EXhaust Gym

EXhaust Gym 📞Contact us 09-976177269

17/04/2026

Hello — This is just a little reminder for our Warriors! 💪📢

ဒီကနေ့ဟာဆိုရင်တော့ Admin တို့ရဲ့ မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော်လည်းပြီးဆုံးသွားပြီဖြစ်ပြီး နှစ်သစ်တစ်ခုပြန်လည်စတင်တဲ့နေ့လေးလည်းဖြစ်ပါတယ်နော်။
"နှစ်သစ်" ဆိုတဲ့စကားလုံးလေးအတိုင်း Warriors လေးတို့ကလည်း ကိုယ်အရင်က မကြုံခဲ့ရဖူးတဲ့အတွေ့အကြုံအသစ်တွေ ၊ စိတ်ခွန်အားအသစ်တွေနဲ့ ပိုကောင်းတဲ့အရာတွေ လုပ်ယူရတော့မယ့် အချိန်ကောင်းဆိုလည်း မမှားဘူးနော်❗

အတိတ်က မသေချာမှုတွေ ၊ ဆင်ခြေတွေကိုထားခဲ့ပြီး နှစ်သစ်မှာ အားမာန်အသစ် ၊ ရည်မှန်းချက်အသစ်တွေနဲ့ စတင်လိုက်ရအောင်🔓👏

🔴 Admin တို့ Gym လေးကတော့ ချစ်ရတဲ့ Warriors လေးတွေရော ၊ နောက်ထပ်ရောက်လာမယ့် Warriors အသစ်လေးတွေကိုရော 20 ရက်နေ့မှာ ပုံမှန်အတိုင်း မနက် 6နာရီဆိုတာနဲ့ စောင့်ကြိုနေပြီနော် 👀✅

မင်္ဂလာပါရှင့်🙏🏻သင်္ကြန်အခါသမယလေးလည်း မကြာခင်မှာ ရောက်ရှိလာတော့မှာဆိုတော့ Admin တို့ဘက်က Gymပိတ်ရက်လေးကို Announce လုပ်ပ...
10/04/2026

မင်္ဂလာပါရှင့်🙏🏻

သင်္ကြန်အခါသမယလေးလည်း မကြာခင်မှာ ရောက်ရှိလာတော့မှာဆိုတော့ Admin တို့ဘက်က Gymပိတ်ရက်လေးကို Announce လုပ်ပါရစေနော်💦🌿

Admin တို့ Gym ကို 12.4.2026 (Sunday) မှ 19.4.2026 (Sunday) အထိ *8ရက်တိတိ* ပိတ်ရက်လေး သတ်မှတ်ထားပါတယ်ရှင့် 😸👏🏻

အားလုံးပဲ မြန်မာနှစ်သစ်ကူးအချိန်လေးမှာ ရေနဲ့ ပက်ဖျန်းကြသလိုမျိုး အတိတ်ကအချိန်တွေမှာ ကိုယ်ပေးခဲ့တဲ့ Excuses တွေထားခဲ့ပြီး Strong Version နဲ့ပြန်တွေ့ကြပါမယ်နော် 👀✊🏻

May this new year bring you joy and success✨

Gym ပုံမှန်သွားနေသလိုမျိုး အနားယူရမယ့်ရက်တွေကလည်း အရေးကြီးတယ်ဆိုတာ Warriors လေးတို့  သိထားရဲ့လား ❓❓လူအများစုက gym ပုံမှန...
07/04/2026

Gym ပုံမှန်သွားနေသလိုမျိုး အနားယူရမယ့်ရက်တွေကလည်း အရေးကြီးတယ်ဆိုတာ Warriors လေးတို့ သိထားရဲ့လား ❓❓

လူအများစုက gym ပုံမှန်သွားနေပြီး အလေးတွေမ ၊ ချွေးပြိုက်ပြိုက်ကျတယ့်အထိ cardio တွေဆော့ ၊ ခန္ဓာကိုယ်က အားကုန်စပြု/ပင်ပန်းနွမ်းနွယ်စပြုလာပြီဆိုမှ Progress ကဖြစ်မြောက်တယ်လို့အထင်မှားတတ်ကြပါတယ်။ ဒါပေမယ့် အဲ့လို ပင်ပန်းနွမ်းနွယ်အောင် Training အပြင်းအထန်လုပ်ခြင်းက ခန္ဓာကိုယ်အတွက် တိုးတက်မှုဖြစ်စေမယ့်အရာဟုတ်မနေပါဘူး။🙅‍♀😳

တကယ်တမ်းကတော့ Workout လုပ်နေချိန်ဟာ ကျွန်မတို့ခန္ဓာကိုယ်ရဲ့ muscles တွေက တည်ဆောက်နေတာမဟုတ်ပဲ Break Down/ဖြိုခွဲခြင်း (muscle တွေကို small damage ဖြစ်အောင် stress ပေးခြင်း) ကိုပြုလုပ်စေတာဖြစ်ပါတယ်။🔨💪
ဆိုလိုချင်တာက Warriors လေးတို့ အနားယူတဲ့အချိန် (Recovery Time) မှာသာ muscles တွေကိုတိုးတက်မှုဖြစ်စေမှာပါနော်။✅

Recovery လုပ်နေချိန်မှာ ခန္ဓာကိုယ်က ဘာတွေလုပ်ပေးသလဲ ဆိုရင်တော့ "ခန္ဓာကိုယ်မှာရှိတဲ့ muscle fibers တွေကို ပြန်ပြင်ဆင်ပေးပြီး ပိုပြီးသန်မာအောင် rebuild လုပ်ပေးတယ် ၊ နောက်ထပ် လုပ်မယ့် workout အတွက် တဖန် ready ဖြစ်အောင် ပြင်ဆင်ပေးပါတယ်" ✅
တကယ်လို့သာ အနားမယူပဲ ဆက်တိုက် training လုပ်နေတာက discipline ရှိတယ်မခေါ်ပဲ ၊ ကိုယ့်ရဲ့ရလာမယ့် result ကို ကိုယ်ကပြန်တားနေတာပဲဖြစ်ပါတယ်။📈📉
ခန္ဓာကိုယ်က အားမရှိတာမို့ performance ကျလာမယ်၊ အမြဲလိုလိုပင်ပန်းနွမ်းနွယ်နေမယ် ၊ injury ဖြစ်နိုင်ခြေများလာမယ်။❗

ဒါကြောင့် Training ရက်အပြီး အနားယူတယ်ဆိုတာ ကိုယ်က Weak ဖြစ်လို့မဟုတ်ပဲ Process အတွက် အရေးကြီးတဲ့အပိုင်းဖြစ်တာမို့ အနားယူဖို့ကိုလည်း မမေ့ကြနဲ့အုံးနော် 📌

⚫No recovery. No growth⚫

28/03/2026

No more excuses.The festival is getting closer 🔥

24/03/2026

Can not getting enough sleep seriously slow fat loss❓
အိပ်ချိန်မလုံလောက်ခြင်းက တကယ်ပဲ fat loss ဖြစ်ဖို့ရာ ​နှေးကွေးသွားစေတာလား❓

အ​ဖြေက .. Yes✅
အိပ်ချိန်မလုံလောက်ခြင်းက fat loss ဖြစ်ဖို့အတွက်ကို နှေးကွေးစေနိုင်ပါတယ်။ ဘာကြောင့်လဲ???
အဓိကတရားခံကတော့ ဟော်မုန်းတွေကြောင့်ပဲဖြစ်ပါတယ် ။ ကျွန်မတို့တွေ အိပ်ချိန်ပုံမှန်မဟုတ်/မမှန်တဲ့အခါ ခန္ဓာကိုယ်က Ghrelin ( ဗိုက်ဆာတဲ့ ခံစားမှုကို အလွယ်တကူဖြစ်ပေါ်စေတဲ့ ဟော်မုန်း) ကိုထုတ်လွှတ်စေပြီး Leptin (ဗိုက်ပြည့်တဲ့ ခံစားမှုဖြစ်ပေါ်စေတဲ့ဟော်မုန်း) ကိုလျော့နည်းစေပါတယ်။

အိပ်ချိန်ပုံမှန်မဟုတ်/မမှန်ခြင်းက ဒီလို ဟော်မုန်းမညီမျှမှူဖြစ်တဲ့အတွက် Calorie Deficit ဖြစ်စေမှာမဟုတ်ပါဘူး။ ဒါကြောင့် အစာစားချင်စိတ်ပိုဖြစ်စေနိုင်တဲ့အတွက် ကိုယ် plan ထားတာထက်ကျော်လွန်ပြီး ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေမယ့် snacks တွေကို ပိုစားမိနိုင်ပါတယ်။

အစားအသောက်မှန်ကန်ပြီး ပုံမှန်လေ့ကျင့်နေပေမယ့်အိပ်ချိန်မမှန်တာကြောင့် ရလဒ်က အနည်းနဲ့အများ ကြန့်ကြာနိုင်ပါတယ်။ အိပ်စက်ခြင်းက အနားယူမှုတစ်ခုတည်းမဟုတ်ပဲ fat loss အတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်မှု (Quality Sleep) ဖြစ်ခြင်းက အစာစားချင်စိတ်ကို ထိန်းညှိပေးခြင်း ( Regulate Hunger) ၊ စွမ်းအင်သိုလှောင်ပေးနိုင်ခြင်း ( Energy-restoring) ၊ လေ့ကျင့်မှုကို အကောင်းဆုံးလုပ်နိုင်ခြင်း (Optimize Workout ) ၊ Recovery ပေးနိုင်ခြင်းတို့ကြောင့် နောက်ဆုံးမှာ အဆီချမှုကို လျင်မြန်စေပါတယ်။

ဒါကြောင့် Warriors လေးတို့က အိပ်ချိန်ပုံမှန်မရှိရင် ဘာတွေဘယ်လို ကိုယ့်အပေါ်သက်ရောက်လာမယ်ဆိုတာ လိုတိုရှင်းနားလည်သွားလောက်ပြီမို့ ဒီနေ့ကစပြီး Quality Sleep ရအောင် ပုံမှန်အိပ်စက်အနားယူရမယ်နော်✊✨

19/03/2026

Now, it's level up season and he’s leading the way⬆🔥 , Are you evolving or still staying the same???📈📉

Hello, Warriors✨နောက်ထပ် Fat-Loss Body Transformation လေးတစ်ခု ထပ်တင်ပါမယ်နော်🥳 👏⬛ဒါလေးကတော့ 𝟮.𝟱 𝗠𝗼𝗻𝘁𝗵𝘀 အတွင်း ရလာတဲ့ 𝗿𝗲...
15/03/2026

Hello, Warriors✨
နောက်ထပ် Fat-Loss Body Transformation လေးတစ်ခု ထပ်တင်ပါမယ်နော်🥳 👏

⬛ဒါလေးကတော့ 𝟮.𝟱 𝗠𝗼𝗻𝘁𝗵𝘀 အတွင်း ရလာတဲ့ 𝗿𝗲𝘀𝘂𝗹𝘁𝘀 တွေပဲဖြစ်ပါတယ် 🔥

တချို့ အယူအဆ လွဲများနေကြတာကလေ ဒီနေ့ပဲ gym စဆော့တယ် ဟော... နောက် တစ်ပတ်လောက်ကြာရင် ခန္ဓာကိုယ်တစ်ဆစ်ချိုးပြောင်းလဲချင်ကြတာပါပဲ ၊ ရိုးရိုးပဲတွေးကြည့်လိုက်ပါ ၊ Warriors တို့ အခုလက်ရှိ ပုံစံမကျတဲ့ခန္ဓာကိုယ်ဖြစ်လာဖို့အတွက် အနည်းဆုံးအချိန် 6လလောက်ကြာခဲ့သလို Body Transformation ကောင်းကောင်းဖြစ်ဖို့ဆိုတာကလည်း 1ပတ်/2ပတ် လေးအားကစားလုပ်လိုက်တာနဲ့ ပြောင်းလဲသွားနိုင်မှာမဟုတ်ပါဘူးနော်🙅‍♀❌ ရေရှည်စည်းကမ်းတကျ လုပ်သွားနိုင်မှ အဆင်ပြေမှာဖြစ်ပါတယ်✅

ကဲ"....သူများတွေလည်း ခန္ဓာကိုယ်ပြောင်းလဲနေကြပြီနော်👀 ၊ဆိုတော့.....Warriors လေးတို့လည်း အခုထက် ပိုမိုက်/ပိုလှပြီး ကျန်းမာသွက်လက်ချင်တဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Admin တို့ Exhaust Gym ကို သတိရလိုက်ပါ💪💯

ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ဓာတ်ပုံရိုက်ချိန်မှာတော့ ကိုယ်တွေက အေးဆေးဖြစ်တယ်နော်🌝✨နောက်ကပုံကတော့  ကျွန်မ Clients များ Afte...
09/03/2026

ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ဓာတ်ပုံရိုက်ချိန်မှာတော့ ကိုယ်တွေက အေးဆေးဖြစ်တယ်နော်🌝✨

နောက်ကပုံကတော့ ကျွန်မ Clients များ After Workoutမှာ ဘဝအကြောင်းဆွေးနွေးနေခန်းပေါ့🤣👏🏻

ဒီနေ့မှာတော့ ကျွန်မရဲ့ အမျိုးသမီးလေးတွေအတွက် အခြေခံကျတဲ့ gym tips လေးတချို့ကို ပြောပြပေးမယ်နော်✨📍𝗧𝗶𝗽 𝟭 : အမျိုးသမီးတို့ ...
04/03/2026

ဒီနေ့မှာတော့ ကျွန်မရဲ့ အမျိုးသမီးလေးတွေအတွက် အခြေခံကျတဲ့ gym tips လေးတချို့ကို ပြောပြပေးမယ်နော်✨

📍𝗧𝗶𝗽 𝟭 : အမျိုးသမီးတို့ gym ကိုလာပြီဆိုရင် "ငါဝိတ်ချမယ်/ဝိတ်တင်မယ်" ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ စပြီးမလာခဲ့ပါနဲ့။ ဘာကြောင့်လဲဆိုရင် ကိုယ် ချမှတ်လိုက်တယ့် ခေါင်းစဥ်အောက်မှာ ကိုယ့်ရဲ့ စိတ်က ဝန်ပိသွားတတ်ကြပါတယ် ၊ ဆိုတော့အရင်ဆုံးဘာလုပ်ကြမလဲ ❓ ❓❓
ဒီလိုမေးလာရင်တော့ အရင်ဆုံး ကိုယ် လေ့ကျင့်တဲ့အချိန်မှာ မှန်ကန်တယ့် form တစ်ခုကို သင်ယူပါလို့ ဦးစားပေးပြောချင်ပါတယ်။ ကျွန်မတို့ အရင်ဆုံး squat ကို form ကျကျဘယ်လိုထိုင်မလဲ ၊ ကိုယ်လေ့ကျင့်နေတယ့် အချိန်မှာ core muscle ကို ဘယ်လို control လုပ်ထားမလဲ ၊ တင်ပါးလေး ကျစ်လျစ်လာအောင် လေ့ကျင့်တဲ့အချိန်မှာလည်း ဘယ်လို ထိရောက်အောင် glute muscles တွေကို ဘယ်လိုသေချာအလုပ်လုပ်အောင် လေ့ကျင့်မလဲ ဒီလိုအရာတွေက အင်မတန်မှ အရေးကြီးပါတယ်နော်။

📍𝗧𝗶𝗽 𝟮 : ဝိတ်ကျချင်လို့ဆိုပြီး Cardio ချည်းပဲလုပ်မနေပါနဲ့ ❌
အမျိုးသမီးအများစု အထင်မှားတတ်ကြတာက Cardio များများလုပ်ရင် ဝိတ်များများကျမယ်ဆိုတာပါပဲ။ တစ်နာရီလောက် treadmill ပေါ်တက်ပြီး လမ်းလျှောက်တာ ၊ ပြေးတာတွေက အမျိုးသမီးတို့ရဲ့ ခန္ဓာကိုယ်ကို ကျစ်လျစ်ကြည့်ကောင်းစေမှာမဟုတ်ပါဘူး — ကျစ်လျစ်ပြီး ကိုယ်လိုချင်တယ့် body goal တစ်ခုရောက်ဖို့ဆိုရင်တော့ အလေးဝန်နဲ့ လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်နော် ။ အမျိုးသမီးတွေအလေးဝန်နဲ့ ကစားလို့ ဖွံ့ထွားပြီး Bulky ဖြစ်လာမှာမဟုတ်သလို အမျိုးသမီးတွေအတွက် Muscle တည်ဆောက်ဖို့ကလည်း အဲ့လောက်ထိကို မလွယ်ကူလှပါဘူး ။ We build shape, not size. ✔

📍𝗧𝗶𝗽 𝟯 : ဝိတ်တွေကျအောင်ဆိုပြီး အစာငတ်ခံနေတာဆို ရပ်လိုက်ပါ 📌
တော်တော်များများကိုမြင်ဖူးပါတယ် ၊ Gym စဆော့ပြီဆိုတာနဲ့ အစာလျှော့ချလိုက်ကြတာ ဆိုတော့ တကယ်တမ်း ကိုယ်က လေ့ကျင့်နေတယ့်အချိန်မှာ ဘာမှစားထားတာမရှိတော့ ခေါင်းမူးလာမယ် ၊ ပင််ပန်းလွယ်မယ် ၊ လေ့ကျင့်ဖို့အတွက် အင်အားမရှိတော့တာတွေ ကြုံတွေ့ရနိုင်ပါတယ် ။ ဒီလိုပုံစံနဲ့ ရေရှည် ဘယ်လိုဆက်ပြီး လေ့ကျင့်နိုင်ပါ့မလဲ❓ ဒါကြောင့် သင့်တင့်မျှတအောင်စားပါ ၊ အသားဓာတ် (Protein) ကိုလုံလောက်အောင်စားပါ ။ ခန္ဓာကိုယ်ပြောင်းလဲဖို့အတွက် ကျွန်မတို့ ခန္ဓာကိုယ်ကလည်း လောင်စာ လိုအပ်ပါတယ်🔥

⚫ Gym စဆော့တဲ့ အစပိုင်းမှာတော့ ခန္ဓာကိုယ်က အနည်းငယ် နာကျင် ကိုက်ခဲတာမျိုး ဖြစ်ပါလိမ့်မယ် ။ Maybe ကျွန်မတို့ အောက်ပိုင်းတွေ လေ့ကျင့်ပြီးတဲ့အချိန်မှာ အနည်းငယ် တုန်ခါနေတာမျိုး ကိုက်ခဲနေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါက ပုံမှန်ပါပဲနော် အဲ့ဒီအချိန်ဟာ ကျွန်မတို့ ခန္ဓာကိုယ်က Adapting လုပ်နေခြင်းပါ—နားလည်လွယ်အောင်ပြောရရင် ခန္ဓာကိုယ်က ချိန်ညှိနေတာပါ "အခု Gym စဆော့လို့ကိုက်ခဲတယ် အရှေ့ဆက်တိုးမလား ၊ ဒီမှာတင်ရပ်မလား❓" ဒီသဘောပါပဲ။

နောက်တစ်ခု ကျွန်မရဲ့ Client တော်တော်များများကိုလည်း ပြောပါတယ် "ပိန်သွားဖို့တစ်ခုတည်းအတွက်နဲ့ လေ့ကျင့်နေတာမဟုတ်ပါဘူး ၊ အဓိကက သန်မာလာဖို့ ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေစေဖို့နဲ့ အရင်ကထက်ပိုပြီး ကျန်းမာရေးအတွက်ကို စည်းကမ်းထားရှိဖို့အတွ​က်ပါ လေ့ကျင့်နေခြင်းဖြစ်ပါတယ်"📌

🔴 ဟုတ်ပါတယ်။ ကျွန်မရဲ့ အမျိုးသမီးတွေ ခန္ဓာကိုယ်ပြောင်းလဲမှာပါ ဒါပေမယ့် ကိုယ့်ရဲ့ mindset က အရင်ပြောင်းလဲဖို့လိုပါတယ်❗ဒါ​ကြောင့် ကိုယ့်ကိုယ်ကို တခြားသူနဲ့ မနှိုင်းယှဥ်ပါနဲ့ ၊ မနေ့ကထက် ဒီနေ့ကို ပိုကောင်းဖို့အတွက်ပဲ အာရုံစိုက်ပါ ✊🏻

"Step By Step. Rep by Rep"

21/02/2026

"နင်တို့သူငယ်ချင်းတစ်ဖွဲ့ ဂျင်မှာဘယ်လိုလဲ ဆော့ရတာ အဆင်ပြေရဲ့လား😄"

Us: 🗿✊

🟡 Hellooo!!! Warriors တို့အတွက် moti လေးရအောင် Body Transformation လေးတစ်ခုထပ်တင်မယ်နော်👏🏻🎉ဒီအစ်ကိုကတော့ weight loss jou...
18/02/2026

🟡 Hellooo!!! Warriors တို့အတွက် moti လေးရအောင် Body Transformation လေးတစ်ခုထပ်တင်မယ်နော်👏🏻🎉

ဒီအစ်ကိုကတော့ weight loss journey စတင်ကတည်းကိုက ဆက်တိုက်မပျက်မကွက် အပင်ပန်းခံပြီး ကြိုးစားတဲ့သူပါ ။ ဒါကြောင့်လည်း ကိုယ့်အားထုတ်မှုနဲ့ တန်တဲ့ result ကို 3လ အတွင်း ရရှိခဲ့တာဖြစ်ပါတယ်။ ✨🔥

ကျန်တဲ့ Exhaust Gym က Members လေးတွေရဲ့ body transformation ကိုလည်း Admin တို့ဘက်က စောင့်မျှော်နေလျက်မို့ ကိုယ်လိုချင်တဲ့ body goal ရောက်အောင် ဆက်လက်ပြီး အတူတကွ ကြိုးစားနေကြမယ်နော်။🙆‍♀👊🏻

This is your sign to start your fitness journey with Exhaust📌

Address

Hlaw Kar Road, 55Quarter
South Dagon

Website

Alerts

Be the first to know and let us send you an email when EXhaust Gym posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share