02/09/2021
ပင်နယ်တီကို နှောက်ယှက်ခဲ့တဲ့ အိုင်ယာလန်ကစားသမားကို ဖြတ်ရိုက်လိုက်တဲ့ ရော်နယ်လ်ဒို
မနေ့က ညပိုင်း ပေါ်တူဂီ (2-1) အိုင်ယာလန်ပွဲမှာ ပွဲချိန် ၁၅မိနစ်မှာပဲ ဘရူနိုဖာနန်ဒက်ကြောင့် ပေါ်တူဂီတို့ ပင်နယ်တီရခဲ့ပါတယ်။
ဒီပင်နယ်တီကို ကန်သွင်းဖို့ ရော်နယ်ဒိုဟာ ပင်နယ်တီ စပေါ့မှာ ဘောလုံးကို အသေအချာတည်ထားစဥ် အိုင်ယာလန်ကစားသမားဟာ ဘောလုံးကို ခြေဖြင့် အသေအချာ ထိကာ နှောင့်ယှက်လိုက်စဥ် ရော်နယ်လ်ဒိုမှ ပခုံးကို လှမ်းရိုက်ကာ တုန့်ပြန်ခဲ့ပါတယ်။
အဆိုပါ ပင်နယ်တီမှာ ဂိုးသမား ကာကွယ်သွားခဲ့ပေမယ့် နောက်ဆုံးမိနစ်ဂိုး ၂ဂိုးနဲ့ ရော်နယ်လ်ဒိုက ပေါ်တူဂီကို ပြန်လည် ကယ်တင်သွားခဲ့တယ်။