United Red Devils

United Red Devils United နဲ့ပါတ်သက်တဲ့ သတင်းတွေ Live တွေကို တ?

အသင်းရဲ့ ကြယ်ပွင့်ကစားသမားကို ဆုံးရှုံးဖို့ သေချာသလောက် ရှိနေတဲ့ Unitedအင်္ဂလန်မှလာတဲ့ သတင်းများအရ အသင်းရဲ့ကွင်းလယ်ကစားသ...
04/01/2021

အသင်းရဲ့ ကြယ်ပွင့်ကစားသမားကို ဆုံးရှုံးဖို့ သေချာသလောက် ရှိနေတဲ့ United

အင်္ဂလန်မှလာတဲ့ သတင်းများအရ အသင်းရဲ့ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ အသင်းနှင့် စာချုပ်ထပ်မံချုပ်ဆိုတော့မှာမဟုတ်သည့်အတွက် United အသင်းဟာ ကြယ်ပွင့်ကစားသမားကို ဆုံးရှုံးဖို့ သေချာသလောက်ဖြစ်သွားတာဖြစ်ပါတယ်

ပေါလ်ပေ့ါဘာ ဟာဆိုရင် ပြီးခဲ့တဲ့လ လိုင်ဇစ်နဲ့ ပွဲမတိုင်ခင် သူ၏အေးဂျင့်ရဲ့ ကစားသမားဟာ အသင်းမှာ မပျော်ရွှင်တော့ကြောင်း ထုတ်ဖော်ပြောဆိုပြီးတဲ့ အချိန်ကစ ပြီး အကောင်းဆုံးပုံစံကို ပြသနေတာဖြစ်ပါတယ်
Daily Mirror သတင်းစာရဲ့ ဖော်ပြချက်အရလည်း အသင်းနည်းပြ အိုလီဂန်းနား ဆိုးရှားလ် ကလည်း အသင်းသားကို စာချုပ် မကုန်ခင် ရောင်းချရမယ်ဆိုတာကို နားလည်ထားတာ ဖြစ်ပါတယ်။

United အသင်းဟာ ကစားသမားနဲ့ တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေသော်လည်း ဂျူဗင်တပ်ကနေ ခေါ်ယူခဲ့စဉ် သုံးခဲ့ရတဲ့ ၈၉သန်းကို တတ်နိုင်သမျှ ပြန်လိုချင်နေတာဖြစ်လို့ စာချုပ်သက်တမ်းမကုန်ခင် ရောင်းချချင်နေတာ ဖြစ်ပါတယ်

တဆက်ထဲမှာ ထွက်ပေါ်လာတဲ့ သတင်းအချို့ကတော့ ကစားသမားဟာ PSG သို့ Real Madrid ကို‌ပြောင်းရွှေ့ဖို့ရန်အတွက် နည်းပြနဲ့ ဆွေးနွေးနေပြီဖြစ်ကြောင်း သိရပါတယ်

ပေါလ်ပေါ့ဘာဟာဆိုရင် ဂျူဗင်တပ် အသင်းကနေ ယူနိုက်တက် အသင်းသို့ ၂၀၁၆ ရာသီက ပြန်လည်ပြောင်းရွှေ့လာပြီး လက်ရှိမှာ ၁၇၇ ပွဲကစားပြီး ၃၄ဂိုးသွင်းယူထားပါတယ်
ဒ့ါအပြင် ၂၀၁၇ ခုနှစ် Europa League ကို ရရှိခဲ့တဲ့ နှစ်ကဆိုရင် အသင်း၏
အဓိက ကစားသမားအဖြစ်ပါဝင် ခဲ့တာဖြစ်ပါတယ်

Transfer Update (Rumors)မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်၂၀၂၁-၂၀၂၂ ရာသီမှာ အာလင်း ဟာလန်းကို အဓိက ပစ်မှတ်ထားခေါ်ယူသွားမ...
03/01/2021

Transfer Update (Rumors)

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်၂၀၂၁-၂၀၂၂ ရာသီမှာ အာလင်း ဟာလန်းကို အဓိက ပစ်မှတ်ထားခေါ်ယူသွားမယ်လို့ သတင်းများက ဖော်ပြနေကြပါတယ်
ဟာလန်းလို ထက်မြက်တဲ့ လူငယ်ကစားသမားတစ်ယောက်ကို ယူနိုက်တက်အသင်းစိတ်ဝင်စားနေသည်ဆိုတဲ့ သတင်းမှာတော့ အထူးအဆန်းမဟုတ်ပါဘူး

အိုလီဂန်းနား ဆိုးရှားကလည်း ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီမှာ ဟာလန်းကို ခေါ်ယူချင်ခဲ့ပေမယ့်လည်း ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ နာမည်ကြီးအေးဂျင့် ရီယိုလာ နဲ့ စာချုပ်အဆင်မပြေမှုတွေရှိခဲ့လို့ ဟာလန်းဟာ ဒေါ့မွန်ကို ပြောင်းရွေ့သွားခဲ့တာဖြစ်ပါတယ်

အသက် ၂၀ သာရှိသေးတဲ့ လူငယ်ကစားသမား ဟာလန်းဟာဆို ယခုလက်ရှိ ဒေါ့မွန်အသင်းမှာ ၃၂ပွဲကစားပြီး ၃၃ဂိုးသွင်းယူထားပါတယ်

Sunday Mirror သတင်းစာရဲ့ ဖော်ပြချက် အရ
ယူနိုက်တက်ဟာ ကစားသမားရဲ့ အေးဂျင့်နဲ့ အဆင်မပြေမှုတွေရှိသော်လည်း ကစားသမားကို ပြန်လည်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
သို့သော်လည်း ယူနိုက်တက်ဟာ ကစားသမားအတွက် သူ၏ အေးဂျင့်နှင့် မည်သို့သော သဘောတူညီချက်မျိုးကို မဆို ဆွေးနွေးဖို့ အသင့်ရှိနေပြီလို့ သိရပါတယ်

Manchester United နဲ့သက်ဆိုင်သည့် Up to date သတင်းများနှင့် တိုက်ရိုက်ထုတ်လွင့်မှုများကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်
03/01/2021

Manchester United နဲ့သက်ဆိုင်သည့် Up to date သတင်းများနှင့် တိုက်ရိုက်ထုတ်လွင့်မှုများကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when United Red Devils posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share