Fit With Zwal

  • Home
  • Fit With Zwal

Fit With Zwal Body Transformation Coach for Tomboys & Transmen🏳️‍⚧️🏳️‍🌈

09/07/2026

Bangkok မှာ ကျွန်တော်နဲ့ In-person Training ယူထားတဲ့ညီလေး အလေးပိုနိုင်လာ,muscle gain လည်းသိသာလာပြီဗျာ😍🥰💪🏻

▶️Online Coachings(Video Call or Program)
▶️In-person/One on One or Group Training
စတဲ့ PT services တွေပေးနေပါတယ်ခင်ဗျာ🏋🏻‍♂️

Online Coaching with Video Call အတွက်နိုင်ငံရပ်ခြားအသီးသီးမှ clients များ လိုချင်တဲ့အချိန်လေးညှိပြီး join နိုင်ပါတယ်ဗျာ☺️

BKK မှာ One on One or Group 2 persons train ချင်ရင်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ😊

Affordable Prices & Best Service Guaranteed 💯🫶🏻





24/06/2026

တစ်ပတ်မှာ GYM ဘယ်နှရက်သွားရမလဲ?🤔

တစ်ပတ် ၆ရက် သို့ နေ့တိုင်း Gym သွားခြင်းမှ Over Training မဖြစ်စေလို။

Muscle Recovery ရဖို့လိုအပ်ပါတယ်။💯





17/06/2026

အရိုးရှင်းဆုံးအချက်လေးတွေပါခင်ဗျ☺️

1️⃣body goal က အပေါ်ပိုင်း ရင်ဘတ်/လက်မောင်းပဲကြီးပြီး အောက်ပိုင်းကွက်သေးချင်တာမျိုးမရပါဘူးနော်, တစ်ကိုယ်လုံးမျှအောင်ကစားဖို့လိုပါတယ်။

2️⃣current body ပေါ်မူတည်ပြီး အနီးစပ်ဆုံးရနိုင်
ရောက်နိုင်မယ့် goal စီအရင်သွားပါ။

3️⃣body transformation ရလဒ်မြင်ရဖို့အချိန်ပေးရပါတယ်,စိတ်ရှည်ရပါတယ်,လိုက်နာဂရုစိုက်ရမှာတွေလိုက်နာရပါတယ်။





13/06/2026

လိုတိုရှင်းလေးပါဗျာ☺️
နောက်ပိုင်းမှ အသေးစိတ်ရှင်းပြမယ့် video လေးလာပါဦးမယ်🫶🏻

1️⃣Home Workout အနေနဲ့ဆို
Bench,Dumbbells,Resistance Band ရှိရင်
ပိုကောင်းပါတယ်
2️⃣တစ်ပတ်၂ရက်ထည့် train မယ်ဆိုရင် ပထမ၁ရက်မှာ exercise၂မျိုး နောက်၁ရက်မှာ ၂မျိုးဆိုအဆင်ပြေပါတယ်
3️⃣Form မှားရင် Mind Muscle Connection မလုပ်ရင် focus ထားနေတဲ့ muscle ကို 100% မထိရောက်နိုင်ပါ





09/06/2026

စတင်မိတ်ဆက် Intro လေးပါခင်ဗျာ🤓🏳️‍⚧️
ရှေ့လျှောက် Tomboys & Transmen တွေအတွက် စိတ်ဝင်စားစရာအကြောင်းအရာလေးတွေမျှ​ဝေပေးသွားမှာမို့ page ကို Like & Follow လုပ်ထားဖို့မမေ့နဲ့နော်🫶🏻





"Progressive Overload"🧐Gym သွားဖြစ်နေတာ အချိန်တစ်ခုကြာလာပြီဒါပေမယ့် strength သိသိသာသာမတက်လာဘူး တိုးတက်မှုမရှိလာဘူးလို့ခံ...
06/04/2026

"Progressive Overload"🧐

Gym သွားဖြစ်နေတာ အချိန်တစ်ခုကြာလာပြီ
ဒါပေမယ့် strength သိသိသာသာမတက်လာဘူး တိုးတက်မှုမရှိလာဘူးလို့ခံစားနေရပြီလား?
အဖြေက Progressive Overload နည်းလမ်းကို စနစ်တကျမသုံးလို့ ဖြစ်နိုင်ပါတယ်။

Progressive Overload ဆိုတာ
"ခန္ဓာကိုယ်ကိုအရင်ကထက်အလုပ်ပိုခိုင်းတာ" ပါပဲ။ ကျွန်တော်တို့ရဲ့ ကြွက်သားတွေဟာပေးထားတဲ့ဝန်ထုပ်ဝန်ပိုးတစ်ခုကိုအသားကျသွားတတ်ပါတယ်။ အဲဒီအခါမှာ ကြွက်သားကထပ်မကြီးလာတော့သလို၊ အားလည်းထပ်မသန်လာတော့ပါဘူး။
ဒါကြောင့် ခန္ဓာကိုယ်ကို "ဒီထက် ပိုလုပ်နိုင်ရမယ်" ဆိုပြီး Challenge ခေါ်ဖို့ လိုပါတယ်။

ဘယ်လိုစနစ်တကျလုပ်ရမလဲ? 🤔

1. Weight (အလေးတိုးခြင်း)
အလေးတိုးတဲ့နေရာမှာ နည်းနည်းချင်းစီပဲစတိုးပါ။ ပြီးခဲ့တဲ့အပတ်က 10kg နဲ့ ဆော့ခဲ့တယ်ဆိုရင် ဒီအပတ်မှာ 12kg နဲ့တိုးဆော့တာမျိုးပါ။
Form မှန်ဖို့က အဓိကပါ။ ပုံစံမမှန်နေဘဲ
အလေးတိုးတာဟာ တိုးတက်မှုထက် injury ရစေပါလိမ့်မယ်။

2. Reps (အကြိမ်ရေတိုးခြင်း)
အလေးမတိုးချင်သေးရင် မတိုးနိုင်သေးရင်
ပုံမှန် ၁၀ ကြိမ်ပဲလုပ်နေကြကို ၁၂ ကြိမ်ရအောင် ကြိုးစားကြည့်ပါ။

3. Sets (အကျော့ရေတိုးခြင်း)
လေ့ကျင့်ခန်းတစ်ခုကို ၃ ကျော့လုပ်ရာကနေ ၄ ကျော့တိုးလုပ်တာမျိုးပါ။
**ကစားသက်ရှိသူမှသာ**

4. Tempo (အရှိန်ထိန်းခြင်း)
အလေးတိုးဖို့ ခက်နေရင် အလေးမတဲ့အရှိန်ကို လျှော့ချပါ။ ဥပမာ အလေးကိုပြန်ချတဲ့အခါ ၃ စက္ကန့်လောက် ထိန်းပြီးဖြည်းဖြည်းချင်းချပါ။
ဒီနည်းက Time Under Tension လို့ ခေါ်ပါတယ်။ ကြွက်သားကပိုပင်ပန်းသွားပြီးပိုဖွံ့ဖြိုးလာပါလိမ့်မယ်။

Workout လုပ်တဲ့အပတ်တိုင်းမှာ record လုပ်ထားပါ။ (ဒီနေ့ အလေးဘယ်လောက်နဲ့ ဘယ်နှကြိမ် ဘယ်နှကျော့ဆော့လဲဆိုတာမျိုးပေါ့)။📝

အကြံပြုချက် 💡
"လောဘမကြီးပါနဲ့၊ ဒါပေမယ့် ပျင်းလည်းမပျင်းပါနဲ့။"
ဒီနေ့ ၁၀ ကြိမ် မနိုင်တာကို ရှေ့အပတ်မှာ ၁၁ ကြိမ် မနိုင်အောင် ကြိုးစားတာဟာအောင်မြင်မှုပါပဲ။ အပြောင်းအလဲဆိုတာ တစ်ညတည်းနဲ့ ဖြစ်လာတာမဟုတ်ဘဲ ဒီလိုသေးငယ်တဲ့တိုးတက်မှုလေးတွေစုမိရာကနေဖြစ်လာစေတာပါ။💪🏻

မိမိတစ်ဦးထဲအတွက်🤩
စနစ်တကျ ဖန်တီးတည်ဆောက်ပေးမယ့်
လေ့ကျင့်ခန်းပရိုဂရမ်နဲ့ အစားအသောက်
လမ်းညွှန်မှု လိုအပ်ပါက
Fit With Zwal မှ 1 on 1 Online Coaching Program & Package Services တွေထဲက
ညိုကီတို့အဆင်ပြေနှစ်သက်တဲ့ Program ကိုဝယ်ယူပြီး join နိုင်ပါတယ်ခင်ဗျာ🫶🏻

အသေးစိတ် သိချင်တာလေးများရှိရင်
cb📩 မှာစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ🤍








29/03/2026

Back Exercises with Resistance Band🏋🏻‍♂️တောင်းဆိုထားတဲ့ညိုကီတို့အတွက်အရင်ကရိုက်ထားဖူးတဲ့vdလေးတွေနဲ့တင်ပေးလိုက်ပါတယ်ဗျာ💪🏻








Gym ဆော့ခြင်းရဲ့အကျိုးကျေးဇူးများ(Benefits of going to the Gym) 🏋🏻‍♂️Gym ဆော့တာဟာ ဗိုက်ချပ်ဖို့ ဒါမှမဟုတ် ကြွက်သားတက်ဖို...
25/03/2026

Gym ဆော့ခြင်းရဲ့အကျိုးကျေးဇူးများ(Benefits of going to the Gym) 🏋🏻‍♂️

Gym ဆော့တာဟာ ဗိုက်ချပ်ဖို့ ဒါမှမဟုတ် ကြွက်သားတက်ဖို့ တစ်ခုတည်းအတွက်မဟုတ်ပါဘူး။
မိတ်ဆွေ မမျှော်လင့်ထားတဲ့တခြားအကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ? 🤔

1. Confidence Boost(ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေခြင်း)
မှန်ထဲကြည့်လိုက်တိုင်း ပိုကျန်းမာလာပြီး ပိုကြည့်
ကောင်းတဲ့ ကိုယ့်ကိုယ်ကိုယ် မြင်ရတာဟာ စိတ်ဓာတ်ကို အများကြီးမြှင့်တင်ပေးပါတယ်။

2. Stress Relief(စိတ်ဖိစီးမှုလျော့ကျခြင်း)
Gym ဆော့တဲ့အခါ ထွက်လာတဲ့ Endorphins ဟာ စိတ်ကိုပျော်ရွှင်စေပြီး တစ်နေ့တာပင်ပန်းသမျှကို မေ့ပျောက်စေပါတယ်။

3. Mental Toughness(စိတ်ဓာတ်ကြံ့ခိုင်လာခြင်း)
"မလုပ်နိုင်တော့ဘူး" လို့ ထင်ရတဲ့အလေးတွေ
အကြိမ်ရေတွေကိုကျော်ဖြတ်နိုင်တဲ့အခါ မိတ်ဆွေရဲ့ စိတ်ဓာတ်ကအရင်ကထက်ပိုကြံ့ခိုင်လာပါလိမ့်မယ်။

4. Self-Control(စားသောက်မှုကိုထိန်းချုပ်နိုင်လာခြင်း)
ပင်ပင်ပန်းပန်း ဆော့ထားတဲ့ ချွေးတွေကိုတန်ဖိုးထားတတ်လာတဲ့အခါ အလွယ်တကူတွေ့တဲ့ Junk Food တွေကို စားဖို့ ဝန်လေးလာပါတယ်။ "ဒါကို စားရင် ငါ့အပင်ပန်းခံထားတာတွေ အလကားဖြစ်ကုန်မယ်"ဆိုတဲ့အသိက စည်းကမ်းရှိတဲ့စားသောက်မှုပုံစံကို ဖြစ်စေပါတယ်။

5. Consistency(ဇွဲရှိလာခြင်း)
တစ်ရက်တည်းနဲ့ ကြွက်သားမတက်သလို၊ တစ်ရက်တည်းနဲ့ ဝိတ်မကျတာကို နားလည်လာတဲ့အခါ ဘဝရဲ့ တခြားကိစ္စတွေမှာလည်း ချက်ချင်းရလဒ်ထက် "ပုံမှန်ကြိုးစားမှု" က ပိုအရေးကြီးမှန်း သိလာပါတယ်။

6. Time Management(အချိန်ကိုတန်ဖိုးထားတတ်လာခြင်း)
Gym သွားဖို့ အချိန်သီးသန့်ဖယ်ရတဲ့အတွက်ကျန်တဲ့အလုပ်တွေကို ပိုပြီး စနစ်တကျစီမံခန့်ခွဲတတ်လာပါတယ်။ အချိန်ဆွဲတတ်တဲ့အကျင့်တွေပျောက်သွား
စေပါတယ်။

7. Better Sleep(နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း)
တစ်နေ့တာလုံး အားစိုက်ပင်ပန်းထားရတဲ့အတွက် ညဘက်မှာကောင်းကောင်းအိပ်ပျော်စေပြီး မနက်ခင်းမှာလန်းဆန်းစေပါတယ်။

8. Long-term Health(ရေရှည်ကျန်းမာရေး)
အရိုးအဆစ်သန်မာစေပြီး နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကို သိသိသာသာလျှော့ချပေးပါတယ်။

✨ ဒါကြောင့် Gym သွားဖို့အချိန်မရှိဘူးလို့မတွေး
တော့ပဲ မိတ်ဆွေရဲ့ကျန်းမာရေးအတွက်မဖြစ်မနေအချိန်ပေးပါ🫶🏻

မိမိတစ်ဦးထဲအတွက်🤩
စနစ်တကျ ဖန်တီးတည်ဆောက်ပေးမယ့်
လေ့ကျင့်ခန်းပရိုဂရမ်နဲ့ အစားအသောက်
လမ်းညွှန်မှု လိုအပ်ပါက
Fit With Zwal မှ 1 on 1 Online Coaching Program & Package Services တွေထဲက
ညိုကီတို့အဆင်ပြေနှစ်သက်တဲ့ Program ကိုဝယ်ယူပြီး join နိုင်ပါတယ်ခင်ဗျာ🫶🏻

အသေးစိတ် သိချင်တာလေးများရှိရင်
cb📩 မှာစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ🤍








အကောင်းဆုံး Content တွေနဲ့ ပြန်လာခဲ့ပါ့မယ်နော် 💪🏻🫶🏻
24/03/2026

အကောင်းဆုံး Content တွေနဲ့ ပြန်လာခဲ့ပါ့မယ်နော် 💪🏻🫶🏻







Helloo👀
ကျွန်တော် ပျောက်နေတဲ့ ၂ လကျော်အတွင်းမှာ အားလုံးပဲ Workout တွေ ပုံမှန်လုပ်ဖြစ်ကြရဲ့လား? 🏋️‍♂️
ကျန်းမာရေးထက် အရေးကြီးတာ ဘာမှမရှိဘူးဆိုတာကို ပြီးခဲ့တဲ့ ၅လအတွင်း ကျွန်တော်ကိုယ်တိုင် လက်တွေ့ သင်ခန်းစာရခဲ့ပါတယ်။🤒
တစ်ခါတလေ ဘဝမှာ ကိုယ်မထင်မှတ်ထားတာတွေကြောင့် ခေတ္တ အနားယူလိုက်ရတာမျိုး ရှိတတ်ပါတယ်။
အခုတော့ အားအင်အပြည့်နဲ့ ပြန်လာပါပြီလို့။💪
စောင့်မျှော်ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။🥰

မကြာခင်ပိုကောင်းတဲ့၊ ပိုစုံလင်တဲ့ ကျန်းမာရေးနဲ့ လေ့ကျင့်ခန်း Content တွေနဲ့အတူ ပုံမှန်ပြန်လာပါတော့မယ်။
ဘယ်လိုအကြောင်းအရာလေးတွေတင်ပေးမလဲဆိုတာစောင့်ကြည့်ပေးကြပါဦးနော်။✨
လက်ရှိမှာ မိတ်ဆွေတို့ သိချင်နေတဲ့ ကျန်းမာရေး ဗဟုသုတ ဒါမှမဟုတ် လေ့ကျင့်ခန်းတွေ ရှိရင်လည်း
Comment မှာ ရေးပေးခဲ့လို့ရတယ်နော်။☺️







Address


Telephone

+959756764100

Website

Alerts

Be the first to know and let us send you an email when Fit With Zwal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Gym/sports Facility?

Share