Arsene Guson Fantasy Premier League

Arsene Guson Fantasy Premier League Road to England

IGJLWX4Yအပေါ်က code လေးနဲ့ ဝင် join ပေးပါဦး။ AG ရဲ့ထုံးစံအတိုင်း အပျော်ဆိုပေမဲ့ admin တွေတိုင်ပင်ပြီး လက်ဆောင်စီစဉ်ပါ့မယ...
02/06/2026

IGJLWX4Y

အပေါ်က code လေးနဲ့ ဝင် join ပေးပါဦး။ AG ရဲ့ထုံးစံအတိုင်း အပျော်ဆိုပေမဲ့ admin တွေတိုင်ပင်ပြီး လက်ဆောင်စီစဉ်ပါ့မယ်။
Arsene Guson jersey ဖြစ်မလား ယောင်း - ရိုးရာ အထည်မျိုးစုံ က ပုဆိုးဖြစ်မလား ဆုကြေးငွေပဲဖြစ်မလား တခုခုပေါ့။ အားလပ်ရက် တစ်လတာမှာ အပျော်ဆော့ရုံသက်သက်ပါ။

Come on AG!

2025-26 ဘောလုံးရာသီပြီးဆုံးပြီမို့ Arsene Guson Fantasy Premier League နဲ့ပတ်သက်ပြီးကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်စ...
30/05/2026

2025-26 ဘောလုံးရာသီပြီးဆုံးပြီမို့ Arsene Guson Fantasy Premier League နဲ့ပတ်သက်ပြီးကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်စကားပြောချင်တာရော ကျွန်တော်တို့ AG FPL အကြောင်းထပ်မံပြောပြချင်တာပါပေါင်းပြီး ဒီပို့စ်ကိုတင်လိုက်တာပါ

AG FPL ကို ကျွန်တော်တို့ 2017-18 ဘောလုံးရာသီကနေစခဲ့တာပါ၊ စကတည်းကနေ 2024-25 ဘောလုံးရာသီထိ Paid League ဆန်ဆန်ပဲ ရင်ဘတ်ချင်းနီးစပ်တဲ့အပေါင်းအသင်းဘော်ဒါတွေစုပြီးဆော့ကစားခဲ့ကြတာပါ

သင့်တင့်တဲ့မန်ဘာကြေးတစ်ခုကောက်တယ်၊ အဲဒီမန်ဘာကြေးအားလုံးကို Classic, Head to Head နဲ့ ခုနောက်ပိုင်းနှစ်တွေမှာ Cup ပါထည့်သွင်းပြီးတော့ ဆုကြေးတွေခွဲဝေပေးတယ်၊ ပြီးတော့မန်ဘာအားလုံးပါဝင်တဲ့ Viber Group တစ်ခုဖွင့်ထားပြီး FPL နဲ့ပတ်သက်သောအချက်အလက်တွေမျှဝေတာ လေတိုက်တာ ဆိုက်ဝါးထည့်တာ၊ ဒါ့အပြင် တစ်ပတ်တခါ နှစ်ပတ်တစ်ခါဖြစ်စေ ဘောလုံးချိန်းကန်ကြတာ စသဖြင့်ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြတာပါ၊

ပြီးခဲ့တဲ့ဘောလုံးရာသီမစခင်မှာတော့ ကျွန်တော်တို့ AG တွေတိုင်ပင်ဖြစ်ကြတယ်၊ ကျွန်တော်တို့တွေ ဆယ့်လေးငါးယောက်လောက် အချင်းချင်းလှည့်ပတ်ပြိုင်နေကြမယ့်အစား အပြင်ကိုထွက်ပြီးပြိုင်ကြရင်ကျွန်တော်တို့ရဲ့ AG League လဲတိုးတက်လာမယ်၊ ပြင်ပက FPL အပေါင်းအသင်းအသစ်တွေနဲ့လဲထိတွေ့ရမယ် ဆိုပြီးတိုင်ပင်ကြရင်း AG FPL League ကို စတင်ဖြစ်ကြတာပါ

AG FPL League ကိုပြင်ပက FPL ဝါသနာရှင်ညီအစ်ကိုတွေကိုဖိတ်ခေါ်နိုင်ဖို့ Arsene Guson Fantasy Premier League Page ကိုပါဖွင့်ပြီး FPL နဲ့ပတ်သက်တဲ့အချက်အလက်အချို့ကို ကျွန်တော်တို့ရနိုင်တဲ့အချိန်အတိုင်းအတာနဲ့မျှဝေပေးဖြစ်ပါတယ်

ဒီအတွက် AG FPL League ဖြစ်လာအောင်တဖက်တလမ်းကပံ့ပိုးကူညီပေးတဲ့ ယောင်း - ရိုးရာ အထည်မျိုးစုံ ကိုကျေးဇူးအများကြီးတင်ပါတယ်၊ ဝင်ရောက်ယှဉ်ပြိုင်ပေးကြတဲ့ညီအစ်ကိုတွေအားလုံးကိုလဲကျေးဇူးတင်ရှိပါတယ်၊
Page ရယ်လို့ဖြစ်လာတဲ့အခါမှာ ကိစ္စတော်တော်များများကကျွန်တော်တို့ထင်ထားသလိုလွယ်ကူမနေပါဘူး၊ စာကိုအဆင်ပြေပြေလေးရေးနိုင်ဖို့ သတင်းအချက်အလက်တွေကိုမှန်မှန်ကန်ကန်မျှဝေနိုင်ဖို့ ဒါတွေအတွက်ကျွန်တော်တို့တွေ FPL နဲ့ပတ်သက်တဲ့ Page တွေကိုလေ့လာရပါတယ်၊ ကျွန်တော်တို့ရဲ့မြင်ဆရာတွေလို့ပြောနိုင်ပါတယ်၊ Oh My FPL SKKV FPL Fantasy Hobbyist Myanmar, Fantasy by Zicu ကျန်တာတွေလည်းရှိပါသေးတယ်၊ ကျွန်တော်တို့ကျေးဇူးတင်ကြောင်းပြောပါရစေ၊

အထူးကျေးဇူးတင်ရတာကတော့ ကျွန်တော်တို့အတူနှစ်ပေါင်းများစွာဖြတ်သန်းခဲ့ကြတဲ့ AF FPL ရဲ့ Paid League လို့ပြောရမယ့် AG FPL Pro League Members တွေအားလုံးကိုပါ၊ အရမ်းချစ်ခင်ရပါတယ်

ဒီနှစ်ဘောလုံးရာသီပြီးပြီမို့ နောက်နှစ်ဘောလုံးရာသီမစခင်မှာ ကျွန်တော်တို့တွေဘောလုံးနဲ့အဆက်မပြတ်သွားရလေအောင် World Cup Fantasy ကို ပေါ့ပေါ့ပါးပါးလေးဆော့ကစားကြပါမယ်၊ FPL ဆော့ကစားတဲ့ညီအစ်ကိုအားလုံးကိုဖိတ်ခေါ်ပါ့မယ်၊ တဆက်တည်း နောက်နှစ်အတွက်ကျွန်တော်တို့ကြိုတင်ပလန်ထားတာလေးပြောပါရစေ

လာမယ့် 2026-27 FPL မှာ AG FPL ဆက်ရှိနေပါ့မယ်၊ ပိုမိုကောင်းမွန်တဲ့ပုံစံမျိုးနဲ့စီစဉ်နိုင်ဖို့ကြိုးစားနေပါတယ်၊ ပြီးတော့ AG FPL Pro League ကိုလည်း ကျွန်တော်တို့ပုံမှန်ဆော့နေတဲ့မန်ဘာတွေအပြင် စိတ်ဝင်စားတဲ့ပြင်ပကမန်ဘာအချို့ကိုပါဖိတ်ခေါ်ပြီးကစားဖို့စီစဉ်နေပါတယ်၊ မန်ဘာကြေး ခန့်မှန်း ရှစ်သောင်း လောက်လို့ယေဘူယျသတ်မှတ်ထားပြီး မန်ဘာဝင်ကို စုစုပေါင်း ၂၀ ယောက်လောက်သာလက်ခံပါ့မယ်၊ ရရှိတဲ့မန်ဘာကြေးအားလုံးကို Classic, Head to Head, Cup စသဖြင့် ဆုတွေကိုကြိုတင်သတ်မှတ်ခွဲဝေပေးပါ့မယ်၊ အသေးစိတ်ကိုတော့ World Cup အပြီး လာမယ့်ဘောလုံးရာသီမစတင်ခင်မှာအသိပေးပါ့မယ်၊ အဲဒီအချိန်မှာ ကျွန်တော်တို့လေးစားရတဲ့ FPL Guru အချို့ကို Personal အရသီးသန့်ဖိတ်ကြားမယ်လို့လဲတွေးထားပါတယ်၊ ပျော်ပျော်ပါးပါးနဲ့ပူးပေါင်းပါဝင်ပေးကြပါဦး

ပြီးခဲ့တဲ့ 2025-26 ဘောလုံးရာသီအတွက် AG FPL League အတွက်ဆုရရှိသူများကိုဆက်သွယ်ပြီးဆုချီးမြှင့်ပြီးဖြစ်သလို AG FPL Pro League မှဆုရရှိသူများကိုလည်းဆုချီးမြှင့်ခဲ့ပြီးဖြစ်ပြီး Pro League ဆုရရှိသူများနဲ့ရမှတ်များကိုဖော်ပြပေးလိုက်ပါတယ်

ဘောလုံးရာသီပြီးတိုင်းကျွန်တော်တို့ပြောနေကျစကားရှိပါတယ်၊

"နောက်နှစ်ကျရင်ဆုယူပါ့မယ်"

25/05/2026

နောက်ဆုံးကျန်တဲ့ပုဆိုးကို နောက်ဆုံးပါတ်မှာ Dorgu မပါလို့ အမှတ်အများဆုံးမန့် ၃ခုထဲက ပေါက်ကောင်မန့်ပိုင်ရှင် ရွေးလိုက်ပါပြီ။
Congratulations Soe Moe!
CB ကို Bruno ပါတဲ့ ဘရို squad နဲ့ လိပ်စာလေးပို့ပေးပါခင်ဗျာ။

Winner  Acheampong Salah?1st runner up   June 212nd runner up USG F.C ဆုငွေများချီးမြှင့်ပြီး။ ပုဆိုးလက်ဆောင်အတွက် ယောင်...
25/05/2026

Winner Acheampong Salah?
1st runner up June 21
2nd runner up USG F.C

ဆုငွေများချီးမြှင့်ပြီး။ ပုဆိုးလက်ဆောင်အတွက် ယောင်း - ရိုးရာ အထည်မျိုးစုံမှ delivery အပ်ပေးပါမယ်ခင်ဗျာ။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

2025-2026 FPL ပြီးဆုံးသွားချိိန် AG FPL ရဲ့ ရပ်တည်မှုပါ။ ဆုရရှိတဲ့ဘရိုတွေ congratulations ပါဗျ။ ပေါက်ကောင်မန့်မှာလဲ Dorg...
25/05/2026

2025-2026 FPL ပြီးဆုံးသွားချိိန် AG FPL ရဲ့ ရပ်တည်မှုပါ။ ဆုရရှိတဲ့ဘရိုတွေ congratulations ပါဗျ။
ပေါက်ကောင်မန့်မှာလဲ Dorgu မပါပေမဲ့ ကတိအတိုင်း အမှတ်အများဆုံးမန့်မှာတော့ ဘရူနိုလို့ ၃ဦးမန့်ထားတဲ့အတွက် မဲဖောက်ပြီး ထပ်မံကြေငြာပေးပါမယ်။
ဆုရရှိတဲ့ ဘရိုများ CB မှာ ငွေလွှဲပေးရမဲ့နံပါတ်နဲ့ ပုဆိုးပို့ပေးရမဲ့ လိပ်စာများ ပို့ပေးထားနိုင်ပါပြီခင်ဗျာ။ ဆုကြေးများကို ၃၀/၀၅ နောက်ဆုံးထားထုတ်ယူပေးပါရန်မေတ္တာရပ်ခံပါတယ်။
ရာသီတခုလုံးအပြည့်ဝင်ဆော့ပေးကျတဲ့ ညီကို/ညီမအားလုံး ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးဘေးရန်ကင်းရှင်းကျပါစေ။

***နောက်ဆုံးပတ်ပွဲနေ့အကြိုပါ***မနက်ဖြန်ည ၉ ခွဲမှာ Week (38) ကို ၁၀ ပွဲလုံးတချိန်တည်းကန်ပြီး ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကိုနှုတ...
23/05/2026

***နောက်ဆုံးပတ်ပွဲနေ့အကြိုပါ***

မနက်ဖြန်ည ၉ ခွဲမှာ Week (38) ကို ၁၀ ပွဲလုံးတချိန်တည်းကန်ပြီး ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကိုနှုတ်ဆက်ပါမယ်

ဒီအချိန်မှာ FPL အသင်းတွေရဲ့ 90% လောက်အတွက်က နောက်ဆုံးပတ်ပွဲစဉ်တွေရဲ့ရမှတ်ကအရမ်းကြီးအရေးမပါတော့ပဲ 10% လောက်သာ သက်ဆိုင်ရာပါဝင်ယှဉ်ပြိုင်တဲ့ League အလိုက်ကိုယ်စီရည်မှန်းချက်ပြည့်မီရေး ကြိုးစားကြရမှာပါ

ဒီတော့ 90% လောက်သောဂျာကြီးတွေကိုအကြံပေးချင်တာက နောက်ဆုံးပတ်ပွဲစဉ်ကို အရမ်းကြီးတွေးတောစဉ်းစားမနေပဲ ကိုယ့်ရဲ့ရင်ထဲကဆန္ဒအတိုင်းသာလွတ်လွတ်လပ်လပ်ဆော့ကစားလိုက်ပါ၊ ဘောင်တွေ စည်းတွေရဲ့အပြင်ကိုထွက်ပြီးဆော့လိုက်ပါ၊ ကိုယ့်ရဲ့အသင်းကိုကိုယ်လုပ်ချင်တဲ့ဆန္ဒရှိတဲ့အတိုင်းလုပ်လိုက်ပါ

ကျန်တဲ့ ရည်မှန်းချက်ပြည့်မီရေးကြိုးစားရမယ့်ဂျာကြီးတွေအတွက်တော့ အိမ်ကွင်းမှာပရိတ်သတ်ကိုနှုတ်ဆက်မယ့် ပပ်ဂွာဒီယိုလာအတွက်အနိုင်ကန်ပေးကြမယ့် မန်စီးတီး၊ ချန်ပီယံလိဂ်မျှော်လင့်ချက်အတွက်ရုန်းကန်ကြဦးမယ့် ဘုန်းမောက်နဲ့ဘရိုက်တန်၊ တန်းဆင်းဇုန်ကနေအလွတ်ရုန်းမယ့် စပါးနဲ့ စပါးရဲ့အမှားကိုစောင့်ကစားမယ့် ဝက်ဟမ်း စတဲ့အသင်းတွေရဲ့ပလေယာတွေကိုဦးစားပေးစဉ်းစားသင့်ပါတယ်

တဖက်မှာတော့ AG FPL နဲ့ ယောင်း - ရိုးရာ အထည်မျိုးစုံ တို့ပူးပေါင်းစီစဉ်တဲ့ ပေါင်ကောင်ခန့်မှန်းပြိုင်ပွဲမှာတော့ ဆုလေးဆုတိတိချီးမြှင့်ပြီးသွားပြီမို့ နောက်ဆုံးလက်ကျန် ပေါက်ကောင်ဆုတစ်ခုကို ဒီတပတ်မှာမဖြစ်မနေချီးမြှင့်ပေးပါမယ်၊

ပေါက်ကောင်မှန်မှမဟုတ်ပါဘူး၊ ပေါက်ကောင်မန့်ထဲက အမှတ်အများဆုံးရတဲ့မန့်ပိုင်ရှင်ကိုဆုချီးမြှင့်ပေးမှာပါ၊ အဲဒီတော့ ဂျာကြီးတို့အနေနဲ့ကိုယ့်ရဲ့ပေါက်ကောင်ကိုဒီပို့စ်အောက်မှာပဲမန့်ပေးကြပါ၊ အဲဒီပေါက်ကောင်ပလေယာကိုကိုယ့်အသင်းထဲမဖြစ်မနေထည့်သွင်းထားပေးပါ၊ မန့်တဲ့သူတွေထဲကတစ်ယောက်ကတော့ သေချာပေါက်ကံထူးရှင်ဖြစ်မှာပါ

ဒီတပတ်နောက်ဆုံးပွဲပြီးရင်တော့ ဒီနှစ်ဘောလုံးရာသီတလျှောက်လုံး FPL ရဲ့ထူးခြားမှုလေးတွေကို ပြန်လည်သုံးသပ်တဲ့ပို့စ်လေးတွေတင်ပေးပါ့မယ်၊ ဂျာကြီးတို့နဲ့အပြန်အလှန်ဆွေးနွေးပြီး နောက်နှစ်ဘောလုံးရာသီအတွက်ကြိုတင်ပြင်ဆင်နိုင်ကြဖို့ပါ၊

နောက်တစ်ခုက AG World Cup FPL ကိုလဲပေါ့ပေါ့ပါးပါးဆော့ကစားကြပါမယ်

ဒီနှစ်မှာဘောပွဲတွေနဲ့သိပ်ပြီးအဆက်မပြတ်မှာကတော့ကျေနပ်စရာကြီးပါ

လာမယ့် Monday ဆိုရင်တော့ AG FPL ရဲ့ဆုရရှိသူတွေကိုဝမ်းမြောက်စွာကြေညာပေးနိုင်ပါတော့မယ်၊

ပျော်ရွှင်စရာဘောလုံးရာသီကိုအတူဖြတ်သန်းခဲ့ကြရလို့ အားလုံးကိုကျေးဇူးတင်မိပါတယ်၊ AG FPL 2025-26 ဖြစ်လာဖို့တထောင့်တနေရာကနေပူးပေါင်းကူညီပေးတဲ့ ယောင်း - ရိုးရာ အထည်မျိုးစုံ ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။

ရာသီကုန်ဖို့ တပွဲအလိုမှာ Acheampong Salah အသင်းက သေချာသလောက်ဖြစ်နေပါပြီ။ လက်ကျန်နှစ်နေရာအတွက် ထပ်ရင်ခုန်ကျတာပေါ့ဗျာ။စကား...
20/05/2026

ရာသီကုန်ဖို့ တပွဲအလိုမှာ Acheampong Salah အသင်းက သေချာသလောက်ဖြစ်နေပါပြီ။ လက်ကျန်နှစ်နေရာအတွက် ထပ်ရင်ခုန်ကျတာပေါ့ဗျာ။

စကားမစပ် Arsene Guson ကနေ World Cup FPL လုပ်ပါမယ်။ အသေးစိတ်ကို ထပ်ကြေငြာပါ့မယ်ဗျို့။

ထိုက်ထိုက်တန်တန်နဲ့ နှစ်၂၀ကျော်ဝေးကွာနေတဲ့ အမှတ်ပေးဖလားကိုရရှိခဲ့တဲ့ အာဆင်နယ်အသင်းကို Arsene Guson မှဂုဏ်ယူပါတယ်။ မိမိတိ...
19/05/2026

ထိုက်ထိုက်တန်တန်နဲ့ နှစ်၂၀ကျော်ဝေးကွာနေတဲ့ အမှတ်ပေးဖလားကိုရရှိခဲ့တဲ့ အာဆင်နယ်အသင်းကို Arsene Guson မှဂုဏ်ယူပါတယ်။ မိမိတို့ Arsene Guson ဆိုသည်မှာ အာဆင်နယ်နှင့်ယူနိုက်တက်ဖန်များ ချစ်ခင်စွာဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်နှင့်အညီ မည်သည့်အသင်းကိုမှ ပုတ်ခတ်ပြောဆိုခြင်းမပြုခဲ့ပဲ အောင်မြင်မှုရရှိသောအသင်းတိုင်းကို အမြဲဂုဏ်ပြုအားပေးခဲ့သော အသင်းအဖွဲ့အဖြစ် အမြဲရပ်တည်ပါမည်။ ဆက်လက်၍ ချန်ပီယံလိဂ်တွင်လဲ အသင်းသမိုင်းတလျှောက် ပထမဦးဆုံးသော အောင်မြင်မှာဖလားကို ရရှိပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။ အာဆင်နယ် ပရိတ်သတ်များ ကျေနပ်ပျော်ရွှင်ကျပါစေ။

ယူနိုက်တက်ကို ချစ်၍ အာဆင်နယ်ကို ကြိုက်နှစ်သက်သော

***ပွဲနေ့နော် ပွဲနေ့***Week 37 က ဒီညစမှာပါ၊ ပန်းဝင်ကာလမှာအသင်းမတည်မိမရှိရလေအောင် အချိန်ရှိခိုက်အသင်းတည်လိုက်ကြပါဦး၂ ပွဲပ...
15/05/2026

***ပွဲနေ့နော် ပွဲနေ့***

Week 37 က ဒီညစမှာပါ၊ ပန်းဝင်ကာလမှာအသင်းမတည်မိမရှိရလေအောင် အချိန်ရှိခိုက်အသင်းတည်လိုက်ကြပါဦး

၂ ပွဲပဲကစားဖို့ကျန်တဲ့အချိန်မှာ ချန်ပီယံလုပွဲအဖြေမထွက်သေးပါဘူး၊ အဲလိုပဲ ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်နိုင်ချေတစ်နေရာအတွက်လဲအကြိတ်အနယ်ဖြစ်နေတုန်းပါ

တန်းဆင်းကျန်တစ်နေရာအတွက်လဲ စပါးနဲ့ဝက်ဟမ်း ရုန်းရပါဦးမယ်

လီဗာပူးလ်နဲ့ ဗီလာကတော့ တမှတ်စီသာလိုတဲ့အသင်းတွေမို့ ဒီနှစ်သင်းပေါ် FPL အမြင်အရမကြိုက်ပါဘူး

ဘယ်အသင်းတွေကြိုက်လဲဆို အာဆင်နယ်နဲ့ စီးတီးကြိုက်ပါတယ်၊ ဘရိုက်တန်နဲ့ ဘုန်းမောက်လဲကြိုက်ပါတယ်၊ ဒီတပတ်တည်းအတွက်ဆို ဘရက်ဖို့ဒ်ကြိုက်ပါတယ်

အောက်ကနှစ်သင်းမှာတော့ ဝက်ဟမ်းကိုပိုကြိုက်ပါတယ်

ဒီအသင်းတွေကပလေယာတွေနဲ့ လက်ကျန်နှစ်ပွဲကိုဖြတ်သန်းသင့်ပါတယ်

ပေါက်ကောင်ကတော့ ထုံးစံအတိုင်းခန့်မှန်းရွေးချယ်ပြီး ဒီပို့စ်အောက်မှာပဲမန့်ပေးပါ

ပြီးခဲ့တဲ့အပတ် ပေါက်ကောင်မှန်ကန်သူထွက်ပေါ်ခဲ့လို့ လက်ကျန် ယောင်း - ရိုးရာ အထည်မျိုးစုံ ရဲ့ဆုကို ဒီတပတ်အတွက်ပေါက်ကောင်လုံးဝမှန်ကန်မှသာ ဆုပေးပါမယ်

အားလုံးပဲ ကိုယ့်အသင်းရော ကိုယ်အားပေးတဲ့အသင်းပါ အောင်မြင်ကြပါစေ။

ပွဲစဉ်၃၆ အပြီးမှာတော့ အမှတ်ကွာဟမှုက တော်တော်လေးကျဉ်းမြောင်းလာခဲ့ပါတယ်။ ဘယ်သူပန်းပန်မလဲဆိုတာကတော့ ပွဲစဉ်၃၈ အပြီးမှ သိရပါမ...
14/05/2026

ပွဲစဉ်၃၆ အပြီးမှာတော့ အမှတ်ကွာဟမှုက တော်တော်လေးကျဉ်းမြောင်းလာခဲ့ပါတယ်။ ဘယ်သူပန်းပန်မလဲဆိုတာကတော့ ပွဲစဉ်၃၈ အပြီးမှ သိရပါမယ်ခင်ဗျာ။
ပေါက်ကောင်မန့်တွေအတွက် ဒီအပါတ်အမှတ်အများဆုံးကစားသမားက ၃ယောက်ရှိခဲ့ပါတယ် De Cuyper ကို FPL က ပေါက်ကောင်ရွေးခဲ့ပေမဲ့ ဒီ AG က admin တွေကတော့ De Cuyper, Gueihi, Tarkowski သုံးယောက်လုံးကို ပေါက်ကောင်သတ်မှတ်ပါတယ်။ မန့်တွေကို စစ်ကြည့်တဲ့အခါမှာ De Cuyper နဲ့ Tarkowski တစ်ယောက်မှမမန့်ထားပေမဲ့ Gueihi မန့်တစ်ခုတော့ ရှိပါတယ်။ တလက်စထဲ မိတ်ဆက်ပေးရရင် အခုကောမန့်မန့်တဲ့ ညီအကိုဟာ Arsene Guson paid league ကို ဆော့လာတာ ၅နှစ်သက်တမ်းရှိပြီဖြစ်တဲ့ Nayko ဖြစ်ပါတယ်။
Congratulations Nayko!
နောက်နှစ် 2026-2027 FPL ရာသီမှာ Arsene Guson ကနေ ယခုလိဂ်ကို ဆက်လက်ပြုလုပ်ပေးသွားမှာ ဖြစ်သလို paid league ကိုလဲ limited members နဲ့ ဆော့မှာဖြစ်လို့ ရာသီသစ်မစခင် paid league post တွေ တင်ပေးပါမယ် စိတ်ဝင်စားတဲ့ ညီကိုတွေအတွက် စိတ်လှုပ်ရှားစရာ အပြည့်နဲ့ လာမဲ့ရာသီသစ်မှာ ထပ်ဆွဲကျမယ်ဗျာ။
လက်ကျန်နှစ်ပွဲမှာ လန်းနိုင်ကျပါစေဗျ။

Address

Kaba Aye Pagoda Road
Yangon
11201

Website

Alerts

Be the first to know and let us send you an email when Arsene Guson Fantasy Premier League posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share