11/01/2024
👊🔥
Friendly Match - 1 / 24
7 Jan 2024
Net Zone FC 🔟 - 2️⃣ Brotherhood United FC
၂၀၂၄ နှစ်သစ်ရဲ့ ပထမဆုံး ပွဲဦးထွက် ချစ်ကြည်ရေးခြေစမ်းပွဲကိုတော့ Brotherhood United FC အသင်းနဲ့ ကစားခဲ့ကြပီး NZFC မှ ဂိုးပြတ်နိုင်ပွဲအဖြစ် ဖော်ဆောင်ခဲ့ကြပါတယ်။
အပျော်တမ်းအသင်းတွေမှာ တွေ့ရတတ်တဲ့ အသင်းမှာ ပူးပေါင်းတဲ့လူအင်းအားများတဲ့နေ့တွေမှာ နိုင်ပွဲတွေရတတ်သလိုပါပဲ။
NZFC ရဲ့ နှစ်သစ်ပွဲဦးထွက်ပွဲ ဖြစ်သလို အသင်းဂျာစီအသစ်နဲ့ ကန်တဲ့နေ့ဖြစ်တဲ့အတွက် ပူးပေါင်းသူ များပြားခဲ့ကြပါတယ်။
တဖက်အသင်းကလည်း လူငယ်အများအပြားဖြင့်ကန်သွားခဲ့ကြပီး အကြိတ်အနယ်ရှိလှပါတယ်။
NZFC အသင်းကတော့ သူတို့ရဲ့ကစားကွက်ဖြစ်တဲ့ ၄၃၃ နဲ့ပဲ ပထမပိုင်းကို စတင်ခဲ့ပါတယ်။
ပထမပိုင်းတပိုင်းလုံး NZFC ရဲ့ ညာခြမ်းတိုက်စစ်မှ တွဲလုံးများဖြင့် တရစပ်ထိုးဖောက်ခဲ့ပီး ဦးဆောင်ဂိုးများ ရရှိခဲ့ပါတယ်။
NZFC ရဲ့ နောက်တန်းဘယ်ခြမ်းကစားသမားကလည်း Overlap များတက်ကာ တောင်ပံတိုက်စစ်မှူးနဲ့အတူ ဂိုးပေါက်ခြိမ်းခြောက်မှုများ လုပ်ဆောင်နိုင်တာကိုလည်း တွေ့ရပါတယ်။
BHUFC အနေဖြင့် ပထမပိုင်းတပိုင်းလုံး NZFC ရဲ့ ထိုးဖောက်မှုများကို ကာကွယ်ရင်း ကောင်တာများဖြင့် တန်ပြန်ထိုးဖောက်ခဲ့ပါတယ်။
ပထမပိုင်းကိုတော့ NZFC မှ ၄ - ၀ ဆိုတဲ့ ရလာဒ်ဖြင့် ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းတွင် NZFC မှာ ကစားသမား ၁၁ ယောက်လုံး လူစားလဲခဲ့ကာ ၄၃၃ ဖြင့်ပင် ကစားခဲ့ကြပါတယ်။ ရရှိတဲ့ အခွင့်ရေးကောင်းများကို အသုံးမချနိုင်ခဲ့ကြပါဘူး။ တိုက်စစ်ဆင်ရင်း တန်ပြန်တိုက်စစ်များကို မကာကွယ်နိုင်ခဲ့ပဲ ၂ ဂိုးခွင့်ပြုခဲ့ရပီး ၁ ဂိုးသာ ပြန်သွင်းနိုင်ခဲ့ကာ ၅ - ၂ ဆိုတဲ့ ရလာဒ်ဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
တတိယပိုင်းတွင်းလည်း တိုက်စစ်မှ ကစားအားမချခဲ့ပဲ ဆက်လက် ထိုးစစ်ဆင်ခဲ့ပီး ဦးဆောင်ဂိုးများလည်း ထပ်မံရရှိခဲ့ပါတယ်။ လူစားလဲစရာ လူအင်းအား များပြားခြင်းကလည်း အားသာချက်ဖြစ်ခဲ့ပီး စိတ်ကြိုက်လူလဲကစားနိုင်ခဲ့ကာ ပွဲပြီးရလာဒ် ၁၀ - ၂ ဂိုးဖြင့် နှစ်သစ်အဖွင့် လှစေခဲ့ပါတယ်။
BHUFC အနေဖြင့် လူငယ်များဖြင့် ကစားအားကောင်းသော်လည်း လူစားလဲစရာ နည်းပါခဲ့လို့သာ ယခုလို ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့သွားရခြင်းဖြစ်ပါတယ်။
ပွဲချိန်အတွင်း ထိခိုက်မိတာများ ရှိခဲ့ရင်လည်း တောင်းပန်ပါတယ်။
LLH ⚽️⚽️ (👟 ZM , 👟 SK)
TP ⚽️ (👟 PK)
OK ⚽️
PK ⚽️ (👟 MT)
APM ⚽️ (👟 ATH)
ATH ⚽️ (👟 TP)
ZM ⚽️ (👟 PS)
MHK ⚽️ (👟 ZM)
LP ⚽️ (👟 ZM)