Ayeyawady FC - Women

Ayeyawady FC - Women ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု Myanmar Women League ကလပ်အသင်း

အာရှအမျိုးသမီးချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ဂျပန်ကလပ် တိုကျိုဗာဒီအသင်း နှင့် ယှဉ်ပြိုင်ရန် Stallion Laguna အသင...
25/03/2026

အာရှအမျိုးသမီးချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ဂျပန်ကလပ် တိုကျိုဗာဒီအသင်း နှင့် ယှဉ်ပြိုင်ရန် Stallion Laguna အသင်းနှင့်အတူ ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် စန်းသော်သော်၊ ဖြူဖွေး၊ ကီရာ၊ အူဘေး

AFC Women’s Champion League Quarter Final

Tokyo Verdy Vs Stallion Laguna
March 28, 8PM (JST) , Ajitomoto Stadium , Japan

ဝမ်းနည်းကြေကွဲခြင်းဦးတင်မြင့်အောင် (အသက် ၅၉ နှစ်)(မြန်မာ့လက်ရွေးစင် ကစားသမား)(မြန်မာ့လက်ရွေးစင် နည်းပြချုပ်)(နည်းစနစ် ဒါ...
23/03/2026

ဝမ်းနည်းကြေကွဲခြင်း

ဦးတင်မြင့်အောင် (အသက် ၅၉ နှစ်)

(မြန်မာ့လက်ရွေးစင် ကစားသမား)
(မြန်မာ့လက်ရွေးစင် နည်းပြချုပ်)
(နည်းစနစ် ဒါရိုက်တာ)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင် နည်းစနစ် ဒါရိုက်တာ၊ တွဲဖက် နည်းစနစ်ဒါရိုက်တာ၊ မြန်မာ့လက်ရွေးစင် အမျိုးသား အသင်း နည်းပြချုပ်၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် စသည့် ရာထူးတာဝန်များ ထမ်းဆောင်ခဲ့သည့် ငွေခေတ်မြန်မာ့လက်ရွေးစင်နှင့် ဘဏ္ဏာအခွန်အသင်း ကစားသမားဟောင်း ဦးတင်မြင့်အောင် (အသက်-၅၉)နှစ်သည် ယနေ့ မနက်ပိုင်းက ၉၆ ပါးသော ရောဂါဖြင့် ဘဝတစ်ပါးသို့ကူးပြောင်းသွားကြောင်း ဝမ်းနည်းစွာ သိရှိရပါသည်။

ဦးတင်မြင့်အောင်သည် ကစားသမားဘဝတွင် တက္ကသိုလ် လက်ရွေးစင်အသင်းတွင် ၁၉၈၅ မှ ၁၉၉၄ ခုနှစ်အထိ ကစားခဲ့ပြီးနောက် ၁၉၈၇ မှ ၂၀၀၀ ခုနှစ်အထိ ပထမတန်းကလပ် ဘဏ္ဏာ/အခွန်၊ ယင်းနောက် ၁၉၈၉ မှ ၁၉၉၁ အထိ မလေးရှားကလပ် Armed Forces FC တို့တွင် ပရော်ဖက်ရှင်နယ်အဖြစ် ကစားခဲ့ပါသည်။ ၁၉၈၉ မှ ၂၀၀၀ ခုနှစ်အထိ မြန်မာ့လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့ပြီး ၁၉၉၃ ဆီးဂိမ်းစ် ငွေတံဆိပ်ဆု ရရှိခဲ့ကာ ဘဏ္ဏာအခွန် အသင်းနှင့်အတူ ပြည်တွင်းချန်ပီယံဆုများလည်း ရရှိခဲ့ပါသည်။ ၁၉၉၇ တွင် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါသည်။

နည်းပြဘဝအား ၂၀၀၂ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် စတင်ခဲ့ပြီးနောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်၊ မြန်မာ့လက်ရွေးစင် အမျိုးသား အသင်းနည်းပြချုပ်၊ မြန်မာ ယူ၂၃ အသင်း နည်းပြချုပ် တာဝန်များအား ထမ်းဆောင်ခဲ့သလို Ayeyarwady United FC အသင်းနည်းပြချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပါသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင် နည်းပြတာဝန်များသာမက လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများကိုလည်း တာဝန်ယူဆောင်ရွက်ခဲ့သလို နည်းစနစ်ဆိုင်ရာ တာဝန်များကိုလည်း ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများနှင့်အတူ ပူးပေါင်းတာဝန်ထမ်းဆောင်ခဲ့ပါသည်။ တွဲဖက်အထွေထွေ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အသင်းမန်နေဂျာအဖြစ်လည်းကောင်း အုပ်ချုပ်မှုဆိုင်ရာတာဝန်များ ထမ်းဆောင်ခဲ့သလို နည်းပြလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ အာရှဘောလုံးအဖွဲ့ချုပ် MA Instructor အဖြစ်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် နည်းပြသင်တန်းများအား ဦးဆောင်ပို့ချပေးခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖြစ်လည်း တာဝန်ယူခဲ့ပြီး နည်းစနစ်ကော်မတီ လုပ်ငန်းတာဝန်များလည်း ထမ်းဆောင်ခဲ့ပါသည်။

ဦးတင်မြင့်အောင်သည် မြန်မာ့ဘောလုံးလောကတွင် ကစားသမား၊ နည်းပြ၊ နည်းစနစ်၊ စီမံအုပ်ချုပ် စသည့်ကျရာ နေရာအသီးသီးတွင် အကောင်းဆုံး ကြိုးစားစွမ်းဆောင်ပေးခဲ့သူ တစ်ဦးဖြစ်သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က MFF Service Award ဆုကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်စ်တွင် ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ဦးတင်မြင့်အောင် ကွယ်လွန်သွားခြင်းသည် မြန်မာ့ဘောလုံးလောအတွက် ဆုံးရှုံးနစ်နာမှု တစ်ခုဖြစ်ပြီး အဖွဲ့ချုပ် အနေဖြင့် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ ဦးတင်မြင့်အောင် ကောင်းရာသုဂတိသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

ဧရာဝတီအမျိုးသမီးဘောလုံးအသင်း မိသားစု

Happy Birthday Htet Htet Win 8️⃣ယနေ့မှာ ကျရောက်သော ဧရာဝတီအက်ဖ်စီ ကစားသမား  ထက်ထက်ဝင်း၏ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစ...
15/03/2026

Happy Birthday Htet Htet Win 8️⃣

ယနေ့မှာ ကျရောက်သော ဧရာဝတီအက်ဖ်စီ ကစားသမား ထက်ထက်ဝင်း၏ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အားကစားလောကတွင် အောင်မြင်မှုသရဖူများ ဆောင်းနိုင်ပါစေ။ နိုင်ငံဂုဏ်ဆောင် ကစားသမားကောင်းတစ်ဦးအဖြစ် ယခုထက်မက တောက်ပနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်

Happy Birthday Naing Naing Win 1️⃣8️⃣ယနေ့မှာ ကျရောက်သော ဧရာဝတီအက်ဖ်စီ နောက်ခံကစားသမား  နိုင်နိုင်ဝင်း၏ မွေးနေ့မှသည် နောင...
08/03/2026

Happy Birthday Naing Naing Win 1️⃣8️⃣

ယနေ့မှာ ကျရောက်သော ဧရာဝတီအက်ဖ်စီ နောက်ခံကစားသမား နိုင်နိုင်ဝင်း၏ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အားကစားလောကတွင် အောင်မြင်မှုသရဖူများ ဆောင်းနိုင်ပါစေ။ နိုင်ငံဂုဏ်ဆောင် ကစားသမားကောင်းတစ်ဦးအဖြစ် ယခုထက်မက တောက်ပနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်

တဆက်တည်း ပရိသတ်များကို သတင်းပေးချင်တာကတော့ နိုင်နိုင်ဝင်း အနေနဲ့ ဒဏ်ရာကနေ သက်သာလာပြီး မကြာမီမှာ ပြန်လည်ပြီး လေ့ကျင့်နိုင်တော့မှာဖြစ်ပါတယ်။

EMPOWERED WOMEN, POWERFUL GAME! ဘောလုံးကွင်းထဲမှာတင်မကဘဲ နယ်ပယ်အသီးသီးမှာ ကိုယ့်အရည်အချင်းနဲ့ကိုယ် တောက်ပနေကြတဲ့ အမျိုးသ...
08/03/2026

EMPOWERED WOMEN, POWERFUL GAME!

ဘောလုံးကွင်းထဲမှာတင်မကဘဲ နယ်ပယ်အသီးသီးမှာ ကိုယ့်အရည်အချင်းနဲ့ကိုယ် တောက်ပနေကြတဲ့ အမျိုးသမီးထုတစ်ရပ်လုံးကို Ayeyawady FC Wonen မှ လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါတယ်။

အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ဟာ အကန့်အသတ်မရှိသလို၊ သူတို့ရဲ့ စိတ်ဓာတ်ခွန်အားကလည်း ကမ္ဘာကြီးကို ပိုမိုလှပစေပါတယ်။ ဒီနေ့မှာတင်မကဘဲ နေ့ရက်တိုင်းမှာ ပိုမိုတောက်ပနိုင်ကြပါစေ။

"၂၀၂၆ ခုနှစ်၊ တရုတ်နှစ်သစ်ကူးမှစ၍ မိဘပြည်သူများအားလုံး စီးပွားလာဘ်လာဘများ တိုးပွားပြီး လိုရာဆန္ဒများ ပြည့်ဝကြပါစေ။ ရှေ့ဆ...
17/02/2026

"၂၀၂၆ ခုနှစ်၊ တရုတ်နှစ်သစ်ကူးမှစ၍ မိဘပြည်သူများအားလုံး စီးပွားလာဘ်လာဘများ တိုးပွားပြီး လိုရာဆန္ဒများ ပြည့်ဝကြပါစေ။ ရှေ့ဆက်မည့် လုပ်ငန်းဆောင်တာတိုင်း အောင်မြင်ချောမွေ့ကာ ဘေးဘယာဝေးကွာပြီး ပျော်ရွှင်ချမ်းမြေ့သော နှစ်သစ်ဖြစ်ပါစေကြောင်း Ayeyawady FC Women မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။"

Happy Birthday Our Goalkeeper Ei Sandar Zaw 🧤ယနေ့မှာ ကျရောက်သော ဧရာဝတီအက်ဖ်စီနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ ဂိ...
15/02/2026

Happy Birthday Our Goalkeeper Ei Sandar Zaw 🧤

ယနေ့မှာ ကျရောက်သော ဧရာဝတီအက်ဖ်စီနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ ဂိုးသမား အိစန္ဒာဇော် ၏ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အားကစားလောကတွင် အောင်မြင်မှုသရဖူများ ဆောင်းနိုင်ပါစေ။ နိုင်ငံဂုဏ်ဆောင် ကစားသမားကောင်းတစ်ဦးအဖြစ် ယခုထက်မက တောက်ပနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်

Welcome Nan Khaing Zin Myint ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းသည် အနာဂတ်အတွက် လူငယ်ကစားသမားများ ဖြည့်တင်းသည့်အနေဖြင့် ကရင်တိ...
13/02/2026

Welcome Nan Khaing Zin Myint

ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းသည် အနာဂတ်အတွက် လူငယ်ကစားသမားများ ဖြည့်တင်းသည့်အနေဖြင့် ကရင်တိုင်းရင်းသူ လူငယ် တောင်ပံ ကစားသမား နန်းခိုင်ဇင်မြင့် ကို တရားဝင်ခေါ်ယူစာချုပ်ဆိုလိုက်ပြီ ဖြစ်ပါသည်။

နန်းခိုင်ဇင်မြင့်သည် ကရင်ပြည်နယ်ကိုယ်စားပြုအသင်းနှင့်အတူ တိုင်းနှင့်ပြည်နယ် အမျိုးသမီးဘောလုံးပြိုင်ပွဲများ နှင့် ကရင်ပြည်နယ်အတွင်းကျင်းပသည့် ပြိုင်ပွဲများတွင် ထူးချွန်သည့် ခြေစွမ်းများပြသနိုင်ခဲ့သူ ဖြစ်သည်။

ထိုမှတစ်ဆင့် မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်း သို့ ရွေးချယ်ခံခဲ့ရပြီး Lionesses FC နှင့်အတူ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲများတွင်လည်း အတွေ့အကြုံရင့်ကျက်လာသည့် ကစားသမားတစ်ဦး ဖြစ်ပါသည်။

ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းသည် လာမည့် မြန်မာအမျိုးသမီးလိဂ် ဘောလုံးရာသီနှင့် AFC Women’s League ပြိုင်ပွဲများတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန်အတွက် အားကောင်းသော လူစာရင်းကို ဆက်လက်ဖြည့်တင်းသွားရန် ပြင်ဆင်လျက်ရှိပါသည်။

Happy Birthday Our Defender Zune Yu Ya Oo 4️⃣ယနေ့မှာ ကျရောက်သော ဧရာဝတီအက်ဖ်စီနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အမ...
12/02/2026

Happy Birthday Our Defender Zune Yu Ya Oo 4️⃣

ယနေ့မှာ ကျရောက်သော ဧရာဝတီအက်ဖ်စီနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အမာခံနောက်ခံလူ ဇွန်ယုယဦး၏ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အားကစားလောကတွင် အောင်မြင်မှုသရဖူများ ဆောင်းနိုင်ပါစေ။ နိုင်ငံဂုဏ်ဆောင် ကစားသမားကောင်းတစ်ဦးအဖြစ် ယခုထက်မက တောက်ပနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်

Tar

Welcome Min Htone May Zi Tar!ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းသည် အနာဂတ်အတွက် လူငယ်ကစားသမားများ ဖြည့်တင်းသည့်အနေဖြင့် ကချင်တ...
11/02/2026

Welcome Min Htone May Zi Tar!

ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းသည် အနာဂတ်အတွက် လူငယ်ကစားသမားများ ဖြည့်တင်းသည့်အနေဖြင့် ကချင်တိုင်းရင်းသူ လူငယ်ကွင်းလယ်ကစားသမား မင်ထုန်းမေဇီတာ ကို တရားဝင်ခေါ်ယူစာချုပ်ဆိုလိုက်ပြီ ဖြစ်ပါသည်။

မင်ထုန်းမေဇီတာသည် ကချင်ပြည်နယ်ကိုယ်စားပြုအသင်းနှင့်အတူ တိုင်းနှင့်ပြည်နယ် အမျိုးသမီးဘောလုံးပြိုင်ပွဲများတွင် ထူးချွန်သည့် ခြေစွမ်းများပြသနိုင်ခဲ့သူ ဖြစ်သည်။ ထိုမှတစ်ဆင့် မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်း သို့ ရွေးချယ်ခံခဲ့ရပြီး Lionesses FC နှင့်အတူ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲများတွင်လည်း အတွေ့အကြုံရင့်ကျက်လာသည့် ကစားသမားတစ်ဦး ဖြစ်ပါသည်။

ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းသည် လာမည့် မြန်မာအမျိုးသမီးလိဂ် ဘောလုံးရာသီနှင့် AFC Women’s League ပြိုင်ပွဲများတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန်အတွက် အားကောင်းသော လူစာရင်းကို ဆက်လက်ဖြည့်တင်းသွားရန် ပြင်ဆင်လျက်ရှိပါသည်။

Tar

Alyssa Jane Ube, thank you for every bit of passion you brought to the pitch. Your journey with Ayeyawady FC has been no...
07/02/2026

Alyssa Jane Ube, thank you for every bit of passion you brought to the pitch. Your journey with Ayeyawady FC has been nothing short of incredible, and your connection with the fans is something we will always cherish. 💙

Once a part of the family, always a part of the family. We’ll be rooting for you, too!

See you again, Ube 🇲🇲 🇵🇭

ဧရာဝတီအက်ဖ်စီ အသင်းကို ရာသီဝက် အငှါးစာချုပ်ဖြင့် လာရောက်ကစားခဲ့တဲ့ ဖိလစ်ပိုင်ကစားသမား အူဘေး အနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးဖြစ်လို့ မိခင် ဖိလစ်ပိုင်ကလပ် Stallion Laguna အသင်းနဲ့ ပြန်လည်ပူးပေါင်းသွားပြီ ဖြစ်ပါတယ်။

အသင်းမှာရှိစဉ်ကာလတလျောက် အတူတကွ အကောင်းဆုံးကြိုးစားပေးခဲ့တဲ့ အူဘေး နဲ့ စေလွတ်ပေးခဲ့တဲ့ Stallion Laguna အသင်းကို အထူးပင်ကျေးဇူးတင်ရှိကြောင်း
ဖော်ပြအပ်ပါတယ်။

"I will never forget the memories we shared together in Myanmar!"As Kirara Ogawa moves on to her next adventure, we look...
07/02/2026

"I will never forget the memories we shared together in Myanmar!"

As Kirara Ogawa moves on to her next adventure, we look back on the incredible impact she made here at Ayeyawady FC. Thank you for the passion, the smiles, and the dedication.

See you again, Kira! 🇯🇵🇲🇲

ဧရာဝတီအက်ဖ်စီ အသင်းကို ရာသီဝက် အငှါးစာချုပ်ဖြင့် လာရောက်ကစားခဲ့တဲ့ ဂျပန်ကစားသမား ကီရာ အိုကာဝါ အနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးဖြစ်လို့ မိခင် ဖိလစ်ပိုင်ကလပ် Stallion Laguna အသင်းနဲ့ ပြန်လည်ပူးပေါင်းသွားပြီ ဖြစ်ပါတယ်။

အသင်းမှာရှိစဉ်ကာလတလျောက် အတူတကွ အကောင်းဆုံးကြိုးစားပေးခဲ့တဲ့ ကီရာ နဲ့ စေလွတ်ပေးခဲ့တဲ့ Stallion Laguna အသင်းကို အထူးပင်ကျေးဇူးတင်ရှိကြောင်း
ဖော်ပြအပ်ပါတယ်။

Address

Thingangyun

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Ayeyawady FC - Women posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category