ပေါင် ၁၀ သန်းခန့် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဘန် နယ်လ်ဆန်က နာမည်ကြီး စတားကစားသမား မဟုတ်ပေမယ့် အသက် (၂၂) နှစ်ပဲရှိသေးတာကြောင့် အနာဂတ်တိုးတက်နိုင်စွမ်း အများကြီးရှိပါတယ်။ ကိုယ်လုံးကိုယ်ထည်ကောင်းပြီး 6ပေ 5 လက်မအထိ မြင့်တာကြောင့် လေထဲဘောလုံးယှဉ်ပြိုင်ရာမှာ အားသာချက်ရှိတဲ့ ဗဟိုနောက်ခံလူတစ်ယောက်လည်း ဖြစ်ပါတယ်ခင်ဗျာ။

Address

Kone Myint Yeik Thar Street
Yangon
11061

Alerts

Be the first to know and let us send you an email when 𝐄𝐯𝐞𝐫 𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category