23/07/2026
Ultimate Runner’s Conditioning & Recovery Class: ပိုမြန်၊ ပိုကြံ့ခိုင်၊ ဒဏ်ရာကင်းကင်းနဲ့ Recovery အပြည့်နဲ့ ပြေးကြစို့ 🏃♂️🏃♀️
( မကြာမီ ကျင်းပတော့မည့် Taunggyi Trail Run အတွက် )
မင်္ဂလာပါ အပြေးဝါသနာရှင်များနှင့် မာရသွန်သမားများခင်ဗျာ... အပြေးစွမ်းရည် (Performance) ကို နောက်တစ်ဆင့်သို့ မြှင့်တင်ရန်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု တည်ဆောက်ရန်နှင့် ပင်ပန်းနွမ်းနယ်မှုများကို အမြန်ဆုံး ပြန်လည်ကုစားပေးမည့် အဆင့်မြင့်Functional & Fitness Training Class အသစ်ကို စတင်လိုက်ပါပြီ။
🎯 ဒီ Class မှာ ဘာတွေသင်ကြားလေ့ကျင့်ပေးမလဲ?
၁။ Posture Assessment (ကိုယ်ဟန်အနေအထား စစ်ဆေးခြင်း)
သင်၏ မူလအပြေးဟန်နှင့် ခန္ဓာကိုယ် ဟန်ချက်ညီမှုကို စစ်ဆေးပေးပြီး လိုအပ်သည်များကို ပြင်ဆင်ပေးခြင်း။
Posture Corrective လေ့ကျင့်ခန်းများဖြင့် လေ့ကျင့်ပေးခြင်း ။
၂။ Mobility & Flexibility (အဆစ်အမြစ် လှုပ်ရှားမှုနှင့် ပျော့ပျောင်းမှု)
ကြွက်သားများ၊ အရိုးအဆစ်များ ဒဏ်ရမှု မရှိအောင် နဲ့ ဒဏ်ရာရရှိမှု သက်သာအောင် ပိုမိုကောင်းမွန်စွာ လှုပ်ရှားနိုင်စေရန် စနစ်တကျ လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း။
၃။ Injury Prevention (ဒဏ်ရာရခြင်းမှ ကာကွယ်ခြင်း)
အပြေးသမားများ အဖြစ်များသော Injuries များ
Runner’s Knee (ဒူးဆစ်ရှေ့ပိုင်းနှင့် ဒူးခေါင်းပတ်လည် နာကျင်ခြင်း)
Plantar Fasciitis (ခြေဖဝါးအောက်ပိုင်း နာကျင်ခြင်း)
Shin Splints (ခြေသလုံးရှေ့ပိုင်းအရိုးတဝိုက် ကိုက်ခဲနာကျင်ခြင်း)
Achilles Tendinitis (ခြေဖနောက်ကြော ရောင်ရမ်းနာကျင်ခြင်း)
Iliotibial Band Syndrome (ITBS) (ဒူးဆစ်အပြင်ဘက်ခြမ်း နာကျင်ခြင်း)
Hamstring Strain (ပေါင်နောက်ကြွက်သား ဆွဲသွားခြင်း/နာကျင်ခြင်း)
Stress Fracture (အရိုးတွင် ဖိအားများလွန်း၍ အက်ကွဲခြင်း)
Ankle Sprain (ခြေကျင်းဝတ် ခေါက်ခြင်း/နာခြင်း)
Hip pain (တင်ပါးဆုံ/တင်ပဆုံရိုးတဝိုက် နာကျင်ခြင်း)
Back pain (ခါးနာခြင်း) စသည့်တို့ ကာကွယ်ခြင်း လေ့ကျင်ခန်းများ။
၄။ Strength (ကြွက်သားသန်မာခြင်း)
အပြေးတွင် အဓိကအသုံးပြုရသော ကြွက်သား များကို ပိုမိုသန်မာလာစေရန် Weight လေ့ကျင့်ခန်းများဖြင့် အားဖြည့်ပေးခြင်း။
၅။ Cardiovascular Fitness (နှလုံးနှင့် အဆုတ်ကြံ့ခိုင်မှု)
အောက်ဆီဂျင်သုံးစွဲနိုင်မှုကို မြှင့်တင်ပေးပြီး အပြေးစွမ်းရည်ကို တစ်စထက်တစ်စ ပိုမိုကောင်းမွန်လာစေခြင်း။( Vo2 Max Training )
၆။ Speed & Endurance Development (အမြန်နှုန်းနှင့် ကြာရှည်ခံနိုင်ရည် တိုးတက်စေခြင်း)
ခြေလှမ်းများ ပိုမိုသွက်လက်လာစေရန်နှင့် မာရသွန်အကွာအဝေးကို ပင်ပန်းမှုသက်သာစွာဖြင့် အချိန်အကြာကြီး ပြေးနိုင်စွမ်းရှိစေရန် လေ့ကျင့်ပေးခြင်း။
၇။ Recovery & Regeneration (ခန္ဓာကိုယ် ပြန်လည်ပြုပြင်အနားယူခြင်း) - အထူးထည့်သွင်းထားသည် ✨
ပြင်းထန်စွာ အပြေးလေ့ကျင့်ပြီးနောက် ပင်ပန်းနွမ်းနယ်နေသော ကြွက်သားများကို အမြန်ဆုံး သက်သာပျောက်ကင်းစေရန် (Active & Passive Recovery Methods) နည်းလမ်းများဖြင့် စနစ်တကျ ပြန်လည်ကုစားပေးခြင်း။
ကြွက်သားကိုက်ခဲမှု (Muscle Soreness) ကို သက်သာစေပြီး နောက်တစ်ရက် လေ့ကျင့်ခန်းအတွက် ခွန်အားအပြည့်အဝဖြင့် အမြန်ဆုံး ပြန်လည်အဆင်သင့်ဖြစ်စေခြင်း။
၈။ Performance Nutrition( အာဟာရဆိုင်ရာ )
အပြေးသမားများအတွက် အဓိကလိုအပ်သော အာဟာရဆိုင်ရာ အကြံပြုချက်များ။
📅 သင်တန်းအသေးစိတ်
သင်တန်းကာလ: [ ၈ ပတ် ]
သင်တန်းကြေး : [ ၂၅၀,၀၀၀ ကျပ် ]
ရက်စွဲနှင့် အချိန်: [ စတင် 3,August,2026 ][ Monday To Friday ] [ 10am to 11am ]
နေရာ: [ Trend Functional & Fitness Center ]
လူဦးရေး : [ ၁၀ဦးသာ ]
🔥 သင့်ရဲ့ Personal Best (PB) ကို ဒဏ်ရာကင်းကင်း၊ ပင်ပန်းမှုကင်းကင်းနဲ့ အသစ်ချိုးဖျက်ဖို့အတွက် ယခုပဲ စာရင်းပေးသွင်းလိုက်ပါ!
📞 ဆက်သွယ်ရန် & စာရင်းသွင်းရန်: [ ဖုန်းနံပါတ် ၀၉၄၅၀၇၀၃၇၇၃ ( Viber, Telegram) ] [TRENDFUNCTIONAL (Facebook / Tiktok) ]
# running
# marathon