10/03/2026
ဧရာ၀တီတိုင်းက နတ်ဝှက်ထားတဲ့ ရေပေါ်ရွာလေး
ဒီနေ့ Vlog လေးကတော့ ဧရာ၀တီတိုင်း ဘက်မှာရှိတဲ့ အရမ်းလှတဲ့ရေပေါ်ရွာလေးဆီကို စက်ဘီးနင်းဖြစ်ခဲ့တဲ့ Vlog လေးဖြစ်ပါတယ်။
ဒေသခံတွေကတော့ ဒုတိယအင်လေးလို့တင်စားထားကြသလိုပဲ တကယ်လဲလူနေမှုပုံစံလေးတွေက အင်းလေးဒေသလိုပဲသွားလာနေကြပြီး ရေပေါ်မှာအိမ်လေးတွေဆောက်လုပ်ပြီးနေထိုင်ကြတာပါ။
စာသင်ကျောင်းဘုန်းကြီးကျောင်းများ အပြင် အခြားစျေးဆိုင်များလဲတည်ရှိပါတယ်။
ငါးပိငါးခြောက်များလုပ်ကိုင်ကြတာတွေ့ရသလိုစက်လှေတွေ ဆီဖြည့်နိုင်ဖို့ ရေပေါ်မှာတည်ဆောက်ထားတဲ့ ဆီဆိုင်တွေ၊အင်းကျီဆိုင်၊ကွမ်းယာဆိုင်၊ဆံသ ဆိုင်၊ မုန့်ဆိုင်များလဲရှိပါတယ်
မနက်ခင်းမှာတော့ ဟင်းသီးဟင်းရွက် အစားသောက်များကို လှေလေးတွေနဲ့ လိုက်ရောင်းနေကြတဲ့ စျေးသည်လေးတွေကိုလဲတွေ့ခဲ့ရပါတယ်။
ဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့ ရွာလေးက ကျွန်တော်ပြောသလို စိတ်ဝင်စားဖို့ကောင်းရဲ့လား၊တကယ်ရောလှရဲ့လား၊ သွားမယ်ဆိုရင်ရော ဘယ်လိုသွားရမယ်ဆိုတာ သိရဖို့ Vlog လေးကိုကြည့်လိုက်တော့နော်...
နောက်ထပ် Vlog အသစ်တွေကြည့်ရှု့နိုင်ဖို့အတွက် Channel လေးကိုလဲ Like & Subscribe လေးလုပ်ထားပေးခဲ့ကြပါအုံးနော်။
https://www.youtube.com/
လေးစားစွာဖြင့်
Shein Zar Cyclist