သိုင်းမှတ်တမ်း

  • Home
  • သိုင်းမှတ်တမ်း

သိုင်းမှတ်တမ်း Myanmar's Traditional Martial Arts

22/05/2026

ဝါးကျစ်လိမ်၏ အဓိပ္ပါယ်က ဘာလဲ
ဘယ်က အစပြုခေါ်တာလဲ
ဆွေးနွေးချက်

19/05/2026

Playing with a Sword

17/05/2026
03/04/2026
03/04/2026

ဓားနှစ်လက်သိုင်း
မူရင်း ရန်တိုင်းအောင် ပင်မ

31/03/2026

လောကပါလ မှတ်တမ်း
တစ်နေ့သ၌ ဧရာဝတီတိုင်း၏
မြောက်ဘက်စွန်း မြေလတ်ဒေသတွင်
ကညင်ပင်ဆိုသော ရွာကြီးတစ်ရွာ ရှိလေ၏။ထိုရွာကြီး၌ ရွာဟောင်းသည်လည်း ရှိ၏။ရွာသစ်သည်လည်း ရှိ၏။
ရွာသစ်သည် မီးရထားဘူတာဝန်းကျင်ကို အမှီသဟဲ ပြုခါ ရွာဟောင်းထက် စည်ကား သိုက်မြိုက်လေ၏။ထိုရွာ၊ထိုဒေသ၊ထိုအဝိုက်အဝန်း၌ ကျွန်ုပ်သည် မျက်‌ေမှာက်‌ေခတ်ပြိုင် သူရဲကောင်းနှစ်ဦးကို
ရှိခဲ့ဖူးကြောင်း မှတ်သားမိဖူးလေ၏။
ပထမ သူရဲကောင်းမှာ သိုင်းအတတ်ပညာတို့ကို ရူးသွပ်လိုက်စား၍
ယနေ့ အွန်လိုင်းနယ်ပယ်တွင်လည်း ရှိခဲ့ဖူး၏။သူသည် ဘုရင့်နောင်ကို အားကျ၏။သူရဲကောင်းရွေးနည်းကို
လက်တွေ့ ကျင့်သုံးခါ တက်လူငယ်များအကြား ဘက်မတူကြောင်း လင်းရဖို့ လက်သည်းကြား အပ်စိုက်၍
ဆိတ်ချိုနှင့် ရိုက်ခါ ရိုက်ခါ ရူးသွပ်ဖူးလေ၏။
ဟ ဟုတ်ပါ့မလား မလုပ်ပါနှင့်။ထိုသို့သော လူငယ်တစ်စု အမှန် ရှိဖူး၏။ဤလိုနှင့် အချိန်တချို့ ကုန်ဆုံး၍ အဆိုပါ အညတရ သူရဲကောင်းသည် တိတ်တဆိတ် ဇာတ်မြှုတ် ပျောက်ကွယ်သွားလေ၏။
သူသည် အမျိုး ဘာသာ သာသနာ အတွက် အသက်ကိုပင် ပဓာနမထား ဓားထက်၍ သွေးရဲ
သတ္တိခဲ ဆိုသည့် အကြောင်းကိုတော့
ဖိုးသူတော် မျက်နှာဖုံးနှင့် ရှမ်းဘောင်စဘီဝတ် သူရဲကောင်းများ ဒဏ္ဍာရီတွင်
ပြန်လည်ကြားရလေ၏။
ထိုကညင်ပင်ကြီး၌ ဂဠုန်ငှက်ကြီးတို့ ပျော်ကြဟန်တူသည်။နံပါတ် ၂
သူရဲကောင်းကား ကျွန်ုပ် စာရေးသူ၏
သူငယ်ချင်းတည်း။ကျွန်ုပ်တို့နှစ်ဦးသည် ဘယ်ညာကို တစ်ယောက်တစ်လှည့် အော်ခါ တပ်စုမှူး လုပ်ဖူးကြ၏။
တစ်ချိန်၌ အဝေးသင် ကျောင်းသားဘဝတွင် ဖလန်းဖလန်းထ ဆရာကြီးစတိုင်ကျနေသော သင်းကို ပေတိပေစောင်း ကျွန်ုပ်သည်
ရထားဘူတာ တစ်နေရာတွင် ခေတ္တ ခဏ ဆုံလေ၏။
သူ၏ အမြင်တွင် ကျွန်ုပ်သည် ပဲ့နေသော ရွဲ့နေသော ကျောင်းဆရာ၊စံနမူနာပြ ဖြစ်ရန် များစွာ လိုအပ်ကြောင်း
အားမလို အားမရ ဖြစ်နေဟန် တူ၏။
ကျွန်ုပ်၏ အမြင်တွင်မတော့ သူ့ကို
ကြွစောင်းစောင်း၊ဂျစ်ကန်ကန်
မြောက်ကြွ၊မြောက်ကြွ ကောင်ဟု မြင်မိ၏။
ထို့ကြောင့် ကျွန်ုပ်တို့ နှစ်ဦး အစေးမကပ်ကြကုန်။အမှန်တကယ်တွေးကြည့်လျှင် ကျွန်ုပ်သည်လည်း
သူ့နည်းတူ စိတ်ဒဏ်ရာရ၊ပြန်လာရသူ ဖြစ်ပါလျှက် ဆရာပီသသော ဆရာ/မတစ်စု၏ ပြုစု ပျိုးထောင်မှု အောက်တွင်လည်းကောင်း၊ရောက်ရှိရာ အသိုက်အဝန်း၏ ပတ်ဝန်းကျင်၏
နူးညံ့သိမ်မွေ့သော မေတ္တာ တရားကြောင့် ချိုကလေး ကျိုးသွားဟန် တူပေ၏။
ကျွန်ုပ်တို၏ ကြွစောင်းစောင်း သူရဲကောင်းကြီးသည် နိုင်ဂံဂျား၌
လက်သံပြောင်လှသည် ဟူ၏။
သူကတော့ မပြောပေ။ပြောရင် ငပေါကြီး ဖြစ်ပေမပေါ့။
သူမပြောသော်လည်း ကျွန်ုပ်၏
အလယ်တန်းကျောင်းသားဘဝ အတန်းဖော် သူငယ်ချင်းသည် သူ့အကြောင်းကို စပ်မိလျှင် ကောင်းကောင်း ပြောပြပေတော့၏။
အေး အဲကောင်က မိုက်တယ်ဟ။
သတ္တိ သိပ်ကောင်းသကွာ။ဘယ်လိုလဲဆိုတော့ မြန်မာအမျိုးသမီး တစ်ယောက် နီပေါသား တစ်ယောက်နှင့် ငြိပြီး ဟော်တယ် မှာ ချိန်းတွေ့တာကို
အဲကောင် နံချပ်ကူနှင့် လိုက်သမတာ ကောင်ရေ့။ဟို ကောင်ဆို ပြေးလိုက်တာ တန်းရော။ဖိုက်တာကြီးဟ။
ကျွန်ုပ်မှာ သူ့ကို သိပ်ကြည့်မရသော်လည်း ဟူ၏ မျိုးချစ်စိတ် ရှိရှိ၊
သတ္တိကောင်းကောင်း၊လူရည်လည်လည်ဖြင့် လူစွမ်းလူစ ရှိပုံကို
ကြားရလျှင် လွန်စွာ သဘောကျမိလေ၏။
ကျွန်ုပ်မှာ လက်က ခပ်ယဉ်ယဉ်ဆိုသလို ရန်ခဏ ခဏဖြစ်တတ်၊
မဟုတ်မခံ လုပ်တတ်သော်လည်း
ဆရာအတတ်ပညာ ချွန်းက လာလာအုပ်နေ၍ စိတ်သွားတိုင်း ကိုယ်မပါလှပေ။
သို့သော်လည်း လက်သီးနှင့် မထိုးရပေလည်း ဘောပင်နှင့် ဟိုခြစ် ဒီခြစ်
လုပ်ရပေဦးမပေါ့။
ကဲ ကိစ္စကတော့ အဲဒီ သူရဲကောင်းတို့ရွာမှာ ထန်းရည်ဆိုင်တစ်ခု ရှိသတဲ့။
အဲ သူတို့ချင်း အမျိုးလားတော့ မသိဘူး။
တစ်နေ့ ကျွန်ုပ်လည်း ခရီးတစ်ထောက်အပြန် ပွဲကျောင်းသားတို့ ကြိုက်လှသည်ဆိုသော ရဟန်းကြီးကြိုက်နှင့် ကြွက်ကြော်ကို ကိုက်နေတုန်း ပြုန်းဆို ပြူးတူးပြဲတဲ
မူးတူးမဲတဲ ရဲလိုလို နယ်ထိန်း လိုလို
ရဲတပ်ကြပ်လိုလို လူတစ်ဦး အဖော်တစ်ဦးနှင့် ဝင်လာခါ ဖမ်းမဟေ့။ဆီးမဟေ့ ဟု ဖြဲခြောက်လေ၏။
ကျွန်ုပ်ကတော့ ခပ်တည်တည် ပဲ။လန့်ဖို့နေနေသာသာ။စောက်ရူးသာသာပဲဟု သဘောထားလေ၏။
အဲ ကျွန်ုပ်ကသာ မလန့်တာ။ဆိုင်ရှင်
အဒေါ်ကြီးသည် လန့်လေ၏။မျက်နှာချို သွေးလေ၏။
အဆိုပါ ရဲငတိသည် ဟိုဘက်ဝိုင်းက
သုံးယောက်အဖွဲ့ကို စတာ ဘာညာ
စကားဖော၏။
ကျွန်ုပ်ကို စကားဖြင့် မျက်နှာချိုသွေးလေပြေထိုး၏။စားပွဲဝိုင်းအနီး
စာကြည့်မလိုလို ဘာလိုလို လုပ်နေသော ကျောင်းသူလေးကို လက်ကို ဆွဲလား၊ယမ်းလား ပြု၏။
ကျွန်ုပ်မှာ ကျောင်းဆရာစိတ်က ငေါက်ကနဲထ အမျက်ရှ၍ မှုန်တည်တည်ဖြင့် ဖုန်းထုတ်ခါ ဇာတ်ကားတည်ကြည်လေ၏။
ကြည့်‌တာတော့ ရိုးရိုးပါ။ကင်မရာကတော့ အဲဘက်ရောက်နေတာပေါ့။
ဒါမျိုးကျ လူဆိုးက နပ်၏။စားနေကျ ကြောင်ပါးကြီး အထာဖြင့် သုတ်ချေ နှင်လေ၏။
မည်သို့ပင် ဆိုစေကာမူ ထိုငတိသည် ကျောင်းဆရာ၏ ရှေ့၌ ကျောင်းသူကို မတော်တရော် ထိကပါး
ရိကပါး ktvနှင့် မှားခြင်းမှာ လုံးဝ မှားလေ၏။သူသည် လောကပါလတို့၏
ရှေ့မှောက်၌ပင်လျှင်
(တစ်ခါတုန်းက လူယုတ်မာ တစ်ယောက်ကတော့ ဘာကြာလို့ မြွေကိုက်သေတာပဲလေ ကျုပ်မညာဘူး)စာကြွင်း
ကျွန်ုပ် ရေးသားခဲ့သော ဖြစ်ရပ်မှန်
ဇာတ်‌ေကြာင်း၏ နောက်ကွယ်တွင်
လူဆိုးပုလိပ်သည် ချက်ချင်း ဘာမှမဖြစ်။သို့သော် သူနှင့်အတူ ပါလာခဲ့သော ရိုက်မှုဖြင့် အချုပ်ကျ လွတ်လာသော သူမှာ အဆိုပါညနေခင်းတွင်ပင် ရွာအပြန်လမ်း၌ ဆိုင်ကယ်မှောက်၍ ဆုံးရှာလေသည်။

18/03/2026

လက်သိုင်း
လက်သိုင်းဟု ဆိုလျှင် ခေါင်းခါးခြေတို့ မပါဝင်ဟု မဆိုလို။လက်ကို အထူးပြု၍ ခေါ်ဆိုခြင်းသာ ဖြစ်၏။
သတ်ကို ဖွင့်ဆိုရာ၌ ယေဘုယျအားဖြင့် တစ်ဖက်တွင် လက်သီး
တံတောင် သတ်နှစ်စင်း အဖြစ်
သုံးသည်။အထူးသဖြင့် မြန်မာ့လက်ဝှေ့။
လက်တစ်ဖက်၌ အသေးစိတ်လျှင် ဆယ်စင်းအထိ ရှိကြောင်း
ရှေးမြန်မာ့သိုင်း ဆရာကြီးတို့ ဆိုသည်။
လက်ချောင်းထိပ်၊လက်ခေါက်၊လက်သီး၊လက်ခုံ၊လက်ဖဝါး၊လက်ဝါးစောင်း အတွင်း/အပြင်၊လက်ဖနောင့် တွင်း/ပြင်၊တံတောင်
စသည်အားဖြင့် အသုံးပြုနိုင်ရန်
လေ့ကျင့်ရသည်။
အစတွင် ဆိုခဲ့ဖူးသည့် အတိုင်း
သတ်တစ်ခုတည်း ဖြုတ်လွှတ်၍ မရနိုင်။မောင်းကိုပါ တွဲစပ် အသုံးပြုရသည်။လက်ဝှေ့ သမားကို သတ်ကိုးသတ် သခင်ဟု နာမ်မည်ပေးလျှင် မပြည့်စုံ။
သတ်ကိုးသတ်၊မောင်းကိုးမောင်း
သခင်ဟု ဆိုသင့်ပေ၏။မောင်းသတ်နှစ်တန် ပေါင်းစပ်မှန် ပွားမှု ခွင်ကိုးတန် ဆိုသော နည်းမှတ် လင်္ကာ အရ
မောင်းထိပ်ရှိ သတ်တို့ကို
အသုံးချရာတွင် ခြေတက်၊ခြေချ၊ခြေမြှောက်၊ခြေထပ်၊ကြောင်လိမ်နင်း၊ခြေအကွေး အဆန့်တို့ကိုလည်းကောင်း၊ခါး ၏ ကျောမောင်း၊
ခေါင်း၏ ဟန်ပန်မှင်မောင်းတို့ကို
မှန်ကန်စွာ ပေါင်းစပ်၍ လေ့ကျင့်ယူရပေမည်။
ပွားမှု ခွင်ကိုးတန် ဆိုသည်မှာ
အားလမ်းကြောင်း ကိုးခုကို မူတည်၍ အရပ်လေးမျက်နှာ၊
ရှစ်မျက်နှာ၊ဆယ်မျက်နှာတို့ကို
ဝှေ့၊ဝိုင်း၊ဝန်း၊ရံ၊ခတ် ၍ ကာကွယ်လှုပ်ရှား သိုင်းကစားရပေ၏။

17/03/2026

သတ်ဋီကာ
ခန္ဓာလက်နက် ဗန်တို ပညာနှင့်ပတ်သက်၍ အကျယ်ဖွင့်ဆိုပေအံ့။
ဦးခေါင်း
ဦးခေါင်းကို သတ်အဖြစ် အသုံးပြုသည်ကို ကမ္ဘာ့တိုက်ခိုက်ရေး
အတတ်ပညာ၌ ရှားပါးစွာ တွေ့ရ၏။
ရှောင်လင်၏ သံမဏိခေါင်းမှာ
ကွန်ဖူးရုပ်ရှင် သို့မဟုတ် တရုတ်သိုင်းကား များကြောင့် ကျော်ကြားထင်ရှားပေသည်။သို့သော် အားကစားတစ်ရပ် အနေဖြင့် မတွင်ကျယ်၊မထွန်းကားပေ။
ဆရာကြီးဦးပြေသိမ်း၏ ဘာသာပြန်စာအုပ်၌ ခေါင်းတိုက် ခေါင်းရိုက်ကျွမ်းသော လီပါပူးမြို့သား တစ်ဦး အကြောင်း ဖတ်ရဖူးသည်။ထို့ကြောင့်
ကမ္ဘာ့ မာရှယ်အတ်၌ ခေါင်းတိုက်၊ဦးခေါင်းဖြင့် တိုက်ခိုက်ခြင်းသည် မရှိမဟုတ်ဟု မှတ်သားထားရပေမည်။
သို့ရာတွင် အားကစား တစ်ရပ်
အနေနှင့်ရော သိုင်းပညာ အနေနှင့်ပါ
တွင်ကျယ်စွာ အသုံးပြု ထင်ရှားသည့်
နိုင်ငံကို ပြပါဆိုလျှင် မြန်မာနိုင်ငံသာ
ရှိပေသည်။
ခေါင်းကို အသုံးပြု၍ တိုက်ခိုက်သည် ဆိုရာ၌ သိုင်းပညာရပ်
အနေဖြင့် တိုက်ကွက် တိုက်ဟန် သီးသီးသန့်သန့် ကစားသည်ကို တွေ့ရခဲသည်။သို့ရာတွင် ထိုပညာမှာ လျှို့ဝှက် တိမ်မြုတ်နေသော ပွဲကျောင်းသိုင်းပညာ၏ အကြမ်းထည် အခြေခံ အဆင့်၌ ကျောင်းတိုင်ကို အုန်းခွံ ပတ်၍ တဒိန်းဒိန်း ဆောင့်ကာ
လေ့ကျင့်ကြရကြောင်းတော့ ပုံပြင်သဖွယ် မှတ်သားရတော့၏။
ထိုအတတ်ပညာရပ်မှာ မသိသူ
ကျော်သွား သိသူ ဖော်စား ဆိုသကဲ့သို့
ခြင်းလုံးခတ် ကစားနည်းတွင် ထည့်သွင်းထားခဲ့ပေ၏။ခြင်းလုံးခတ်ကစားနည်းမှာ ခြင်းနု၊ခြင်းယိုင် စသည်အားဖြင့် နှစ်မျိုး ရှိခဲ့ရာ။ခြင်းနုမှာ အပေးအယူ လွန်ကြည်ဖြူ ခြင်းမူစာဂ
မျှစိတ္တဟု ဆိုရိုးဖြင့် ဝိုင်းဖွဲ့ခတ်ခြင်း၊
တစ်ဦးတည်း အစွမ်းပြ အလှခတ် တော့ကစားခြင်း စသည်အားဖြင့် ထီးနန်းမှစ ကျေးလက်အဆုံး အသုံးတွင်ကျယ်ခဲ့ပေ၏။
မြန်မာ့ခြင်းလုံးပညာသည် အိမ်နီးချင်း အရှေ့တောင် အာရှ နိုင်ငံများသို့ ပျံ့နှံ့သွားပေရာ၊ခြင်းနုပညာကိုပင်လျှင် အချို့က သူ့နိုင်ငံ ယဉ်ကျေးမှုထဲ ဆွဲသွင်း ရန် အားထုတ်ဖူးကြ၏။
သို့သော် သရေခေတ္တရာမှ တူးဖော်ရရှိသည့် ငွေခြင်းလုံး အထောက်အထားကြောင့် သိပ်လေကျယ်မရတော့ပေ။
ခြင်းယိုင်ခတ်၊ပိုက်ကျော်ခြင်း ကစားသည်ကို မြန်မာကလေးငယ်တို့
လွန်စွာနှစ်ခြိုက်၏။ခေါင်းကို သုံး၍
ပင့်ထောင်ခြင်း ရိုက်ခုတ်ခြင်းတို့ သုံးကြပေသည်။နဖူး၊ထိပ်ဆံမှသည် ချိုစောင်းဖြင့် ခေါင်းချိုးကြမ်းအောင်
လေ့ကျင့်ကြပေသည်။
ယနေ့ ကျွန်ုပ် မှတိတမ်းတင် ဖော်ထုတ် ဋီကာချဲ့မည်မှာ အဆိုပါ
ခေါင်းတိုက်ချက်တို့ကိုသာ ရန်သူ၏
မျက်ခုံး၊ပါးရိုး၊နားထင်၊နှာတံ၊မေးရိုးတို့ အပေါ် ချိန်သားကိုက် ခေါင်းတိုက်
ခေါင်းရိုက်မည် ဆိုပါလျှင်
ကျွန်ုပ် အထူးပြောပြစရာ လိုမည်မထင်ပေ။
ချိန်သားကိုက် ဆိုရာ၌ လူချင်းအပူး၊ရန်သူ အငိုက်ကိုဖမ်း၍ မျက်နှာတစ်ခွင် ခြင်းအသွင်ဖြင့် ပစ်ဆောင့်တိုက်ကျုံး သည်ရှိသော် အမာနှင့် အပျော့။
ပျော့သူနာ။အမာအမာခြင်း ဥသျှစ်သီးနှစ်လုံး ဆိုင်ထု။ပျော့သူကွဲ။
ဤကား ခေါင်းသတ်ဋီကာတည်း။

05/02/2026

မင်္ဂလာပါ သိုင်းလောက
သိုင်းပညာရပ်ဆိုတာ ဘာပါလိမ့်။ ကမ္ဘာသုံး ကာယ ပညာနှင့်တူလား။
ကျုပ် ဉာဏ်မီသလောက် ဖတ်ရှုလေ့လာ တွေ့ရှိမိသလောက်ရေးရရင် သိုင်းလို့ မြန်မာတွေ ခေါ်နေကြတဲ့ အတတ်ပညာဆိုတာ
အသက်ရှည်ရှည် ကျန်းကျန်းမာမာ
အန္တရာယ်ကင်းကင်း နေထိုင်နိုင်ရေး
အလေ့အကျင့်မှ သည် စွမ်းရည်ဆီသို့၊အသိပညာမှ ကူးပြောင်းလေ့ကျင့်၍ အသုံးချ အတတ်ပညာတစ်ခု ဖြစ်ခြင်း ဖြစ်စဉ် အဖြစ် ရှုမြင်မိပါလေ၏။
ရန်အန္တရာယ်ကို မကျရောက်အောင် စိတ်သွားတိုင်း ကိုယ်ပါအောင် ရန်စူးရန်ညှောင့်ကို ဖယ်ရှားနိုင်အောင် ကျန်းမာ သန်စွမ်းသော
စိတ်ဓာတ် တည်ကြည်ခိုင်မာသော
အလေ့အကျင့်ကို တစ်ဆင့်ပြီးတစ်ဆင့် ပြုစု ပျိုးထောင် ယူရပေမည်။
လူ၏ သက်တမ်းမှာ နှစ်တစ်ရာ
ဝန်းကျင်သာရှိ၏။ထို့ကြောင့် တစ်ဦးတစ်ယောက်၏ တီထွင် ကြံဆမှုထက် ရှေးအစဉ်အဆက် လက်ဆင့်ကမ်း တီထွင် တိုးတက်လာသော ပညာသည် ပိုမို ပြည့်စုံ၏။
သင်ယူလေ့လာပါ။သင်ယူလေ့လာ၍ ရလာသော ပညာသည်
အဖိုးထိုက်တန် ခိုင်မာမြဲမြံ၏။
လူချင်းတူပါလျှက် မကျန်းမာသော် လူဖြစ်ရှုံး၏။မသန်မစွမ်းလျှင်လည်း သိမ်ငယ်အောက်ကျ၏။
ထို့ကြောင့် ကျန်းမာသန်စွမ်းသည့်
အလေ့အထုံကို နေ့စဉ် ပြုစု ပျိုးထောင်ရပေမည်။
ကိုယ်ကာယကို ပျိုးထောင်သကဲ့သို့ မိမိ၏ မရပ်မနား ပြေးလွှားလှုပ်ရှားနေသော စိတ်ကိုလည်း
တည်ငြိမ်ခိုင်မာ သန်စွမ်းလာအောင်
သမာဓိ ထူထောင်ရပေမည်။
လေရှူ လေထုတ် အာနာပါန၊သမထ သည် သိုင်းပညာရပ်ကို
တန်ခိုးသိဒ္ဓိစွမ်းအား နယ်ပယ်
ဝိဇ္ဇာထိုရ်နယ်ပယ်သို့ ရောက်ရာ
ရောက်ကြောင်း လှေကားကောင်းပင် မဟုတ်ပါလော။
လေ့ကျင့်ပြီးသော် လွှတ်ချပါ။
လေ့ကျင့်ခန်းသည် လှေကားဖြစ်သော် အပေါ်တက်ရန် အောက်ဆင်းရန် သုံးပါ။ လှေကားကို ထမ်းယူမသွားပါနှင့်။အခြားသူကို လှေကားမြင်အောင် လက်တို့လိုက်ပါ။

01/01/2026

ဝါသနာပါသူတို့အတွက် စကားလက်ဆောင်
ဝါသနာပါလို့ သိုင်းကစားမည်
သိုင်းသင်မည်ဆိုရင် ရလာတဲ့ နည်းစနစ် လေ့ကျင့်နည်း သိုင်းကွက်ကို ထပ်ခါ ထပ်ခါ လေ့ကျင့်ပါ။
ဘယ်အထိ လေ့ကျင့်ရမလဲဆိုရင် နာရီဝက် တစ်နာရီ ကြာအောင်
မနားတမ်း ကစားနိုင်တာမျိုး။
ဘယ်လောက်ထိ မြန်ရမလဲ ဆိုရင်
တစ်စက္ကန့် သုံးချက် နှုန်းလောက်ထိ လေ့ကျင့်ပါ။အတော်များများက
လုပ်တတ်ရုံနှင့်ပဲ ပင်ပန်းလို့၊မောလို့
ပျင်းရိ ငြီးငွေ့လို့ ရပ်သွားကြတာများပါတယ်။
မငြီးငွေ့အောင် ဂီတသံဖြင့် ကခုန်ကစားပါ။ရှမ်းအိုးစည်သံ၊ဗိန်းဗောင်းသံ၊ဆိုင်းဝိုင်းသံ၊ဘီလူးဆိုင်းသံတွေလို ရိုးရာသံဖြင့် ကစားချင်စိတ်ကို နှိုးဆွ လေ့ကျင့်နိုင်သလို
Djသံ၊rock ဂီတ၊ဂန်းနားစတိုင်၊disco 2000 လို ဂီတသံတွေ သုံးပြီး
လေ့ကျင့်ကြည့်ပါ။
ဒါကို ၁လလောက် ကစားပြီးရင်တော့ အမြန်နှုန်းတွေ၊စွမ်းအားတွေဟာ အရင်နှင့်မတူတော့တာ
တွေ့မြင်ရပါလိမ့်မည်။
မိမိစိတ်ကိုလည်း ပြဌာန်းပါ။
မည်သည့်အကြောင်းနှင့်မျှ ပညာကို
သိက္ခာ ကျမခံ။လျှပ်တပြက်ကြုံလည်း ပညာက အလိုလို အသက်ဝင်လာမည်ဟု လေးနက်စွာယုံကြည်ပါ။လိုအပ်ပါက သမထကျင့်ပါ။
ထိုအခါ လေ့ကျင့်မှု၏ အကျိုးကျေးဇူးဖြင့် ကျန်းမာချမ်းသာမှုကို ကိုယ်တွေ့ကြုံလာရမည် ဖြစ်ပေကြောင်း စကားလက်ဆောင် ရေးလိုက်ရပေသတည်း။
#သိုင်းမှတ်တမ်း

07/12/2025

Address

, Myanaung Township, Ayeyarwardy Region, Myanmar

Alerts

Be the first to know and let us send you an email when သိုင်းမှတ်တမ်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to သိုင်းမှတ်တမ်း:

  • Want your business to be the top-listed Gym/sports Facility?

Share