Cycling Around Taunggyi

Cycling Around Taunggyi တောင်ကြီးမြို့ ပတ်ဝန်းကျင်မှ စက်ဘီ?

29/06/2024

🚨สำหรับหัวจ่าย⛽️ ชุดละ100,999 บาท
W125 79ชัก9 เอาไปตามหา230Gpsกันวัยรุ่น

28/02/2024
04/08/2023

"ဘူးသီးကြော်မုန့်နှစ်စပ်နည်း...😋😋😋
ဆိုင်ကြော်အတိုင်းအချိန်ကြာကြာကြွပ်တဲ့နည်း"...😋😋😋

သူ့အချိုးလေးက
1.ဆန်စိမ်းမှုန့် -240 g
2.ကောက်ညှင်းမှုန့်-120 g
3.ပဲစိမ်းမှုန့် -1 tbsp မောက် မောက်(20 g)
4.Baking soda. -1/2 tbsp
5.Baking Pd. -1/4 tbsp
အားလုံးသမအောင်မွှေပြီးဘူးထဲထည့်သိမ်းထား။
*ကြော်ရန်-အကြော်မှုန့်ကိုရေခဲရေနဲ့ဆတူနီးပါးရောဖျော်ပါ။ရေခဲရေကိုနဲနဲစီအရင်ရောပါ။လိုမှထပ်ထည့်ပါ။မုန့်နှစ်အပျစ်အကျဲကနို့ဆီလိုပျစ်‌တဲ့အနေဆိုရပါပြီ။မုန့်နှစ်ကိုအနည်းဆုံးနာရီဝက်နှပ်ထားပြီးမှကြော်ခါနီး ဆား1/4tsp,ဆီ1 tbsp(ဆီထည့်ခြင်းအားဖြင့်မုန့်သားကိုပိုမိုကြွပ်ရွစေပါတယ်)ဂျင်းကြက်သွန်ဖြူထောင်းထည့်လိုလျှင်ထည့်မထည့်လည်းရပါတယ်၊အ‌ရောင်တင်မှုန့်1/4 tsp(အရောင်တင်မှုန့်)
အားလုံးသမအောင်မွှေပါ။
ဒီအချိုးကအကြော်မှုန့်160 g(တစ်ဆယ်သား)အတွက်ပါ။
*ရေးကြီးတာကကြော်မယ့်ဘူးသီးကိုအလံုးလိုက်‌ေရ‌ေဆးအစိပ်မထူမပါးအခွံပါလှီးထားပြီးအတတ်နိုင်ဆုံးရေ‌ခြောက်အောင်သုတ်ထားပါ။
*ခြောက်နေတဲ့ဘူးသီးစိပ်များကိုကြော်ခါနီးအကြော်မှုန့်နဲ့အနည်းငယ်လူးထားပါ။(ပုံပါအတိုင်း)အဲ့လိုလူးထားခြင်းအားဖြင့်မုန့်နှစ်နဲ့အသီးကွာသွားခြင်းမရှိပါ။
*ကြော်တော့မယ်ဆိုဆီအိုးပူအောင်တည်ဘူးသီးချောင်းများကိုတစ်ချောင်းစီမုန့်နှစ်ရည်လူးပြီးဆီပူထဲထည့်ကြော်ပါ။ကြော်တဲ့အခါဆီပူမှထည့်ပြီးမီးအလယ်အလတ်နဲ့‌ေကြော်တဲ့အခါဆီပူမှထည့်ပြီးမီးအလယ်အလတ်နဲ့ကြော်ပါ။ရွှေအိုရောင်သန်းတဲ့အထိတစ်ဖက်တစ်ချက်လှန်‌ေရွှေအိုရောင်သန်းတဲ့အထိတစ်ဖက်တစ်ချက်လှန်ကြော်ပေးပါ။

**ဘူးသီးကြော်ရန်အဓိကအရေးကြီးတဲ့အချက်များ**
1.ကြော်မယ့်ဘူးသီးကရေလုံးဝမပါစေရ။
2.မုန့်နှစ်ကိုနို့ဆီလိုပျစ်နေအောင်ရေခဲရေနဲ့ဖျော်ရမည်။
3.မုန့်သားပိုမိုကြွပ်ရွ‌ေစရန်မုန့်နှစ်ထဲဆီတစ်ဇွန်းထည့်ဖျော်ပါ။
4.ခြောက်သွေ့နေတဲ့ဘူးသီးချောင်းများကိုကြော်ခါနီးအကြော်မှုန့်နဲ့လူးထားပါ။
5.ကြော်ခါနီးမှမုန့်နှစ်ထဲတစ်ချောင်းချင်းစီလူးကြော်ပါ။
အထက်ပါအချက်များကိုလိုက်နာရင်အချိန်ကြာကြာကြွပ်ပြီးစားကောင်းတဲ့ဘူးသီးကြော်ရပါပြီ။အစားကောင်းကောင်းစားချင်ရင်စိတ်ရှည်ရမယ်နော်😍

04/08/2023

Sandwich လုပ်နည်း
==========================
ဆန်း၀စ်ခ်ျဟာ တစ်ကမ္ဘာလုံး စားကြတဲ့ အစားအစာ တစ်ခုလို့တောင် ပြောလို့ ရပါတယ်။ မနက်စာ အဖြစ် စားကြသလို ပေါ့ပေါ့ပါးပါး သယ်သွားရတာ လွယ်တဲ့ အတွက် ပျော်ပွဲစားထွက်တဲ့ အခါမျိုးတွေမှာလည်း ယူသွားတတ်တဲ့ အစားအစာ တစ်ခုပါ။ ပေါင်မုန့်ကို အဓိက ထားပြီး လုပ်ရတဲ့ အစားအစာ ဖြစ်လို့ ပြုလုပ်ရ လွယ်ပြီး မြန်ဆန်တဲ့ အစားအစာပါ။ ကိုယ်တိုင် ပြုလုပ်ရလွယ်စေမယ့် Sandwich လုပ်နည်းကို မျှဝေလိုက်ရပါတယ်။
Tuna and Avocado Sandwich
လိုအပ်တဲ့ ပစ္စည်းတွေကတော့
– ထောပတ်သီး မမှည့်တမှည့် အနည်းငယ်
– Lemon Juice စားပွဲတင်ဇွန်း၀က်
– တူနာငါး ၁၂၀ ဂရမ်
– ခရမ်းချဉ်သီး ၂ ခြမ်း
– ဆလပ်ရွက် အနည်းငယ်
– ကြက်သွန်နီ တစ်လုံး
– ပေါင်မုန့် ၂ချပ်
– ဆား၊ ငရုတ်ကောင်း အနည်းငယ်
– သံလွင်ဆီ အနည်းငယ်
ပြုလုပ်နည်း
၁။ ကြက်သွန်နီကို အကွင်းလိုက် လှီးထားပါ။ ဆလပ်ရွက်ကို အနည်းငယ် လှီးထားပါ။
၂။ ပေါင်မုန့်ချပ်တွေမှာ သံလွင်ဆီကို တစ်ဖက်စီ သုတ်ပေးပါ။
၃။ ထောပတ်သီးကို အစိပ်လေးတွေ လှီးပြီး ပေါင်မုန့်ပေါ်မှာ စီးပါ။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ တူနာငါးနဲ့ ဆလပ်တွေကို စီထည့်ပါ။ ဆား၊ ငရုတ်ကောင်းနဲ့ အချဉ်ကို ကိုယ်လိုသလောက် ထည့်ပါ။
၄။ အပေါ်ကနေ ပေါင်မုန့်တစ်ချပ်ကို အုပ်လိုက်ပါ။ အရသာ ရှိလှတဲ့ တူနာထောပတ် ဆန်း၀စ်ခ်ျလေးကို ရပါပြီ။
Chicken and Cream Cheese Sandwich
လိုအပ်သောပစ္စည်းများ
– ပေါင်မုန့်နှစ်ချပ်
– ကြက်သား အသားချည်း
– ခရမ်းချဉ်သီး တစ်လုံး
– ချိစ် ၃၀ ဂရမ်
– ဆလပ်ရွက် အနည်းငယ်
– ဆား ၊ ငရုတ်ကောင်း
ပြုလုပ်နည်း
၁။ ကြက်သားကို ဆားအနည်းငယ်နဲ့ ပြုတ်ပါ။ ပြီးရင် အချပ်လိုက်ဖြစ်အောင် လှီးထားပါ။
၂။ ချိစ်တွေကို ပေါင်မုန့်ပေးမှာ နှံ့အောင် သုတ်ပါ။ ကြက်သားအချပ်တွေကို ထည့်ပါ။ ခရမ်းချဉ်သီးကို အချပ်လိုက် လှီးပါ။ ဆလပ်ရွက်ကို ထည့်ပါ။ ဆားနဲ့ ငရုတ်ကောင်းကို လိုသလောက် ထည့်ပါ။
၃။ အခြားပေါင်မုန့်တစ်ချပ်ကို အပေါ်ကနေ အုပ်ပါ။ တြိဂံပုံစံ ထောင့်လိုက်ဖြတ်ပါ။ အရသာ ရှိတဲ့ ဆန်း၀စ်ခ်ျရပါပြီ။
Source: brightside


Credit

10/05/2023
10/04/2023

Address

Ruby Street, YadanarThiri Quater
Taunggyi
06011

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+95 95250881

Website

Alerts

Be the first to know and let us send you an email when Cycling Around Taunggyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cycling Around Taunggyi:

Share