09/12/2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့
ကျန်းမာရေးဝန်ကြီးဌာန
ထုတ်ပြန်ကြေညာချက်အမှတ် (၁၄/၂၀၂၁)
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်
အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်၍ ပြည်သူ့သားကောင်း CDM ကျန်းမာရေးဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ထုတ်ပယ်ခြင်း၊ တရားစွဲခြင်း စသည်တို့အား နေ့စဥ်လုပ်ဆောင်လျက်ရှိသော အောက်ဖော်ပြပါ အလိုတော်ရိဝန်ထမ်းများကို ပြည်သူ့ဝန်ထမ်းကျင့်ဝတ်နှင့် လုပ်ထုံးလုပ်နည်းများအရ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း ကြေညာလိုက်သည်။