19/04/2026
Congratulations ပါကိုရှည် 💪🏻💪🏻💪🏻💪🏻💪🏻
အောင်မြင်မှုတွေရရှိဖို့ WPFC ကညီကိုတွေဆုတောင်းပေးပါတယ်ဗျ⚽️⚽️⚽️⚽️⚽️
🤝 Welcome . . . Our Head Coach 🤝
မြဝတီ(အမျိုးသား)ဘောလုံးအသင်း နည်းပြချုပ်သစ်အဖြစ် ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ရာသီ MNL I ပြိုင်ပွဲဝင် ရတနာပုံအက်ဖ်စီ အသင်း၏ လက်ထောက်နည်းပြ တာဝန်ထမ်းဆောင်ခဲ့သော ဦးကျော်သူအောင်မြင့်ထွန်းအား တာဝန်ပေးခန့်အပ်လိုက်ပြီဖြစ်သည်။
✍️ ကြိုဆိုပါတယ် နည်းပြချုပ်ခင်ဗျာ ✍️
မြန်မာနိုင်ငံဘောလုံးလောကရဲ့ အတွေ့အကြုံကောင်းတွေ ရှိထားပြီးဖြစ်သော နည်းပြကောင်းတစ်ယောက်ကို မိမိတို့ မြဝတီအသင်းရဲ့ ရည်မှန်းချက်များအား အကောင်အထည်ဖော်ပေးနိုင်မည့် အသင်းရဲ့ အရေးကြီးတာဝန်ကို ပေးအပ်ခွင့် ရရှိလိုက်ခြင်းက ဝမ်းသာစရာပါ။
ကျွန်တော်တို့ မြဝတီဘောလုံးအသင်းရဲ့ မိသားစုထဲကို နည်းပြချုပ်သစ် ဦးကျော်သူအောင်မြင့်ထွန်း ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ အသင်းကို အကောင်းဆုံး ပုံစံတစ်ခုနဲ့ မြင်တွေ့ရဖို့အတွက် နည်းပြချုပ်နဲ့အတူ အားတက်သရော စတင်ပြင်ဆင်တော့မှာလည်းဖြစ်ပါတယ်။
နည်းပြချုပ်ရဲ့ အတွေ့အကြုံကို အသင်းရဲ့ ပြုပြင်ပြောင်းလဲမှု အစီအစဉ်သစ်တွေနဲ့အတူ ပေါင်းစပ်ပြီး ပရိသတ်တွေ ဂုဏ်ယူရမယ့် မြဝတီအသင်းအဖြစ် ပုံဖော်သွားမှာဖြစ်ပါတယ်။
အတူတူလက်တွဲ လုပ်ဆောင်ကြဖို့ မစောင့်နိုင်အောင်ဖြစ်နေရပြီလို့ ဆိုချင်သလို
ကစားသမားကောင်းတွေကိုလည်း မြဝတီအသင်းက ကြိုဆိုနေပါတယ်။ ပြုပြင်ပြောင်းလဲမှုခရီးမှာ သင်တို့ကိုလည်း မြဝတီအသင်းက ကြိုဆိုနေပါတယ်။
ရှိထားပြီးသော ကစားသမားဟောင်းများကလည်း နည်းပြအသစ်၊ ကစားသမားအသစ်နဲ့အတူ မြန်မာ့ဘောလုံးလောကရဲ့ အဆင့်အတန်းအမြင့်ဆုံး လိဂ်မှာ ကစားရဖို့ စောင့်မနေချင်တော့တဲ့အနေအထားမျိုးနဲ့ အသင့်ဖြစ်နေကြပါပြီ။
မြဝတီဘောလုံးအသင်း ပရိသတ်များကလည်း အတူတူ ဝန်းရံကြိုဆိုပေးကြမှာ အသေအချာပါပဲဆိုတာကို အသိပေး ကြိုဆိုရင်း မြဝတီ(အမျိုးသား)ဘောလုံးအသင်း နည်းပြချုပ်အသစ်ရဲ့ နည်းပြဖြတ်သန်းမှု အတွေ့အကြုံကောင်းများကို ဖော်ပြပေးလိုက်ပါရစေခင်ဗျာ။
ဇွဲကပင် ယူနိုက်တက် အက်(ဖ်)စီ ယူ၁၉၊ ယူ၂၃
ဇွဲကပင်ယူနိုက်တက် အက်(ဖ်)စီ နည်းပြချုပ်
ကချင်ယူနိုက်တက် အက်(ဖ်)စီ နည်းပြချုပ်
ဧရာဝတီအက်(ဖ်)စီ အမျိုးသမီးအသင်း နည်းပြချုပ်
ရတနာပုံ အက်(ဖ်)စီ လက်ထောက်နည်းပြ (၂၀၂၅- ၂၀၂၆)