21/06/2026
Consistency is a key for improvement & progress ပါ။
တစိုက်မတ်မတ်လေး လုပ် ဖို့၊ တစိုက်မတ်မတ်လေး တိုးတက်လာတဲ့အထိ မပျက်စေဖို့ ကျနော် အမြဲတိုက်တွန်းပါတယ်။ ကျနော့် Training အများစုက တစ်ပတ်မှ ၂/၃ ရက်တွေပါ။ Training Day မှာ Training ဖြစ်ဖြစ်မြောက်မြောက်လုပ်၊ ကျန်တဲ့နေ့မှာ စိတ်ပါရင် ပေါ့ပေါ့ပါးပါးလေး ပြေး။
ကျနော့်ဆီက သင်တန်းသားတိုင်းလဲ ပြိုင်ပွဲတွေမှာ ဆုတွေ ယူကြမှာ မဟုတ်ပါဘူး။ ကျနော် အမြဲ ပြောသလို လုပ်နိုင်တဲ့ Limit လေးကိုကျော်ပြီး လုပ်ဖို့ ၊ အားစိုက်ထည့်စေချင်တာပါ။
Training လဲ ကျနော်နဲ့မှ မဟုတ်ပါဘူး ခင်ဗျာ။ တကယ့် သေချာ စေတနာထား သင်ပြပေးနေတဲ့ ဆရာတွေရှိပါတယ်။ သေချာလေး လပိုင်းလေးမှာ Form မှန်မှန် နဲ့ Injury နည်းအောင် မရှိအောင် သင်ပေးနေတဲ့ ဆရာတွေရှိပါတယ်။ အဓိကက လုပ်နေဖို့ပါပဲ။
ဝါသနာရှင်တို့အတွက် ကိုယ့် လုပ်နိုင်စွမ်းကို စမ်းသပ်မယ့် ပြေးပွဲတွေ (ကျနော် ပြိုင်ပွဲလို့မသုံးပါဘူး) တောက်လျှောက်ရှိနေပါတယ်။ ခု လာမယ့် ၈ လပိုင်းကနေ နောက်နှစ် ၄ လ ပိုင်းလောက် ထိ ကို တောက်လျှောက်ရှိပါတယ်။ နီး မှ ဝုန်းဒိုင်း ထ ပြေးတာ ထက် ခုကတည်းက ပုံမှန်လေး တစ်ပတ် ၃ ရက်လောက် Training လေးတွေ စ လုပ် စေချင်ပါတယ်။
ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ စိတ်က မွေးမြူပြီး ကျင့်ရ၊ ဂုဏ်ယူရတာပါ။
အပြေးကို ဝါသနာ ပါလာ ကြတာ နဲ့တင်ဝမ်းသာရပါတယ်။ ဇွဲရှိရှိ၊ ဆက်တိုက်လေး လုပ်နိုင်ဖို့ ကိုပဲ တိုက်တွန်းလိုပါတယ် ခင်ဗျာ။
စိတ်နဲ့ ခန္ဓာ နှစ်ခုလုံးကောင်းတဲ့ အားကစားမို့ပါ။
ချစ်တဲ့
မအေးလေး