TMO Education center

TMO Education center TMO Engineering Survey Training

အားလုံး  မဂ်လာပါ ခင်ဗျာ 🙇🖥  / 2026 @ SPECIAL Class _ New Intake - 57 🗒 တနလာ်နေ့ ၊ နံနက် ➖ 9:30 နာရီတွင် TMO Engineering ...
11/06/2026

အားလုံး မဂ်လာပါ ခင်ဗျာ 🙇🖥 / 2026 @ SPECIAL Class _ New Intake - 57 🗒 တနလာ်နေ့ ၊ နံနက် ➖ 9:30 နာရီတွင် TMO Engineering Survey Training HALL တွင် ဖွင့်လှစ်ပါပြီ ခင်ဗျာ ၊ 💥 🤗🤗👏👏👏👏👏👷‍♀️👷‍♀️🎉🎉

#𝗢𝗽𝗲𝗻𝗶𝗻𝗴𝗖𝗲𝗿𝗲𝗺𝗼𝗻𝘆
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
⌛ Survey Technology အခြေခံ တိုးတက်အောင်မြင်ဖို့ TMO ကအမြဲရှိနေမှာပါ၊ 💪
📚TMO Engineering Survey Training အားယုံကြည်စွာအပ်နှံ သင်ယူနေကြတဲ့ ကျောင်းသား ကျောင်းသူ များအား အထူး ကျေးဇူးတင်အပ်ပါသည် ၊ 🙇

TMO Engineering Training Center (INSEIN ) 🔰💻
"𝐋 𝐞 𝐚 𝐫 𝐧 𝐢 𝐧 𝐠 𝐈 𝐬 𝐍 𝐞 𝐯 𝐞 𝐫 𝐄 𝐧 𝐝 𝐢 𝐧 𝐠" 📚

# Special JUNE 𝐂𝐥𝐚𝐬𝐬𝐃𝐚𝐲 # New Batch ➖ 57 / 2026___ IN Class_ 2026( June Intake ) 👈🏗🏗🏬🛣 Construction Engineering Survey ____ တိုင်းတာရေး၊ လမ်းတိုင်းတာရေး၊ အဆောက်အဦး မြေပြင်တိုင်းတာရေး၊ Mining Survey မြေနေရာလုပ်ငန်းခွင် တိုင်းတာရေး ၊ လုပ်ငန်းရပ်များအတွက် အပတ်စဥ် မွေးထုတ်ပေးနေသော Vocational ( On Job Training) Engineering Survey ပညာရပ် သင်တန်းကျောင်းဖြစ်ပါတယ်၊ 💁‍♂️

🌐🌐🌐 👷👷‍♀️ 💻💻💻
♦ Survey Applied Courses # Moving Fordward Technologist‼နည်းပညာ


#ဘူမိဗဒေ

📌📌🔽🔽⤵
သင်တန်းလက်ခံဖုန်း......
TMO Engineering Applied Survey Training

☎📲 09 772432269
☎📲 09 799190901 ( Hot Line)
🏢 NO: 12..သုခလမ်း ၊ . အင်းစိန် GTI ကျောင်းအနီး ၊
ဖော့ကန်ကားမှတ်တိုင်ရှေ့ 🚦🚥 တည့်တည့်မှဝင်ပါ ၊ ရန်ကုန် အင်းစိန် TMO သင်တန်း၊
🌐 www.tmo-survey.com.mm
🔹➖➖➖➖➖➖➖➖➖➖➖➖➖➖➖🔹

"အစကောင်းမှ အနှောင်းသေချာမယ်" ဆိုတဲ့စကားဟာ ဆောက်လုပ်ရေးလောကရဲ့ Peg-Out Work (ပန္နက်ရိုက်ခြင်း) လုပ်ငန်းအတွက် အမှန်ကန်ဆုံ...
11/06/2026

"အစကောင်းမှ အနှောင်းသေချာမယ်" ဆိုတဲ့စကားဟာ ဆောက်လုပ်ရေးလောကရဲ့ Peg-Out Work (ပန္နက်ရိုက်ခြင်း) လုပ်ငန်းအတွက် အမှန်ကန်ဆုံးစကားဖြစ်ပါတယ်။ မြေပုံဒီဇိုင်း (Architectural/Structural Drawings) ပေါ်က အတိုင်းအတာတွေကို မြေပြင်ပေါ် အုတ်မြစ်တူးဖို့အတွက် တိတိကျကျ ပုံဖော်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။
ပန္နက်ရိုက်တာ စင်တီမီတာအနည်းငယ် မှားရုံနဲ့တင် ကိုယ့်အိမ်က သူများခြံဝင်းထဲ ရောက်သွားတာ၊ လမ်းနယ်မြေထဲ ကျူးမိတာ သို့မဟုတ် အဆောက်အဦး ထောင့်မကျဘဲ စောင်းကွေးသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ စနစ်တကျ ရှိစေဖို့ ဆောင်ရန်၊ ရှောင်ရန်များကို ဖော်ပြပေးလိုက်ပါတယ်။

❓ ဘာကြောင့် အလွန်အရေးကြီးတာလဲ?
-------------------------------------------

➡️ ဒီဇိုင်းအတိုင်း ကွက်တိဖြစ်စေရန် - တိုင်အကွာအဝေး၊ အခန်းအကျယ်အဝန်းတွေကို စာရွက်ပေါ်ကအတိုင်း မြေပြင်ပေါ်မှာ အတိအကျ နေရာချပေးနိုင်ပါတယ်။😍😍😍

➡️ တရားဝင် နယ်နိမိတ်အတွင်း ရှိနေစေရန် - ဘေးပတ်ပတ်လည် ခြံစည်းရိုး (Boundary Line) မှ သတ်မှတ်ထားသော ခွာရမည့်အကွာအဝေး (Setback) များကို တိကျစေပြီး နောက်နောင် အိမ်နီးနားချင်းများနှင့် ဥပဒေကြောင်းအရ အငြင်းပွားမှု ကင်းဝေးစေပါတယ်။😍😍😍

➡️ စတုရန်းကျနစေရန် (Right Angle) - အဆောက်အဦးရဲ့ ထောင့်တစ်ခုစီဟာ လုံးဝ 90° ထောင့်မှန် (Square) ဖြစ်နေမှသာ နံရံစီတဲ့အခါ၊ Tiles ကပ်တဲ့အခါ အစောင်းအကွေး မရှိဘဲ လှပခိုင်ခံ့မှာ ဖြစ်ပါတယ်။😍😍😍

👉 👉👉စနစ်တကျ ဆောင်ရွက်ရမည့် နည်းစနစ်များ👉👉👉

➡️ Baseline (အခြေခံမျဉ်း) သတ်မှတ်ခြင်း - တိုင်းတာမှုအားလုံးရဲ့ အစအဖြစ် တရားဝင် သတ်မှတ်ထားတဲ့ ခြံစည်းရိုးမျဉ်း သို့မဟုတ် လမ်းမဘက်က မျဉ်းတစ်ခုကို Baseline အဖြစ် အရင်ဆုံး ခိုင်ခိုင်မာမာ သတ်မှတ်ပါ။😍😍😍

➡️ Profile Boards (ပန္နက်ခုံများ) ဆင်ခြင်း - အုတ်မြစ်တူးတဲ့အခါ ပန္နက်တိုင်တွေ လွင့်မထွက်သွားစေဖို့ အုတ်မြစ်တူးမည့် ဧရိယာရဲ့ အပြင်ဘက် (၃ ပေမှ ၅ ပေခန့်အကွာ) တွင် သစ်သားပန္နက်ခုံ (Batter Boards) များကို ပတ်ပတ်လည် ခိုင်ခံ့အောင် အရင်ဆင်ရပါမယ်။😍😍😍

➡️ ထောင့်မှန်စနစ် စစ်ဆေးခြင်း (3-4-5 Rule) - ထောင့်တစ်ခုစီ 90° ကွက်တိကျမကျ သိနိုင်ဖို့ ထောင့်ဖြတ်မျဉ်း (Diagonal Line) များကို တိုင်းတာရပါမယ်။ သင်္ချာနည်းအရ တစ်ဖက်ကို ၃ ပေ၊ တစ်ဖက်ကို ၄ ပေ တိုင်းလျှင် ထောင့်ဖြတ်မျဉ်းသည် ၅ ပေ ကွက်တိ ရှိရပါမယ်။ (အဆောက်အဦးကြီးလျှင် 6-8-10 သို့မဟုတ် 9-12-15 အချိုးများဖြင့် တိုင်းတာနိုင်ပါတယ်)။😍😍😍

➡️ Level တိုင်းတာခြင်း - ပန္နက်ခုံတွေရဲ့ အမြင့် (Height) တွေဟာ တစ်ပြေးညီဖြစ်စေဖို့ ရေချိန်ပိုက် (Water Level Tube) သို့မဟုတ် Auto Level စက်ကြီးများဖြင့် စနစ်တကျ ချိန်ညှိမှတ်သားရပါမယ်။😍😍😍

➡️ Total Station အသုံးပြုခြင်း (Using Total Station) - Total Station သည် မြေတိုင်းတာရေးအတွက် အလွန်တိကျသော ကိရိယာဖြစ်ပြီး၊ ဒီဇိုင်းပုံစံမှ အချက်အလက်များကို မြေပြင်ပေါ်သို့ တိကျစွာ ရွှေ့ပြောင်းသတ်မှတ်ရာတွင် အသုံးပြုသည်။😍😍😍

➡️ GPS/GNSS အသုံးပြုခြင်း (Using GPS/GNSS) - ကြီးမားသော စီမံကိန်းများအတွက် GPS (Global Positioning System) သို့မဟုတ် GNSS (Global Navigation Satellite System) ကိရိယာများကို အသုံးပြု၍ တည်နေရာများကို တိကျစွာ သတ်မှတ်နိုင်သည်။😍😍😍

⚠️ အထူးသတိပြုရမည့်အရာများ💥💥
*********************************

➡️ တိကျမှု (Accuracy) - တိုင်းတာမှုများနှင့် အမှတ်အသားပြုမှုများအားလုံးဟာ အလွန်တိကျရပါမယ်။ အနည်းငယ်မျှသော အမှားအယွင်းသည်ပင် နောက်ဆက်တွဲ လုပ်ငန်းစဉ်များတွင် ကြီးမားသော ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။💯💯💯

➡️ မြေပြင်အခြေအနေ (Ground Conditions) - မြေပြင်သည် ညီညာမှုမရှိခြင်း၊ ပျော့ခြင်း သို့မဟုတ် မာကျောလွန်းခြင်း စသည်တို့သည် တိုင်းတာမှုများကို ထိခိုက်စေနိုင်သောကြောင့် သတိပြုရပါမည်။💯💯💯

➡️ ပန္နက်ကြိုး (Nylon Lines) တင်းအား - မျဉ်းကြိုးဆွဲတဲ့အခါ ကြိုးလျော့မနေစေဘဲ အမြဲတမ်း တင်းတင်းရင်းရင်း ရှိနေဖို့ လိုပါတယ်။ လေတိုက်လို့ လှုပ်ခါသွားတာမျိုး မရှိစေရပါဘူး။ 💯💯💯

➡️ ကိရိယာများ၏ အရည်အသွေး (Quality of Equipment) - တိုင်းတာရေးကိရိယာများ (tape measures, levels, total stations) သည် အရည်အသွေးကောင်းမွန်ပြီး မှန်ကန်စွာ ချိန်ညှိထားသော ကိရိယာများ ဖြစ်ရပါမည်။💯💯💯

➡️ ကျွမ်းကျင်သူ အသုံးပြုခြင်း (Engaging Professionals) - မြေတိုင်းတာရေး ကျွမ်းကျင်သူများ (surveyors) ကို အသုံးပြုခြင်းသည် တိကျမှန်ကန်မှုကို အာမခံနိုင်ပါသည်။💯💯💯

➡️ မှတ်တမ်းတင်ခြင်း (Documentation) - စမှတ်ချထားသော အချက်အလက်များ၊ တိုင်းတာမှုများနှင့် ဓာတ်ပုံများကို မှတ်တမ်းတင်ထားခြင်းသည် နောင်တွင် ပြန်လည်စစ်ဆေးရန် သို့မဟုတ် ပြဿနာဖြေရှင်းရန်အတွက် အထောက်အကူပြုပါသည်။💯💯💯

➡️ စာရွက်စာတမ်း တိုက်ဆိုင်စစ်ဆေးခြင်း - ပန္နက်မချခင် အင်ဂျင်နီယာချုပ်၊ ကန်ထရိုက်တာနဲ့ မြေပိုင်ရှင်တို့ အတူတကွ Drawings ပါ အတိုင်းအတာများကို မြေပြင်အခြေအနေနှင့် ဟုတ်မဟုတ် နောက်ဆုံးအကြိမ် Double-check လုပ်ရပါမယ်။💯💯💯

💥💥💥 "ပြတ်ပြတ်သားသား ရှောင်ကျဉ်ရမည့်အချက်များ"💥💥💥
👍👍👍👍👍👍👍👍👍👍👍👍👍

❌ မခိုင်ခံ့သော သစ်သားပန္နက်တိုင်များ မသုံးပါနဲ့ - မြေကြီးထဲ စိုက်ထူမည့် ပန္နက်တိုင်များသည် ရုန်းရင်ဆွဲရင် လှုပ်ရှားမသွားစေရန် ခိုင်မာရပါမယ်။ လှုပ်သွားပါက အတိုင်းအတာအားလုံး လွဲချော်သွားပါလိမ့်မယ်။💯💯💯

❌ အုတ်မြစ်တူးမည့် လမ်းကြောင်းပေါ်တွင် ပန္နက်တိုင်များ မစိုက်ပါနဲ့: -မြေတူးစက် (Backhoe) သို့မဟုတ် လူဖြင့် မြေတူးတဲ့အခါ တိုက်မိပြီး ပျက်စီးသွားနိုင်လို့ တူးမည့်နေရာနှင့် ဝေးရာတွင်သာ ပန္နက်ခုံများကို ဆင်ရပါမယ်။💯💯💯

❌ စိုစွတ် သို့မဟုတ် ဆွဲဆန့်ရလွယ်သော ကြိုးများမသုံးပါနဲ့ - ရေစိုလျှင် ဆွဲဆန့်လို့ရပြီး အလျားပြောင်းလဲသွားတတ်သည့် ချည်ကြိုးမျိုးကို လုံးဝမသုံးရပါဘူး။ အရည်အသွေးမြင့် နိုင်လွန်ပန္နက်ကြိုးကိုသာ သုံးရပါမယ်။💯💯💯

❌ ဒီဇိုင်းပုံစံများကို လျစ်လျူရှုခြင်း (Ignoring Design Drawings) - ဒီဇိုင်းပုံစံများကို သေချာစွာ မလေ့လာဘဲ (သို့) လျစ်လျူရှုပြီး စမှတ်ချခြင်းသည် ကြီးမားသော အမှားအယွင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။💯💯💯

❌ မတိကျသော ကိရိယာများ အသုံးပြုခြင်း (Using Inaccurate Equipment) - မှန်ကန်စွာ ချိန်ညှိမထားသော သို့မဟုတ် အရည်အသွေးမကောင်းသော တိုင်းတာရေးကိရိယာများကို အသုံးပြုခြင်းကို ရှောင်ရှားရပါမှာဖြစ်ပါတယ်။💯💯💯

❌ တစ်ကြိမ်သာ တိုင်းတာခြင်း (Measuring Only Once) - တိုင်းတာမှုများကို တစ်ကြိမ်သာ ပြုလုပ်ပြီး စစ်ဆေးခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်ခြင်းကို ရှောင်ရှားရပါမမယ်။💯💯💯

💯💯💯"ပန္နက်ကစလို့ အမိုးအဆုံး တိကျမှုရှိမှ စိတ်ချရတဲ့ အိမ်ဂေဟာတစ်ခု ဖြစ်လာမှာ ဆိုတာ အမြဲ အမှတ်ရစေချင်ပါတယ်ခင်ဗျာ။”💯💯💯

❤️ အားလုံး ဗဟုသုတ ရကြပါစေ ❤️

☎️ 09-772432269(Viber)
☎️ 09-799190901

( Credit )







#ပန္နက်ရိုက်ခြင်း

        Auto Level စက်နဲ့ အမှတ်(Reading)တစ်ခုကို ချိန်ထားစဥ် Bubble အနည်းငယ် Out သွားမယ်ဆိုရင် ၄င်းအမှတ်(Reading) ​လွဲ​ခ...
08/06/2026





Auto Level စက်နဲ့ အမှတ်(Reading)တစ်ခုကို ချိန်ထားစဥ် Bubble အနည်းငယ် Out သွားမယ်ဆိုရင် ၄င်းအမှတ်(Reading) ​လွဲ​ချော်သွားနိုင်ပါသလား?
Bubble အနည်းငယ် Out ရုံမျှဖြင့် ၄င်းအမှတ်(Reading)ဟာ လွဲ​ချော်သွားမှာ မဟုတ်ပါဘူး။ ဘာ​ကြောင့်လဲဆို​တော့ ပုံမှာပြထားတဲ့ ချိန်ခွင်ပုံစံ (Compensator)ဟာ ​ရေချိန်အနည်းတိမ်း​စောင်းမှု​ကြောင့်ဖြစ်​ပေါ်လာတဲ့ Error ကို ထိန်းညှိ​ပေးထားလို့ပဲ ဖြစ်ပါတယ်။ ​Compensatorဆိုတာက​တော့ စက်ဝိုင်းပုံစံ ​ကြေးမှုန်မှန်​ဝိုင်း​လေးကို ပါးလွှာတဲ့​ကြေးနန်းကြိုး နှစ်​ချောင်းတပ်ဆင်ထားပြီး ချိန်ခွင်ပုံစံရှိ​တဲ့အရာ လို့ပဲ ပုံ​ဖော်​ပြောရမယ် ထင်ပါတယ်။ Compensatorထဲမှာရှိတဲ့ ​ကြေးမှုန်မှန်ဝိုင်းဟာ ရေချိန်အနည်းငယ်တိမ်း​စောင်းသွားသည့်တိုင်​အောင် ​တွဲလဲအ​နေအထား ရေချိန်ကျ (Plumb) ရှိတုန်းပါပဲ။ ​ရေချိန်ကျ ​ကြေးမှုန်မှန်ဝိုင်ဟာ ဝင်လာတဲ့ အလင်းတန်းကို ထိန်းညှိ​ပေးထားတဲ့ အတွက်​ကြောင့် အမှတ်(Reading)ဟာ လွဲ​ချော်သွားခြင်းမရှိဘဲ ဆက်ရှိ​နေ​သေးတာဖြစ်ပါတယ်လို့ ထင်မြင်ယူဆလိုက်တယ်။

သတိ-ရေချိန်တည့်မတ်စွာထည့်ခြင်းက တိကျမှန်ကန်မှုကို ဖြစ်​စေပါတယ်။ မ​​ပေါ့​စေလိုပါ။ Only for knowledge. (မိမိတို့ရဲ့ ထင်မြင်ယူတချက်များ Comment မှာ ဝင်​ရောက်​ဆွေး​နွေးနိုင်ပါသည်။)

ဆက်လက်ဖော်ပြပေးပါမည်။
ဗဟုသုတ ပိုမိုတိုးပွါးကြပါစေ



TMO Survey Engineering
Auto CAD Civil 3D Training Center
ရန်ကုန် အင်းစိန်သင်တန်းကျောင်း
🌐 www.tmo-survey.com.mm

07/06/2026

Auto Level, Digital Theodolite, Total Station အစရှိတဲ့ Survey Equipment အသုံးပြုနည်းတွေကို Theory+Practical ကျကျ သင်ကြားပေးမည့် TMO Engineering Survey Training Batch-57 ကို စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

တက်ရောက်လိုသူများအနေနဲ့ ပုံမှန်သင်တန်းကြေး (၅၈၀,၀၀၀ ကျပ်) ကို အထူးအခွင့်အရေးအနေနဲ့ (၄၀၀,၀၀၀ ကျပ်) ဖြင့် သင်ယူလေ့လာနိုင်ပါပြီ။

သင်တန်းသားဦးရေကန့်သတ်ထားတာမို့ အခုဘဲစာရွက်စာတန်းကြေးငါးသောင်းသွင်းပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

#အင်းစိန်ရန်ကုန်သင်တန်းကျောင်း ုံးပြုနည်း

📏 CHAIN SURVEY ဆိုတာ ဘာလဲ?Surveying ပညာရပ်ရဲ့ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး တိုင်းတာနည်းလမ်းတစ်ခုကတော့ Chain Survey ဖြစ...
06/06/2026

📏 CHAIN SURVEY ဆိုတာ ဘာလဲ?

Surveying ပညာရပ်ရဲ့ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး တိုင်းတာနည်းလမ်းတစ်ခုကတော့ Chain Survey ဖြစ်ပါတယ်။

Chain Survey ဆိုတာ မြေပြင်ပေါ်ရှိ အကွာအဝေးများကို Chain (သို့) Tape ဖြင့် တိုက်ရိုက်တိုင်းတာပြီး မြေပုံရေးဆွဲသည့် နည်းလမ်းဖြစ်ပါတယ်။

🎯 ဘာကြောင့် လေ့လာသင့်တာလဲ?

✅ Surveying အခြေခံသဘောတရားကို နားလည်စေတယ်
✅ Distance Measurementကိုတိကျစွာလေ့ကျင့်နိုင်တယ်
✅ Small Area Mapping များအတွက် အသုံးဝင်တယ်
✅ Total Station, GPS Survey မလေ့လာမီ အခြေခံကောင်းတစ်ခု ဖြစ်စေတယ်
✅ လုပ်ငန်းခွင်တွင် Surveyor တစ်ယောက်အတွက် မရှိမဖြစ် သိထားရမည့် Skill တစ်ခုဖြစ်တယ်၊

📌 Chain Survey မှာ ဘာတွေသုံးလဲ?

🔹 Chain / Measuring Tape🔹 Ranging Rod🔹 Arrow Pin🔹 Peg🔹 Cross Staff

💡 Surveying Technology တွေ တိုးတက်လာသော်လည်း Chain Survey ကို နားလည်ထားသူများက Survey Principle များကို ပိုမိုနက်ရှိုင်းစွာ သဘောပေါက်နိုင်ကြပါတယ်။

"Surveyor ကောင်းတစ်ယောက်ဖြစ်ချင်ရင် အခြေခံ Chain Survey ကို ကျွမ်းကျင်အောင် လေ့လာထားရမယ်။"


Today ,Detail Topographic Survey, Site Leveling and Boundary Survey with Mapping .   at Thinlyin Project. 09772432269
06/06/2026

Today ,Detail Topographic Survey, Site Leveling and Boundary Survey with Mapping . at Thinlyin Project.

09772432269

05/06/2026



. #𝗘𝗻𝗿𝗼𝗹𝗹𝗡𝗼𝘄

09 772432269

သင်တန်းသားများအတွက် အလွယ်တကူ နားလည်နိုင်သော Sunway Auto Level တိုင်းတာမှု၏ အရေးပါပုံ 📏 Survey လုပ်ငန်းခွင်တွင် Sunway Au...
05/06/2026

သင်တန်းသားများအတွက် အလွယ်တကူ နားလည်နိုင်သော Sunway Auto Level တိုင်းတာမှု၏ အရေးပါပုံ
📏 Survey လုပ်ငန်းခွင်တွင် Sunway Auto Level ၏ အရေးပါပုံ
Sunway Auto Level သည် Survey လုပ်ငန်းများတွင် မြေမျက်နှာပြင် အမြင့်အနိမ့် (Elevation) များကို တိကျစွာ တိုင်းတာရန် အသုံးပြုသော အရေးကြီးသည့် စက်ကိရိယာတစ်ခု ဖြစ်ပါသည်။

🎯 အဓိက အရေးပါမှုများ
✅ Level Difference တိုင်းတာခြင်း
Point တစ်ခုနှင့် တစ်ခုကြား အမြင့်ကွာခြားချက်ကို တိကျစွာ သိရှိနိုင်သည်။
✅ Construction Site များတွင် မဖြစ်မနေ အသုံးပြုရခြင်း
Building Foundation
Road Construction
Drainage System
Irrigation Canal စသည့် လုပ်ငန်းများတွင် Design Level များအတိုင်း ဆောက်လုပ်နိုင်ရန် ကူညီပေးသည်။
✅ Cut & Fill တွက်ချက်ရာတွင် အသုံးဝင်ခြင်း
မြေတူးရမည့် ပမာဏ (Cut)
မြေဖြည့်ရမည့် ပမာဏ (Fill) တို့ကို တိကျစွာ တွက်ချက်နိုင်စေသည်။
✅ အလုပ်အရည်အသွေး တိုးတက်စေခြင်း
Level Error များ လျော့နည်းစေပြီး
Construction Quality ပိုမိုကောင်းမွန်စေသည်။
✅ လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်ခြင်း
Auto Compensator စနစ်ပါဝင်သောကြောင့် စက်ကို အလျင်အမြန် Level ချိန်နိုင်ပြီး တိုင်းတာမှု ပိုမိုတိကျစေသည်။

📚 သင်တန်းသားများ သိထားသင့်သည်
"Auto Level သည် Surveying ၏ အခြေခံကျဆုံးနှင့် အသုံးအများဆုံး စက်တစ်ခုဖြစ်ပြီး Elevation Control နှင့် Construction Layout လုပ်ငန်းများ၏ အောင်မြင်မှုအတွက် အရေးပါသော ကိရိယာဖြစ်သည်။"

TMO Survey Practitioner Training မှ သင်တန်းသားများအနေဖြင့် Auto Level Setup, Backsight (BS), Foresight (FS), Height of Instrument (HI) နှင့် Reduced Level (RL) တွက်ချက်နည်းများကို ကျွမ်းကျင်စွာ လေ့ကျင့်ထားရန် လိုအပ်ပါသည်။ 🎓📏





05/06/2026






ရက်တိုအမြန်သင်တန်း ⤵⤵



သင်တန်းအပ်ရန်
09 772432269
်တန်းကျောင်း

အားလုံး မဂ်လာပါ 🙇   Today, TMO  Survey Engineering Training  MAY  _ Months >>>  New Batch - 27 / 2023 📐📈DAY - 6 & DAY_ 7...
05/06/2026

အားလုံး မဂ်လာပါ 🙇
Today, TMO Survey Engineering Training
MAY _ Months >>> New Batch - 27 / 2023 📐📈

DAY - 6 & DAY_ 7 ➖ Practical Field Activities
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Differential Levelling Field Study ///////////"""""'""""""""""""""""""""""""!!!!!!!!!!
➡ Applied📏 Surveying Course📚 📐Automatic Leveling of measurement ☑
➡ Theoretical & Lecture of Powerpoint 📉📈
➡ Geodetic Mapping System of Knowledges 💻

🎓🎓🎓 အတွေ့အကြုံရှိ ဆရာများနှင့် အတူ လေ့လာလေ့ကျင့် လုပ်ငန်းခွင့် Construction Building, Road and Bridge, Mining Engineering Surveying အသုံးပြု စာတွေ့ လက်တွေ့ သင်တန်း 👍

🔰 Batch -27 / 2023 _ May Intake Regular CLASS

@
@
@
@
@
@
@
@
@

စက် အလုပ်လုပ်ပုံ အဆင့်ဆင့် သင်ယူလေ့ကျင့်🔭 လေ့လာ မှတ်သား မူတွေ နှင့်အတူ " Surveying " လုပ်ငန်းအမျိုးမျိုး ကွဲပြားမူပေါမူတည်ပြီး မြေပြင်အနိမ်အမြင့် " Contouring ​"တိုင်းတာနေပုံ 👷‍♀️👷



☑ သင်တန်းသား/ သူ များအားလုံး ပညါတွေတိုးပွါးပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ အောင် မြင်ကြပါစေ 🤗

⏳ Learning Is Never Ending ☑

📌📌📌
Training Location..........
TMO Engineering Applied Survey Training
☎📲 09 772432269
☎📲 09 799190901

🏢 NO: 12, သုခလမ်း ၊ အင်းစိန် GTI ကျောင်းအနီး၊
ဖော့ကန် ကားမှတ်တိုင်ရှေ့မှဝင်ပါ ၊ ရန်ကုန် အင်းစိန် TMO သင်တန်းကျောင်း ။
🌐 www.tmo- survey.com.mm

သုခမြင့်မိုရ် _ TMO Engineering Survey Equipments
09 431 90378
https://maps.app.goo.gl/rER37aFabG3gbifSA
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Address

No. 12 , Thu Kha Street , Insein GTI Near, Insein Township. Yangon. Myanmar
Shangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when TMO Education center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share