1XBET Myanmar Partners

1XBET Myanmar Partners Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 1XBET Myanmar Partners, Sports, Thanlyin.

05/10/2026

🔴ဂိုးသွင်းပီးတာတောင် အောင်ပွဲခံတဲ့ပုံစံက စောက်ချိုးမပြေဘူး 😡😡😡

🔴စီရော်နယ်ဒိုမရှိတော့တဲ့ ပေါ်တူဂီအသင်း နေးရှင်းလိဂ်ပြိုင်ပွဲ နော်ဝေ အသင်းနှင့်ပွဲစဉ် ပထမပိုင်းအပြီးမှာ တစ်ဖက်တစ်ဂိုးစီသရ...
04/10/2026

🔴စီရော်နယ်ဒိုမရှိတော့တဲ့ ပေါ်တူဂီအသင်း နေးရှင်းလိဂ်ပြိုင်ပွဲ နော်ဝေ အသင်းနှင့်ပွဲစဉ် ပထမပိုင်းအပြီးမှာ တစ်ဖက်တစ်ဂိုးစီသရေကျနေ
#စီရော်နယ်ဒိုမပါဝင်တဲ့ ပေါ်တူဂီအသင်းဟာ ဆားမပါတဲ့ ဟင်းလိုပါပဲ

🔴 မန်ချက်စတာ ယူနိုက်တက်နည်းပြ မိုက်ကယ် ကာရစ်ခ် ဟာ Lausanne နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ Diego Leon ရဲ့ အလားအလာကောင်းတွေက...
04/10/2026

🔴 မန်ချက်စတာ ယူနိုက်တက်နည်းပြ မိုက်ကယ် ကာရစ်ခ် ဟာ Lausanne နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ Diego Leon ရဲ့ အလားအလာကောင်းတွေကို အပြည့်အဝ မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်တွေရဲ့အဆိုအရ ကာရစ်ခ်နဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဟာ ပါရာဂွေးသား လူငယ်ကစားသမားရဲ့ တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်း နှစ်ဖက်စလုံးမှာ ပြသခဲ့တဲ့ စွမ်းအင်နဲ့ ကြိုးစားအားထုတ်မှုတွေကို အထူးသဘောကျခဲ့ကြပြီး နည်းပြတွေရဲ့ အာရုံစိုက်မှုကိုပါ ရရှိခဲ့ပါတယ်။

ကာရစ်ခ်ရဲ့ အမြင်အရ လီယွန်ရဲ့ ကြံ့ခိုင်မှုအခြေအနေက အလွန်ကောင်းမွန်နေပြီး သူ့ကို ပထမအသင်းနဲ့ တဖြည်းဖြည်း ပေါင်းစပ်ပေးကာ အတွေ့အကြုံနဲ့ စွမ်းရည်တွေ ပိုမိုတိုးတက်လာအောင် ကူညီပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

အသက်ငယ်သေးတဲ့ Diego Leon ဟာ ဒီအတိုင်း ဆက်လက်တိုးတက်လာနိုင်မယ်ဆိုရင် ယူနိုက်တက်အတွက် အရည်အသွေးကောင်းတဲ့ ဘယ်နောက်ခံကစားသမားတစ်ဦး ဖြစ်လာနိုင်သလို ရေရှည်မှာ Luke Shaw ရဲ့ နေရာကို ဆက်ခံနိုင်မယ့် ကစားသမားတစ်ဦး ဖြစ်လာနိုင်ပါတယ်။





🔴ရီးရဲလ်မှာ ပွဲကစားချိန် ၄ မိနစ်ပဲ ရသေးလို့ ဇန်နဝါရီမှာ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ အန်းဒရစ် ကို အပြိုင်ခေါ်ယူဖို့ ကြိုးပမ်...
04/10/2026

🔴ရီးရဲလ်မှာ ပွဲကစားချိန် ၄ မိနစ်ပဲ ရသေးလို့ ဇန်နဝါရီမှာ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ အန်းဒရစ် ကို အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းလာကြတဲ့ အေစီမီလန် နဲ့ ရိုးမား

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဘရာဇီး Wonderkid တိုက်စစ်မှူးလေး အန်းဒရစ် ကတော့ ယခုရာသီမှာ အသင်းအတွက် စုစုပေါင်း ကစားချိန် ၄ မိနစ် သာ ပါဝင်ကစားခွင့် ရရှိထားတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ အစီအစဉ်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း UOL Esporte က ဖော်ပြလာခဲ့ပါတယ်!

အသက် ၁၉ အရွယ် အန်းဒရစ် ဟာ ပုံမှန် ပွဲထွက်ခွင့် ရရှိပြီး ခြေစွမ်းပြသနိုင်ဖို့အတွက် အသင်းပြောင်းရွှေ့ရန် ပွင့်လင်းစွာ စဉ်းစားနေတာပါ။ လက်ရှိမှာတော့ စီးရီးအေ ထိပ်သီး ကလပ်တွေဖြစ်ကြတဲ့ အေစီမီလန် နဲ့ အေအက်စ် ရိုးမား တို့က အဆိုပါ တိုက်စစ်မှူးလေးကို ဇန်နဝါရီမှာ အရခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ အန်းဒရစ် တစ်ယောက် အီတလီမြေမှာ အငှား ဒါမှမဟုတ် အပြီးသတ် ပြောင်းရွှေ့ပြီး ခြေစွမ်းပြသသွားနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်


🔴ပေါ်တူဂီသမ္မတက Ronaldo ကို သမ္မတအိမ်တော်သို့ သီးသန့်တွေ့ဆုံရန် ဖိတ်ကြားခဲ့ကြောင်း သတင်းထွက်ပေါ်ပေါ်တူဂီလက်ရွေးစင်အသင်းန...
03/10/2026

🔴ပေါ်တူဂီသမ္မတက Ronaldo ကို သမ္မတအိမ်တော်သို့ သီးသန့်တွေ့ဆုံရန် ဖိတ်ကြားခဲ့ကြောင်း သတင်းထွက်ပေါ်

ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ ပတ်သက်ပြီး လတ်တလော ဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုတွေကြားမှာ ပေါ်တူဂီသမ္မတက Cristiano Ronaldo ကို သမ္မတအိမ်တော်သို့ ဖိတ်ကြားပြီး သီးသန့်တွေ့ဆုံဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ သတင်းဖော်ပြချက်တစ်ခု ထွက်ပေါ်လာပါတယ်။
အဆိုပါတွေ့ဆုံမှုမှာ Ronaldo ဟာ ပေါ်တူဂီအသင်းစခန်းကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းအရင်းတွေနဲ့ နိုင်ငံအသင်းအနာဂတ်အပေါ် ဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုတွေကို ဆွေးနွေးချင်တယ်လို့ ဆိုပါတယ်။
သတင်းရင်းမြစ်တစ်ခုရဲ့ ပြောကြားချက်အရ သမ္မတဘက်က Ronaldo ကိုပေါ်တူဂီအတွက် အရာအားလုံး ပေးဆပ်ခဲ့တဲ့ ကစားသမားတစ်ယောက်ကို ဒီလိုဆက်ဆံတာမျိုး မဖြစ်သင့်ပါဘူး။မင်းရဲ့နှလုံးသား၊ ခန္ဓာကိုယ်နဲ့ အကောင်းဆုံးအချိန်တွေကို ဒီနိုင်ငံအတွက် ပေးဆပ်ခဲ့တာပါ။ပေါ်တူဂီနိုင်ငံက မင်းကို တန်ဖိုးထားနေဆဲဆိုတာ သိစေချင်ပါတယ်။ဒါ့အပြင် Ronaldo အနေနဲ့ နိုင်ငံအသင်းအပေါ် ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပြီး ပေါ်တူဂီအသင်းအတွက် ဆက်လက်ကစားပေးဖို့ တိုက်တွန်းနေကြတယ်လို့လည်း ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ Ronaldo ဆက်ကစားသည်ဖြစ်စေ၊ နိုင်ငံအသင်းကနေ အနားယူသည်ဖြစ်စေ သူ့ရဲ့အောင်မြင်မှုတွေနဲ့ ထိုက်တန်တဲ့ ဂုဏ်ပြုနှုတ်ဆက်ပွဲတစ်ခု ပြုလုပ်ပေးဖို့ သမ္မတဘက်က လိုလားနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ပေါ်တူဂီအတွက် သွင်းဂိုးတွေ၊ ဆုဖလားတွေနဲ့ မမေ့နိုင်တဲ့ အမှတ်တရတွေကို ပေးဆပ်ခဲ့သူ Cristiano Ronaldo ဟာ သာမန်ကစားသမားတစ်ဦးလိုမဟုတ်ဘဲ ပေါ်တူဂီဘောလုံးသမိုင်းရဲ့ အထင်ကရ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

🔴ဒိန်းမတ်အသင်းကို 2-4 နဲ့ အနိုင်ရခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ ပထမပိုင်း အထင်ကရ ခြေစွမ်းနဲ့ ပတ်သက်ပြီး ကာဖူး (Cafu) ပြောကြားခဲ...
02/10/2026

🔴ဒိန်းမတ်အသင်းကို 2-4 နဲ့ အနိုင်ရခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ ပထမပိုင်း အထင်ကရ ခြေစွမ်းနဲ့ ပတ်သက်ပြီး ကာဖူး (Cafu) ပြောကြားခဲ့တာတွေကတော့

​“ဒါဟာ ကျနော်တို့ သိထားကြတဲ့ ပေါ်တူဂီအသင်း စစ်စစ်ပါပဲ။

ပြိုင်ဘက်ကို ဖိအားပေးကစားပုံ (Pressing) နဲ့ ဂိုးရဖို့အတွက် ကစားကွက် တည်ဆောက်ပုံ အဆင့်အတန်းတွေဟာ ကြည့်ရတာ တကယ့်ကို အံ့မခန်းပါပဲ။

ရော်နယ်ဒို မပါလို့ အခုလို ပြောင်းလဲသွားတာလို့ ကျနော် မပြောလိုပါဘူး၊ ဒါပေမဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကတည်းက စလို့ နောက်ပိုင်းမှာ သူ့ရဲ့ ပါဝင်ပတ်သက်မှုက အခုလိုမျိုး သိပ်ပြီး အားရစရာ မကောင်းခဲ့တာတော့ အမှန်ပါပဲ။”

​“ရော်နယ်ဒို ပါဝင်ခဲ့တဲ့ လွန်ခဲ့တဲ့ ပွဲအနည်းငယ်မှာ သူတို့ဆီက ဒီလိုကစားဟန်မျိုး မတွေ့ခဲ့ရပါဘူး။

အခု သူတို့ ကစားတာကို ကြည့်ရတာ တကယ့်ကို အံ့ဩစရာကောင်းပြီး ပွဲထဲမှာ တိုက်ပွဲဝင်စိတ်နဲ့ ပါဝင်ကူညီမှုတွေဟာ အတော်လေးကို ကွာခြားသွားခဲ့ပါတယ်။”

​“အခု ကျနော့်ရဲ့ မေးခွန်းကတော့… ရော်နယ်ဒို ရှိနေတုန်းက ကစားသမားတွေဟာ ဘာလုပ်နေကြတာလဲ ဆိုတာပါပဲ။

စိတ်ပျက်စရာကောင်းတာက သူတို့ဟာ ရော်နယ်ဒိုအတွက် မကစားပေးချင်ဘဲ သူတို့ ကိုယ်တိုင်အတွက်ပဲ ကစားချင်ခဲ့ကြတာ ရှင်းနေတာပါပဲ။”

လူတွေရဲ့အတ္တစိတ်ကသိပ်ကြောက်စရာကောင်းပါတယ်ဗျာ၊ ကမ္ဘာ့ဘော်လုံးလောကရဲ့ ကမ္ဘာကျော်ကစားသမားနဲ့
အတူလက်တွဲပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာ နိုင်ငံအတွက် ဆုဖလားတွေအားလုံးသိမ်းပိုက်နိုင်တဲ့ အဆင့်အတန်းမျိုးရှိပါလျက်နဲ့ ရော်နယ်ဒိုကို ခြေရာတိုင်းပြီး မနာလိုစိတ်တွေနဲ့
နိုင်ငံအတွက်ရနိုင်တဲ့အောင်မြင်မှုတွေကို အဖွဲ့လိုက်ဖျက်ဆီးခဲ့ကြတာ အသိသာကြီးပါဗျာ။

ကျွန်တော့်အနေနဲ့ ရော်နယ်ဒိုအတွက် စိတ်မကောင်းပါဘူး။

🔴တိုနီ ခရူးစ်က ဘရူနို ဖာနန်ဒက်စ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်ဒီပွဲက ဘရူနို ဟာ ပေါ်တူဂီအတွက် ဘာကြောင့် အမြဲတမ်း ပြ...
02/10/2026

🔴တိုနီ ခရူးစ်က ဘရူနို ဖာနန်ဒက်စ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်

ဒီပွဲက ဘရူနို ဟာ ပေါ်တူဂီအတွက် ဘာကြောင့် အမြဲတမ်း ပြဿနာဖြစ်နေခဲ့သလဲဆိုတာ ပြသလိုက်ပါတယ်။ရော်နယ်ဒို ကွင်းထဲရှိနေတဲ့အချိန်တိုင်း ဘရူနိုဟာ ကွင်းလယ်ကစားသမားတစ်ယောက်အနေနဲ့ ကောင်းမွန်တဲ့ ဘောလုံးကစားပုံကို ရပ်တန့်သွားသလို ဖြစ်နေပြီး ဒါက ပေါ်တူဂီအသင်းအတွက် အများကြီး ထိခိုက်စေခဲ့တယ်။

ဒီနေ့ပွဲမှာတော့ ဘရူနိုဟာ တတိယဇုန်ထဲကို အကောင်းဆုံးပေးပို့မှုတွေ လုပ်နိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ ကြိမ်တောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ရော်နယ်ဒို ကွင်းထဲရှိနေတဲ့အချိန်မှာတော့ ဘာကြောင့်မှန်းမသိ ဘောလုံးတွေကို ဂိုးသမားဆီပဲ ပေးပို့နေသလို ဖြစ်နေတယ်။

တစ်ချိန်ချိန်မှာတော့ ကိုယ့်ကိုယ်ကို ‘ဘာကြောင့်လဲ’ ဆိုပြီး မေးကြည့်ဖို့ လိုပါတယ်။

🔴လမ်းမန်းစ်ဟာ ဒေးဗစ် ရာယာထက် ပိုတော်တယ်လို့ ပြောလိုက်ရင် အာဆင်နယ် ပရိသတ်တွေက ဘောလုံးအကြောင်း မသိဘူးလို့ ပြောကြပါလိမ့်မယ်...
01/10/2026

🔴လမ်းမန်းစ်ဟာ ဒေးဗစ် ရာယာထက် ပိုတော်တယ်လို့ ပြောလိုက်ရင် အာဆင်နယ် ပရိသတ်တွေက ဘောလုံးအကြောင်း မသိဘူးလို့ ပြောကြပါလိမ့်မယ်

ဒါပေမဲ့ လက်တွေ့အရှိတရားကို ဆွေးနွေးကြည့်ရအောင်

စပိန်အသင်းကတော့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၀ မှာ ရောက်နေတဲ့ အသင်းရဲ့ ဂိုးသမား အူနိုင်း ဆီမွန်ကိုပဲ ပွဲထွက်ဂိုးသမားအဖြစ် ဆက်လက် သုံးစွဲနေပြီး၊ ဒေးဗစ် ရာယာ ကတော့ နိုင်ငံတကာ စင်မြင့်မှာ အခွင့်အရေးရဖို့ စောင့်ဆိုင်းနေရတုန်းပါပဲ

ဒါပေမဲ့လည်း အာဆင်နယ် ပရိသတ်တွေကတော့ ရာယာ ကို ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက်လို့ ဆက်လက် ယုံကြည်နေကြဆဲပါ

တစ်ဖက်မှာတော့ လမ်းမန်းစ် ဟာ လက်စွမ်းကောင်းတွေ ပြသနေပြီး နိုင်ငံတကာ စင်မြင့်မှာ မိမိကိုယ်ကို သက်သေပြဖို့ အခွင့်အရေးတွေ ရရှိနေပါတယ်

နောက်ဆုံးကစားခဲ့တဲ့ ပြင်သစ် နဲ့ ပွဲမှာ ဂိုးတစ်ဂိုး ပေးခဲ့ရပေမဲ့လည်း ဒီလိုအဆင့်မျိုးမှာ သူ ဘာတွေ လုပ်ပြနိုင်လဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ

ဒါပေမဲ့ ဒေးဗစ် ရာယာ အနေနဲ့ အာဆင်နယ် အတွက် စွမ်းဆောင်ပေးနေတဲ့ လက်စွမ်းမျိုး မိမိနိုင်ငံအသင်းအတွက်လည်း စွမ်းဆောင်ပေးနိုင်တယ်ဆိုတာ ဘယ်တုန်းက သက်သေပြခဲ့ဖူးလို့လဲ

နိုင်ငံတကာ စင်မြင့်မှာ သက်သေပြတာ မမြင်ရဘဲနဲ့ သူ့ကို ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက်လို့ ခေါ်လို့ မရသေးပါဘူး

ကစားသမားတိုင်းဟာ မိမိနိုင်ငံအတွက် တာဝန်ကျေစွာ တာဝန်ထမ်းဆောင်ချင်ကြတာဖြစ်ပြီး အကြီးမားဆုံး စင်မြင့်ပေါ်မှာ မိမိတို့ရဲ့အရည်အသွေးကို သက်သေပြချင်ကြတာပါ။ အဲဒီအတွက်ကြောင့်လည်း ခရစ်စတီယာနို ရော်နယ်ဒိုလို ကစားသမားမျိုးတောင်မှ အမျိုးသားအသင်းမှာ နေရာတစ်နေရာရဖို့ ဆက်လက် တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်

ဒါဆိုရင် ဒေးဗစ် ရာယာ အနေနဲ့ နိုင်ငံတကာ စင်မြင့်မှာ မိမိကိုယ်ကို သက်သေပြနိုင်မလား၊ ဒါမှမဟုတ် သူ့ရဲ့ နာမည်ကျော်ကြားမှုဟာ အာဆင်နယ် အတွက် စွမ်းဆောင်ပေးမှုတွေပေါ်မှာပဲ အဓိက အခြေတည်ထားတာလားဆိုတာ စောင့်ကြည့်ရပါအုံးမယ်

🔴ပေါ်တူဂီအသင်းလူစာရင်းကနေ နှုတ်ထွက်ခဲ့ပြီးနောက် ကိုယ်ပိုင်လေယာဉ်နဲ့အတူ မက်ဒရစ်မြို့ကိုထွက်ခွါသွားခဲ့တဲ့ ခရစ္စတီယာနို ရော...
01/10/2026

🔴ပေါ်တူဂီအသင်းလူစာရင်းကနေ နှုတ်ထွက်ခဲ့ပြီးနောက် ကိုယ်ပိုင်လေယာဉ်နဲ့အတူ မက်ဒရစ်မြို့ကိုထွက်ခွါသွားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို

နည်းပြ ဂျော့ဂျီးဆပ်စ်ဟာ ရော်နယ်ဒိုကို နော်ဝေနဲ့ပွဲမှာ ဒုတိယပိုင်းကစားခွင့်ပြုမယ်လို့ ဂတိပေးခဲ့ပေမယ့် ပျက်ကွက်ခဲ့ပြီး လာမယ့် ဒိန်းမတ်နဲ့ပွဲမှာလည်း ရော်နယ်ဒို ပွဲထွက်လူစားရင်မှာပါ၀င်မှာ မဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ အတိအလင်းကြေညာခဲ့ပါတယ်။

ဒါကြောင့်ပဲ ရော်နယ်ဒိုဟာ သူ့အပေါ် လိ၊မ်ညာခဲ့တယ်လို့ ခံစားခဲ့ရတာကြောင့် နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

🔴ဇီဒန်းဟာ သူ့ရဲ့ လစာငွေကြေးပိုင်းမှာလည်း ကွဲပြားခြားနားမှုကို ပြသလိုက်ပြန်ပါပြီ။​ဇီနီဒင်း ဇီဒန်းဟာ ပြင်သစ်အမျိုးသားအသင်း...
30/09/2026

🔴ဇီဒန်းဟာ သူ့ရဲ့ လစာငွေကြေးပိုင်းမှာလည်း ကွဲပြားခြားနားမှုကို ပြသလိုက်ပြန်ပါပြီ။

​ဇီနီဒင်း ဇီဒန်းဟာ ပြင်သစ်အမျိုးသားအသင်း နည်းပြအဖြစ် ဒေရှောင် ရရှိခဲ့တဲ့ တစ်လကို ယူရို ၃ သိန်းဝန်းကျင် (အခွန်မနှုတ်မီ) ဆိုတဲ့ ပုံသေလစာပမာဏကို ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်လက်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ​ဒါပေမဲ့ ဇီဇူးဟာ အလွန်ပဲ သတိထားမိစရာကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့တာပါ​သူဟာ ပွဲစဉ်တစ်ပွဲချင်းစီအလိုက် အပိုဆောင်း ယူရို ၄၄,၀၀၀ အထိ ရရှိနိုင်မယ့် ပုံရိပ်မူပိုင်ခွင့် (Image Rights) နဲ့ ပတ်သက်တဲ့ ဘောနပ်စ်ကြေးတွေကို စွန့်လွှတ်ခဲ့ပါတယ်။

​ဒါပေမဲ့ အဲဒီအစား သူ့ရဲ့ စာချုပ်ထဲမှာ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲလို အဓိက ပြိုင်ပွဲကြီးတွေမှာ ရရှိလာမယ့် ရလဒ်တွေပေါ် မူတည်ပြီး ရရှိမယ့် ဘောနပ်စ်ကြေးတွေကို အဆမတန် တိုးမြှင့် ထည့်သွင်းထားပါတယ်။

​တစ်နည်းအားဖြင့် ပြောရရင်တော့ ဇီဒန်းဟာ ပြင်သစ်အသင်းနဲ့အတူ ရရှိလာမယ့် အားကစားဆိုင်ရာ အောင်မြင်မှုတွေ အပေါ်မှာပဲ သူ့ရဲ့ ပြောင်းလဲနိုင်တဲ့ အပိုဝင်ငွေအများစုကို တိုက်ရိုက်ပုံအောပြီး လောင်းကြေးထပ်လိုက်တာပဲ ဖြစ်ပါတယ်။​သူဟာ ဒီနည်းပြရာထူးနေရာကို နှစ်နဲ့ချီပြီး စောင့်ဆိုင်းခဲ့ရတာပါ။

​အခုတော့ သူဟာ ကြီးမားတဲ့ အကျိုးအမြတ်တွေကို ကြီးမားတဲ့ ရလဒ်ကောင်းတွေ နဲ့အတူ လက်တွဲရယူချင်နေပါတယ်။ 🇫🇷

Address

Thanlyin

Website

Alerts

Be the first to know and let us send you an email when 1XBET Myanmar Partners posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category