H2S Studio

H2S Studio H2S Studio | Custom Jerseys 👕
⚡ High Quality & Unique Designs

18/02/2023

ရင်ဘတ်ခြင်းတူတဲ့ညိုကီတို့ ရှိကြလား?

️⃣3️⃣

Legends are foreverR.i.p king Pele 💔
30/12/2022

Legends are forever
R.i.p king Pele 💔

Fun ခဲဲွကြမယ် အမျိုးတွေ ⚽မန်ယူဆို ❤ပေးပြီး ချယ်ဆီးဆို Like လေးလုပ်ပေးကြပါ🥅
28/11/2021

Fun ခဲဲွကြမယ် အမျိုးတွေ ⚽
မန်ယူဆို ❤ပေးပြီး ချယ်ဆီးဆို Like လေးလုပ်ပေးကြပါ🥅

ယုန် နဲ့ လိပ် ကို မကြည့်ရင်အရံခုံထိုင်ရမည်ဟု ဆိုးလ်ရှားမှ စီရော်နယ်ဒိုကို သတိပေးဆိုးလ်ရှား မှ ကာရစ်တန်လေ့ကျင့်ရေး ကွင်းသ...
09/09/2021

ယုန် နဲ့ လိပ် ကို မကြည့်ရင်အရံခုံထိုင်ရမည်ဟု ဆိုးလ်ရှားမှ စီရော်နယ်ဒိုကို သတိပေး

ဆိုးလ်ရှား မှ ကာရစ်တန်လေ့ကျင့်ရေး ကွင်းသို့ ပေကပ်ကပ်ဖြင့်ရောက်ရှိလာတဲ့ စီရော်နယ်ဒိုကို ခေါ်ပြီး ` ဟေကောင် မင်း ဒီကို လာဦး´ လို့ လှမ်းခေါ်လိုက်သည်။ ထို့အချိန်၌ စီရော်နယ်ဒိုမှ ` ဟုတ်ကဲ့ ဘော့စ် ၊ မမြင်တာကြာပြီးနော် နေကောင်းရဲ့လားဗျ။´

ထို့စဥ် ဆိုးလ်ရှားမှ ငဒိုကိုအသံခပ်မာမာဖြင့် ` မင်းမသိယောင် မဆောင်မနေနဲ့ မင်း ဒီကိုမလာခင် ယုန်နဲ့လိပ်ကြည့်ပြီးပြီးလားလားကွ?

ငဒို - " ဘာယုန် နဲ့လိပ်လဲ ဗျ။ မနက်က ကျွန်တော့်ကလေးတွေ ကြည့်မနေဘူးဆိုတာကိုတော့ ကျွန်တော် ကောင်းကောင်းမြင်ခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်က ဘာလို့ ဒါကို ကြည့်ရမှာလဲ? ကလေး လည်း မဟုတ်တော့ဘူးဗျ။ ကျွန်တော်ဒီကို လာတာ ယုန်နဲ့လိပ်ကြည့်ဖို့လာတာ မဟုတ်ဘူး။ဖလားတွေ၊ Ballon d'Or ဆုတွေစိန်ခေါ်ဖို့ဗျ။ ဘော့စ် ဘာတွေမေးနေတာတုန်း? "

ဆိုးလ်ရှား - " မင်းကွာ ငါတို့ရဲ့မြန်မာနိုင်ငံက ပရိသတ် တွေကိုစော်ကားနေမိပြီးပဲ။ ဒီမှာ ဟေ့ကောင် မင်းရဲ့ Viewer တစ်ခုက သူတို့အတွက် အကျိုးပြုစေမှာကွ! ဒီဗီဒီယိုကို YouTube မှာ တင်ထားတယ်။ သူတို့က 1သန်း ပြည့်ဖို့ Challenge ခေါ်ထားတယ်။ ဒါပြည့်နေဖို့အရေးကြီးတယ်ကွ! "

ငဒို -" အော်! ဒါလေများ၊ စောစောကတည်းက နားလည်အောင်မပြောဘူးနော် ဘော့စ်ကလည်း "

ဆိုးလ်ရှား - " ဒီမှာ ငါ့ကောင် လက်ရှိ မြန်မာမှာ ဒေါ်လာ ပေါက်စျေးက (1)ဒေါ်လာကို (1800)ဝန်ကျင်း ၊ YouTube က ပြောတာတော့ viewer 1 သန်းပြည့်တဲ့ ဗီဒီယိုကို ဒေါ်လာ (2000) ပေးတာတဲ့။ ဒီတော့ မြန်မာငွေနဲ့ ဆို သိန်း(30)ဝန်ကျင်းရမှာကွ! သူတို့က ရတဲ့ပိုက်ဆံကို လိုအပ်တဲ့နေရာမှာ အကုန်လှူမှာတဲ့။ ဒီတော့ ငါတို့က ဒီဗီယိုကိုကြည့်ရမယ်။ ပိုက်ဆံမရှိဘူးလို့ ညည်းရအောင်လည်း မင်းပိုက်ဆံတစ်ပြားမှ ပါမသွားဘူး။ မင်းရဲ့ viewer ေလးပဲလိုတာပါကွာ "

ငဒိုး - " အော်အဲလို့လား? ဘော့စ်ပြောမှာတော့ ကျွန်တော်ကြည့်ရမှာပေါ့ဗျာ။ မကြည့်ရင် ခင်ဗျာက ကျွန်တော့်ကိုဘာလုပ်မှာလဲ?"

ဆိုလ်းရှား -" ဗန်ဒီဘီ ကိုပဲ ကြည့်ကွာ များများမပြော ချင်ဘူးနော်၊ မင်းဟာမင်း Ballon d'Or ဆုတွေဘယ်နှစ်ကြိမ်ရရ ငါ့ရဲ့လက်အောက်မှာ ဘာမဆိုဖြစ်သွားမှာပဲ။"

ထို့အချိန်် စီရော်နယ်ဒိုသည် ဇောချွေးပြန်ပြီး ယင်း၏ လက်ကိုင်ဖုန်းကို ထုတ်ကာ https://www.youtube.com/watch?v=Y-bM-WfQoN0&feature=youtu.be ဗီဒီယိုကို ထုတ်ကြည့်လိုက်လေးတော့သည်။

ထို့စဥ် ဆိုးလ်ရှားမှ ငဒိုကို ` မင်းအခု ငါ့ရဲ့မွေးစားသား ဖရတ် နဲ့ မာစီယဲလ် တို့လို ပွဲထွက်ခွင့်ရပြီး Congratulation ပါကွာ " လို့ပြောခဲ့လေးသည်။

ယင်းအတွက် စီရော်နယ်ဒို သည် စနေနေ့ည (8)နာရီခွဲတွင် ကစားမည့်နယူကာဆယ်နှင့်ပွဲကို ပွဲထွက်ပါဝင်ကစားဖို့ နီးစပ်ကြောင်းသိရသည်။

https://www.youtube.com/watch?v=Y-bM-WfQoN0&feature=youtu.be

#နငယ်

Crd to owner
အရေးအသားလေးကိုကြိုက်လို့ copyယူလာတာပါ
ပုံပြင်လေးကိုကြည့်ဖို့မမေ့ပါနဲ့
မိမိတတ်နိုင်တဲ့ဖက်က ကူညီကြပါ

15/08/2021

တချိန်က ဘရာဇီး အသင်းဆိုတာ ⚽

01/08/2021

Maw Shan Football Club ⚽

📌Jersey Design Sample

📌Design by Ayarwaddy Sports

Made in Myanmar 🇲🇲

30/07/2021

ဒီတစ်ခါတော့ 🇲🇲 ပရိသတ်အားလုံးအတွက်ဝမ်းသာရပြီးပေါ့ '' Congratulation ကိုအောင်လ🇲🇲 '' ဘရာဇီး 🇧🇷 နိုင်ငံသားလီအန်ဒရိုအာတိုင်းစ်ဒီးစ်ကို ပထမအချီမှာ Stand Fight လှပတဲ့ပွဲသိမ်းလက်သီး ​ဖြင့် အလဲထိုးအနိုင်ရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါသည်။

အမှန်တရားဆိုပေမယ့် နည်းနည်းတော့နာကျင်ရတယ်🙂Photo crd ;
28/07/2021

အမှန်တရားဆိုပေမယ့် နည်းနည်းတော့နာကျင်ရတယ်🙂
Photo crd ;

ကျနော်ကလေးဘဝတုန်းက ဘောလုံးကစားပြီး အိမ်ပြန်လာရင် အမေဟာ အမြဲတမ်းပြုံးရယ်နေတတ်တာပဲ...ဒါပေမယ့် တစ်ရက် ကျနော်အိမ်ပြန်သွားတော...
27/07/2021

ကျနော်ကလေးဘဝတုန်းက ဘောလုံးကစားပြီး အိမ်ပြန်လာရင် အမေဟာ အမြဲတမ်းပြုံးရယ်နေတတ်တာပဲ...

ဒါပေမယ့် တစ်ရက် ကျနော်အိမ်ပြန်သွားတော့ အမေငိုနေခဲ့တယ်၊ ကျနော့်အစ်ကိုရော်ဘတ်တိုက ကျနော့်ကိုဖက်ပြီး ရေချိုးခန်းထဲခေါ်သွားတယ်၊ ပြီးတော့ သူပြောခဲ့တာက...

"မတော်တဆမှုတစ်ခုနဲ့ အဖေဆုံးသွားပြီ"တဲ့...

ဒါ ဘာအဓိပ္ပါယ်လဲ၊ ကျနော် နားမလည်နိုင်ခဲ့ဘူး၊ အဖေ ဘယ်တော့ အိမ်ပြန်လာမလဲ၊ သူ ဘယ်တော့မှ ပြန်မလာတော့ဘူး တဲ့၊ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဖေ့လောက် အိမ်ကိုချစ်တာ အဖေပဲရှိတာ...

အဖေ ကျနော့်ကို ပြောခဲ့ဖူးတယ်၊ "ဘောလုံးကို အနုပညာဆန်ဆန် ကစားရမယ်"တဲ့၊ ဒီကမ္ဘာကြီးမှာ ကျနော့်ရဲ့အရည်အချင်းကို အယုံကြည်ဆုံးတစ်ယောက်ဟာ အဖေပဲ၊ ကျနော့်အစ်ကို ဂရီမီယိုအသင်းမှာ စကစားတော့ အဖေအမြဲပြောလေ့ရှိတာက "ရော်ဘတ်တိုကစားတာ ကောင်းပါတယ်၊ ဒါပေမယ့် သူ့ညီက အများကြီးပိုကောင်းလာလိမ့်မယ်"တဲ့...

ဒါပေမယ့် ကျနော် သေသေချာချာ ဘောလုံးကစားတာကို အဖေမြင်မသွားခဲ့ရပါဘူး...

နောက်ထပ်နှစ်အနည်းငယ်ကြာတော့ သေခြင်းတရားရဲ့အကြောင်းကို ကျနော်နားလည်လာတယ်၊ အဖေဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာကိုလည်း ကျနော်နားလည်လာတယ်၊ ဒါပေမယ့် ကျနော် အရင်လို ဝမ်းမနည်းတော့ဘူး...

ဘာဖြစ်လို့လဲဆိုတော့...
ကျနော့်ခြေထောက်ထဲမှာ ဘောလုံးရှိနေတဲ့အချိန်တိုင်း အဖေဟာ ကျနော်နဲ့အတူ ရှိနေတယ်လေ...

(ရော်နယ်ဒင်ဟို)

- Beautiful game ♥️⚽
26/07/2021

- Beautiful game ♥️⚽

Address

Phayar Phyu Ward
Taunggyi

Alerts

Be the first to know and let us send you an email when H2S Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to H2S Studio:

Share