01/07/2021
သင်ထင်တာထက် Boxing ကစားတာဟာ ဘာကြောင့်ပိုကောင်းတာလဲ
Boxing ဆိုတာတစ်ကိုယ်လုံးက ကြွက်သားတွေ အလုပ် ပေးနိုင်တဲ့ Full -Body Workout ထဲမှာ ပါပါတယ်။ တစ်ချို့သူတွေအတွက် Boxing လို့ခေါတဲ့ လက်ဝှေ့ထိုးဟာ ကြေးစားနဲ့ အပျော်လက်ဝှေ့သမားတွေအတွက် သီးသန့်အားကစားလို့ထင်နေကြပါတယ်။
တကယ်တော့ Boxing ပညာဟာ ယောကျာ်း တိုင်းတက်ထားသင့်တဲ့ Workoutတစ်ခုဖြစ်ပါတယ်။ အရေးကြုံတော့သက်လုံကောင်းဆိုသလို Boxing ကောင်းကောင်းတက်ထားခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သလို မတရားမှုတွေဆီကနေလည်း တားဆီးရာမှာ အများကြီး အထောက်အကူပြုတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။
Boxing ကစားပေးခြင်းဟာ အင်မတန်အကျိုးကျေးဇူးများတဲ့အားကစားတစ်ခုလည်းဖြစ်ပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးအနေနဲ့ Boxing ကစားတာဟာ တစ်ကိုယ်လုံးမှာရှိနဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကြံ့ခိုင်သန်မာစေပါတယ်။
Boxing ဟာကိုယ်လုံးပြည့်ကစားရတဲ့ Workout ဖြစ်တာကြောင့် လက်မောင်း ၊ခြေထောက်၊ တင်ပါး ၊ ပုခုံး ၊ကျောရိုး အားလုံးကိုအလုပ်လုပ်ခိုင်းပါတယ်။ ဒီလိုလူပ်ရှားခိုင်းတာတဲ့အကျိုးဆက်ကတော့တစ်ကိုယ်လုံးသန်မာလာမယ် သက်လုံကောင်းလာမယ် ။ ကြွက်သားတွေကြီးထွားမှုပုံစံဟန်ချက်မျှပြီး ကြွက်သားနဲ့အရိုးအဆစ်တွေပူးကောင်းလုပ်ဆောင်မှုအားကောင်းလာမယ် ။ တခုခု ကိုတုံ့ပြန်ရာမှာ သွက်လက်မြန်ဆန်လာမယ် ။
#လက်ဝှေ့ထိုးခြင်းဟာစိတ်ကိုတည်ငြိမ်သွားစေပြီးယုံကြည်မှုပိုရှိလာစေနိုင်ပါတယ်