Ayeyarwaddy Training Centre,Taung Goup Branch

Ayeyarwaddy Training Centre,Taung Goup Branch Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ayeyarwaddy Training Centre,Taung Goup Branch, Taunggôk.

မြင့်မားတဲ့ လစဉ်ဝင်ငွေနဲ့  ......    တောက်ပတဲ့အနာဂတ်တစ်ခုကို ဖန်တီးဖို့ကြံရွယ်နေပြီလား?????သင့်တွင်......   😊 ဖြစ်ချင်တဲ...
26/02/2018

မြင့်မားတဲ့ လစဉ်ဝင်ငွေနဲ့ ...... တောက်ပတဲ့အနာဂတ်တစ်ခုကို ဖန်တီးဖို့ကြံရွယ်နေပြီလား?????

သင့်တွင်......
😊 ဖြစ်ချင်တဲ့စိတ်တစ်ခုရယ်
😊 အသက် ၂၀ ပြည့်ဖို့ရယ်
😊 ဘွဲ့ရ (သို့) ၁၀တန်းအထိနေဖူးဖို့ရယ်
😊 ကူးစက်ရောဂါကင်းရှင်းကြောင်းဆေးစစ်လာဖို့ရယ်
😊 အရပ် ၅ပေ အနည်းဆုံးရှိပြီး ကိုယ်အလေးချိန် ပေါင် ၁၀၀ပြည့်ဖို့ရယ်
ဒါလေးတွေ ပြည့်စုံပြီဆိုရင် .... okပြီနော်

ယနေ့မြန်မာပြည်မှာ အလုပ်တွေအရမ်းရှုပ်တဲ့ မိသားစုတွေရှိပါတယ်. Big Big Boss တွေပေါ့ (အယ်လယ်😊😊)
လုပ်ငန်းကြီးတွေကို လုပ်ကိုင်နေကြရလို့ သူတို့ရဲ့အချိန်တော်တော်များများက အလုပ်ခွင်မှာပါ
တစ်ခါ တစ်ရံမှာ သူတို့ကိုယ်တိုင်နားမကျန်းဖြစ်တာ (သို့) မိသားစုဝင်တစ်ဦးဦး ကျန်းမာရေးဖောက်တာ (သို့) ရင်သွေးလေးမွေးထားတဲ့ Boss မေမေတွေရယ်က အထူးကျွမ်းကျင်တဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကို လိုအပ်လာပါတယ်...
ငွေကြေးကုန်ကျမှုက အဓိကမဟုတ်ပါ.... ယုံကြည်စိတ်ချရဖို့က အဓိကပါ ဆိုပြီး Quality Care ကို လိုအပ်နေကြတဲ့ လူကြီးမင်းတွေရဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးဖို့ လိုအပ်လျှက်ရှိပါတယ်......

ဒါဆို....သင်လုပ်ရမဲ့အလုပ်က
👉👉👉 ကျန်းမားရေးစောင့်ရှောက်သူ ( Care Giver )👈👈👈

သင့်ရဲ့လစဉ်ဝင်ငွေ
👌👌👌450000 MMK - 600000 MMK😲😲😲 (ဘယ်နိုင်ငံမှမသွားနဲ့... ဒီမှာလဲသာသာယာယာပဲ)

သင့်ရဲ့ အလုပ်ချိန်
Day Duty - 7am to 7pm
Night Duty - 7pm to 7am
24hr Stand By Duty

----------------------------------------------------------------

ကျွန်ုတို့ရဲ့အလုပ်......
👉 သင့်ကိုသင်တန်းပို့ချပေးမယ်...

1) ဘာတွေသင်ပေးမှာလဲ ?
လူကြီး/ကလေး ကျန်းမာရေးစောင့်ရှောက်သူတစ်ဦးမှာ ပြည့်စုံရမဲ့ အရည်အချင်းတွေ ပြည့်စုံအောင် ဘောင်တစ်ခုအတွင်းကနေအကုန်သင်ပေးမယ်.... (များများရေးရင် ဖတ်ရတာညောင်းမှာစိုးလို့☺☺)

2) ဘယ်သူတွေသင်မှာလဲ?
သင်တန်းတက်တဲ့အခါသိလိမ့်မယ် ( လုပ်သက်ရင့်တာတွေ၊ နိုင်ငံခြားပြန်တွေ၊ ဘာညာတွေမရေးတော့ဘူး)

3) သင်တန်းကာလက ဘယ်လောက်ကြာမှာလဲ?
(၄) လကြာမယ်၊ အရည်အချင်းမမှီရင် extension (1)လ ထပ်သင်တယ်

4) သင်တန်းကြေးကရော?
တစ်လ 200000 (2ခါခွဲသွင်းပါ...... တစ်ခါတည်းသွင်းရင် Discount ရှိလားမမေးနဲ့ ... ဘောင်ခြာတစ်ခါတည်းဖြတ်ရတာပဲရှိမယ်..☺☺☺)...နောက်တာနော်

5) သင်တန်းပြီးရင် အောင်လက်မှတ်ရလား?
စဉ်းစားပေါ့.... သင်တန်းတက်တာ အောင်လက်မှတ်ရချင်လို့တက်တာမလား?? အခမ်းအနားနဲ့ကိုပေးမှာ
(ဟိုနိုင်ငံတွေဒီနိုင်ငံတွေသုံးလို့ရလားမမေးနဲ့.....ဘက်စုံသုံးလို့ရတယ်.. ဟိုဖက်ကလက်ခံရင်☺☺☺)

6) သင်တန်းပြီးရင် အလုပ်ရမှာလား??
အစကတည်းက အလုပ်ပေးချင်လို့/ လိုချင်တဲ့ Quality ရချင်လို့ သင်တန်းဖွင့်တာဆိုတာ သိစေချင်မိတယ် ☺☺☺

7) သင်တန်းပြီးရင် အလုပ်ကစောင့်ရသေးလား??
ကိုယ့်ဖက်ကသာ Ready ဖြစ်အောင်ကြိုးစားထား.... ဒီဖက်က Ready ပဲ

8) သင်တန်းဘယ်တော့စမှာလဲ??
15 March 2018 မှာစမယ် ......(30)ဦးလက်ခံမယ်.... ကျား/မ အကုန်ရတယ်... ဘယ်သူတွေလာ တက်မလဲသိချင်မိ....(စိတ်တွေခုန်လိုက်တာ☺☺)

9) သင်တန်းတက်ဖို့ဘာတွေလိုအပ်လဲ?
အပေါ်ကိုတစ်ခေါက်ပြန်ဖတ်ပေးပါ

အသေးစိတ်သိချင်ရင်တော့.....
Pls call - 09 966 950 444

အရေးကြီးတာတစ်ခုက သူနာပြုစုခြင်းအလုပ်ကို အမှန်တကယ်စိတ်ပါဝင်စားပြီး အနွံတာခံနိုင်မှ ကိုယ့်ဘဝထဲဝင်ခဲ့ပါ (☺☺☺)

@ News@@
သင်သည်.....
အစိုးရသားဖွားကျောင်းဆင်းလေးတစ်ဦးဖြစ်ပါသလား????
သူနာပြုတက္ကသိုလ်ဆင်း သူနာပြုမမကြီးတစ်ဦးဖြစ်ပါသလား??

ပိုကောင်းတဲ့လစာ/ပိုကောင်းတဲ့အချိန်ပိုင်းအလုပ်တွေ..... ကျွန်ုပ်တို့မှာရှိပါတယ်...ဆက်သွယ်ပေးနော်

22/02/2018

ကိုယ်ဝန်သည်မေမေ လစေ့သောအခါ
******************************
(က) လစေ့ခြင်းက ဘယ်အချိန်လဲ။🔮

လစေ့တယ်ဆိုတာ အတိအကျပြောရင် နောက်ဆုံးလာတဲ့ရာသီရဲ့ပထမဆုံးနေ့မှ ၃၇ ပတ်ပြည့်ချိန်ကို ခေါ်ပါတယ်။
✳️✳️✳️
(ခ) သဘာဝအတိုင်းမွေးဖို့ စီစဉ်ထားတဲ့ မေမေတို့က ၃၇ပတ်မှ အပတ်၄၀ အတွင်း တစ်ရက်ရက်မှာ ဘာတွေစဖြစ်မလဲ။🔮

ပထမဆုံး သားအိမ်ခေါင်းလေး ပျော့ပြီးပါးလာပါတယ်။ ဒီအချိန်မှာ မေမေက ဘာမှ မခံစားရသေးပါဘူး။ နာရီပိုင်းမှ ရက် အနည်းငယ်ထိကြာနိုင်ပါတယ်။

နောက်တဆင့်ဖြစ်တဲ့ ကိုယ်ခန္ဓာ မီးဖွားဖို့ ပြင်ဆင်ချိန်မှာ မေမေက အောက်ပါ လက္ခဏာအချို့ကို စတင်ခံစားရပါမယ်။

(၁) ခါးအောက်ပိုင်း နာခြင်း
(၂) သွေးချွဲဆင်းခြင်း
(၃) ရာသီလာရင် ဗိုက်နာသလိုနာခြင်း
(၄) ဝမ်းပျော့ပျော့သွားခြင်း
(၅) အန်ချင်ခြင်း

အထက်ပါလက္ခဏာများစတင်ချိန်မှ သားအိမ်ခေါင်း အပြည့်ပွင့်ပြီး မွေးချိန်ထိ ၈ နာရီမှ ၁၂ နာရီထိကြာနိုင်ပါတယ်။
✳️✳️✳️
(ဂ) ဆေးရုံ ဘယ်အချိန်သွားရမလဲ။🔮

(၁) ကိုယ်ဝန်မှာ သွေးတိုး၊ ဆီးချိုစတဲ့ ပြဿနာတစ်ခုခုရှိသူများ၊ ၃၇ ပတ်မပြည့်သေးသူများ၊ ဆေးရုံဝေးသူများက အထက်ပါလက္ခဏာများစတင်တာနဲ့ ဆေးရုံသွားသင့်ပါပြီ။

(၂) ကိုယ်ဝန်တလျှောက်လုံး မိခင် ကျန်းမာ၊ ကလေးကျန်းမာပြီး ပုံမှန် ဆရာဝန်ပြခဲ့သူများက ဆေးရုံအဝေးမှာ မနေရင် ရေမွှာပေါက်ချိန်၊ သားအိမ်ညှစ်တာ စိပ်လာချိန်၊ သားအိမ်ညှစ်တာ အားပြင်းလာချိန်မှာ ဆေးရုံသွားသင့်ပါပြီ။

(၃) ဘယ်သူမဆို ဆေးရုံအမြန်သွားသင့်သလဲ။

ရေမွှာပေါက်ချိန်မှာ ဝေါကနဲထွက်လာနိုင်သလို တစိမ့်စိမ့် ထွက်လာနိုင်ပါတယ်။ ရေမွှာပေါက်ချိန်မှာ အရေးကြီးဆုံးက ထွက်လာတဲ့ရေအရောင်အစိမ်းဖန့်ဖန့် (သို့) သွေးပါပြီဆို ကလေးအောက်ဆီဂျင်ရဖို့ အခက်အခဲရှိနေပြီလို့ အချက်ပေးတာ ဖြစ်လို့ နီးစပ်ရာ ဆေးရုံအမြန်ဆုံးသွားပါ (သို့) အပ်ထားတဲ့ အိုဂျီကို ဆက်သွယ်ပါ။
✳️✳️✳️
(ဃ) ကျန်းမာသူ မေမေများ ရေမွှာမပေါက်ခင်၊ သားအိမ်က ပုံမှန်စမညှစ်ခင် ဘာလုပ်နိုင်သလဲ။🔮

(၁) အိမ်မှာ နားနားနေနေနေ နေပါ။
(၂) ဗိုက်ဆာရင် ဘီစကစ်၊ ပေါင်မုန့်စတဲ့ အစာကျေလွယ်တဲ့ မုန့်လေးတွေ နည်းနည်းစီ မကြာခဏ ပုံမှန် စားပေးပါ။ မီးဖွားဖို့ အားအင်လိုသလို အများကြီးစားရင် အန်ချင်စိတ် ပိုဆိုးမယ်။ အရေးပေါ် မေ့ဆေးလိုခဲ့ရင် အစာအိမ်ပြည့်မတင်းနေတာ ကောင်းပါတယ်။
(၃) လန်းဆန်းသွားအောင် ရေချိုးပါ။
(၄) အိမ်သာမှန်မှန်သွားပါ။
(၅) ညဘက်ဖြစ်ရင် အိပ်ပျော်အောင် အိပ်လိုက်ပါ။

မီးဖွားဖို့အတွက် ဆေးရုံမရောက်ခင် အဆင်ပြေချောမွေ့စွာ ပြင်ဆင်နိုင်ရန် ကိုယ်ဝန်ဆောင်မေမေနှင့် ခင်ပွန်းသည်တို့ သိသင့်သော ဗဟုသုတအဖြစ် ရေးပေးပါသည်။

နေနေမိုးဆွေ (Child Health Myanmar)
Reference: The Women's, Victoria, Australia
Photo Credit to Google Images
Kyaw
Training Centre

03/01/2018
06/11/2017

*** ဦးဆောင်ကောင်းသူ တစ်ယောက် လုပ်လေ့ရှိသည့် ဝန်ထမ်းတွေအပေါ် အပြုအမူများ ***

လုပ်ငန်းခွင်တစ်ခုမှာ ဦးဆောင်နိုင်တဲ့သူတစ်ယောက်ကို ပိုင်ဆိုင်ထားရတာဟာ လုပ်ငန်းအောင်မြင်ဖို့ အတွက် အရေးကြီးတဲ့ အချက်လည်း ဖြစ်ပါတယ်။ ဦးဆောင်နိုင်သူ ဆိုတာဟာ လုပ်ငန်းကို တည်ထောင်သူ ဖြစ်နိုင်ပေမဲ့ တစ်ခါတလေမှာတော့ လုပ်ငန်းတိုးတက်ဖို့ အကောင်းဆုံး လုပ်ဆောင်နိုင်သူလည်း ဖြစ်တတ်ပါ တယ်။လုပ်ငန်းခွင်ထဲမှာ ရှိတဲ့သူ အားလုံးဟာ အမျိုးမျိုးသော ကြိုးစားမှုတွေနဲ့ လုပ်ငန်းတိုးတက်ဖို့ ကြိုးစားနေ ကြတာဖြစ်ပေမဲ့ စွမ်းဆောင်ရည် ပိုကောင်းတဲ့သူက အများထက် ပိုမို ထင်ပေါ်တာကိုလည်း တွေ့ရပါတယ်။
လက်ရှိအနေအထားမှာ ကိုယ်ဟာ ဦးဆောင်သူတစ်ယောက် မဟုတ်သေးရင်တောင် တစ်ချိန်မှာ ဦးဆောင်နိုင်သူတစ်ယောက် ဖြစ်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်လေ့လာမှု တွေကို ပြုလုပ်ထားရမှာ ဖြစ်သလို အခုချိန်မှာကိုယ်ကို ဦးဆောင်မှု ပေးနေတဲ့သူကရော ဒီအချက်အလက်တွေနဲ့ ကိုက်ညီမှု ရှိရဲ့လား ဆိုတာကို ကြည့်ရမှာပါပဲ ဖြစ်ပါတယ်။ ဦးဆောင်နိုင်မှု ကောင်းသူတစ်ယောက်လုပ်လေ့လုပ်ထ ရှိတဲ့အချက်တွေ ကတော့ ….
(၁) ၃ပုံ ၁ပုံ အခြေခံ စည်းမျဉ်းကိုနားလည်တယ်။ ဦးဆောင်ကောင်းသူတစ်ယောက်ဟာ လုပ်ငန်းတာဝန်တစ်ခု ကို လုပ်ဆောင်တဲ့အခါမှာ လက်အောက်ငယ်သားတွေရဲ့ လုပ်အားကို အတတ်နိုင်ဆုံး လျော့ချမှု ပြုလုပ်ပြီး ကိုယ်တိုင်ပါဝင် ဆောင်ရွက်လေ့ရှိကြပါတယ်။ အချိန်အတိုင်းအတာနဲ့ လုပ်ဆောင်ရတဲ့ ကိစ္စရပ်တွေမှာဆိုရင် လည်း သတ်မှတ်ရက်ရဲ့ ၃ပုံ ၁ပုံလောက် စောစောပြီးအောင် လုပ်ဆောင့်ထားပြီး ကျန်တဲ့အချိန်မှာ အခြား ဖြေရှင်းရနိုင်မယ့် နည်းလမ်းတွေ အတွက် ကြိုတင် ပြင်ဆင်ထားလေ့ ရှိပါတယ်။
(၂) ဦးဆောင်ကောင်းသူတစ်ယောက်ဟာ ဘာလုပ်ကြမလဲဆိုတဲ့ မေးခွန်းမျိုးထက် ဘယ်လိုမျိုး လုပ်ဆောင်ကြ မလဲဆိုပြီး မေးလေ့ရှိပါတယ်။ ဘာလုပ်ကြမလဲဆိုတဲ့မေးခွန်းဟာ တစ်ဦးတစ်ယောက်ချင်းရဲ့ အကြံဥာဏ်ကို တောင်းခံတာဖြစ်ပြီး ဆုံးဖြတ်ချက်ကိုတော့ သူကိုယ်တိုင်ပဲချမှတ်မယ်ဆိုတဲ့ သဘောမျိုးသက်ရောက်တာဖြစ်ပြီး ဘယ်လိုမျိုးလုပ်ဆောင်ကြမလဲ ဆိုတာကတော့ အခြေအနေတစ်ခုကို အားလုံးရဲ့ အကြံဥာဏ်ရယူကာ အကောင်းဆုံး နည်းလမ်းကို ရှာဖွေတာပဲ ဖြစ်ပါတယ်။
(၃) ဦးဆောင်ကောင်းသူတစ်ယောက်ဟာ လက်အောက်ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကောင်းမှုကို အသိ အမှတ်ပြုလေ့ ရှိသလို ပိုမိုကောင်းမွန်တာတွေကို လုပ်ဆောင်နိုင်ဖို့အတွက်လည်း အားပေးလှုံဆော်လေ့ရှိပါတယ်။ အကယ်လို့ လက်အောက်ဝန်ထမ်းတွေရဲ့ စွမ်းဆောင်နိုင်မှုဟာ သတ်မှတ်တဲ့အနေအထားထက် ကျဆင်းနေတယ်ဆိုရင်တောင် အကောင်းဆုံး ကူညီဖြေရှင်းပေးနိုင်ဖို့ ကြိုးစားလေ့ရှိပါတယ်။
(၄) လူသားတိုင်းဟာ ကိုယ်ပိုင်အချိန်ကို နှစ်သက်တတ်ကြပါတယ်။ သတ်မှတ်ထားတဲ့ အလုပ်ချိန်မှာ တာဝန် ထမ်းဆောင်မှုကို အပြည့်အဝ လုပ်ဆောင်တယ်ဆိုရင်တောင် အလုပ်ချိန်ပြင်ပမှာတော့ အလုပ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို လုပ်ဆောင်ချင်လေ့ မရှိကြပါဘူး။ အဲ့လိုအခြေအနေမျိုးဆို ဦးဆောင်ကောင်းသူဟာ ဝန်ထမ်းလုပ်ဆောင်ရမယ့် တာဝန်တွေကို ကိုယ်တိုင်ဝင်ရောက် လုပ်ကိုင်ခြင်းမျိုးနဲ့ အလုပ်ကို ပြီးမြှောက် စေသလို ဝန်ထမ်းကိုလည်း အလုပ်လုပ်ချင်စိတ်ဖြစ်အောင် လှုံဆော်လေ့ရှိပါတယ်။

#နေ့စဉ်လှုပ်ရှားနေရတဲ့ ဘ၀ ကြီးမှာ (NewChallenges) စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါစေ....

16/10/2017

" ဖတ်​ပါ .. ဖတ်​ပါ .. ပြီး​အောင်​ဖတ်​ပါ "
****************************

အရမ်းကောင်းလွန်းလို့ ဖတ်စေချင်တဲ့ စေတနာနဲ့ ပြန်လည်ဝေမျှပါတယ်
*********************************************************

ကြက်ကလေးက ကြက်မကြီးကိုမေးတယ်၊

`မေမေ .. ဒီနေ့ ဥမဥလို့ရလား.. သားတို့အပြင်ထွက်လျှောက်လည်ကြမယ်လေ.. ´

ကြက်မကြီးက ` မရဘူးသား၊ မေမေ့အလုပ်ရှိသေးတယ်´

`ဒါပေမယ့် မေမေ အများကြီးဥခဲ့ပြီးပြီလေ ´ လို့ ကြက်ကလေးက ပြန်ပြောတယ်

ကြက်မကြီးက လေးလေးနက်နက် အသံနဲ့ ကြက်ကလေးကို ပြန်ပြောတယ်..

` အမေ တစ်နေ့ဥတစ်လုံးဥမှ လယ်သမားကြီးရဲ့ဟင်းခွက်ထဲ မရောက်မှာ..

ကလေးနင်မှတ်ထား ....

အသက်ရှင်ရပ်တည်မှုဆိုတာ ဖန်တီးထုတ်လုပ်မှုရဲ့တန်ဖိုး၊
သေဆုံးမှုဆိုတာ အဲဒီတန်ဖိုးမဲ့သွားလို့၊
အရင်ကလုပ်ခဲ့သမျှက အနာဂတ်နေရာမြဲဖို့ဘယ်လိုမှမစွမ်းဆောင်နိုင်ဘူး၊
အဲဒါကြောင့် နေ့တိုင်းနေ့တိုင်း ကြိုးစားအားထုတ်ရမယ်။

တကယ်လို့မင်းက သိမ်းငှက်တစ်ကောင်ဆိုပါစို့၊
ဘယ်သူမှ လက်ခုပ်မတီးလည်း
မင်း အမြင့်ပေါ်မှာပျံသန်းနေရမယ်။

တကယ်လို့မင်းက မြက်ကလေးတစ်ပင်ဆိုရင်
ဘယ်သူမှ တန်ဖိုးလာမထားလည်း
မင်းရှင်သန်ရမယ်။

တကယ်လို့မင်းက ချောက်ကမ်းပါးပေါ်က ပန်းတစ်ပွင့်ဆိုရင်
ဘယ်သူမှ လာမွှေးမယ့်သူမရှိလည်း
မင်း မွှေးကြိုင်သင်းပျံ့နေရမယ်။

တကယ်လို့မင်းက ဒီဇိုင်နာဆိုရင်
ဘယ်သူမှ အားပေးမှုမရှိလည်း
မင်းရဲ့ဖန်တီးမှုကိုအမြဲပြုလုပ်နေရမယ်။

အလုပ်လုပ်တာ
လူတိုင်းအားပေးမှ မင်းအလုပ်လုပ်ရမှမဟုတ်ပါဘူး
အကောင်းဆုံးရေကုန်ရေခမ်းလုပ်ဖို့သာမင်းတာဝန်ပါ။
အသက်ရှင်ရပ်တည်ဖို့
လူတိုင်းအချစ်ခံဖို့မလိုပါဘူး
အရိုးစင်းဆုံးနေသွားဖို့သာ မင်းတာဝန်ပါ။

ကိုယ့်ရဲ့ရည်မှန်းချက်အတွက် တပါးသူရဲ့ပြက်ရယ်လှောင်ဖွဲ့ခြင်းကိုခံရမယ်၊
အဲတော့ ဘာဖြစ်လဲ၊
သူတို့ပြက်ရယ်ကို အောင်မြင်မှုဆီတပါတည်းခေါ်သွားပြီး အလှဆင်လိုက်ပေါ့၊

စိတ်အားကျနေစဉ်
မျက်နှာမှာမပေါ်လွင်နေစေပါနဲ့၊
ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှမမြင်ချင်လို့ပါ။

ဆင်းရဲကျပ်တည်းနေလည်း
ပါးစပ်က ထုတ်မပြောပါနဲ့
ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ အလကားပိုက်ဆံမထုတ်ပေးပါ။

အလုပ်အကိုင် အရမ်းပင်ပန်းနေလည်း
ထုတ်ဖော်မညဉ်းညူလိုက်ပါနဲ့
ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှမင်းအစားထိုးမလုပ်ပေးပါ။

အသက်ကြာကြာမရှင်ရတော့လည်း
မကောင်းမှုကိုမပြုပါနဲ့
ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ မင်းအသက်ကိုပိုရှည်အောင်လုပ်နိုင်စွမ်းမရှိလို့ပါ၊

အသက်ရှင်ရပ်တည်မှုခက်ခဲလည်း
မျှော်လင့်ချက်မသေဆုံးလိုက်ပါနဲ့၊
ဘာဖြစ်လို့လဲဆိုတော့ နောက်မနက်ဖြန်များစွာကျန်ရှိနေသေးလို့ဖြစ်တယ်။

မင်းဘယ်လောက်ဆိုးသွမ်း ဆိုးသွမ်း
မိဘကိုတော့ရိုသေရမယ်၊
ဘာဖြစ်လို့လဲဆိုတော့ မင်းမှာလည်းအိုရမယ့်တစ်ရက်ရှိလို့ဖြစ်တယ်။

တပါးသူကျနော့်နောက်ကျော ဓားနဲ့ထိုးမှာမကြောက်ပါဘူး၊
အေး .. ထိုးတဲ့သူကမင်းအချစ်ဆုံးသူမဖြစ်နေစေနဲ့။

ကျနော့်စိတ်ထဲရှိသမျှ အချစ်ဆုံးသူငယ်ချင်းကိုပြောဖို့ဝန်မလေးပါဘူး၊
အေး... သူက မင်းကိစ္စကို သူများနဲ့ဟာသတစ်ပုဒ်လိုအပြောမခံမိစေနဲ့။

တကယ်လို့ဝမ်းနည်းစရာတစ်စုံတစ်ခုကိုကြုံတွေ့တိုင်း ကောင်းကင်ကြီးကိုမော့ကြည့်ပါ၊
သူ ဒီလောက်ကြီးတာ .. မင်းဝှက်ထားစရာနေရာတစ်ခုတော့ရှိမှာပေါ့။

မင်းကိုကူညီခဲ့ဖူးတဲ့သူကို မင်းမမေ့နဲ့၊
မင်းကိုချစ်ခဲ့ဖူးတဲ့သူကို စိတ်ဒဏ်ရာရအောင်မလုပ်နဲ့၊
မင်းကိုယုံကြည်ခဲ့ဖူးတဲ့သူကို မလိမ်ညာနဲ့။

အချိန်က အရာအားလုံးကိုသက်သေပြနိုင်တယ်လို့ ဘယ်သူမှအာမ မခံနိုင်ဘူး၊
ဒါပေမယ့် မင်း အရာအချို့ကိုနားလည်​နိုင်​ခဲ့တယ်​။

12/10/2017

ဦးဆောင်သူတစ်ယောက်ဖြစ်လာရန် ကိုယ်ကိုယ်ကို မြှင့်တင်ပါ။

ပြုလုပ်ရမယ့်အရာကို အပြည့်အဝ တာဝန်ယူ လုပ်ကိုင်နိုင်တယ်ဆိုတဲ့ အခါမျိုးမှာ တတ်စွမ်းနိုင်မှုလို့ ပြောကြပါတယ်။ လူတစ်ယောက်ဆီမှာ မိမိ တတ်စွမ်းနိုင်တဲ့ စွမ်းရည် အနည်းအများတော့ ရှိကြပါတယ်။ ဒါကို ကောင်းမွန်စွာ အသုံးချနိုင်တဲ့သူတွေကတော့ အောင်မြင်မှုတွေကို ရရှိတတ်ကြပါတယ်။ တတ်စွမ်းနိုင်မှုဆိုတာ အသိပညာ နဲ့ ကျွမ်းကျင်မှု ကို ပေါင်းစပ်ထားတာလည်း ဖြစ်ပါတယ်။ မိမိရဲ့ အသိပညာ များပြားခြင်းနဲ့ မိမိရဲ့ ပိုင်နိုင်ကျွမ်းကျင်မှု များ ပေါင်းစပ်လိုက်တဲ့အချိန်မှာ မိမိရဲ့ တတ်နိုင်တဲ့ စွမ်းဆောင်ရည်တွေက ပိုမို များပြားလာမှာပဲ ဖြစ်ပါတယ်။
တတ်စွမ်းနိုင်မှုကို မိမိရဲ့ ကိုယ်နေဟန်ထား၊သဘောထားတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ မိမိရဲ့အရည်အချင်းတွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ အရည်အချင်းဆိုတာ အကြောင်းအရာတစ်ခုပေါ်ပေါက်လာတဲ့အခါမှာ လုံလောက်တဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို အမျိုးမျိုးသော အခြေအနေမှာ အကောင်းဆုံး အသုံးချနိုင်ခြင်းပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ အရည်အချင်းတွေသာ ချမှတ်နိုင်ခဲ့မယ်ဆိုရင် ဘဝမှာ တိုးတက်ဖို့ အခွင့်အရေးတွေကို အလွယ်တကူ ဖြတ်ကျော်နိုင်မှာပဲ ဖြစ်ပါတယ်။
မှန်ကန်တဲ့ အရည်အချင်းတွေကို အကြိမ်များစွာ အသုံးချလာနိုင်တဲ့အခါ မိမိကိုယ်မိမိ ယုံကြည်မှုဆိုတဲ့ အဆင့်ရောက်လာမှာပဲဖြစ်ပါတယ်။ ယုံကြည်မှုမြင့်မားလာတာတဲ့အမျှ မိမိစိတ်ထဲမှာလည်း တာဝန်ယူနိုင်စွမ်းတွေ တိုးတက်လာမှာပဲ ဖြစ်ပါတယ်။အဲ့လိုအချိန်မှာ ဆိုရင်တော့ မိမိသက်ဆိုင်ရာနယ်ပယ်မှာ ပရော်ဖက်ရှင်နယ် တစ်ယောက်အဖြစ် ရပ်တည်နိုင်မှာလည်း ဖြစ်ပါတယ်။
အဲ့ဒီအဆင့်ရောက်လာပြီဆိုရင် ဦးဆောင်နိုင်တဲ့သူတစ်ယောက် ဖြစ်လာဖို့ သိပ်မလိုတော့ပါဘူး။လက်ရှိအချိန်မှာ ဦးဆောင်နိုင်သူတစ်ယောက်မဟုတ်သေးဘူးဆိုရင်တောင် မိမိရဲ့ နောက်မှာ ရပ်တည်နေတဲ့လူတွေ ရှိတဲ့အဆင့်ကို ရောက်ရှိနေပြီလို့ သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။

#နေ့စဉ်လှုပ်ရှားနေရတဲ့ ဘ၀ ကြီးမှာ (NewChallenges) စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါစေ....

24/09/2017

" ကျန်းမာရေးအတွက် ဤစာကို ဖတ်ဖြစ်အောင် ဖတ်ပါ " **************************

ဒေါက်တာ လျှူရီပင်းက ဤသတင်းကို
လူဆယ်ယောက်ကိုဖြန့်ဝေပေးပါက

လူတယောက်၏အသက်ကို ကယ်နိုင် ကောင်းတယ် လို့ဆိုပါတယ်။

ကျနော်လုပ်ရမယ့်အပိုင်းကို ကျနော်လုပ်ပြီးပြီ ။.....................................

သင့်အပိုင်းကို သင်လုပ်ဖို့ပဲ ကျန်ပါတော့တယ်။ ကျေးဇူးတင်ပါတယ်။....................................

သံပယိုရည်နဲ့ ရေနွေးကို သောက်သုံးခြင်းဖြင့် ကင်ဆာကို ကာကွယ်နိုင်ပါတယ်။

သကြားကို မထည့်ပါနဲ့။

ပူနေတဲ့သံပယိုရေနွေးဟာ အေးနေတဲ့ သံပယိုရည်ထက်ပိုပြီး အကျိုးကျေးဇူးရှိပါတယ်။

ကဇွန်းဥ အဝါနဲ့ခရမ်းရောင်တို့မှာလည်း ကင်ဆာကို ကာကွယ်နိုင်တဲ့
အရာကောင်းများ ပါဝင်ပါတယ်။

၁။ ညနှောင်းပိုင်း အစားအစာစားခြင်းဟာ
အစာအိမ်ကင်ဆာကို ဖြစ်နိုင်ခြေများစေပါတယ်။

၂။ တပတ်တွင် ကြက်ဥ၄လုံးထက်ပို၍ မစားမိပါစေနဲ့။

၃။ ကြက်အဆီဘူးကို စားခြင်းဟာ အစာအိမ်ကင်ဆာကို ဖြစ်စေပါတယ်။

၎။အစာစားပြီး အသီးကို မစားပါနှင့်။
အသီးကို အစာမစားမီ စားသုံးပါ။

၅။ ရာသီလာချိန်တွင်
လက်ဖက်ရည်မသောက်ပါနှင့်။

၆။ ပဲနို့ကို လျော့သောက်ပါ။ ပဲနို့ထဲတွင်သကြားနှင့်ကြက်ဥ
မထည့်သောက်ပါနှင့်။

၇။ အစာမရှိဘဲ ခရမ်းချဉ်သီး မစားပါနဲ့။

၈။ သည်းခြေတွင်ကျောက်တည်ခြင်းမှ ကာကွယ်ရန် နံနက်အစာအစားမီ ရေတခွက်သောက်ပါ။

၉။ ညမအိပ်မီ ၃နာရီအလို မည်သည့်အစားအစာမှ မစားပါနှင့်။

၁၀။ Teh Tarik နွားနို့နှင့်ရောစပ်ဖျော်ထားသော လက်ဖက်ရည်လျော့သောက်ပါ။

အာဟာရမရှိသောအရာများက ဆီးချိုနှင့်သွေးတိုး ရောဂါကိုဖြစ်စေသည်။

၁၁။ ပေါင်မုန့်မီးကင်စက် သို့မဟုတ် မီးဖိုတွင် ပေါင်မုန့်ကိုဖုတ်ပြီးနောက် ပူနေစဉ်မစားပါနှင့်။

၁၂။ သင်အိပ်နေစဉ်သင့်နားတွင် ဆဲလ်ဖုံး သို့မဟုတ်မည်သည့်လျှပ်စစ်အားသွင်းခြင်းကိုမဆို အနားတွင်ထား၍ မအိပ်ပါနှင့်။

၁၃။ သည်းခြေကင်ဆာဖြစ်ဖြင်းမှ ကာကွယ်ရန် တနေ့လျှင်ရေ ၁၀ခွက်ခန့်သောက်ပေးပါ။

၁၄။ နေ့ပိုင်းတွင် ရေကိုများများသောက်၍ ညပိုင်းတွင် လျော့သောက်ပါ။

၁၅။ တနေ့လျှင်ကော်ဖီကို၂ခွက်ထက်ပို၍ မသောက်ပါနှင့် သို့မဟုတ်ပါက အိပ်မပျော်သောရောဂါနှင့် အစာအိမ်ရောဂါ ရရှိနိုင်သည်။

၁၆။ ဆီပါဝင်မှုနည်းသော အစားအစာကိုစားပါ။

ဆီပါဝင်မှုရှိပါက ၅နာရီမှ၇နာရီကြာမျှ ယင်းအစာကို ကြေညက်အောင် ချက်ရသည့်အတွက် သင့်ကိုပင်ပန်းနွမ်းနယ်မှုကို ဖြစ်ပေါ်စေသည်။

၁၇။ ညနေ၅နာရီနောက်ပိုင်း အစားကိုလျော့စားပါ။

၁၈။ အစားအစာ၆မျိုးသည် သင့်ကိုပျော်ရွှင်မှု ပေးနိုင်သည်။ ငှက်ပျောသီး၊ ဂရိတ်ဖရု၊ ဂျုံပေါင်မုန့်၊ စပင်းနပ်ခ်ျ၊ ရွှေဖရုံသီး၊ မက်မွန်သီး၊

၁၉။ တနေ့ ၈နာရီထက် လျော့နည်းစွာအိပ်လျှင် ဦးဏှောက်လည်ပတ်ဆောင်ရွက်နိုင်မှုကို တဖြေးဖြေးချို့ယွင်းစေပါသည်။

မွန်းလွဲအနားယူမှေးစက်မှုက သင့်အား ငယ်ရွယ်နုပျိုစေပါသည်။.

ချက်ထားသည့် ခရမ်းချဉ်သီးက ခရမ်းချဉ်သီး အစိမ်းထက်ပိုပြီး ဝေဒနာများကုသပေးနိုင်စွမ်းသတ္တိ ရှိသည်။

ပူနေသော သံပယိုရေနွေးရည်သည် သင့်ကျန်းမာရေးကို ထိန်းထားနိုင်ပြီး အသက်ကိုပိုမိုရှည်စေသည်။

ပူသောသံပယိုရည်သည် ကင်ဆာဆဲလ်များကိုသတ်နိုင်စွမ်းရှိသည်။

ရေနွေးပူပူထဲသို့ အကွင်းလိုက်လှီးထားသော သံပယိုကွင်း၂ခု-၃ခုခန့်ကို ထည့်ပါ။
နေ့စဉ်သောက်သုံးပေးပါ။

သံကယိုရည်ပူပူတွင်ရှိ ခါးသက်သက်ဓါတ်သည် ကင်ဆာဆဲလ်များကို သတ်နိုင်သည့် အကောင်းဆုံးသောဒြဗ်ပင်ဖြစ်သည်။

သံပယိုရည်အေးတွင် ဗီတာမင်စီသာရှိပြီး ကင်ဆာကာကွယ်နိုင်စွမ်းမရှိပါ။

ပူသော သံပယိုရည်သည် ကင်ဆာကျုမာကြီးထွါးမှုကို ထိန်းချုပ်နိုင်စွမ်းရှိသည်။

ဓါတ်ခွဲခန်းစမ်းသပ်မှုအရ သံပယိုပူရည်သည် အလုပ်ဖြစ်ကြောင်းသက်သေပြခဲ့သည်။

မကောင်းသောကင်ဆာဆဲလ်များကို ထိုသံပယိုတွင်ရှိသည့်ဓါတ်သတ္တိဖြင့် ကုသမှုကဖျက်ဆီးနိုင်စွမ်းရှိသည်။

ထိုအရာက ကောင်းမွန်သောဆဲလ်များကို ထိခိုက်မှုမရှိပါ။

နောက်တခုမှာ သံပယိုရည်အတွင်းရှိ စီထရစ်အက်စစ်(Citric acid) နှင့် သံပယို ပိုလီဖင်နော် (lemon polyphenol) သည်သွေးတိုးခြင်းကို ကျဆင်းစေနိုင်စွမ်းရှိသည်။

သွေးကြောပိတ်ခြင်းကို လျော့နည်းစေခြင်း၊ သွေးလှည်ပတ်မှုကို တိုးတက်ကောင်းမွန်စေခြင်းနှင့် နက်ရှိုင်းစွာအတွင်းတွင်ရှိသည့် သွေးကြောတွင်းပိတ်ဆို့ခြင်းကို ကာကွယ်မှုပေးနိုင်သည်။

သင်မည်မျှအလုပ်ရှုပ်နေပါစေ။
ဤစာကိုဖတ်ဖြစ်အောင်ဖတ်ပါ။ အခြားသူများကိုချစ်မေတ္တာဖြင့် ဖြန့်ဝေပါ။ သင့်ကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုလည်းဂရုစိုက်​ပါ။

24/09/2017

☆“ #ယောက်ျားဘဝဆုတောင်း ”☆
▬▬▬▬▬▬▬▬▬▬▬▬▬

(မိန်းမတို့အား သီးခြားဆင်းရဲ ငါးမျိုး။)

၁။ မိန်းမတို့မည်သည် စည်းစိမ်ချမ်းသာ မည်မျှပင် ချမ်းသာကြွယ်ဝသည်
ဖြစ်စေ၊ ချစ်ခင်လှသော မိဘဆွေမျိုးတို့နှင့် ကွေကွင်းခွဲခွာ၍ လင်၏အိမ်သို့  လိုက်ရခြင်းသည်၊ ယောက်ျားတို့နှင့် လုံးဝမသက်ဆိုင်။ မိန်းမတို့အားသာ သီးခြားဖြစ်သော ဆင်းရဲတစ်ပါး။

၂။ မိန်းမတို့မည်သည် ချိန်ခါရွယ်သင့်၊ ဥတုပန်းပွင့်ရခြင်းသည် ယောက်ျား
တို့နှင့် မသက်ဆိုင်။ မိန်းမတို့အားသာ သီးခြားဖြစ်သော ဆင်းရဲတစ်ပါး။
[မှတ်ချက်။ ။ လောကီဗေဒင်ကျမ်းတို့၌ ၁၂-နှစ်အရွယ် ရောက်လျှင် ဥတု
ပန်းပွင့်နိုင်ပြီဟု ဆို၏။]

၃။ မိန်းမတို့မည်သည်၊ ပဋိသန္ဓေကိုယ်ဝန်ကို လေးလံပင်ပန်းစွာ၊ ရ- လ၊
၁၀- လ၊ လွယ်ပိုက်ရခြင်းသည်လည်း၊ ယောက်ျားများနှင့် မသက်ဆိုင်။
မိန်းမတို့အားသာ သီးခြားဖြစ်သော ဆင်းရဲတစ်ပါး။

၎။ မိန်းမတို့မည်သည်၊ လင်စိတ် သားစိတ် ကုန်လောက်အောင် မိန်းမော တွေဝေ သေလုနီးပါး သားဖွားရခြင်းသည်လည်း ယောက်ျားများနှင့် မ
သက်ဆိုင်။ မိန်းမတို့အားသာ သီးခြားဖြစ်သော ဆင်းရဲတစ်ပါး။

၅။ မိန်းမတို့မည်သည်၊ စကြာဝတေးမင်းကြီး၏ မိဖုရားပင် ဖြစ်စေကာမူ၊
ယောက်ျားတို့၏ ခြေရင်း အလုပ်အကျွေးသာ ဖြစ်ရခြင်းသည်လည်း
ယောက်ျားများနှင့် လုံးဝ မသက်ဆိုင်။ မိန်းမတို့အားသာ သီးခြားဖြစ်သော
ဆင်းရဲတစ်ပါး။

[ မှတ်ချက်။ ။ ဤဆင်းရဲငါးမျိုးသည်ကား။ ယောက်ျားတို့နှင့် လုံးဝမသက်
ဆိုင်။ မိန်းမတို့နှင့်သာ။ တိုက်ရိုက် သီးခြား ခံစားရသော (အာဝေနိက ဒုက္ခ) ဆင်းရဲငါးမျိုး ဟု၊ သဠာယတန၊ မာတုဂါမ သံယုတ် ပါဠိတော်၌ ဟောတော် မူသည်။

☆ ၎င်းပြင်၊ ဘုရားပစ္စေကဗုဒ္ဓါ စသည်တို့၏ အဖြစ်မျိုးကို တိုက်ရိုက်မတောင်း ဆိုနိုင်ခြင်း။ ယောက်ျားများကဲ့သို့ ဖန်ရေစွန်းသော ဝတ်သင်္ကန်းနှင့် ယခုအခါ ရဟန်းမိန်းမ မဖြစ်နိုင်ခြင်း။ ဤသို့ စသည်ဖြင့်၊ မိန်းမတို့၏ဘဝ အဖြစ်
မျိုးသည်၊ နေရာတကာတိုင်း လိုလို၊ အောက်တန်းကျနေ၍၊ ယောက်ျားဘဝ
အဖြစ်မျိုးကို၊ တောင်းလိုလျှင်လည်း တောင်းသင့်ကြောင်း။။

▬▬▬▬▬▬▬▬▬▬▬▬▬
#ယောက်ျားဘဝဆုတောင်း ၂ မျိုး
▬▬▬▬▬▬▬▬▬▬▬▬▬

☆ ယောက်ျားအဖြစ်ကို အလိုရှိသော မိန်းမတို့သည်၊ ဒါန စသော ကုသိုလ်
ကောင်းမှုစုတို့ကို ပြု၍၊ မိန်းမ၏အဖြစ်၌ နှစ်သက် သာယာသော စိတ်ကို
မဖြစ်စေ မူ၍၊ ဝါ၊ မိန်းမအဖြစ်၌ ငြီးငွေ့ စက်ဆုပ်ရွံမုန်း၍၊ ငါ၏ အလှူ
ကောင်းမှုသည် ရှေ့ဘဝ ယောက်ျားအဖြစ်ကို ရခြင်း ဖြစ်စေသောဟု၊ ဆုတောင်း၍ သေသွားလျှင်၊ မုချယောက်ျားအဖြစ်ကို ရလေ၏ ဟု မှတ်လေ။

☆ ကျန်တစ်နည်းမှာ၊ မိမိကာမပိုင် လင်ယောက်ျားကို အိမ်ဦးနတ်ကဲ့သို့ အရိုအသေ ကျင့်လျှင်လည်း ယောက်ျားအဖြစ်ကို ရနိုင်“ဟု (ဓမ္မပဒအဋ္ဌကထာ)
သောရေယျဝတ္ထု၌ လာ၏။

▬▬▬▬▬▬▬▬▬▬
#ပါဠိနှင့်တောင်းလိုလျှင်
▬▬▬▬▬▬▬▬▬▬

ဣဒံ မေပုညံ ပုရိသတ္တဘာဝံ ပဋိလဘာယ သံဝတ္တတု။

မေ၊ ငါ၏။ ဣဒံ ပုညံ၊ ဤ ယခုပြုရ မြတ်ပုညသည်။ ပုရိသတ္တဘာဝံ၊ မြင့်
မြတ်လှသော ယောက်ျားအဖြစ်ကို၊ ပဋိလဘာယ၊ ရရှိစေခြင်းငှာ။ သံဝတ္တ
တု၊ မုချမသွေ ဖြစ်ပါစေသတည်း။

[မှတ်ချက်။ ။ မြင့်မြတ်လှသော ယောက်ျားးအဖြစ် ဆိုသည်မှာ အိမ်ထောင်ရေး၊ လောကီစီးပွားရေး မျှလောက်သာ သိသော သာမန်ယောက်ျား အဖြစ်
မျိုးကိုမဆို၊ မရောင်းဝယ်အပ်သော ကုန်ငါးပါးတို့ကို ပယ်၍၊ မိစ္ဆာဇီဝမှုမှ
လုံးဝလွတ်ကင်းစေ၍။ တရားသဖြင့်သာ၊ အသက်မွေးပြီး။ ပေးလှူအပ်သော
ဒါန၊ စောင့်သုံးအပ်သော သီလ လက်ကိုင်ရှိသဖြင့်၊ ရုပ် နာမ် ဓမ္မ သဘာဝ တို့ကို နေရာတကျသိ၍။ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း ကောင်းသောအလုပ်နှင့် ဆုကြီးပန်သူတို့သာ မြင့်မြတ်သော ယောက်ျားအဖြစ်ဆို
သည်မှတ်။

#အထူးသတိပြုရန်မှာ-
▬▬▬▬▬▬▬▬▬▬

ဣတ္တိဘာဝေန ဆန္ဒံဝိရာဇေတွာ။

☆ မိန်းမအဖြစ်၌၊ နှစ်သက်ခြင်းကို ကင်းစေရမည် ဆိုသောကြောင့် မိမိ၏
မိန်းမအဖြစ်ကို နှစ်သက်သာယာ စုံမက်မြတ်နိုး၍ နေပါလျှင် ယောက်ျား
အဖြစ်ကို ဆုတောင်း၍ ရနိုင်မည် မဟုတ်သည်ကိုလည်း သတိပြုစေရမည်။

¤ ခန္တီးဆရာတော်ဘုရားကြီး ¤

Buddhavasa Tiloka

______________________________________________________

အမျိုးသမီးများ ယောကျာ်းဘ၀ရချင်လျှင်

မိန်းမဘဝကနေ ယောကျာ်းဘဝဖြစ်ချင်ရင် -

(၁) မိန်းမဘဝကို စက်ဆုပ်ရမယ်။
(၂)ဥပုဒ်သီလစောင့်ထိန်းရမယ်။
(၃) ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်ရမယ်။
(၄)ယောကျာ်းဖြစ်လိုတဲ့ ဆန္ဒအားကြီးရမယ်။
(၅)ကုသိုလ်ပြုတဲ့အခါတိုင်း ယောင်္ကျားအဖြစ်ကို ဆုတောင်းပြီး ကုသိုလ်ပြုရမယ်။
(၆)လင်သားကို နတ်ကဲ့သို့ ရိုရိုသေသေ ပြုစုလုပ်ကျွေးရမယ်။

ဒီနေရာမှာ ခြွင်းချက်အနေနဲ့ လင်ယောက်ျားမရှိသူများဟာ အခြား
အချက်များကို ပြည့်စုံအောင် ဖြည့်ကျင့်ပြီး ယောကျာ်းဆုပန်နိုင်ပါတယ်။

မိန်းမများ မရနိုင်တဲ့ အခွင့်အရေး ( ၅) ချက်

(၁) မိန်းမသည် ဘုရားမဖြစ်နိုင်
(၂) စကြဝတေးမင်း မဖြစ်နိုင်
(၃) သိကြာမင်း မဖြစ်နိုင်
(၄)မာရ်နတ်မင်း မဖြစ်နိုင်
(၅)မဟာဗြဟ္မာမင်း မဖြစ်နိုင်။
အဂုင်္တ္တရ် ဧကကနိပါတ် ဒုတိယဝဂ် နဲ့ မဟာအဌကထာ ဂေါပကဝတ္ထုမှာ ဟောထားတယ်။
ဒါတွေအတိုင်းဆို မိန်းမများ ဘုရားဆုပန်လို့မရဘူးပေါ့။
ဒါပေမဲ့ယခုမျက်မှောက် မိန်းမဘဝမှာမရပေမဲ့ နောက်ဘဝမှာ ယောကျာ်းဖြစ်ရင်တော့ ဘုရားဆုပန်ဖို့ အခွင့်အရေးရနိုင်ပါတယ်။
ဒါကြောင့်အနာဂတ်ဘဝကိုမျှော်လင့်ပြီးဆုပန်မယ် ဆိုရင်တော့ ဆုပန်လို့ရပါတယ်။
ဂေါတမမြတ်စွာဘုရားရှင်တောင် မိန်းမဘဝနဲ့ ဘုရားဆု ပန်ခဲ့ပါသေးတယ်။ သောတတ္တကီကျမ်း နိဒါန်းမှာပါတယ်။
ဂေါတမဘုရားအလောင်းဟာ ရှေးရှေးဘဝက ကျူးလွန်ခဲ့ဖူးတဲ့ အပရာပရိယဝေဒနိယကံ (မျက်မှောက်ဘဝနှင့် အခြားမဲ့ဘဝမှ တစ်ပါးသောဘဝ၌ အကျိုးပေးသောကံ)ကြောင့် နတ်ပြည်ကနေစုတေပြီး ပေါရာဏဒီပင်္ကရာဘုရားနဲ့ အဖေတူ အမေကွဲ မင်းသမီး ဖြစ်လာရတယ်။
ဒီနေရာမှာ ပေါရာဏဒီပင်္ကရာဘုရားဆိုတာ ဂေါတမဘုရားအလောင်း သုမေဓာရှင်ရသေ့ နိယတဗျာဓိတ်ခံယူတဲ့ ဒီပင်္ကရာဘုရားရဲ့ အရင် ကပ်ကမ္ဘာ အသင်္ချေပွင့်တဲ့ ဒီပင်္ကရာဘုရားဖြစ်ပါတယ်။ ဒါကြောင့် ဒီပင်္ကရာချင်းတူနေလို့ ကပ်ကမ္ဘာ အသင်္ချေပွင့်တဲ့ ဒီပင်္ကရာဘုရားကို ပေါရာဏဒီပင်္ကရာဘုရား၊ သုမေဓုရှင်ရသေ့ နိယတဗျာဓိတ်ခံယူတဲ့ ဒီပင်္ကရာကိုတော့ ပစ္ဆိမဒီပင်္ကရာ
ဘုရားလို့ဆိုတယ်။
ပေါရာဏဒီပင်္ကရာဘုရားလက်ထက်မှာ ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းဟာ ပုဏ္ဏားမျိုးမှာဖြစ်ပြီး ပေါရာဏ ဒီပင်္ကရာဟောတဲ့ တရားကိုနာကြားပြီး ရဟန်းဝတ်တယ်။ မကြာမီ အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးကိုရရှိပြီး ဘုရားအဖြစ်ကို အားကျလို့ ဘုရားဆုပန်မယ်ဆိုပြီး သပိတ်ပိုက်ပြီး တစ်မြို့လုံးဆီအလှူခံတယ်။ အဲဒီရတဲ့ဆီတွေနဲ့ တစ်ညလုံး ဘုရားရှင်ကို ဆီမီးပူဇော်ပြီး ဘုရားဆုပန်တဲ့အခါ ဘုရားလောင်းအင်္ဂါရှစ်ပါးနဲ့ ပြည့်စုံနေလို့ ပေါရာဏဒီပင်္ကရာ ဘုရားရှင်ဆီကနေ နိယတဗျာဒိတ် ရခဲ့တယ်။
ဒီနေရာမှာ ဘုရားလောင်းအင်္ဂါ (၈) ပါးက-
(၁) လူသားဖြစ်ခြင်း
(၂) ယောက်ျားဖြစ်ခြင်း
(၃) ထိုပစ္စုပ္ပန်အတ္တဘော၌ပင်လျှင် အရဟတ္တဖိုလ်သို့ရောက်ခြင်း၏ အကြောင်းကောင်းမှု ရှိခြင်း
(၄)သက်တော်ထင်ရှားမြတ်စွာဘုရားကို ဖူးတွေ့ရခြင်း
(၅)သာသနာ့ဝန်ထမ်း ရသေ့ရဟန်းဖြစ်ရခြင်း
(၆) အဘိညာဉ် သမာပတ်ကျေးဇူးနှင့် ပြည့်စုံခြင်း
(၇)ဘုရားတို့အား ကိုယ့်အသက်ကို စွန့်ခြင်းဟုဆိုအပ်သော လွန်ကဲသော ကုသိုလ်ရှိခြင်း
(၈)ဘုရားအဖြစ်ကို ပြုတတ်သော အကြောင်းပါရမီတို့ကိုဖြည့်ခြင်း၌ လွန်ကဲသော အလိုဆန္ဒရှိခြင်း - တို့ ဖြစ်ပါတယ်။

ဒါကတော့ ပြည်ဆရာတော်ကြီးရဲ့ နိဿ ယကိုမှီပြီး မြန်မာပြန်ထားတာပါ။

ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းဟာ အဲဒီနေ့ကစပြီး ဆီအမြဲအလှူခံပြီး မီးပူဇော်တယ်။ တစ်ညနေမှာတော့ နန်းတော်ကိုဝင်ပြီး ဆီအလှူခံတဲ့အခါ ပေါရာဏဒီပင်္ကရာဘုရားရဲ့ နှမတော်ဟာ ညနေဆိုတော့ ဆွမ်းအလှူခံတာ မဟုတ်မှန်းသိတော့ အလုပ်အကျွေးမိန်းမတစ်ယောက်ကို လွှတ်ပြီး စုံစမ်းခိုင်းတဲ့အခါ အကြောင်းစုံသိပြီး ရဟန်းတော်ကိုပင့်ပြီး ရွှေအဆင်းနဲ့တူတဲ့ မုန်ညင်းဆီလှူတယ်။
ပြီးတော့ ' အရှင်ဘုရား ဤ ကောင်းမှုကြောင့် ဘုရားစင်စစ်ဖြစ်၍ ဤမုန်းညင်းဆီအမည်နဲ့ သိဒ္ဓတ္တ ဆိုတဲ့ အမည်ကို ရပါလို၏။ ဒီအကြောင်းကို မောင်တော် ဘုရားကိုလည်း လျှောက်ထားပေးပါ ' လို့လျှောက်တယ်။ ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းလည်း မင်းသမီးလျှောက်တဲ့အတိုင်းလျှောက်တဲ့အခါ ပေါရာဏဒီပင်္ကရာဘုရားက
' ရဟန်း ငါ့ရဲ့ နှမတော်ဟာ ဘုရားလောင်းအင်္ဂါရှစ်ပါးနဲ့ မပြည့်စုံလို့ နိယတဗျာဒိတ် မခံနိုင်ဘူး 'လို့ မိန့်တော်မူတယ်။
နိယတဗျာဒိတ်မရနိုင်ဘူးလို့ ဆိုတော့ ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းဟာ ' သူလိုချင်တဲ့ ဘုရားအဖြစ်ကို မရနိုင်တော့ဘူးလား ' လို့ ထပ်လျှောက်တယ်။ အဲဒီတော့ ပေါရာဏဒီပင်္ကရာဘုရားက အနာဂတံသဥာဏ်နဲ့ ကြည့်တယ်။ ဘုရားဖြစ်နိုင်တာကိုမြင်တယ်။ ဒါကြောင့် …
' ရဟန်း ဤကမ္ဘာမှ ၁၆ အသင်္ချေ ကမ္ဘာတစ်သိန်းကျော်လွန်တဲ့အခါ သင်ရဟန်းဟာ ငါကဲ့သို့ ဒီပင်္ကရာအမည်နဲ့ ဘုရားဖြစ်လိမ့်မယ်။ အဲဒီအခါမှာ သင်က ငါရဲ့ နှမတော်ကို နိယတဗျာဒိတ်စကား ပေးနိုင်လိမ့်လို့ ' မျက်ကွယ်ဗျာဒိတ်စကား ပေးတော်မူတယ်။

ဒါတွေအားလုံးကို ခြုံငုံသုံးသပ်ရရင် မိန်းမများဟာ လက်ရှိမိန်းမ
ဘဝနဲ့ ဘုရားဆုမပန်နိုင်သော်လည်း နောင်ဘဝယောကျာ်းဖြစ်ပါ
က အခွင့်အရေးရနိုင်ပါတယ်။

ဖော်ပြပါ အချက်များကို ထောက်ရှုပြီး မိန်းမများလည်း ဘုရားဆုကို
ယောကျာ်းဘဝဖြစ်ခွင့် ရရှိပြီး ဆုထူးပန်နိုင်ကြပါစေ။

ဓမ္မမိတ်ဆွေများ ဗဟုသုတရပါစေခြင်း အကျိုးငှာ ရည်ရွယ်၍ ဆရာတော်ရဝေနွယ် ( အင်းမ ) ၏ ဘဝတိုင်းဆုံတွေ့ချင်ပါသလားမှ ကောက်နုတ်ဖော်ပြထားပါသည်။Share

21/09/2017

အရမ်းကောင်းတဲ့ ဥပမာ လေးပါ …ဖတ်ကြည့်ပါ အရမ်းကောင်းပါတယ်။

တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီး တစ်ဦး ရှိပါတယ်…

သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက် ဆီ ရောက်လာပါတယ်..

ပညာရှိကြီး က ထိုလူငယ်ကို ရေတစ်ဖန်ခွက်
သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်..

ရေဖန်ခွက် ထဲကို ဆား တစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ လူငယ်ကို သောက်စေပါတယ်..

ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က

ခါးတူးနေအောင် ငံပါတယ်လို့ ပြန်ဖြေပါတယ်

ဒီတော့ ပညာရှိကြီး က အသာပြုံးလိုက်ရင်း ထိုသူကို ဆား တစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်..

မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်..

ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆား တစ်ဆုပ်ကို ရေကန် ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်..

ပြီးတော့ လူငယ်ကို ကဲ အခု ကန်ထဲကို ရေကို
သောက်ကြည့်ပါဦးလို့ ခိုင်းလိုက်တဲ့အခါ

ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့
ခပ်ယူပြီး သောက်လိုက်ပါတယ်..

ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ
အခုရော ကန်ထဲက ရေ က ဘယ်လိုအရသာ ရှိသလဲလို့မေးလိုက်ပါတယ်..

ဒီတော့ လူငယ်က “ လတ်ဆတ်ပြီး ချိုမြတဲ့
သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါဘဲ”
လို့ ပြန်ဖြေပါတယ်.. “

စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး
သောက်လိုက်သလို ငံသေးရဲ့လား” လို့
ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့
လူငယ် က ပြန်ဖြေလိုက်ပါတယ်..

ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံး ကို အသာအယာပုတ်လိုက်ကာ

ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆား နဲ့တူပါတယ်..

ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်.

မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့
မင်းထင်လိမ့်မယ်..

ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု
မဟုတ်တော့ဘူးပေါ့…”

ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ..

ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့..

ရေကန် တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ..

ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန် ထဲ
ရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်လို့ ပြောလိုက်ပါတယ်..

Credit original writer

"ဗုဒ္ဓဘာသာဆိုတာ ဘာသာမဟုတ်ဘူး....ဟု ဆိုတဲ့...  လက်ဘနွန်နိုင်ငံသူ ခရီးသွား စာရေးဆရာမ... အီလင်း ယူဆွတ် ရဲ့ စာ"( ဘာသာပြန် )(အ...
20/09/2017

"ဗုဒ္ဓဘာသာဆိုတာ ဘာသာမဟုတ်ဘူး....
ဟု ဆိုတဲ့... လက်ဘနွန်နိုင်ငံသူ ခရီးသွား စာရေးဆရာမ... အီလင်း ယူဆွတ် ရဲ့ စာ"
( ဘာသာပြန် )
(အရမ်းတန်ဖိုးရှိတဲ့စာလေးမို့ ဆုံးအောင်ဖတ်စေချင်ပါတယ်)
===================================

"ငါဘုရားရဲ့ တရားတွေကို တွေးကြံနိုင်စွမ်းရှိသူတွေပဲ သိနိုင်မယ်" — ဗုဒ္ဓ
ကျမက ဘာသာတရား ကိုင်းရှိုင်းလှတယ်မဟုတ်၊ ဗုဒ္ဓတရားကိုပဲ ကျင့်ကြံတယ်လို့ ပြောမိတိုင်း မေးခွန်းပေါင်းများစွာ ပြန်လာလေ့ရှိတယ်။

ကမ္ဘာပေါ်မှာ ဗုဒ္ဓတရားကို ဘာသာ တရပ်လို့ အများက သတ်မှတ်ထားပေမယ့် ကျမအတွက်တော့ ဒီလို မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ဆိုရရင်၊ ဒီတရားအကြောင်းကို ဘာမှမသိခင်၊ ဒီ အတွေးအမြင်နဲ့ ထုံးထမ်းတွေကို အတွင်းကျကျ မလေ့လာမိခင်တော့ ကျမလည်း ဒီလိုပဲ ထင်ခဲ့တယ်။

ပထမဆုံးအနေနဲ့ "ဘာသာ" ဆိုတာကို အဓိပ္ပါယ် ဖွင့်ရရင် "ယုံကြည်၊ ကိုးကွယ်ရာ စနစ် တခု" နဲ့ "လူသာမာန် မဟုတ်၊ တန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်မှု" ဆိုရမယ်။ အိန္ဒိယနဲ့ နီပေါကို ခရီးထွက်ပြီး အဲဒီက ဗုဒ္ဓကျောင်းကန်တွေကို လေ့လာကြည့်မိမှ ဗုဒ္ဓဘာသာဆိုတာ ယုံကြည်မှုအပေါ်အခြေခံတဲ့ စနစ် မဟုတ်သလို တန်ခိုးရှင်အပေါ်မှီတဲ့ အဖွဲ့အစည်းလဲ မဟုတ်တာတွေ သတိပြုမိလာတယ်။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓကို တန်ခိုးရှင် အဖြစ် မသတ်မှတ်ပါဘူး။ သူတို့အတွက်တော့ ဗုဒ္ဓဟာ ကမ္ဘာပေါ်က တခြားသူတွေလိုပဲ လူသား တယောက်ပါပဲ။ ဒါပေမယ့်... သူဟာ ဒုက္ခတွေရဲ့ အကြောင်းရင်း အရှုပ်အထွေးကြီးကို ထုတ်ဖေါ် ရှင်းလင်းခဲ့ပြီး၊ အဲဒီ အရှုပ်အထွေးက လွတ်ရာ လွတ်ကြောင်းအတွက် တိကျသေချာတဲ့ လမ်းကို ပြခဲ့တယ်။

အခုလို သဘာဝ ဓမ္မနဲ့ သံသရာက လွတ်ကြောင်းတွေ ပြသခဲ့တာတောင်၊ သူ့ကို ကိုးကွယ်တာ၊ ဝတ်ပြုဆုတောင်းတာတွေ မလိုချင်ဘူးလို့ အလေးအနက် ဆိုခဲ့သေးတယ်။ တခုပဲ သူတောင်းဆိုတာက ... သူ့ရဲ့ တရားတွေကို စူးစမ်းစိတ်ဖြာကြည့်ပါ၊ ကိုယ်နဲ့ ကိုက်ညီရင် ယူပြီး ကျင့်သုံးပါ။ အဲဒီလို မဟုတ်ရင် ဒီတရားကို လက်မခံဖို့ အခွင့်အရေး အပြည့်အဝရှိတယ်။

ဘုရားကျောင်းကန်တွေမှာ ရိုးရာနဲ့ ဘာသာရေး အခမ်းအနားတွေ တွေ့နိုင်ပေမယ့်၊ ဒါတွေဟာ ဝတ်ပြုတာတွေကို အခြေခံတာ မဟုတ်ဘူးလို့ ကျမကို ရှင်းပြတယ်။ "ဝတ်ပြုပွဲ" တွေအဖြစ် ကျမတို့ တွေ့ရတဲ့ အစီအစဉ်တွေဟာ အမှန်တရားကို ဖေါ်ထုတ်သွားတဲ့ လူ တယောက်ကို လေးစား ကျေးဇူးတင်ကြောင်း ပြတာတွေပါပဲ။ ကျမတို့ ကြားနေကြ ဆုတောင်း ရွတ်ဖတ်စာတွေတောင် တကယ်က သတ္တဝါ အားလုံးကို ချွင်းချက်မရှိ အကြင်နာ မေတ္တာ မျှဝေတာတွေပါပဲ။

ဗုဒ္ဓတရားကို ထပ်ပြီး အသေးစိတ် လေ့လာကြည့်ရင် ဘာသာရေး ခေါင်းဆောင်ဆိုတာတောင် တကယ့်တော့ မရှိဘူးဆိုတာ အသေအချာ တွေ့ရမယ်။

Dzongsar Jamyang Khyentse Rinpoche (ဘူတန်လူမျိုး ဘာသာရေးဆရာ၊ ဒါရိုက်တာနဲ့ စာရေးဆရာ) အမြဲပြောသလို ဒလိုင်းလာမားဟာ တိဘက်လူမျိုးတွေအတွက် လောကီရေးရာ ခေါင်းဆောင်၊ ကမ္ဘာပေါ်က ဗုဒ္ဓဘာသာဝင်တွေအပါ အဝင် လူအများရဲ့ အယူဝါဒဆိုင်ရာ ဦးဆောင်သူ ဆိုတာတောင် သူ့အနေနဲ့ ဗုဒ္ဓဘာသာရဲ့ အာဏာပိုင် မဟုတ်သလို ဘယ်သူက ဗုဒ္ဓဘာသာဝင် အစစ်၊ ဘယ်သူက ဗုဒ္ဓဘာသာဝင် အတုဆိုတာတွေ၊ ဘယ်သူတွေက အပြစ်သားတွေ၊ ဘယ်သူတွေကတော့ အပြစ်သားမဟုတ်ဘူး ဆိုတာတွေပါ ဆုံးဖြတ်နိုင်တဲ့ အာဏာ မရှိပါဘူး။

ဒီတော့ ဗုဒ္ဓဘာသာက ဘာသာ မဟုတ်ရင် ဘာလဲ။

ကျမ အမြင်အရ ဗုဒ္ဓဘာသာဆိုတာ ဘဝနေနည်း၊ လောက အမြင်နဲ့ လောက သဘာဝ ဓမ္မ တွေပါပဲ။

မရှက်တမ်း ဝန်ခံရရင် ဗုဒ္ဓဘာသာကြောင့် ကျမကြီးပြင်းခဲ့တဲ့ ဘာသာအပြင် ကမ္ဘာ့ ဘာသာတရားတွေကို ပိုမြင်တတ်လာတယ်။ ဗုဒ္ဓတရားနဲ့ မတွေ့ခင် "ကျမ်းစာအုပ်" ဆိုတာ ကျမအတွက်တော့ တရုတ်စာ ဖတ်နေရသလို ဖြစ်မိတယ်။

ဘာကြောင့် ဝတ်ပြုရတယ်၊ ဘာသာရေးထုံးတမ်းတွေ ဘာကြောင့် လုပ်ရတယ်၊ ဘာသာရေး ဆရာတွေရဲ့ သင်ကြားချက်တွေကို တကယ်နားမလည်ပဲ ဘာကြောင့် လိုက်နာရတယ် ဆိုတာတွေအတွက် အဖြေရှာမရဘူး။ ဗုဒ္ဓတရားနဲ့ မတွေ့ခင်အထိ ကျမဟာ ဘုရားသခင်အပေါ် ကိုးစားမှီခိုရသူ ဖြစ်ခဲ့တယ်။ ကျမ ခန္ဒာရဲ့ အပြင်မှာ တောက်ရှောက် ရှာလာခဲ့တော့ ကျမကို ကျမ ရှာမတွေ့နိုင်ခဲ့ဘူး။

ဗုဒ္ဓတရားကြောင့် အတွင်းကို ပြန်ကြည့်တတ်လာတယ်။ ဗုဒ္ဓတရားကပဲ ကျမရဲ့ လွတ်လပ်မှုနဲ့ သတိကို သင်ပေးတယ်။ ဗုဒ္ဓတရားကပဲ ကျမကို ကျမ ဆင်ခြင်နိုင်ဖို့၊ တန်ခိုးရှင်ကို အားမကိုးပဲ ကိုယ့်အပြုအမူ၊ အတွေးအကြံနဲ့ ခံစားမှုတိုင်းကို ကိုယ်တိုင် တာဝန်ယူနိုင်ဖို့နည်းလမ်းတွေ ကူညီခဲ့တယ်။

ဗုဒ္ဓတရားကြောင့် ဘုရားသခင်ဆိုတာ ကောင်းကင်ဘုံကနေ ကျမတို့ကို ဆုံးဖြတ် စီရင်မယ့်သူ မဟုတ်တာ သိမြင်လာတယ်။ ကိုယ်နဲ့ ဘုရား နှစ်ခုကွဲ ဘဝကို အဆုံးသတ်နိုင်ခဲ့ပြီး ဘုရားဆိုတာ လူတိုင်း၊ အရာဝတ္ထတိုင်း နေရာတိုင်းမှာ ကိန်းဝပ်တယ် ဆိုတာလည်း ဆင်ခြင် နိုင်ခဲ့တယ်။ ဘုရားဆိုတာ အပြင်မှာ မဟုတ်၊ လက်လှမ်းမမီနိုင်တဲ့ အရာလည်း မဟုတ်၊ ကိုယ်တွင်းမှာ ရှိတဲ့ တရားသာ ဖြစ်ပါတယ်။
ဒါဖြင့် ဘာလို့ ဗုဒ္ဓတရားကို လေ့လာကြည့်ဖို့၊ ဒါမှမဟုတ် ကျင့်ကြံကြည့်ဖို့ လိုသလဲလို့ တွေးမိကြမှာပါပဲ။ ဒါကတော့ တယောက်စီရဲ့ ခံယူချက်၊ ဆုံးဖြတ်ချက်တွေ ပေါ်မှာပဲ မူတည်တယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် ကြီးမြတ်တဲ့ နှလုံးသားနဲ့ ဖွင့်ထားတဲ့ စိတ်ကြောင့် အသိ တိုးလာမယ်၊ တွေးတော ကြံဆ လာနိုင်မယ်ဆိုတာ အရှုံးမရှိတဲ့ ကိစ္စလို့လည်း ယုံကြည်တယ်။

ဗုဒ္ဓဘာသာရဲ့ တခြားဘာသာတွေနဲ့ မတူတဲ့ အချက်က ဘာသာဝင်တွေအနေနဲ့ သူ့တရားကိုပဲ ဖက်တွယ်ထားရမယ်လို့ မဆိုထားဘူး။ ဗုဒ္ဓဘာသာဝင် တယောက်အတွက် တပါးသူတယောက်က ဘယ်က လာတယ်၊ ဘာကိုယုံကြည်ပြီး ဘာကို ကိုးကွယ်သလဲ ဆိုတာတွေက အရေးမပါဘူး။ သူတို့ အလေးထားတာက သင့်အနေနဲ့ "အရာတိုင်းဟာ မမြဲဘူး" ဆိုတဲ့ ဓမ္မကို မြင်နိုင်ဖို့ဆိုတာပဲ။ (စကားချပ်၊ ဥပမာ ဦးဂိုအင်ကာရဲ့ ကမ္ဘာ အနှံ့က တရား စခန်းတွေမှာ ဗုဒ္ဓဘာသာဝင်ပဲ လာရမယ်လို့ မရှိဘူး၊ ဗုဒ္ဓဘာသာဝင် ဖြစ်လာဖို့လည်း မတိုက်တွန်းဘူး။ တရားပြသူတွေကလည်း ဘုန်းကြီးတွေ မဟုတ်ဘူး)။

ဗုဒ္ဓတရားကို လေ့လာကြည့်တာ အကျိုးများပါတယ်။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ပန်းတိုင်ကကို ဘာသာကို အကျိုးရှိအောင် မဟုတ်ပဲ ကျင့်ကြံသူကို အကျိုးရှိစေဖို့ ဖြစ်လို့ပါပဲ။ ဗုဒ္ဓတရားရဲ့ အကျိုးတွေကတော့ သဘာဝ ဓမ္မ၊ ဘဝ ရလာပုံနဲ့ မိမိကိုယ်ကို တကယ် နားလည်လာမယ်။

Dzognsar Khyentse (ဘူတန်လူမျိုး ဘာသာရေးဆရာ၊ ဒါရိုက်တာနဲ့ စာရေးဆရာ) ပြောခဲ့တာတခုကိုပဲ ပြန်ပြောရရင် "ဗုဒ္ဓတရားဟာ ယောင်္ကျား မိန်းမ ဘယ်နှစ်ယောက် ယူသင့်တယ်၊ (ဘာသာရေးခွန်) ဘယ်ကို ပေးသင့်တယ်၊ သူခိုးကို ဘယ်လို အပြစ်ပေးရတယ် စတဲ့ လောကီရေးရာ ပြဌာန်းချက်တွေမဟုတ်ဘူး။ ဗုဒ္ဓတရားမှာ မင်္ဂလာ ဘယ်လိုဆောင်ရမယ်ဆိုတဲ့ ထုံးတမ်း သတ်မှတ်ချက်တောင် ရှိတာ မဟုတ်ဘူး"။

ဗုဒ္ဓအနေနဲ့ လူတွေ ကြားချင်တာ ပြောခဲ့တာ မဟုတ်ပါဘူး။ သဘာဝဓမ္မကို မြင်နိုင်အောင် အလင်းဖွင့်ပေးခဲ့ရုံပါပဲ။
သင်လည်း မြင်နိုင်ဖို့ အဆင်သင့် ဖြစ်ပြီလား။

CREDIT TO >>> Nyein Khant (ဘာသာပြန်သူ)

http://www.elephantjournal.com/2016/05/buddhism-is-not-a-religion-its-something-much-better/

-----------------------------------------------------------

I get plenty of comments when I say that I’m not a religious person, but I am a practicing Buddhist.

Although Buddhism is known worldwide as a religion, for me it is not. Frankly, I used to perceive it as one, before knowing anything about it and delving into its culture.

To start off, the word religion means “a system of faith and worship” and “the belief in a superhuman, or god with power.” After visiting India and Nepal, and observing the Buddhist complex, I came to notice that Buddhism is neither a system of faith, nor a god-based institution.

Buddhists do not consider the Buddha as a supreme god. For them, he is a man like any other man who’s walked on the earth. Nevertheless, Buddha untangled the reasons of suffering and offered us a concrete way of getting out of them.

And although he did offer the world teachings about how to get unstuck from samsara, he insisted that he wanted no worship or praying. All he asked for is that we must examine his teachings first, and if they do resonate with us, then we practice them. If not, however, we have the utter freedom to leave them.

Although I have watched rituals and ceremonies being held at monasteries, I’ve been told that they’re not in any way worship-based. The so-called “worship” that we might see is one that is offered as a way of showing respect and thankfulness to the man who exhibited the truth. Even the prayers that we hear are ones that read compassion, kindness and love to all sentient beings, without any exception.

If we look more closely at Buddhism, we can even ascertain that there is no leader in the culture. Dzongsar Khyentse constantly talks about how the Dalai Lama is a secular leader for the Tibetan community in exile and a spiritual master to many people all over the world—and not merely for Buddhists. He insists that there is no authority in Buddhism with the power to decide who is a true Buddhist and who is not, or who is punishable and who is not.

If Buddhism isn’t a religion, what is it then?

The way I see it, Buddhism is a way of life—it’s a philosophy and a truth that simply represents how things are in life.

I must admit (and I’m not ashamed to claim it) that Buddhism has helped me understand the religion I was brought up with, as well as all the other religions in the world. Before being introduced to Buddhism, “holy books” were on par with the Chinese language to me. I couldn’t understand why I was supposed to pray, to attend religious ceremonies or to follow a spiritual leader, without true conviction or belief for what they’re saying. Before Buddhism, I was co-dependent on “God.” I constantly searched outside of myself, and I believe this is why I never found myself.

Buddhism helped me look inward. It taught me independence and self-awareness. Through it, I began to understand how the world ticks. It helped me look at myself and take responsibility for my actions, thoughts and emotions, rather than taking refuge in a supreme god.

With Buddhism, I came to finally understand that God isn’t a judgmental man who lives in the clouds. I stopped this duality between God and myself, and I figured out that God is in everyone (and everything and everywhere). It is not something that is outside of us or something we cannot reach—it is in us.

So you might ponder the question—why is it worth looking into Buddhism or practicing it?

I utterly believe to each their own—however, I also believe that it is never wrong to live with an open heart and an open mind which expands our knowledge and raises questions in our heads.

Unlike other religions, Buddhism doesn’t tell its followers to stick only to its teachings. Buddhists don’t care where you’re from, what you believe in or who you worship. All they care about is that you know the truth—and the truth is: “All compounded things are impermanent.”

It’s worth understanding Buddhism, because the final outcome of its purpose is not something that is beneficial to itself—the benefits are for our own sake. The benefit is that we will actually understand the truth of life, our existence and ourselves.

Again, like Dzognsar Khyentse said, “Buddhism is not a survival kit for living that dictates how many husbands a wife should have or where to pay taxes or how to punish thieves. Buddhism doesn’t even have a ritual for wedding ceremonies.”

The Buddha didn’t tell people what they wanted to hear—he simply opened their eyes to the truth of life.

Are you ready to hear it?


ပြန်လည်မျှဝေပါသည်။

https://m.facebook.com/story.php?story_fbid=722836324558439&id=100004962347559

Credit. To. ကိုယ့်မင်း ကိုယ် ချင်း Acc မှ
ပြန်လည်မျှဝေပါသည်။

Buddhism helped me look inward. It taught me independence and self-awareness. Through it, I began to understand how the world

Address

Taunggôk

Alerts

Be the first to know and let us send you an email when Ayeyarwaddy Training Centre,Taung Goup Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share