BODY KING - Gym & Fitness

BODY KING - Gym & Fitness Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BODY KING - Gym & Fitness, Gym/Physical Fitness Center, အမှတ် (781, 784)၊ မြေညီထပ်၊ ဇေယျာသုခလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။, Yangon.

Gymရှိ Member များခင်ဗျ မကြာခင်ကျရောက်တော့မဲ့ မြန်မာနှစ်သစ်ကူးအချိန်တွင်  Body King  Gym ကို ရုံးပိတ်ရက်များဖြစ်သော ၁၂/၄...
11/04/2026

Gymရှိ Member များခင်ဗျ မကြာခင်ကျရောက်တော့မဲ့

မြန်မာနှစ်သစ်ကူးအချိန်တွင် Body King Gym ကို ရုံးပိတ်ရက်များဖြစ်သော ၁၂/၄/၂၀၂၆ မှ ၁၉/၄/၂၀၂၆ထိ ပိတ်ထားမည်ကို လေးစားစွာ အသိပေးအပ်ပါသည်။
ပိတ်ရက်များအတွက်လည်း အစားထိုး (၃)ရက်ကို ပြန်လည်ပေးသွားမှာပါမယ်ခင်ဗျ
🍀၂၀/၄/၂၀၂၆တွင်ပြန်စုံကြမယ်နော်😊

💦နှစ်သစ်မှစ ကိုယ်စိတ်နှလုံးကျန်းမာကြပါစေ ချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျ💦

21/06/2025

ကလေးလို Squat ကိုformမှန်အောင် သင်ချင်ရင် Body Kingကိုလာခဲ့နော်

ပိန်ချင်လို့ Gymဆော့မှ ကိုယ်အလေးချိန်ပိုတက်လာတဲ့ ပျိုမေတွေပိန်ချင်လို့ Gym လာဆော့တဲ့ မိန်းကလေးတွေ ကိုယ်အလေးချိန် ချိန်ပြ...
09/11/2024

ပိန်ချင်လို့ Gymဆော့မှ ကိုယ်အလေးချိန်ပိုတက်လာတဲ့ ပျိုမေတွေ

ပိန်ချင်လို့ Gym လာဆော့တဲ့ မိန်းကလေးတွေ ကိုယ်အလေးချိန် ချိန်ပြီးတော့မှ ဆရာရယ် သမီး ၃ပေါင်တောင် ထပ်တက်လာတယ် ဆိုပြီး ညည်းနေကြတာ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါဆိုရင် သေချာလည်း ကစားပါရက်နဲ့ ဘာလို့ ကိုယ်အလေးချိန် မကျဘဲ ပိုတောင် တက်လာရတာလဲ။ ပျိုမေတွေကြား အမေးများနေတဲ့ ဒီပြဿနာလေးရဲ့ တရားခံအကြောင်းရင်းတွေကို ပြောပြပေးမယ်နော်။

၁။ ညစာမစားဘဲ နေခြင်း
ညစာတစ်နပ် လျှော့စားလိုက်လို့ ကိုယ်အလေးချိန် ကျသွားမှာပါဆိုပြီး ထင်ဖူးကြမှာပါ။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ ကိစ္စတစ်ခုပါပဲ။ ညစာကို ဘာဆို ဘာမှမစားပဲ နေလိုက်တဲ့အခါ ခန္ဓာကိုယ်ကလည်း အစာကို ပိုပြီးတောင့်တပါတယ်။ ဒီတော့ နောက်တစ်နေ့ ရောက်တဲ့အခါ မနက်စာနဲ့ နေ့လည်စာကို ပုံမှန်ထက်ပိုပြီး အတိုးချ စားလိုက်တာပါ။

ကျွန်တော်တို့ စားလိုက်တဲ့ အစားအစာတွေကို ကောင်းကောင်း ချေဖျက်နိုင်မှ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ကောင်းစွာ စုပ်ယူနိုင်မယ်။ အစာကြေလွယ်စေလို့ ဝမ်းမှန်စေတယ်။ ကိုလက်စထရောနဲ့ အဆီဓာတ်ကိုလည်း စုပုံသလို ဖြစ်မနေစေတော့ပါဘူး။ ဒါကြောင့် ပိန်ချင်တယ်ဆိုရင် ညစာ လုံးဝမစားပဲ နေမယ့်အစား အစာကြေလွယ်စေမယ့် အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ ရင်မပြည့်စေမယ့် အစားအစာတွေကို ရွေးစားပါ။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်ကို ပိုစားပေးပါ။

၂။ အစား မဆင်ခြင်ခြင်း
ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ရဖို့အတွက် နေ့စဉ် ကိုယ်လက်လှုပ်ရှားရုံသာမက သင့်တင့်မျှတတဲ့ အစာအာဟာရကို ရဖို့ အရေးကြီးပါတယ်။ ကိုယ်က Gym ဆော့နေပါတယ်ဆိုပြီး အဆီ၊ အငန်၊ အချိုဓာတ်များတဲ့ အစားအစာတွေ၊ အကြော်အလှော်တွေပဲ စားနေမယ်ဆိုရင်တော့ ဆော့သလောက် အကျိုးထူးမှာ မဟုတ်ပါဘူး။

ဒါကြောင့် နေ့စဉ် လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ အာဟာရမျှတဖို့အတွက် အသား၊ ငါး၊ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်၊ ပဲ၊ ဥ၊ နို့ထွက်ပစ္စည်း၊ အစေ့အဆန်တွေကို စုံလင်စွာ စားပေးပါ။ သရေစာအနေနဲ့ အချိုများတဲ့ မုန့်တွေ၊ ဖျော်ရည်တွေအစား သစ်သီးတွေကို လှီးစိတ်ပြီးဖြစ်စေ၊ ကြိတ်ပြီး ဖျော်ရည်အနေနဲ့ ဖြစ်စေ စားပေးလို့ ရပါတယ်။

၃။ လေ့ကျင့်ခန်း သေချာမလုပ်ခြင်း
Gym မှာ အားရပါးရ လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်မယ့်အစား ကစားလိုက်၊ နားလိုက်၊ ပတ်ဝန်းကျင်က လူတွေနဲ့ အကြာကြီး စကားပြောလိုက် လုပ်နေတာဟာ သိပ်တော့ အဆင်မပြေပါဘူး။ လူငယ်တွေဆိုရင်လည်း အားကစားလုပ်တာ နည်းနည်း၊ ဖုန်းဖွင့်ပြီး ဓာတ်ပုံရိုက်တာ၊ အင်တာနက် သုံးတာနဲ့ပဲ အချိန်ကုန်နေပြီး သေချာ ထိထိရောက်ရောက် မကစားဖြစ်ပါဘူး။

တချို့တွေကလည်းလေ့ကျင့်ခန်းပုံစံ တစ်မျိုးတည်းကိုပဲ အားစိုက်ပြီး လုပ်တယ်။ တခြားလေ့ကျင့်ခန်းတွေကိုသေချာမလုပ်ဘူး။ ဒီတော့ တစ်နေရာထဲမှာပဲ အဆီကွက်ပြီး ကျသွားတာ၊လေ့ကျင့်ခန်းလုပ်ပေမယ့် ထိရောက်မှု မရှိတာဖြစ်နိုင်ပါတယ်။

ဒီတော့ ပိုက်ဆံနဲ့ အချိန်တွေကို အလကားဖြုန်းလိုက်တာနဲ့ အတူတူပါပဲ။ Gym ရောက်ပြီဆိုရင် ကိုယ့်ရဲ့ ပစ္စည်းတွေကို ပေးထားတဲ့ locker တွေထဲမှာ ထည့်သိမ်းထားလိုက်ပါ။ သေချာအာရုံစိုက်ပြီး လေ့ကျင့်ခန်းကို လုပ်ပါ။ နည်းပြဆရာ ညွှန်ကြားတဲ့အတိုင်း ထိထိရောက်ရောက်လုပ်ပေးပါ။

၄။ အိပ်ချိန်မမှန်ခြင်း
လူတစ်ယောက် ကျန်းမာနေစေဖို့ အိပ်ချိန်မှန်ရမယ်ဆိုတာ သိထားကြပြီး ဖြစ်ပါတယ်။ အထူးသဖြင့် Gym ကစားသူတွေမှာဆိုရင် ကြွက်သားကို ပိုပြီး အသုံးချရတဲ့အတွက် အိပ်ချိန်ပိုပြီးတောင် လိုအပ်ပါတယ်။ အိပ်ရမယ့် အချိန်မှာ မအိပ်ပဲ ရုပ်ရှင်ကြည့်နေတာ၊ ညနောက်ကျတဲ့အထိ ဖုန်းသုံးနေမယ်ဆိုရင်တော့ ကိုယ်သွားမယ့် ပန်းတိုင်နဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်ပြီး ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။

ဒါကြောင့် တစ်နေ့ကို အနည်းဆုံး အိပ်ချိန် ၇နာရီခနျ့ ပြည့်ဝစွာ အိပ်စက်ပေးပါ။ ပိတ်ရက်တွေမှာ အိပ်ချိန် ပိုရအောင် အိပ်ပါ။ ကောင်းစွာ အနားယူပါ။ အလှအပအတွက်သာမက ကျန်းမာရေးအတွက် အိပ်ချိန်ပြည့်ဝနေဖို့ အလွန်အရေးကြီးပါတယ်။

ကျား၊ မ မရွေး ဘာလို့ Gym ကစားပေးသင့်တာလဲ။
အားကစားလုပ်ခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ အကျိုးထူး အများကြီး ရှိစေပါတယ်။ ပိန်တဲ့သူတွေဆိုရင် ကိုယျခန်ဓါ ကြီးထွားသန်စွမ်းစေတယ်။ ဝနေတဲ့သူတွေအတွက်လည်း ကိုယ်အလေးချိန်ကို ကျစေပြီး ခန်ဓါကိုယျအခြိုးအစား သွယ်လျစေတယ်။

Gym မှာ စနစ်တကျ ကစားခြင်းဖြင့် ကြွက်သားနဲ့ အရိုးအဆစ်ကို သန်စွမ်းကြံ့ခိုင်စေတယ်။ နှလုံးကျန်းမာရေးကို ကောင်းစေပြီး အမောခံနိုင်စေတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးလို့ ရောဂါတွေ အလွယ်တကူ ဖြစ်မလာနိုင်အောင် တားဆီးပေးနိုင်တယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ခန်ဓါကိုယျတှငျး သွေးလည်ပတ်မှုကို ကောင်းစေတယ်။

ဆယ်ကျော်သက်တွေ၊ နှလုံးရောဂါရှင်တွေ၊ ဆီးချို၊ သွေးတိုး ဝေဒနာသည်တွေဆိုရင် ပိုပြီးတောင် ကစားပေးသင့်ပါတယ်။ အထိုင်များတဲ့ သူတွေ၊ လှုပ်ရှားမှုနည်းတဲ့သူတွေ၊ အလုပ်အရမ်းများတဲ့သူတွေဆိုရင်လည်း ကိုယ့်ရဲ့ တစ်နေ့တာအချိန်ထဲက အနည်းငယ်လောက်ဖဲ့ပြီး သေချာ Gym ကစားဖို့ တိုက်တွန်းပေးချင်ပါတယ်။

လူသားတိုင်း ကျန်းမာပျော်ရွှင်ပြီး သာယာလှပတဲ့ ဘဝလေးတစ်ခုကို ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Crdး Ye Myo Myat

Crd_yemyomyat
Crd.yemyomyat

21/10/2024

Edit

Gymအားယနေ့23.10.2024မှစ၍ပုံမှန်ပြန်ဖွင့်ထားပါပြီ အမျိုးတို့ရေ

မိုးရွာသွန်းမှုကြောင့် ရေကြီးကာ Gymခန်းထဲတွင်
ရေမြုတ်နေသောကြောင့် ပြင်ဆင်ရန်ခတ္တခဏပိတ်ရမည်ဖြစ်သောကြောင့် ပြန်ဖွင့်မည့်ရက်အားပြန်တင်ပေးပါမည်ခင်ဗျ🙏🙏🙏😭

Gym ဆော့သူများ ခေါင်းထဲက အမေးများဆုံးမေးခွန်းတစ်ခု ရှိတယ်။“ ဒီပေါင်ချိန်မှာ တန့် နေတယ်၊ ဘယ်လို လုပ်ရမလဲ "Gym ဆော့ပြီဆိုက...
18/08/2024

Gym ဆော့သူများ ခေါင်းထဲက အမေးများဆုံးမေးခွန်းတစ်ခု ရှိတယ်။

“ ဒီပေါင်ချိန်မှာ တန့် နေတယ်၊ ဘယ်လို လုပ်ရမလဲ "

Gym ဆော့ပြီဆိုကတည်းက Weight ချချင်တယ်၊ ဒါမှမဟုတ် Weight တင်ချင်တယ် ဆိုပြီး Goal တွေ ရှိကြမယ်။ ဒီကိုယ်လိုချင်တဲ့ Goal အရ လေ့ကျင့်ခန်းတွေလုပ် ၊ အစားအသောက်တွေ ရွေးချယ်စားပြီး Life-Style ကို ပိုကောင်းအောင် လုပ်ကြတယ်ပေါ့။ ဒါပေမယ့် အချိန်တစ်ခုကြာတဲ့အခါ အပေါ်က မေးခွန်းမေးတဲ့ အချိန်ရောက်လာတယ်။

" တန့်နေတယ်၊ Progress မရှိတော့ဘူး "

ဒီမေးခွန်းကို မှန်အောင်ဖြေဖို့အတွက်ဆိုရင် Progress ဟာဘာလဲ၊ Progress ရှိမရှိ ဘယ်လိုသိနိုင်မလဲဆိုတာကို နားလည်ဖို့ အရေးကြီးတယ်ဟုတ်။



Progress ဆိုတာ တဖြေးဖြေးချင်း တိုးတက်လာတာပေါ့။ ဘာတိုးတက်လာတာလဲဆိုတော့

👍 ပိုပြီးကြည့်ကောင်းလာမယ်၊
👍 ပိုပြီး သန်မာလာမယ်၊

ဒီနှစ်ချက်ဟာပဲ လေ့ကျင့်ခန်းလုပ်ကြသူတွေရဲ့ Goal ပဲဖြစ်တယ်။ ဒီနေရာမှာ လူတွေလွဲမှားနေတာက

Progress ဆိုတာ

❌ ပိုပြီး ပေါင်ချိန်ကျလာမယ်
❌ ပိုပြီး ပေါင်ချိန်တက်လာမယ်

ဆိုပြီး ထင်ကြတာပါပဲ။ ပေါင်ချိန်စက်ပေါ်ကပြတဲ့ ဂဏန်းတွေကပဲ တိုးတက်မှု ရှိမရှိသိစေနိုင်တယ်ပေါ့။

ဒါ့ကြောင့်လဲ Progress ကို တိုင်းတာနိုင်တဲ့ နည်းလမ်းတစ်ချို့ကို Golden_Dreamers တွေအတွက် ဝေမျှလိုက်ပါတယ်။

_______________

၁- ပေါင်ချိန်စက်

ဒါကတော့ သာမန် ရပ်ကွက်ထဲကလူတွေ သုံးနေကြ Good old progress tracker ပေါ့။ တိုးတက် လာမလာကို ပေါင်ချိန်စက်နဲ့ ကြည့်တယ်။

" ဟာ ပေါင် ၁၁ဝပဲ "
" ဟာ ပေါင် ၁၈၀ပဲ "

စလုပ်တုန်းက Weight အတက်အကျရှိပေမယ့် အခုမပြောင်းလဲတော့တာ ကြာပြီ။ ဒါနဲ့ပဲ Progress မရှိတော့ဘူး ထင်ကြပြီ။ Progress မရှိရင် Gym ဆော့ရတာ ပျော်ဖို့မကောင်းတော့၊ မသွားချင်တော့ဘူး ဖြစ်လာပြီ။

👍 ပေါင်ချိန်စက်ရဲ့ ကောင်းကျိုးက ဘယ်လောက် ဘယ်နပေါင်ကို တိကျစွာမြင်ရတယ်။

👎 ပေါင်ချိန်စက်ရဲ့ ဆိုးကျိုးက ရေဓာတ်က ဘယ်လောက်၊ အဆီကဘယ်လောက်၊ ကြွက်သားက ဘယ်လောက်ဆိုတာကို ခွဲခြားလို့မရဘူး။

ဥပမာ ပေါင်၁၁ဝ ချင်းတူပေမယ့် လွန်ခဲ့တဲ့လ ပေါင်၁၁၀ မှာ ကြွက်သားက ပေါင်၈ဝ ပဲရှိပေမယ့် အခု ၈၂ပေါင်ဖြစ်နေရင်တောင် ပေါင်ချိန်စက် ပြောပြနိုင်မှာ မဟုတ်တာပါပဲ။

၂- ကြည့်မှန်

Workout လုပ်နေတုန်း၊ လုပ်ပြီးချိန်ဆို ရှိုး ရှိုးနေကျ Favorite အရာဖြစ်တဲ့ မှန် ကြည့်ပြီးလဲ Progress ကိုသုံးသပ်နိုင်ပါတယ်။

မျက်နှာ မေးရိုးပိုပြတ်သားလာတယ်။ Abs ပိုပေါ်လာတယ်။ လက်မောင်းတွေ၊ နောက်ကျော၊ ပုခုံးတွေက ကြွက်သားတွေ ပိုထင်းလာတယ်။ ပေါင်နောက်က၊ လက်မောင်းနောက် အဆီတွေ လျော့လာတယ်။

ပေါင်ချိန် အတက်အကျမရှိပေမယ့် ပိုကြည့်ကောင်းလာပြီဆိုရင် ဒီပေါင်ချိန်စက်ပေါ်က နံပတ်တွေက ဘာမှအရေးမပါပါဘူး။

👎 ဆိုးကျိုးတစ်ခုက နေ့စဥ် မှန်ကြည့်နေကျဆိုတော့ အပြောင်းအလဲ အသေးအမွှားလေးတွေကို မြင်ရခက်တာပါပဲ။ Progress ဆိုတာလဲ တဖြေးဖြေးချင်းနဲ့သာ တိုးတယ်ဆိုတော့ ဘက်မလိုက်တဲ့ အမြင်နဲ့ ကြည့်တက်ဖို့လိုပါတယ်။

၃- ခါး အတိုင်းအတာ

လက်ညိုးနဲ့ လက်မလေး သုံးပြီး ဆွဲဆွဲကြည့်တဲ့ ခါးဘေးက အဆီလေးတွေနည်းလာတယ်၊ ခါးဘေးသားလေးတွေပိုပေါ်လာတယ်ဆိုတာလဲ လမ်းမှန်ပေါ်ရောက်နေပြီဆိုတဲ့ Signal လေးတစ်ခုပါပဲ။

ပေါင်ချိန် အတက်အကျမရှိပေမယ့် ခါးဆိုဒ် ကျသွားတယ်ဆိုတာ ဝမ်းသာရမယ့် အောင်မြင်မှုတစ်ခုပေါ့။ အဆီပိုတွေ လျော့သွားတဲ့အပြင် ခါးဘေးက အဆီပိုတွေဟာ ချရအခက်ဆုံးဖြစ်တာမလို့ တော်ရုံ Progress မှ မဟုတ်ပဲ။

👎 ဆိုးကျိုးလေးတစ်ခုကတော့ ဆိုဒ်သေးတဲ့ ဘောင်းဘီ၊ စကတ်တွေ ထပ်ဝယ်ရတာပါပဲ။ 😄

၄- Fitness level တက်လာခြင်း

ဒါပေါ့၊ ဒါပေါ့။ ပေါင်ချိန်အပြောင်းအလဲ မရှိပေမယ့်
အရင်က

✅ ဆယ်မိနစ်ပဲပြေးနိုင်တာကနေ မိနစ်၂ဝပြေးနိုင်ပြီ။

✅ 2kg ဝိတ်တုံးလေးကနေ 3kg ဖြစ်လာပြီ။

✅ 15kg ကို မနည်းဆော့နေတာကနေ 15kg က သွေးပူ Warm up လောက်ပဲဖြစ်သွားပြီ။

✅ တစ်နေ့တာ တက်တက်ကြွကြွ ဟိုသွားဒီသွား၊ အိမ်သန့်ရှင်းရေးတွေ လုပ်နိုင်လာပြီ။

✅ Active lifestyle ဖြစ်လာပြီ။

ပေါင်ချိန် အတက်အကျမရှိပေမယ့် Gym ထဲမှာ အလေးတွေ ပိုဆော့နိုင်လာတယ်ဆိုတာ ကြွက်သားတက်လာလို့ပါပဲ။

*ဒီနေရာမှာ အလေးဆော့တဲ့အခါ #၁၀-၁၅ ကြိမ်ကြား ဆော့ရင်းနဲ့ တိုးတက်လာဖို့ ကြိုးစားပါ။ ၄-၆ ကြိမ်ကြားဆော့ရင်း တိုးတက်လာရင် Muscle ထက် Strength က ပိုတက်လာပါတယ်။ Strength တက်လာခြင်းက ကောင်းပေမယ့် ရုပ်ပိုင်းဆိုင်ရာ Body ကျ သိပ်မပြောင်းစေပါဘူး။ Muscle တက်လာတာကမှသာ ပိုပြီး ကြည့်ကောင်းလာစေနိုင်ပါတယ်။

_______________

ကဲ၊ ဒီတော့ ပေါင်ချိန်တန့်နေတယ်ဆိုတဲ့ သူတွေကို ပြန်မေးရမှာက

👉 မှန်ထဲမှာရော ဘယ်လိုလဲ

👉 ခါးဆိုဒ်ရော ကျလာသလား

👉 Gym ထဲမှာရော ၁၀-၁၅ ကြိမ်ကြားဆော့တဲ့အလေးတွေ တိုးလာသလား

ဒါတွေ တိုးလာတယ်ဆိုရင်တော့ စိတ်ရှည်ပြီး ဆက်ဆော့ရုံပါပဲ။ မတိုးလာဘူးဆိုရင်တော့ ကိုယ့်ရဲ့

•Diet ၊
•Training ၊
•Life-Style (ပိုလှုပ်လှုပ်ရှားရှားနေဖို့) ၊
•Sleep

စတာတွေကို ပြန်သုံးသပ်ပြီး ဆက်ပြီး စိန်ခေါ်ရမှာပေါ့။

_______________

Gym အခုမှ စဆော့သူတွေ၊ လေ့ကျင့်ခန်းစလုပ်သူတွေအတွက် ဒီ ဗဟုသုတအမှန်ကို သိဖို့အရေးကြီးပါတယ်။

Progress သိရမယ်။ Progress သိမှ၊ ရှိမှ ဆော့ရတာပျော်မယ်။ ဆော့ရတာပျော်မှ လိုချင်တဲ့ ပန်းတိုင်ရောက်မယ်။

ဒီလိုသိနိုင်ဖို့ ဒီဆောင်းပါးလေးက ကူညီနိုင်ပါလိမ့်မယ်။

ကြိုက်နှစ်သက်ရင် ပြန်ဝေမျှနိုင်ပါတယ်။

Golden_Dreams page

22/05/2024

အခြေခံစည်းမျည်းလေးတွေ

MR & MS Glorious International 2023 ပွဲအတွက် ကျွန်တော်တို့  👑 BODY KING - Gym & Fitness မှ ပါဝင်ကူညီပေးထားပါတယ် 💪💪😊
26/08/2023

MR & MS Glorious International 2023 ပွဲအတွက် ကျွန်တော်တို့ 👑 BODY KING - Gym & Fitness မှ ပါဝင်ကူညီပေးထားပါတယ် 💪💪😊

⚜ Are You Ready For Grand Final ⚜

26.8.2023 မနက်ဖြန်မှာဆိုရင်တော့ ကျွန်တော်တို့ရဲ့ ရင်ခုန်ရမယ့်အချိန်ကိုရောက်ရှိလာပါပြီ။
MR & Miss Glorious International 2023 ရဲ့ Grand Final ပွဲ ကြီး ဟာဆို ရင် Sky Star Hotel ကြီးတွင်ကြီးကျယ် ခမ်းနားစွာကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ပွဲကျင်းပနေသည့်ပုံရိပ်များကို Glorious International Model Agency Page တွင် နေ့လည် ၃း၃၀ အချိန်ခန့်တွင်တိုက်ရိုတ်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


Gym မကစားဘူးပဲ စာတတ်နေတာပြဿနာ♨️♨️♨️♨️♨️♨️♨️♨️♨️♨️♨️Gym ကစားမယ်ဆိုရင် အတော်တန်သင့် ဗဟုသုတရှိဖို့လိုတဲ့ အကြာင်း ခဏခဏ ရေးခဲ...
24/08/2023

Gym မကစားဘူးပဲ စာတတ်နေတာပြဿနာ
♨️♨️♨️♨️♨️♨️♨️♨️♨️♨️♨️
Gym ကစားမယ်ဆိုရင် အတော်တန်သင့် ဗဟုသုတရှိဖို့
လိုတဲ့ အကြာင်း ခဏခဏ ရေးခဲ့ ပြောခဲ့ပါတယ်
ဘုမသိဘမသိနဲ့ Gym ထဲ မှာကစားရတာနဲ့စာရင်
ဗဟုသုတရှိတော့ ကစားရတာ ယုံကြည်မှု့ ပိုရှိတာပေါ့

အဲ...
ဒါပေမဲ့ ဗဟုသုတရှိလာတော့လည်း Gymထဲမှာ နည်းပြတွေ
အတွက် ပြဿနာဖြစ်ရပြန်တယ်...

အမျိုးသမီးတွေထက် အမျိုးသားတွေက ပြောရဆိုရ
ထိန်းသိမ်းရခက်တယ်
အမျိုးသမီးတွေကို ဒီလေ့ကျင့်ခန်းက မကစားရသေးဘူးနော်
မဆိုင်ဘူးနော် ရည်ရွယ်ချက်နဲ့ တခြားစီ လိုအပ်ရင် နောက်မှ
ကစားရမယ်လို့ ပြောထားရင် သဘောပေါက်တယ်...

ပြောရဆိုရ ခက်နေတာက အမျိုးသားတွေ
Airpods နားမှာတပ်ထားပြီး ကိုယ်ပြောတာကြားသလိုလို
မကြားသလိုလို ဆရာကြီးစတိုင်ဖမ်းပြီး နည်းပြတွေကို
ဂရုမစိုက်ပုံစံဖြစ်နေတယ်....😏😏😏

Gym ထဲမှာ ကစားကြပြီဆိုရင် ကစားသူတွေမှာ
အဆင့်တွေ level တွေရှိတယ် ဒါတွေကို သဘောပေါက်
ထားဖို့လိုတယ်
စာတတ်တိုင်း အသုံးမဝင်ဘူး

ပြိုင်ပွဲဝင်အဆင့် ကစားသူတွေတောင် မကစားတာ
လနဲ့ ချီပြီကြာသွားရင် ပြန်ကစားတဲ့ အခါ ကစားတဲ့
လေ့ကျင့်ခန်းတွေ ၊ ကစားအားတွေကို တဆင့်ခြင်း
တဖြေးဖြေးပြန်မြှင့်တင် ကစားသွားရတာဖြစ်တယ်
စိတ်ထင်တိုင်း ကစားလို့ရတာ မဟုတ်ဘူး

စာတတ်လွန်၊ဗဟုသုတရှိလွန်းနေတော့ လိုင်းပေါ်က
တွေ့ရာမြင်ရာ ကစားနည်းတွေရယ် YouTube က
ကစားတွေရယ် Gym ထဲက နည်းပြ ပြပေးတဲ့
ကစားနည်းတွေကို ရောသမ မွှေနေတာ
အကြောင်းမသိရင် မောင်အိုလံပီယာပွဲတက်မဲ့ပုံမျိုး
😳😳😳

နည်းပြလစ်ရင် ကိုယ်ကစားချင်တာတွေ
ခိုး ခိုးပြီး ကစားတယ်
နည်းပြက ဒီနေ့ကစားနည်းက ဒီလောက်ပဲနော်ဆိုတာတောင်
ဈေးက ထပ်ဆစ်လိုက်သေးတယ်
ဒီကစားနည်းလေး ထပ်ကစားကြည့်ချင်တယ်တို့
ဒီကစားနည်းလေးကို နောက်နေ့ ကစားမယ်နော် ဆရာတို့
😵‍💫😵‍💫😵‍💫
ကြာတော့ နည်းပြစိတ်ညစ်လာတယ်
အေး ဟုတ်ပြီ မင်း ကစားချင်တာ ကစားတော့လို့
ဖြစ်သွားရော...🥹🥹🥹
အဲ့တော့ ဘယ်သူနစ်နာလည်းသိလား
အဲ့ Gym ထဲမှာ ရောသမမွှေပြီး လျှောက်ပတ်ကစားနေတော့
လူက တောမရောက် တောင်မရာက်နဲ့ ဘာမှလည်းမဖြစ်လာဘူး

နည်းပြကို ဂရုမစိုက်တော့ နည်းပြကလည်း ကစားချင်တာ
ကစားပြီး ပြောမရ၊ဆိုမရ၊သင်မရသူကို ဂရုမစိုက်တော့ဘူး
🥴🥴🥴
အဲ့အခါကြမှ အသံထွက်လာတယ်
နည်းပြက ဂရုလည်းမစိုက်ဘူး
အမျိုးသမီးတွေပဲ ကပ်နေတာ ဘလာဘလာပေါ့
🙄🙄🙄
အဲ့ဓိလို လူမျိုးတွေ အမြို့မြို့အနယ်နယ်က Gym တိုင်းမှာ
တယောက်၊နှစ်ယောက်ကတော့ အမြဲတမ်းရှိတယ်...
😒😒😒

💠💠💠💠💠💠💠💠💠💠
ပိုစ့်ကို လွတ်လပ်စွာ Share နိုင်ပါသည်
Copy ယူလျှင် ရေးသူနာမည်ပါ ထည့်
ရေးထားပါသည် ။
နာမည်ကို ဖြုတ်ချန်မထားခဲ့ပါနဲ့

📝📝📝📝📝📝📝📝📝📝📝📝

16/08/2023

Gym ကစားလိုသူများအတွက် ဖတ်စာ - ၁
Gym ကစားသူများ သိရှိလိုက်နာရမည့် စည်းမျည်း (၁၀)ချက်
🏋️🏋️🏋️🏋️🏋️🏋️🏋️🏋️🏋️🏋️🏋️

1️⃣ ဆရာကြီးအထာနဲ့ Gym ကစားဖို့ စိတ်မကူးပါနဲ့

Gym ကစားသည့်အခါ အလွှာပေါင်းစုံမှလူများလာရောက်
ကစားသည့်နေရာဖြစ်ပါသည်။ မိမိကျင်လည်ရာ အသိုင်းအဝိုင်းမှ လူများမဟုတ်သဖြင့် အပြောအဆိုအနေအထိုင် ဝတ်စားတာကအစ မိမိနှင့် သဘောထားခြင်းတိုက်ဆိုင်ဖို့ မလွယ်ပါ။
မိမိစတိုင်နှင့် မည်သူမှ အရောမဝင်ပဲ ကစားသည်ကို မဆိုလိုပါ။

2️⃣ နည်းပြများနှင့် ဖေါ်ရွေစွာ ပေါင်းသင်းဆက်ဆံပါ

မိမိမသိတာ၊ နားမလည်တာ၊ မကစားတတ်တာတွေကို
နည်းပြထံမေးဖို့လိုပါသည်။
နည်းပြဆိုသည်မှာ ကြောက်စရာ သတ္တဝါမဟုတ်ပါ။
ဆရာကြီးအထာနှင့် မမေးမစမ်း၊ အရောမဝင်လိုတဲ့
အထာနှင့်ကစားမည်ဆိုလျှင် ဘယ်နည်းပြမှ အနားကို
ကပ်မည်မဟုတ်ပါ။

3️⃣ နည်းပြများကို လိုတာထက် ပိုပြီး အရောမဝင်ပါနှင့်

နည်းပြများကို လိုတာထက် ပိုပြီးအရောဝင်လျှင် အခြား Gym ကစားသူများပါ အနှောက်အယှက်ဖြစ်စေပြီး၊နည်းပြနှင့်တကွ အခြားသူများကပါ လျော့တွက်နိုင်ပါသည်။
(လူမှု့ရေးကိစ္စများပါ ရှုပ်ထွေးလာနိုင်သည်)

4️⃣ Gym ထဲက ကစားစရာ ပစ္စည်းများကို မိမိပစ္စည်းကဲ့သို့
ရိုရိုသေသေ ကိုင်တွယ်ကစားပါ

စက်များကို အရှိန်နှင့်ဆောင့်ချခြင်း၊ လွှတ်ချခြင်း၊ အလေးတုံး၊ အ‌လေးပြားများအား ကြမ်းပြင်ပေါ်ကို ပြစ်ချခြင်းများ
ရှောင်ကြဥ်ပါ။

စက်အပိုပစ္စည်းများသည် လွယ်လွယ်ကူကူဝယ်၍မရပါ။
မိန်းမနဲ့ စိတ်ဆိုးတိုင်း၊ ချစ်သူပစ်တိုင်း၊ တယောက်ယောက်ကို
အမြင်မကြည်တိုင်း Gym ထဲက ပစ္စည်းများသည် တရားခံမဟုတ်ပါ။

5️⃣ မေးပါ

နေရာတကျထားတဲ့နေရာမှာမဟုတ်ပဲ အလေးတုံး၊ အလေးပြား
ဘားချောင်းများကို မိမိယူကစားလိုလျှင် "ဒီပစ္စည်းကစားသူရှိ
သလား" ဟု အရင်မေးပါ။

ကစားသူရှိနေလျှင် အခြားကစားနည်းကို ကျော်ကစားပါ။
သူများကစားနေသည့် အလေးတုံး၊ အလေးပြား၊ စက်များကို
မပြောမဆို မမေးမမြန်း ယူကစားခြင်း၊ အခြားနေရာများသို့
ယူသွားခြင်းများ ရှောင်ပါ မိမိကလည်း စက်များ၊ဘာချောင်းများ၊
အလေးတုံးအလေးပြားများကို အချိန်ကြာမြင့်စွာယူထားခြင်း
ခုံများ၊စက်များပေါ်တွင် ဖုန်း သုံးခြင်းမှ ရှောင်ပါ။

Gym ထဲမှာ မိမိအပြင် အခြားကစားသူများရှိနေသည်ဆိုတာကို
အမြဲသတိထားပါ။ ကစားပြီးလျှင် မိမိကစားသည့် ပစ္စည်းများကို
နေရာတကျ ပြန်လည်သိမ်းဆည်းခဲ့ပါ ။

6️⃣ သေချာမှတ်သားပါ

ကစားနည်းများကို သေချာမှတ်သားပါ။ နည်းပြသည် မိမိ ကစားသည့်တချိန်လုံး မိမိအနားမရှိနိုင်ပါ။

ထိရောက်သည့်ကြွက်သား၊ ပုံစံမှန်သည့်ကစားနည်းများကို
နည်းပြက ပြသပေးနေစဉ်မှာ သေချာမေးပြီးမှတ်သားထားပါ။
နည်းပြဆရာချည်း အားကိုးသည့်စိတ်ကိုဖျောက်ပါ။
Personal Trainer (PT) ငှားထားလည်း ထိုစိတ်ကို ဖျောက်ပါ။
နည်းပြဆရာသည် အမြဲကျန်းမာနေသည့် စက်ရုပ်မဟုတ်ပါ။
ကစားသက် 2-3 လ ကြာသည်အထိ နည်းပြရှိမှ ကစားတတ်
သည်ဆိုလျှင် ရှက်ဖွယ်ကောင်းသည်။

7️⃣ လေးစားစွာဆက်ဆံပါ

ကျွမ်းကျင်သော နည်းပြများသည် လူခန္ဓာကိုယ်ကို ပန်းပုထုသည့်
ပညာရှင်များဖြစ်ပါသည်။ မိမိအလုပ်သမားမဟုတ်ပါ။
ထို့ကြောင့် လေးစားစွာဆက်ဆံပါ။

8️⃣ တကိုယ်ရေ သန့်ရှင်းမှု့အလေးထားပါ

လူများသည် တယောက်နှင့်တယောက် ကိုယ်နံ့ခြင်း၊ ချွေးနံ့ခြင်း
မတူကြပါ မိမိကိုယ်နံ့၊ ချွေးနံ့ပြင်းလျှင် ‌တကိုယ်‌ရေ သန့်ရှင်းမှု့ကိုအလေးထားပါ။ မိမိကိုယ်နံ့ထွက်မှာစိုးရိမ်ပြီး အခြားအနံ့ပြင်းသော ရေမွှေးများ၊ deodorant များ အလွန်အကျွံ သုံးခြင်း၊ အခန်းတွင်း တွင် air freshener များ အလွန် ဖြန်းခြင်းများ ရှောင်ပါ ။

ချွေးနံ့များ၊ အနံ့ပြင်း‌သော အမွှေးနံ့များ မခံသူများရှိပါသည်။
ချွေးနံ့နှင် အမွှေးနံ့များပေါင်းစပ်သွားသည့်အခါ ပိုဆိုးဝါးသည့်
အနံ့များ ဖြစ်စေသည်။

9️⃣ အချိန်လေးစားပါ

စတင် ကစားပြီဆိုတည်းက Gym ဖွင့်ချိန်၊ ပိတ်ချိန်၊ ပိတ်ရက်
သေချာမေးမြန်ပြီး မှတ်သားထားပါ။ ဖွင့်ချိန်မတိုင်မီ ကြိုတင်ရောက်လာခြင်း၊ ပိတ်ချိန်ကျော်သည် အထိ ကစားနေခြင်း၊
ပိတ်ရက်မှာ ရောက်လာခြင်းစသည်တို့သည် တခါတလေဆိုသည်က ပြဿနာမဟုတ်‌သော်လဲ တချို့ အလိုက်မသိ အခွင့်ကောင်းယူသူတွေရှိသည်။

🔟 Gym ကစားသည့် လစဉ်ကြေး ပုံမှန်သွင်းပါ

Gym အများစုသည် ဝါသနာအရသော်၎င်း
စီးပွားရေးအရသော်၎င်း ဖွင့်ထားကြသည်ဖြစ်သည့်အလျောက်
အခန်းပိုင်၊မြေပိုင်နှင့်ဖွင့်ကြသည်က ရှားပါးပါသည်
မြေငှား၊အခန်းငှား များဖြင့်သာ ဖွင့်သည်က ပိုများပါသည်
ကစားသူများပေးသွင်းသော လစဉ်ကြေးသည်
Gym ရပ်တည်မှု့အတွက် အဓိကက ကျသော အသက်သွေး
ကြောဖြစ်သည် ထို့ကြောင့် လစဉ်ကြေးကို လစဉ်တိုင်း
ပုံမှန်ပေးသွင်းပါ ။

Crd:: Sayar Htoo Aung

ကာလတာရှည် ရင်းနှီးမြှပ်နှံမှု့🌞🌞🌞🌞🌞🌞🌞🌞🌞Bodybuilding & Fitness နယ်ပယ်ဟာ တပွဲတိုး ဥုံဖွဆိုပြီးမန်းမှုတ်လိုက်ပြီး မျက်လှည့်...
13/07/2023

ကာလတာရှည် ရင်းနှီးမြှပ်နှံမှု့
🌞🌞🌞🌞🌞🌞🌞🌞🌞

Bodybuilding & Fitness နယ်ပယ်ဟာ တပွဲတိုး ဥုံဖွဆိုပြီး
မန်းမှုတ်လိုက်ပြီး မျက်လှည့်ပြသလို ပြောင်းလဲဖို့
လုပ်လို့ရတဲ့ နယ်ပယ်မဟုတ်ပါ ...

1️⃣ ကြွက်သားတွေတည်ဆောက်ရေး (ကြီးထွားဖို့)
2️⃣ ကြံ့ခိုင်သန်းစွမ်းဖို့ လေ့ကျင့်ရေး(အဆီကျ၊ ဝိတ်ချ၊ ပိန်ဖို့)
3️⃣ ကျန်းမာရေးအတွက် လေ့ကျင့်ရေး (တသက်လုံး မငြီးမငွေ့
လေ့ကျင့်ရေး)....စတဲ့
လေ့ကျင့်ရေးရေးနယ်ပယ်မှာ မိမိတို့ နေ့စဉ်
ထမင်းစားသလိုမျိုး နှစ်ရှည်လများ စွဲစွဲမြဲမြဲ
လေ့ကျင့်ရတဲ့ နယ်ပယ် ဖြစ်ပါတယ်။

မြန်မာလူမျိုးတွေဟာ
အားကစားလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို
ဘဝတသက်တာ ကျန်မာရေးအတွက် အရင်းအနှီးလို့
သတ်မှတ်ပြီး မခံယူထားပါဘူး။

ဘာမှမဖြစ်ခင် "ငါ ကျန်းမာနေတာပဲ၊ အားကစားဆိုတာကို
ငွေကုန် အချိန်ကုန် လုပ်စရာမလိုဘူး" လို့ ခံယူထားကြပါတယ်...

အားကစားလုပ်တာကို အားပေးခြင်း၊ ပြုစုပျိုးထောင်ခြင်း စတဲ့ အလေ့အထလည်း မရှိကြပါဘူး...

အစားအစုံစားတဲ့ ခန္ဓာကိုယ်ကြီးဟာ
တနေ့တခြား အသက်ကြီးလာတာနဲ့အမျှ
ပျက်စီး ယိုယွင်းပြီး ရောဂါ ပေါင်းစုံဖြစ်ဖို့
တာစူနေတာကို သတိမပြုကြပါဘူး ...
ဂရုလည်းမစိုက်ကြပါဘူး....

ဖြစ်ပြီဆိုမှ မေးမရ၊ ခေါ်မရနဲ့ ဘာတခွန်းမှ ပြောချိန်မရပဲ ရုတ်တရက် လစ်သွားကြတာ များပါတယ်..

မိမိတို့ရဲ့ တနေ့တာ အချိန်ထဲကနေ တနေ့ တနာရီလောက်ကို
ကျန်းမာရေးအတွက် အသုံးပြုကြပါ...

မပျင်းပါနဲ့၊ မတွေဝေပါနဲ့။

အစပိုင်းမှာတော့ ဘယ်အလုပ်မဆို အခက်အခဲတွေ ရှိစမြဲပါ။

အလေ့အကျင့်ကောင်းကို မွေးမြူပါ။

အကျင့်ရသွားရင်
အားကစားလုပ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေဖြစ်တဲ့ -

📍 ကြွက်သားတွေကျစ်လစ်ပြီး အချိုးအစားကျလာခြင်း
📍 သွက်လက်ပေါ့ပါးခြင်း
📍 သက်လုံကောင်းလာခြင်း
📍 ခံနိုင်ရည်ရှိခြင်း
📍 အစားအသောက်များ ရွေးချယ်စားသောက်တတ်ခြင်း
📍 စားဝင်၊ အိပ်ပျာ်လာခြင်း စတဲ့....
အကျိုးကျေးဇူးတွေကို မလွဲမသွေ ခံစားရမှာ ဖြစ်ပါတယ်။

လောက ဓမ္မတာအရ တခုခုလိုချင်လျှင် တခုခုပြန်ပေးရတာ
ထုံးစံဖြစ်တဲ့အတွက်၊ ကျန်းမာသက်ရှည်ဖို့ အရင်းအနှီးဟာ
ငွေကြေး၊ အချိန်၊ လုပ်အား စတဲ့ အရာတွေကို
ထိုက်သင့်သလောက်ရင်းနှီးပြီး အချိန်ကာလတခု
ပေးရရုံတင်မဟုတ်ပဲ မိမိရဲ့ Long Life Goal အဖြစ်
သတ်မှတ်ပြီး မtayမခြင်း လုပ်နေရမှာ ဖြစ်ပါတယ်။

ကဲ...🌞🌞🌞
တွေဝေနေတုန်းလား❓❓❓
ဒီစာဖတ်ပြီးသွားရင် အခုပဲ စလိုက်ပါ....💪💪💪💪💪

🔵 အခုရေတွင်းတူး၊ အခု ရေကြည် သောက်၍ မရ
🟠 အနာမခံရင်၊ အသာမစံရ
🟢 စံပယ်တွေလွယ်လွယ်နဲ့ ပွင့်ရိုးထုံးစံမရှိ

💠💠💠💠💠💠💠💠💠💠

ပိုစ့်ကို လွတ်လပ်စွာ Share နိုင်ပါသည်
Copy ယူလျှင် ရေးသူနာမည်ပါ ထည့်
ရေးထားပါသည် ။
နာမည်ကို ဖြုတ်ချန်မထားခဲ့ပါနှင့်

➰➰➰➰➰➰➰➰➰➰➰

မပြောဘဲသိရမဲ့Gym ထဲကယဉ်ကျေးမှုများ နေရာတိုင်းမှာယဉ်ကျေးမှု၊ စည်းကမ်းတွေရှိသလို၊ Gym ခန်းထဲမှာလည်း ယဉ်ကျေးမှုစည်းကမ်းတွေရ...
01/07/2023

မပြောဘဲသိရမဲ့Gym ထဲကယဉ်ကျေးမှုများ

နေရာတိုင်းမှာယဉ်ကျေးမှု၊ စည်းကမ်းတွေရှိ
သလို၊ Gym ခန်းထဲမှာလည်း ယဉ်ကျေးမှု
စည်းကမ်းတွေရှိပါတယ်။
🎯 အလေးတွေကိုအသုံးပြုပီးတာနဲ့သူ့နေရာ
သူပြန်ထားပါ။ အလေးပြားတွေကိုအစဉ်လိုက်
ပြန်ထားဖို့လိုသလို၊ ဒမ်ဘယ်တွေကိုလည်းသူ့
နေရာသူပြန်ထားပါ။ 20 kg ဒမ်ဘယ်ကို 30 kg
ဒမ်ဘယ်နေရာမှာမထားမိပါစေနဲ့။
🎯 ရှေ့နောက်ကြည့်ပါ။ သူများဆော့နေတဲ့
အရှေ့ကနေ ဂဏာန်းလို ကားယား ကားယား
ဇောင်းငန်းငန်းနဲ့ ဟန်ရေးပြဖြတ်မလျောက်ပါနဲ့။
🎯 စက်သို့မဟုတ် အလေးကို မောင်ပိုင်မစီးပါနဲ့။အလှည့်ကျကစားပါ။
🎯 သင်ကစားထားတဲ့ခုံမှာပေနေတဲ့ ချွေးတွေ
ကိုနောက်လူအနှောက်အယှက်မဖြစ်အောင်
ပြန်သုတ်ပါ။
🎯 တကျော့နဲ့တကျော့ကြားဖုန်း 📱သုံးချင်
ရင်တပါးသူကစားလို့ရမဲ့ခုံတွေပေါ်ထိုင်ပီး
မသုံးပါနဲ့။
🎯 သန့်ရှင်းရေးဂရုပြုပါ။ချွေးနံ့စွရမ်းပြင်း
တဲ့သူတွေစွပ်ကျယ်နဲကစားပီ့း ပါတ်ဝန်းကျင်ကို
ဒုက္ခမပေးပါနဲ့။
🎯 ဆဲလ်ဖီဆွဲချင်ရင် လွတ်လွတ်ကျွတ်ကျွတ်
နေရာရှာပါ။
🎯 အမျိုးသမီး၊ အမျိုးသားရောဆော့ရတဲ့
Gym တွေမှာ၊ တချို့သောအမျိုးသမီးတွေ
လေ့ကျင့်ခန်းလုပ်ရတာအခက်ဖြစ်ရလောက်
အောင် ဇွတ်တွေပြူးပြဲမကြည့်ပါနဲ့🤣
🎯 အချို့သောကစားသမားတွေ အလေး
မနိုင်တော့တဲ့အခါ အမြင်မတော်လို့လိုက်ပေး
တာက ကောင်းပေမဲ့
🎯 Trainer နဲ့ဆော့နေသူတယောက်ကို
Form ကဘာဖြစ်တယ်/ညာဖြစ်တယ်ဝင်ပီး
ဆရာလုပ်ရလောက်အောင် ဘောင်မကျော်
မိပါစေနဲ့။ သည်းမခံတတ်သူနဲ့တွေ့ရင် ဆေးရုံ
ရောက်ပါလိမ့်မယ်။
🎯 အိမ်သာအသုံးပြုရင် ရေ 🚰သုံးပါ။
ဘိုထိုင်အိမ်သာမှာ ကော့ပန်းထားတာတွေနဲ့
ရေမဆွဲထားတာတွေက အရမ်းကို စိတ်ပျက်
စရာပါ။
ကဲကျွန်တော်မြင်တာပြောပီးပီ။ခင်ဗျားတို့ရော
ဘာတွေအဆင်မပြေဖြစ်လည်း မန့်ပေးကြပါဦး။
လေးစားလျက်-
Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့
Instagram acc လေးကို follow လုပ်ပေးပါ
ဦးခင်ဗျ 👇
https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်
မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်🤝

လေးစားချစ်ခင်လျက်-
နိုင်ဦး-၁၁၉






Address

အမှတ် (781, 784)၊ မြေညီထပ်၊ ဇေယျာသုခလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။
Yangon

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00

Telephone

+959750052166

Website

Alerts

Be the first to know and let us send you an email when BODY KING - Gym & Fitness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share