02/07/2025
Shan (Southern) FC ကို လာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်ဗျ☺️🤗
Semi - Final Match
(7.7.2025) | 3:00 PM
Taunggyi Stadium
Shan (Southern) FC Vs Mar Rein FC
💪လူငယ်မျိုးဆက်သစ်များ မွေးထုတ်ပေးနေသည့် 🇲🇲ယူ၁၅ လိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်များနှင့် 🏆Grand Final ပွဲစဉ်အား ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပသွားမည်
-----------
🎯မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်ရေးအတွက် ရည်ရွယ်ကျင်းပသည့် ⚽️FIFA-MFF U15 Youth League 2024/25 ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ အဆင့်တွင် အောက်မြန်မာပြည် (ရန်ကုန်ဇုန်)မှ အဆင့်(၁) Royal Yangon FC အသင်းနှင့် အထက်မြန်မာပြည် (မန္တလေး)ဇုန် အဆင့်(၁) STNM FC အသင်း၊ အောက်မြန်မာပြည်(ရန်ကုန်ဇုန်)မှ အဆင့်(၂) Mar Rein FC အသင်း (တနင်္သာရီတိုင်း ဒေသကြီး ကိုယ်စားပြု) နှင့် အထက်မြန်မာပြည် (တောင်ကြီးဇုန်) အဆင့်(၁) Shan Southern FC အသင်းတို့ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
🏆အဆိုပါပွဲစဉ်များအား ယနေ့မနက်ပိုင်းက ပြိုင်ပွဲဝင် အသင်းများနှင့် မဲနှိုက်ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ပွဲစဉ်များအားလုံးကို တောင်ကြီးမြို့ ပြည်နယ် အားကစား ကွင်းတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ် ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကျင်းပသွားမည်ဖြစ်သည်။
✅ယခုနှစ်ကျင်းပသည့် ယူ၁၅ လိဂ်ပွဲစဉ်များအား အောက်မြန်မာပြည်ဇုန် (ရန်ကုန်)တွင် ပြိုင်ပွဲဝင် အသင်း(၁၂)သင်း၊ အထက်မြန်မာပြည်ဇုန်(မန္တလေး)တွင် ပြိုင်ပွဲဝင်အသင်း (၆)သင်း၊ အထက်မြန်မာပြည်ဇုန် (တောင်ကြီး)တွင် ပြိုင်ပွဲဝင်အသင်း (၆)သင်း တို့ဖြင့် ၂၀၂၄ ဒီဇင်ဘာမှ စတင်ကာ ဇုန်အလိုက် ကျင်းပခဲ့ပြီး ၂၀၂၅ ဇူလိုင်လတွင် အကြိုဗိုလ်လုပွဲများနှင့် Grand Final ဗိုလ်လုပွဲအား ကျင်းပခြင်း ဖြစ်သည်။
🏆FIFA-MFF U15 Youth League 2024/25 ပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များကို ဇူလိုင်လ (၇)ရက်နေ့ မနက်(၉း၀၀)နာရီနှင့် ညနေ(၃း၀၀)နာရီတွင်လည်းကောင်း၊ ဇူလိုင်လ(၁၀)ရက်နေ့ နံနက်(၉း၀၀)နာရီတွင် တတိယ နေရာလုပွဲနှင့် ညနေ(၃း၀၀)နာရီတွင် နောက်ဆုံးဗိုလ်လုပွဲ Grand Final နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုလည်းကောင်း ကျင်းပသွားမည် ဖြစ်သည်။
🎥အဆိုပါ ပွဲစဉ်များအား Reader Channel နှင့် Pyone Play Sports YouTube တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်ပါသည်။