မောင်

မောင် ဒိချိန်ထိမပြန်မလာရင်သူပျော်နေလောက်ပါပီ

မမ ရေ ...မမ ရေ ...မမ ရေ ...ကျွန်တော့်ကို တံခါးဖွင့်ပေးပါ။သွေးရူးသွေးတန်းကိန်းဂဏန်းတွေ ကိုင်မြှောက်ပြအကြိမ်တစ်ရာရှိပါပြီမ...
27/12/2025

မမ ရေ ...
မမ ရေ ...

မမ ရေ ...
ကျွန်တော့်ကို တံခါးဖွင့်ပေးပါ။

သွေးရူးသွေးတန်း
ကိန်းဂဏန်းတွေ ကိုင်မြှောက်ပြ
အကြိမ်တစ်ရာရှိပါပြီ
မဟာစကြာဝဠာတစ်ခုလုံး
နပိုလီယံကလွဲပြီး လူသားအားလုံး
စစ်ကိုမုန်းသလို သဘောတူကြတယ်
ဟုတ်တယ်
ဒါဖျားနာနေသူရဲ့ အသံပါပဲ။

အိုး
ငါ ဖျားနာနေတာ
နွေသုံးခု၊ မိုးသုံးခု
ဆောင်းသုံးခု
ဒုမဲ့ဒြပ်မဲ့ လက်ပတ်နာရီ
လူနာကုတင်ပေါ် အိပ်ရာပြင်
ပညာရှိများကို ကန့်ကွက်ရဲ့
အသက်ရှင်ခြင်းဆိုတာ ရင်ခုန်တာပဲ
ဘယ်သူငြင်းမလဲဟေ့
ဘယ်သူငြင်းမလဲ။

ဆရာဝန် ညွှန်ကြားချက်မှာ
လက်ဖက်ရည်တစ်ခွက်ပေးပါ
ဒူးယားတစ်လိပ်ပေးပါ
မမ ကျွန်တော့်ကို ချစ်ပါ
ဒီကောင် လက်နက်ချရမယ် တဲ့။
......

"ဂန္တဝင်မမ" လေ
ရှေးက ကုသိုလ်ကြောင့် ထင်ရဲ့
ကျွန်တော်ရင်တွေ ခုန်တယ်။

ခိုပြာရောင် မျက်နှာမှာ
သိပ္ပံအလှကုန် ဘာမှမရှိ
သံခင်းတမန်ခင်း အပြုံးမရှိ
သူကျတော့ ကြည့်လို့ကောင်းတယ်။

မြင်ရတိုင်းပါပဲ
ပါတိတ်၊ အချိတ်၊ ဇင်းမယ်ထဘီနဲ့
အင်္ကျီအဖြူ လက်စကချည်းပဲ ဝတ်တယ်
သူကျတော့ ကြည့်လို့ကောင်းတယ်။

အုန်းဆီနဲ့ စိုနေတဲ့ဆံပင်
တင်းပိအောင် ဖြီးသင်ထားတယ်
သူကျတော့ ကြည့်လို့ကောင်းတယ်။

စစ်ကြိုခေတ် တစ်ခေတ်လုံး
မမကိုဖုံးနေတယ်
သူကျတော့ ကြည့်လို့ကောင်းတယ်။

ကျွန်တော်ဟာ ဆံပင်ရှည်တယ်
ကော်လံရှည်တယ်
အရစ်ရှည်တယ်
ကျွန်တော် အကြာကြီး စဉ်းစား မိတယ်။

နေ့စဉ် ၂၄ နာရီရဲ့
တစ်မိနစ်များ အလုပ်
ဝတ်တာ စားတာ နေတာ ထိုင်တာအစ
ဂန္တဝင်မှုမလို
ငါ အဲသလို ဆိုခဲ့ဖူးဆိုကိုး။
......

လက်ထဲမှာ စာ
နှုတ်ဖျားမှာ စကား
ရင်ထဲမှာ တရား
ငါ အေးအေးဆေးဆေး ပြောကြားမယ်။

ဟောဒီ သြဂတ်စ်ရဲ့
တစ်မနက်မှာ
ငါ သူနဲ့ ရင်ဆိုင်လိုက်တယ်။

ကျွန်တော်ထပ်ရှုံးပေါ့
စကားတစ်လုံးက ချေမှုန်းတယ်
ငါဟာ မင်းအမေလောက် ရှိပါတယ်တဲ့။
.....

ကျွန်တော်ဟာ အရူးအမူးသမား
ခံစားမှုပဲ ယုံတယ် ။
ခင်ဗျားဘယ်လို ခံစားရသလဲ
ဘုရားပဲ သိမယ်။

ကျွန်တော်မှ မဟုတ်ပါဘူး
ဘယ်သူ့ကို မဆို။
အချစ်မှ မဟုတ်ပါဘူး
ဘယ်အလုပ် မဆို။

မမရေ ... ရင်ခုန်သံကို ခံစားကြည့်ပါ
ဒုက္ခအရသာ ချိုမြတယ်
ဘဝကို ချစ်တတ်လာပါလိမ့်မယ်။
.....

ဂန္တဝင်မမ
သူမ လာပါပြီ။
စာတိုက်ပုံးထဲ
စာတစ်စောင် ထည့်လိုက်တယ်။

သူမဘေးမှာ
အဖော် ၁ ယောက်
၂ ယောက်၊ ၃ ယောက်
၄ ယောက် ၅ ယောက်၊ ၆ ယောက်
ခေါပဏီ တပ်ရင်း တစ်ရင်းစာ
မဟုတ်ပါ၊ တစ်ယောက်ထဲပါ။

တိုက်ပုံတွေ ဘာတွေဝတ်လို့
ပေါင်ဒါတွေ ဘာတေ လိမ်းလို့
သေသေဝပ်ဝပ် ကောင်လေးတစ်ယောက်နဲ့
အချိုဖွဲ့လို့။

ကုလားရုပ်ရှင်ထဲက
စုံတွဲရှုခင်းကလေးနှယ်
ကြည့်ရကောင်းလှပါပေတယ်။

ဤကမ္ဘာမြေ လောက
ငြိမ်းချမ်းကြပါစေ
လူသားအားလုံး
အရှုံးဒုက္ခ၊ ကင်းပကြပါစေ

ဟတ်ဟတ်ပက်ပက်
အသံထွက်အောင်ကို
ရယ်မောမိတယ်။

နောင်အနှစ်တစ်ရာ၊ နှစ်တစ်ထောင်
ဒီကောင်ရဲ့ အချစ်
ပျိုမြစ်နေမှာပဲ
မုချယုံတယ်။

အလုံခြုံဆုံး တံခါးတစ်ချပ်
ဘယ်နှစ်ရာသီ ဖြတ်သန်းနိုင်သလဲ
ကမ္ဘာထဲတုန်ခါနေတော့တယ် ။

#အောင်ချိမ့် (ဂန္တ၀င်မမ ကဗျာ - မှ)

27/12/2025
20/11/2025

Address

Yangon

Telephone

+959458047329

Website

Alerts

Be the first to know and let us send you an email when မောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share