29/08/2026
🚨ဝိုင်းဝန်းကူညီရှာဖွေပေးကြပါရန်နှင့် သတင်းမျှဝေပေးကြပါရန် 🚨
ကျွန်တော်တို့ Gold Dream FC အသင်းမှ MFF Futsal League(1) 2025-2026 တွင် ကစားလျက်ရှိသော ကျောနံပါတ်(17) သီဟအောင်(21နှစ်)နှင့် လက်ရှိကျင်းပလျက်ရှိသော MFF U19 Youth Futsal League 2026 တွင် ကစားနေသည့် ကျောနံပါတ်(11) စွမ်းထက်ကျော်(18နှစ်) တို့ နှစ်ဦးမှာ ပျောက်ဆုံးနေပြီး ယခုထိတိုင် အဆက်အသွယ်မရရှိသေးပါ။
19.8.2026 (ဗုဒ္ဓဟူးနေ့) နေ့လည် 3 နာရီတွင် စွမ်းထက်ကျော်(18နှစ်)သည် Royal Noka FC အသင်းနဲ့ ယှဥ်ပြိုင်ကစားပီး သုဝဏ္ဏဘောလုံးကွင်းမှ သီဟအောင်(21နှစ်) နှင့်အတူပြန်ကာ မြောက်ဒဂုံ (50)ကွေ့ရောက်သည်အထိ အဆက်အသွယ်ရရှိခဲ့ပါသည်။ ထိုနောက်ပိုင်းမှစ၍ ကစားသမားနှစ်ဦးလုံးနှင့် ယနေ့အချိန်အထိ အဆက်အသွယ်မရတော့သည်မှာ (10)ရက်တိုင်တိုင်ရှိနေပါသည်။
အသင်းဘက်ကနေလဲ အစွမ်းကုန်ကြိုးစားရှာဖွေလျက်ရှိပြီး သက်ဆိုင်ရာရဲစခန်းတွင်လဲ လူပျောက်အမှုဖွင့်တိုင်ကြားထားပါသည်။
MFF မှ တာဝန်ရှိလူကြီးများကလဲ လိုအပ်သည်များကို ကူညီဆောင်ရွက်လျက်ရှိပါသည်။
ထိုကြောင့် ကျွန်တော်တို့ကစားသမား(2)ဦးအား မည်သည့်နေရာမဆို တွေ့ရှိသူ (သို့မဟုတ်) သူတို့(2)ဦးနှင့်ပက်သက်သောသတင်းအချက်အလက်များ ကြားသိခဲ့ပါက အသင်းအား အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သူတို့(2)ဦး၏မိဘများကလဲ စိုးရိမ်ပူပန်လျက်ရှိပီး လိုက်လံရှာဖွေလျက်ရှိပါသည် 😔😔
မိဘပြည်သူများအားလုံးလဲ ဝိုင်းဝန်းကူညီရှာဖွေပေးကြပါရန်နှင့် သတင်းမျှဝေပေးကြပါရန် အထူးမေတ္တာတောင်းခံအပ်ပါတယ် 🙏🏻🙏🏻